← Chapters

ဟန်ကျွယ် စိတ်ပျက်ခြင်း

Vol. 90 Ch. 948

ဟန်ကျွယ် စိတ်ပျက်ခြင်း

Vol. 90 Ch. 948

“ဒါက ခင်ဗျားရဲ့ ခန့်မှန်းချက်သက်သက်ပဲ၊ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ပဋိပက္ခ သက်ရှိတွေအတွက် ကောင်းကင်တာအို သက်ရှိအားလုံးကို စတေးရမှာလား... ဒါက ကောင်းကင်တာအို သက်ရှိတွေအတွက် တရားမျှတပါ့မလား” ကျန်းကျွယ်ရှီဟာ သောကမဲ့အင်မော်တယ်ကို အေးစက်စွာ မေးလိုက်ပါတယ်။

ကျန်းကျွယ်ရှီရဲ့ စကားကို ကြားရတဲ့ သောကမဲ့ အင်မော်တယ်ဟာ လောကမှာ အရယ်ရဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။

“ဟားဟား... ပဋိပက္ခထဲမှာပဲ တရားမျှတမှုဆိုတာ ရှိတယ်၊ ငါပြောတာကို မင်း နားမလည်ဘူးလား၊ ကောင်းကင်တာအိုက ပဋိပက္ခနဲ့ မတူဘူး၊ တာအိုဘိုးဘေးက ကောင်းကင်တာအိုကို မဖိနှိပ်ခဲ့ရင် ကောင်းကင်တာအို ပျက်စီးသွားတာ ကြာပြီ”

သောကမဲ့အင်မော်တယ်ဟာ ပြောဆိုရင်းနဲ့ ခေါင်းခါကာ သက်ပြင်းချလိုက်ပါတယ် “အဲဒီတုန်းက တာအိုဘိုးဘေးက ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းခဲ့လဲ၊ ကောင်းကင်တာအိုကို လက်တစ်ဖက်တည်းနဲ့ ဆွဲတင်ပြီး ပဋိပက္ခထဲက ရန်သူတွေကို အကြိမ်ပေါင်းများစွာ ခုခံခဲ့တယ်၊ ကံဆိုးချင်တော့ နောက်ဆုံးမှာ အားလုံးက စွန့်ပစ်တာကို ခံရတာပဲ၊ အခု သူပျောက်သွားပြီ၊ ကောင်းကင်တာအို သက်ရှိတွေထဲမှာ သူ့ရဲ့ ကြင်နာမှုကို ဘယ်နှယောက်များ မှတ်မိကြသေးလို့လဲ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလည်း တာအိုဘိုးဘေးလို ဖြစ်မှာပဲ”

ကျန်းကျွယ်ရှီဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ဟွမ်ဟာ ဆဲဆိုကြိမ်းမောင်းလိုက်ပါတယ် “မင်းက ငါတို့နှစ်ယောက်ရဲ့ အရည်အချင်းနဲ့ ဖန်တီးမှုကို စုပ်ယူသွားရင်တောင် ငါ့အဖေကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သေမှာ ထိုင်‌စောင့်နေချည်”

သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါဆို စောင့်ကြည့်ကြတာပေါ့”

စကားဆုံးတာနဲ့ သောကမဲ့ အင်မော်တယ်ဟာ နေရာကနေ ကွယ်ပျောက်သွားတဲ့အတွက် ဗလာနယ်မြေထဲမှာ ကျန်းကျွယ်ရှီ၊ ဟန်ဟွမ်နဲ့ ဟန်ချင်းအာတို့ပဲ ကျန်ရှိပါတော့တယ်။

ဟန်ချင်းအာက အခုထိ နိုးမလာသေးပါဘူး။

ဟန်ဟွမ်ဟာ လှုပ်ရှားဖို့ ကြိုးစားပေမဲ့ ခန္ဓာကိုယ်ကို လှုပ်လို့ပဲ ရပါတယ်။ ဒီနယ်မြေက အတော်လေး ထူးဆန်းလှပါတယ်။ ခန္ဓာကိုယ်ထဲက ခွန်အားရော ဓမ္မစွမ်းအားရော လုံးဝ ထုတ်သုံးလို့မရပါဘူး။ အကုန်လုံး ပျောက်ပျက်သွားတဲ့အတိုင်းပါပဲ။

