ပဋိပက္ခစိတ်ဆန္ဒ
Vol. 90 Ch. 946
‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ့ဘေးနားက လူတွေက ငါ့ကို တကယ်ကြီး ပြန်တိုက်တာလား’
ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပြီး အနာဂတ်ဟန်ကျွယ်နဲ့ ရင်ပေါင်တန်းကာ တိုက်ပွဲကို ကြည့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ပုံရိပ်ယောင်သက်သက်သာ ဖြစ်ပြီး တကယ် ဖြစ်မလာသေးတာကြောင့် ဟန်ကျွယ်ဟာ စိုးရိမ်ထိတ်လန့်ခြင်း မရှိပါဘူး။
“မင်းတို့တွေ ငါနဲ့ တကယ်ပဲ ရန်သူ လုပ်ချင်တာလား” အနာဂတ်ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ဝေ့ကြည့်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ်။
ဒီမေးခွန်းကို ကြားလိုက်ရတဲ့ လူတိုင်း ကြောက်လန့်ပြီး ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြပါတယ်။ ဒီထဲမှာ ဟန်ဟွမ်နဲ့ ဟန်ထော်လည်း ပါပါတယ်။
ဟန်ထော်က ဒေါသတကြီး ပြောလိုက်ပါတယ် “လူတိုင်းမှာ ပဋိပက္ခ မကောင်းဆိုးဝါးမိစ္ဆာကို သတ်ဖြတ်ခွင့် ရှိတယ်၊ မင်းက ငါ့အဖေ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်၊ ငါတို့တွေ သေရမယ်ဆိုရင်တောင် မင်းကို သတ်မှာပဲ၊ ဒါမှ အဖေအတွက် ကလဲ့စားချေပေးရာ ရောက်မှာ”
ဟန်ထော်ရဲ့ အော်သံဟာ မိုးခြိမ်းသံလို ကျယ်လောင်လှပြီး မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားကာ လူတိုင်းရဲ့ အမုန်းတရားကို နှိုးဆွပေးလိုက်ပါတယ်။
“နတ်ဆိုး... မင်းက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ဖျက်ဆီးခဲ့တယ်၊ သေဖို့ ထိုက်တန်တယ်”
“ငါ့ဆရာသခင်ကို ပြန်ပေး”
“ဒီနေ့ ငါတို့တွေ မင်းကို သတ်ရလိမ့်မယ်၊ မဟုတ်ရင် ပဋိပက္ခ ဒုက္ခရောက်လိမ့်မယ်”
“ဒီမကောင်းဆိုးဝါးကို သတ်ပြီး ပဋိပက္ခကို ကယ်တင်ကြမယ်”
“ကောင်းကင်တာအို ပညာရှိတွေက တာအိုစက်ကွင်း အပြင်ဘက်ကို ရောက်နေပြီ၊ ငါတို့တွေ တာအိုစက်ကွင်းပွင့်အောင် တွန်းအားပေးနိုင်တာနဲ့ ဒီမကောင်းဆိုးဝါး ကျိန်းသေပေါက် သေလိမ့်မယ်”
“ဒီနေ့ ဆရာဘိုးဘိုးအတွက် ကလဲ့စားမချေနိုင်ရင် ငါ့ကျင့်ကြံမှုက ဘာလုပ်ရမှာလဲ”
တိတ်ဆိတ်ဂိုဏ်း တပည့်တွေက များပြားလွန်းလှပါတယ်။ တပည့်သန်းတစ်ရာကျော်ဟာ လေထဲမှာ ပျံသန်းရင်း ဝီရိယတောင်ကို ဝန်းရံကာ အမျိုးမျိုး ဆဲဆိုကြပါတယ်။ ဒီဆဲဆိုကြိမ်းမောင်းသံတွေက အောက်အဝီစိ အထက်ဘဝဂ်ထိအောင် ရောက်ပါတယ်။
အနာဂတ်ဟန်ကျွယ်ဟာ အကြီးအကျယ် ဆဲဆိုကြိမ်းမောင်းခံရတာတောင် မျက်နှာတစ်ချက် မပျက်ဘဲ ရုတ်တရက် ပြုံးလိုက်ပါတယ်။ ဒီအပြုံးက အရာရာကို အထင်သေးတဲ့အပြုံးပါ။
ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ‘အနာဂတ်ငါက ခန္ဓာသိမ်းခံရတယ်... ဘယ်သူက ငါ့ကို ခန္ဓာသိမ်းနိုင်တာလဲ... တာအိုဖန်တီးရှင်လား...’
အနာဂတ်ဟန်ကျွယ်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ် “ဟားဟား... တော်တော်အရှက် မရှိတဲ့ ပဋိပက္ခ စိတ်ဆန္ဒ... မင်းတို့ငတုံးတွေကလည်း မင်းတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ အသိဉာဏ်တွေကို အတင်း ယုံကြည်နေရင် ငါ မင်းတို့ကို ဖျက်ဆီးပစ်ရလိမ့်မယ်၊ ငါ မင်းတို့ကို အင်အားကြီးလာအောင် ကူညီနိုင်ရင် မင်းတို့ကိုလည်း အသာလေး ဖျက်ဆီးပစ်နိုင်တယ်၊ မင်းတို့က ငါ့မိသားစုနဲ့ တပည့်တွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ပဋိပက္ခစိတ်ဆန္ဒ... ငါက ဒီနေရာမှာ ရွေးချယ်ဖို့ တုံ့ဆိုင်းမယ် ထင်နေတာလား”
“လာစမ်းပါ... ငါ့စွမ်းအားကို ပြပေးမယ်၊ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်၊ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်တွေ ဘယ်လို ခံစားခဲ့ရလဲဆိုတာကို မင်း ကောင်းကောင်းကြီး သိစေရမယ်... ဟားဟား...”
အနာဂတ်ဟန်ကျွယ်ရဲ့ ရယ်သံအဆုံးမှာ ပုံရိပ်ယောင်ကို ကြည့်နေတဲ့ ဟန်ကျွယ် နှလုံးတုန်စေမဲ့ ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာပါတယ်။
အဲဒီနောက် ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ် ‘ပဋိပက္ခစိတ်ဆန္ဒက သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်တွေနဲ့ အသိဉာဏ်တွေကို ပြောင်းလဲပြီး ငါ့ကို ပဋိပက္ခ မကောင်းဆိုးဝါးမိစ္ဆာ ဖြစ်အောင် လုပ်လိုက်တာလား...’
ဒီကိစ္စက ဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ရပေမဲ့ သေချာတွေးကြည့်ရင်တော့ ဒီလိုမဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ အန္တိမ အကောင်းစားရတနာဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ် ကံကြမ္မာစာအုပ်က ဒီလိုဖြစ်အောင် လုပ်နိုင်ပါတယ်။ ဟန်ကျွယ်က လျှို့ဝှက်ဆန်းကြယ် ကံကြမ္မာစာအုပ်ကို သုံးပြီး ပဋိပက္ခသက်ရှိတွေက သူ့ကို ပဋိပက္ခနတ်ဘီလူးလို့ သတ်မှတ်အောင် လုပ်ခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်တောင် လုပ်နိုင်ရင် ပဋိပက္ခစိတ်ဆန္ဒလည်း လုပ်နိုင်စွမ်း ရှိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် ကံကြမ္မာစာအုပ်ကို အသက်ရှစ်သိန်းတုန်းက သုံးခဲ့ပါတယ်။ နှစ်ဆယ်သန်းကြာမှ ပြန်ပြီးတော့ သုံးလို့ရမှာဆိုတော့ အခုဟန်ကျွယ်ကလည်း အသက်ဆယ်သန်းပြည့်ဖို့ အတော်လေး နီးကပ်နေပါပြီ။ ဒါကြောင့် ပုံရိပ်ယောင်ထဲက အတိုင်း တကယ် ဖြစ်လာခဲ့ရင်တောင် ဟန်ကျွယ်က မကြောက်ပါဘူး။
ပဋိပက္ခစိတ်ဆန္ဒက သက်ရှိအားလုံးရဲ့ နားလည်မှုကို ပြောင်းလိုက်တော့ရော ဘာဖြစ်လဲ။ ဟန်ကျွယ်က လျှို့ဝှက်ဆန်းကြယ် ကံကြမ္မာစာအုပ်ကို သုံးပြီး အကုန်လုံး ပြန်ပြောင်းလို့ရပါတယ်။
ဟန်ကျွယ်ဟာ အတော်လေး ရယ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းတည်းနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး တော်လှန်နိုင်မှာလဲ။
လက်ရှိ တိတ်ဆိတ်ဂိုဏ်းက ပဋိပက္ခမှာရှိတဲ့ ဂိုဏ်းခွဲတွေကိုပါ ပေါင်းလိုက်ရင် တပည့်ပေါင်း ဆယ်ဘီလီယံကျော် ရှိပါတယ်။ ဒီထဲမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တစ်သန်းကျော်ရှိပြီး တာအိုပညာရှိအတုက တစ်သောင်းကျော် ရှိပါတယ်။ လွတ်လပ် တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိတွေကလည်း မနည်းပါဘူး။ ဒီအင်အားက ကြီးမားပုံပေါ်ပေမဲ့ ဟန်ကျွယ်ရဲ့ စွမ်းအားရှေ့မှာတော့ ပုရွက်ဆိတ်သာသာပဲ ရှိပါတယ်။
‘ထားလိုက်ပါတော့... တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင်လည်း ငါ တာအိုစက်ကွင်းထဲမှာပဲ ပုန်းနေလိုက်မယ်’
ဟန်ကျွယ်တစ်ယောက်ပဲ တာအိုစက်ကွင်းသုံးခုစလုံးကို ရွှေ့ပြောင်း သွားလာနိုင်တာပါ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေ တတိယ တာအိုစက်ကွင်းထဲ အတင်းတိုးဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ပဋိပက္ခစိတ်ဆန္ဒက ဟန်ကျွယ်ကိုပဲ ပစ်မှတ်ထားတာပါ။ ဒါကြောင့် ဟန်ကျွယ် အကုန်လုံးကို စွန့်ပစ်လိုက်ရင်တောင် တခြားတပည့်တွေရဲ့ဘဝကို သိပ်ပြီးတော့ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်ပြီး ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာတို့ကို တတိယ တာအိုစက်ကွင်းဆီ ပြန်ခေါ်သွားကာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အန္တရာယ်က ပေါ်လာပါပြီ။ ယုံကြည်ချက် ရှိတယ်ဆိုရင်တောင် ဒီကိစ္စကို လေးလေးနက်နက် သဘောထားရပါလိမ့်မယ်။ နောက်မှ နောင်တရနေမဲ့အစား အခုကတည်းက အစစအရာရာ ဂရုစိုက်တာ ပိုကောင်းပါတယ်။ ဒီကိစ္စမှာ တစ်ချက် သတိလွတ်တာနဲ့ ဟန်ကျွယ် ကျရှုံးသွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူရင်ဆိုင်ခဲ့တဲ့ စွမ်းအားကြီး ရန်သူတွေကို ပြန်တွေးကြည့်မိလိုက်ပါတယ်။ သူရင်ဆိုင်ခဲ့တဲ့ ရန်သူတိုင်းက သူတို့ကိုယ်သူတို့ ယုံကြည်ချက်အပြည့်ရှိပြီး ဟန်ကျွယ်ကို အနိုင်ယူနိုင်မယ်လို့ တွေးခဲ့ကြတာချည်းပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ အဆုံးသတ် မလှခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စွမ်းအားကြီးနေဖို့ လိုပါတယ်။ ဒါမှသာ သူ့ရန်သူတွေက သူ့စွမ်းအားအမှန်ကို မခန့်မှန်းနိုင်မှာပါ။
.....
ကောင်းကင်တာအို အပြင်ဘက်က ဧည့်ကြိုနန်းဆောင်ရဲ့ တံခါးရှေ့မှာ ပါရမီရှင်ရာချီ မတ်တတ်ရပ်ပြီး ဆွေးနွေးနေကြပါတယ်။
“ဝေ့လန်ရှန်မိက တကယ်ကို စွမ်းအားကြီးတယ်၊ ကံမကောင်းချင်တော့ ကျန်းယီက သူ့ထက်ပိုပြီး စွမ်းအားကြီးနေတယ်”
“အဲဒါ ဘာကျင့်စဉ်လဲ၊ တော်တော် အံ့ဩဖို့ကောင်းတယ်၊ ကောင်းကင်တာအို နေမင်းထက်တောင် ပိုပူတယ်”
“ကျင့်ကြံမှုချင်းက ကွာခြားလွန်းတယ်လေ၊ မဟုတ်ရင် ဝေ့လန်ရှန်မိ ရှုံးမှာ မဟုတ်ဘူး”
“ဟုတ်တယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်လို့ မပြောရဘူး၊ ဒီသုံးယောက်စလုံးက မဟာတာအိုပညာရှိတွေ၊ ငါ့ကို ပြောစမ်းပါ... တိတ်ဆိတ်ဂိုဏ်းမှာ မဟာတာအိုပညာရှိ ဘယ်နှပါးတောင် ရှိနေတာလဲ၊ ဒုတိယမျိုးဆက် တပည့်အကုန်လုံးလား မသိဘူး”
“ပြောဖို့ခက်တယ်၊ သူတို့အကုန်လုံး တာအိုပညာရှိ ဖြစ်နေတာကတော့ သေချာတယ်”
ဒီစကားတွေကို ကြားတဲ့ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ်။ လောင်တန်ရဲ့ မျက်နှာကတော့ တည်ကြည်လေးနက်လှပြီး ဝေ့လန်ရှန်မိကို စိုက်ကြည့်နေပါတယ်။
ဝေ့လန်ရှန်မိနဲ ကျန်းယီရဲ့ တိုက်ပွဲက ပြီးသွားပါပြီ။ ဒီအချိန်မှာ ဝေ့လန်ရှန်မိဟာ ထိုးထွင်းသိမြင်တဲ့ အခြေအနေကို ရောက်နေပါတယ်။
စုတ်ပြတ်သတ်နေတဲ့ ဝေ့လန်ရှန်မိကို ကြည့်ပြီး ကျန်းယီရဲ့ မျက်နှာဟာ အတော်လေး ရှုပ်ထွေးသွားပါတယ်။ လောကဦးဆေးလုံးကို သောက်ပြီးကတည်းက ကျန်းယီရဲ့ သွေးစည်းဟာ လောင်တန်ရဲ့ အကူအညီနဲ့ ပြောင်းလဲသွားခဲ့ပါတယ်။ မပျက်စီးနိုင်တဲ့ ယန်ခန္ဓာကိုယ်က ပဋိပက္ခနတ်ဘီလူးတွေရဲ့ ရုပ်ခန္ဓာထက် မနိမ့်ကျတော့ပါဘူး။ ဒါ့အပြင် ကျင့်ကြံမှုကွာခြားမှုကိုပါ ထပ်ပေါင်းလိုက်ရင် သူ ဝေ့လန်ရှန်မိကို အနိုင်ယူနိုင်တာ ဘာအံ့အားသင့်စရာမှ မရှိပါဘူး။ ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ ကျန်းယီဟာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
‘ဒီကောင်လေးက မရိုးဘူး’
“ကောင်းကင်တာအိုက တော်တော် ကံကောင်းတာပဲ... ဟင်း...” လောင်တန်ဟာ စန့်ချွမ်အဂ္ဂကမ္ဘာအတွက် သက်ပြင်းချလိုက်ပါတယ်။
ဒီတစ်ခေါက် လောင်တန်ဟာ ပါရမီရှင်တွေ အများကြီးကို တွေ့မြင်လိုက်ရတဲ့အတွက် စန်ချွမ်အဂ္ဂကမ္ဘာနဲ့ ကောင်းကင်တာအိုရဲ့ ကွာခြားချက်က တဖြည်းဖြည်း ကြီးမားလာတာကို ခံစားမိလိုက်ပါတယ်။
တာအိုအရှင်သခင်က အပြုံးနဲ့ မေးလိုက်ပါတယ် “အဘိုးကြီး... ဒီကလေးရဲ့ အရည်အချင်းက ဘယ်လိုရှိလဲ”
လောင်တန်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ အဖြေပြန်ပေးပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကလွဲရင် သူ့အရည်အချင်းက ပထမပဲ၊ ငါ့ဆရာတောင် သူ့ကို မမီဘူး”