ကျန်းကျွယ်ရှီလည်း အတူတူပါပဲ။ ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ဒီလိုနေရာမျိုးကို တစ်ခါမှ မကြားဖူးတဲ့အတွက် စိတ် တော်တော်လေး လေးသွားပါတယ်။

“ငါတို့ ထွက်မပြေးနိုင်ဘူးဆိုတာကို သိလို့ ဒီကောင်က ငါတို့ကို ဒီနေရာမှာ ချန်ထားရဲတာ ဖြစ်မယ်... ဟင်း...” ကျန်းကျွယ်ရှီဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ဟွမ်ဟာ တော်တော်လေးကို ဒေါသထွက်နေပြီး ဒေါသကို ဘယ်နားပုံချရမှန်း မသိပါဘူး။

အတော်ကြာသွားတဲ့အခါမှာတော့...

ဟန်ချင်းအာ နိုးလာပြီး ဒီကိစ္စကို ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီဆီက သိလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ချင်းအာက သူ့အစ်ကိုနှစ်ယောက်နဲ့ မတူဘဲ အတော်လေး တည်ငြိမ်လှပါတယ်။

“အစ်ကိုနှစ်... ဖေဖေ သင်ပေးထားတဲ့ ဆန်းကြယ်စွမ်းအားကို မေ့သွားပြီလား၊ အခုဆင့်ခေါ်လိုက်လေ” ဟန်ချင်းအာက မတိုးမကျယ် ပြောလိုက်ပါတယ်။

ဟန်ဟွမ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် “အစ်ကိုက ဘယ်မျက်နှာနဲ့ ဖေဖေကို ဆင့်ခေါ်ရမှာလဲ၊ ထွက်လာတုန်းက ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်လို့ ပြောထားတာ... နောက်ပြီး တစ်ဖက်လူက ဖေဖေကို အကောက်ကြံချင်နေတာ၊ လှမ်းပြီးဆင့်ခေါ်လိုက်ရင် ထောင်ချောက်ထဲ ကျသွားမှာပေါ့”

ဟန်ချင်းအာဟာ မျက်လုံးပင့်တက်သွားပါတယ် “သူက အစ်ကိုနှစ်နဲ့ ပညာသင်အစ်ကိုရဲ့ အရည်အချင်းက ရထားတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူ စွမ်းအားကြီးလာမယ်ဆိုရင်တောင် အချိန်တစ်ခု ကြာဦးမှာပဲ၊ ညီမလေးတို့တွေ ချက်ချင်း သတင်းမပေးရင် ဖေဖေက ဘယ်လိုလုပ်ပြီး သိမှာလဲ၊ အဲဒါဆို အဲဒီကောင်ကို စွမ်းအားကြီးလာဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်မသွားဘူးလား”

ဟန်ချင်းအာရဲ့ မေးခွန်းကြောင့် ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။

ကျန်းကျွယ်ရှီက ဝင်ပြောလိုက်ပါတယ် “ညီမလေးဘာသာ ဆင့်ခေါ်လိုက်၊ ဆင့်ခေါ်ပြီးတာနဲ့ ဆန်းကြယ်စွမ်းအားကို ချက်ချင်း ပြန်သိမ်းချည်၊ ဒါက တစ်ခုခုဖြစ်သွားပြီလို့ ဆရာသခင်ကို သတင်းပေးလိုက်တာပဲ၊ ပြီးရင် အစ်ကိုတို့တွေ ဆရာသခင် အိပ်မက်ပေးတာကို စောင့်ကြမယ်၊ အိပ်မက်ထဲမှာ ဆရာသခင်ကို အကျိုးအကြောင်း ပြောပြီး ဆရာသခင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့”

ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ အဲဒီနောက် ဟန်ချင်းအာဟာ ဟန်ဟွမ်ကို ဂရုမစိုက်တော့ဘဲ ဖိတ်ခေါ်ပညာရပ်ကို သုံးလိုက်ပါတယ်။ ဝဲကတော့နက် ဖြစ်ပေါ်လာတာနဲ့ ဟန်ချင်းအာဟာ ဖိတ်ခေါ်ပညာရပ်ကို ပြန်သိမ်းလိုက်ပါတယ်။

.....

ဝဲကတော့နက် ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ ဟန်ကျွယ်ဟာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားပါတယ်။ ဗလာနယ်မြေက တာအိုဖန်တီးရှင်တွေ ပုန်းအောင်းတဲ့ နေရာတစ်ခု ဖြစ်နေနိုင်တယ် မဟုတ်ပါလား။

ဒါပေမဲ့ ဝဲကတော့နက်က လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် ဟန်ဟွမ်တို့ကို အိပ်မက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုထပ်ပြီးတော့ ကြိုးစားကြည့်လိုက်တဲ့အခါ ဟန်ဟွမ်ကို အိပ်မက်ပေးတာ ချက်ချင်း အောင်မြင်သွားပါတယ်။

အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ ဒီနယ်မြေက သူသိတယ်လို့ ဟန်ကျွယ်က ဟန်ဟွမ်ကို အရိပ်အယောင် ပြလိုက်တာပါ။ ဒါပေမဲ့ ဟန်ဟွမ်ဟာ ဒီအိပ်မက်နယ်မြေက သူ့ကိုယ်ပိုင်အတွေးလို့ ယူဆပြီး အများကြီး မတွေးပါဘူး။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ မျက်နှာပူသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “သားကို ဘယ်သူ ဖမ်းထားတာလဲ၊ သား သူ့နာမည်ကို သိလား”

ဟန်ဟွမ်ဟာ ခေါင်းခါလိုက်ပါတယ် “သူ့နာမည်ကို ထုတ်မပြောဘူး”

“သူ့ပုံရိပ်ကို ပြ”

ဟန်ဟွမ်ဟာ ချက်ချင်း လက်ဝှေ့ယမ်းလိုက်ပါတယ်။ အိပ်မက်နယ်မြေထဲမှာ ဟန်ဟွမ်ဟာ ဓမ္မစွမ်းအားကို ပြန်ရသွားပါတယ်။ ဒါပေမဲ့ ဒါက အစစ်မဟုတ်တော့ အပြင်မှာ အသုံးမဝင်ပါဘူး။

ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ရဲ့ သွင်ပြင်ကို မှတ်ထားလိုက်ပါတယ်။

ဟန်ကျွယ်က မျက်နှာမပျက်တဲ့အတွက် ဟန်ဟွမ် ရင်ထဲက မကျေနပ်ချက်ဟာ ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားပြီး ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောပြလိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ့အရည်အချင်းကို ဂုဏ်အယူဆုံးပါ။ ဟန်ဟွမ်ဟာ ငယ်ငယ်လေးကတည်းက ပါရမီရှင် ဖြစ်ခဲ့တာမလို့ သူ့ အရည်အချင်း ပျောက်ဆုံးသွားရင် ဘာဖြစ်မယ်ဆိုတာကို မတွေးရဲပါဘူး။ အရည်အချင်းမရှိတဲ့ ဘဝက သေတာထက် ပိုဆိုးမှာပါ။

ဟန်ကျွယ်ဟာ နည်းနည်း အံ့အားသင့်သွားပါတယ် ‘ဒီကောင်က အရည်အချင်းကို လုယူပြီး အခွင့်အရေးကို ခိုးနိုင်တယ်၊ နောက်ပြီး အန္တိမတာအိုရတနာလည်း ရှိနေတယ်... တကယ်ကို အထင်ကြီးဖို့ကောင်းတဲ့ ကောင်ပဲ’