လက်ရှိ ငယ်လူတွေရဲ့ ကျင့်ကြံမှုအလျင်က ရှေးဟောင်းတည်ရှိမှုတွေ အတိတ်မှာတုန်းက တွေးတောင် မတွေးရဲခဲ့တဲ့အရာပါ။ ဒီအကြောင်းကြောင့်လည်း သူတို့ထက် အကြီးတွေက သူတို့ကို မျက်နှာသာပေးခဲ့ကြတာပါ။
အတိတ်မှာတုန်းက တာအိုဘိုးဘေးဟာ တာအိုရယူပြီးနောက် ဘယ်လိုကျင့်ကြံရမလဲဆိုတာ စဉ်းစားခဲ့ရပါတယ်။ လက်ရှိ ပါရမီရှင်တွေကတော့ ဖောက်ပြီးသားလမ်းကို အခန့်သား လျှောက်ရုံပါပဲ။ လက်ရှိကောင်းကင်တာအိုရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုရင်းမြစ်တွေက အကန့်အသတ်မဲ့ ရရှိနိုင်ပါတယ်။ ပါရမီရှင်ဖြစ်နေတာနဲ့ ကျင့်ကြံအားထုတ်ဖို့ပဲ လိုပါတယ်။ သိပ်အများကြီး စိုးရိမ်စရာ မလိုပါဘူး။
လောင်တန်ရဲ့ စကားက ပါရမီရှင်တွေကို တအံ့တဩ ဖြစ်သွားစေပါတယ် ‘ဝေ့လန်ရှန်မိက ဒီလောက်တောင် စွမ်းအားကြီးတာလား...’
တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်တို့ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တခြာလူက ဒီစကားပြောရင် တာအိုအရှင်သခင်တို့တွေဟာ ဒေါသထွက်သွားမှာပါ။ ဒါပေမဲ့ လောင်တန်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားဆိုတော့ တာအိုအရှင်သခင်တို့ဟာ လန့်သွားကြပါတယ်။
‘ကောင်းကင်တာအိုမှာ ဒီလိုမျိုး ပါရမီရှင် တကယ်ကြီး ရှိနေတာလား...’
ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက်ဆိုသလို ဟန်ဟွမ်ကို တွေးမိလိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ထက်မြက်ထက်မြက် ဟန်ဟွမ်ကို ယှဉ်နိုင်စရာအကြောင်း မရှိပါဘူး။
ကျောက်ရွှမ်ယွမ် စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ နောက်ကနေ အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ် “ပထမ... ကျွန်တော် အမြင်မှာတော့ သူ့အရည်အချင်းက ကျွန်တော့်ကို မမီဘူး”
လူတိုင်းဟာ ထူးဆန်းတဲ့ မျက်နှာတွေနဲ့ လှည့်ကြည့်လိုက်ကြပါတယ်။ ဒီစကားပြောလိုက်တဲ့လူက ကောင်းကင်တာအိုပညာရှိ စုချီရဲ့တပည့် ကျောက်ရွှမ်ချွမ်ပါ။
ကျောက်ရွှမ်ချွမ်က တကယ်ကို မောက်မာခွင့် ရှိပါတယ်။
ကျောက်ရွှမ်ချွမ်က တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို ကိုယ်စားပြုပြီး ဝေ့လန်ရှန်မိက ကောင်းကင်တာအို အပြင်ဘက်က ပါရမီရှင်ဖြစ်တဲ့အတွက် သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ ကျိန်းသေပေါက် မီးပွင့်မှာပါ။
ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “မင်းအရည်အချင်းက အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ အရင်ဆုံး သူ့ကို မီအောင် ကြိုးစားဦး၊ မင်း သူ့ကို လိုက်မမီရင် အများဆုံး မင်းအရည်အချင်းက တန်းတူပဲလို့ သတ်မှတ်ရလိမ့်မယ်၊ မင်း သူ့ထက် စွမ်းအားကြီးလာမှ မင်းအရည်အချင်းက သူ့ထက်သာတယ်လို့ ပြောလို့ရလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။