ဓမ္မရတနာတွေကို ငယ်စဉ်ကြီးလိုက်စီရင် ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာ၊ ကောင်းကင်တာအို အကောင်းစား ရတနာ၊ လွတ်လပ်မှု စိတ်ဝိညာဉ်ရတနာ၊ လွတ်လပ်မှု အကောင်းစား ရတနာ၊ မဟာတာအို စိတ်ဝိညာဉ်ရတနာ၊ မဟာတာအို အကောင်းစား ရတနာ၊ အန္တိမတာအိုရတနာနဲ့ အန္တိမ အကောင်းစား ရတနာဆိုပြီး ရပါတယ်။ ဒီထဲမှာ မဟာတာအို ဓမ္မရတနာတွေကို ပဋိပက္ခ ဓမ္မရတနာတွေလို့လည်း ခေါ်ပါတယ်။

ဟန်ကျွယ်မှာ အန္တိမတာအိုရတနာအပြင် ဒီထက် စွမ်းအားကြီးတဲ့ အန္တိမ အကောင်းစား ရတနာလည်း ရှိပါတယ်။ ဒါပေမဲ့ ပဋိပက္ခမှာ အန္တိမဓမ္မရတနာက လက်တစ်ဆုပ်စာပဲ ရှိတာပါ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ လောကဦး ဘိုးဘေးနတ်ဘုရား သူတို့ရတနာတွေကို တစ်ခါမှ ထုတ်မပြခဲ့ပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “အဲဒီ‌ကောင်ရဲ့ ကျင့်ကြံမှုက ဘယ်လောက်ရှိလဲ”

ဟန်ကျွယ်ဟာ သောကမဲ့အင်မော်တယ်ရဲ့ ကျင့်ကြံမှုက အတော်လေး မြင့်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပျင်းရိဖို့ကောင်းတဲ့ ကျင့်ကြံခြင်းနှစ်တွေမှာ ပြိုင်ဘက်ရှိတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါလား။ ပြိုင်ဘက်ကောင်းတစ်ယောက်က စိတ်ခွန်အားပေးနိုင်ပြီး ဘဝကို ပိုစိတ်ဝင်စားဖို့ ကောင်းအောင် လုပ်နိုင်ပါတယ်။

ဟန်ဟွမ် “အဲဒီကောင်က မဟာတာအိုပညာရှိချုပ်၊ နောက်ကျရင် ဒီထက်စွမ်းအားကြီးလာဦးမှာတဲ့”

“ဘာ... မဟာတာအိုပညာရှိချုပ်”

ဟန်ကျွယ် မျက်လုံးပြူးသွားတာကို ကြည့်ပြီး ဟန်ဟွမ်ဟာ လန့်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ပျက်သွားပြီး ရေရွတ်ပါတယ် “ဒီလောက်လေးပဲလား...”

‘ငါ စိတ်လှုပ်ရှားမိတာ အပိုပဲ’

ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကြည့်ပြီး “အဲဒီမှာပဲနေ... မင်းတို့က ပဋိပက္ခအပြင်ဘက်မှာရှိတဲ့ ဗလာနယ်မြေကို ရောက်နေတာ၊ အဲဒီနယ်မြေမှာ ဘယ်သက်ရှိမှ မရှင်သန်နိုင်သလို ကျင့်ကြံအားထုတ်လို့လည်း မရဘူး၊ မင်းအရည်အချင်းကလည်း နှုတ်ယူခံလိုက်ရတယ်ဆိုတော့ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချည်”

“ပြိုင်ဘက်ကင်းချင်ရင် ပြိုင်ဘက်ကင်း အရည်အချင်းတင် မဟုတ်ဘူး၊ ပြိုင်ဘက်ကင်း နှလုံးသားကိုလည်း လိုအပ်တယ်၊ ကျင့်ကြံမှုရဲ့ ကျွန်မဖြစ်ခံနဲ့၊ ဒါက မင်း မဖြစ်မနေ ကျော်ဖြတ်ရမဲ့ လေ့ကျင့်မှုတစ်ခုပဲ”

ဟန်ကျွယ်စကားကြောင့် ဟန်ဟွမ်ဟာ အတွေးနက်သွားပါတယ်။

အိပ်မက်ဟာ အဆုံးသတ်သွားပတါယ်။

ဟန်ချင်းအာဟာ ဟန်ဟွမ် နိုးလာတာကို တွေ့တာနဲ့ ချက်ချင်း မေးလိုက်ပါတယ် “ဖေဖေက ဘာပြောလဲ”

“ဖေဖေပြောတာတော့ အစ်ကိုတို့တွေ ပဋိပက္ခအပြင်ဘက်က ဗလာနယ်မြေကို ရောက်နေတာတဲ့၊ ဖေဖေက လောလောဆယ် အစ်ကိုတို့ကို ဒီမှာ နေခိုင်းထားတယ်၊ လေ့ကျင့်နေတယ်လို့ သဘောထားတဲ့”

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “ဆရာသခင်က ငါတို့တွေ ဘယ်မှာရှိနေတယ်ဆိုတာကို သိတယ်ဆိုတော့ ယုံကြည်ချက်ရှိတယ်လို့ ယူဆလို့ရတယ်”

ဟန်ချင်းအာဟာ ဝမ်းနည်းသွားပါတယ် “ဒါဆို ဒီမှာ ဘယ်လောက်ကြာအောင် နေရမှာလဲ”

ဟန်ဟွမ်ဟာ ဘာမှထပ်မပြောတော့ဘဲ ဟန်ကျွယ်ရဲ့ စကားကို ပြန်သုံးသပ်လိုက်ပါတယ်။

ပြိုင်ဘက်ကင်း နှလုံးသား။

ကျင့်ကြံမှုရဲ့ ကျွန်မဖြစ်ခံနဲ့။

.....

တာအိုဘုံကျောင်းအတွင်း။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ့စိတ်ထဲကလူကို ငါ တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်က နိမ့်လွန်းနေလို့ပါ။ ဒါပေမဲ့ တစ်ဖက်လူမှာ လျှို့ဝှက်ဆန်းကြယ် အန္တိမတာအိုရတနာ ရှိနေတာကို တွေးမိပြီး ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

[သတ်နိုင်ပါသည်။]

“အဲဒီကောင် ငါ့ဆီကို လာတဲ့အခါကျရင်ရော ငါ တစ်ချက်တည်း သတ်နိုင်ဦးမှာလား”

သောကမဲ့ အင်မော်တယ်က ဟန်ကျွယ်ရဲ့ စွမ်းအားအမှန်ကို သိမှာ မဟုတ်ပါဘူး။

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

တန်ဖိုးက အဆတစ်ရာ တိုးသွားပါတယ်။ သောကမဲ့ အင်မော်တယ်က ပြိုင်ဘက်ကင်း အရည်အချင်းနဲ့ ဖန်တီးမှုကို ရပြီးတာတောင် အဆတစ်ရာ စွမ်းအားကြီးလာတဲ့အထိ သည်းခံနိုင်တယ်ဆိုတော့ နည်းနည်းတော့ အခြေခိုင်တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဟန်ကျွယ်ကို သတ်ချင်ရင် ဒီလောက်နဲ့ မလုံလောက်ပါဘူး။

ဆက်တွက်မယ်။

[သတ်နိုင်ပါသည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

“အဲဒီကောင် ဘယ်မှာလဲ”

[တစ်ဖက်လူ၌ အန္တိမတာအိုရတနာ ရှိနေသောကြောင့် တွက်ချက်မရပါ။]

‘ထူးဆန်းလိုက်တာ... နေရာကျတော့ တွက်ချက်လို့မရဘူး၊ ကျင့်ကြံမှုအဆင့်ကျတော့ တွက်ချက်လို့ရတယ်... ကြည့်ရတာ ဒီအန္တိတာအိုရတနာက မရိုးရှင်းပုံပဲ’

ဟန်ကျွယ်ဟာ အချိန်ကျလာရင် သောကမဲ့ အင်မော်တယ်ကို သတ်ပြီး အန္တိမတာအိုရတနာကို လုယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “အဲဒီကောင်က ငါ့ကို လာမရှာခင် ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီတို့ကို သတ်မှာလား”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်ပါ။]

‘ဒီကောင်က ယုံကြည်လို့တော့ ရသားပဲ... ငါ့ကိုပဲ ပစ်မှတ်ထားတယ်၊ ဟန်ဟွမ်တို့တွေကို မလိမ်ဘူးပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters