ပါရမီရှင်စာရင်း
Vol. 90 Ch. 949
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟန်ဟွမ်တို့ သုံးယောက်ကို ချက်ချင်း သွားမကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ရတာက အကြောင်း ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ လျှို့ဝှက်ဆန်းကြယ် ရန်သူကို သတိလွတ်စေချင်တာပါ။ ဒုတိယတစ်ချက်ကတော့ ဟန်ဟွမ်တို့သုံးယောက်ကို အခြေကျစေချင်လို့ပါ။
ဘဝမှာ အမြဲတမ်း အဆင်ပြေနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခက်အခဲ ကြီးကြီးမားမား မကြုံရရင် တာအိုနှလုံးသားက ခိုင်ခံ့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အနာဂတ်မှာ ဟန်ကျွယ် ရင်ဆိုင်ရမဲ့ ကပ်ဘေးက နှစ်ခုဖြစ်သွားပါပြီ။ တစ်ခုက ဟန်ဟွမ်တို့သုံးယောက်ကို ဖမ်းသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ရန်သူ ဖြစ်ပြီး ကျန်တစ်ခုက လှုပ်ရှားတော့မဲ့ ပဋိပက္ခစိတ်ဆန္ဒပါ။
ဟန်ကျွယ်လုပ်ရမှာက တတ်နိုင်သလောက် ခပ်မြန်မြန် စွမ်းအားကြီးလာဖို့ပါ။ ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်နိုင်ရင် ဟန်ကျွယ်က တကယ်ကို ပြိုင်ဘက်ကင်းသွားမှာပါ။ တာအိုဖန်တီးရှင်အတွက်ကတော့ နောင်ခါလာနောင်ဈေးပါ။
တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးပြီးဆုံးတာ နှစ်တစ်သောင်း ကြာသွားပါတယ်။ ဒီတော့မှ ကောင်းကင်တာအို တစ်ခုလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုဟာ အရင်ကထက် ပိုပြီးတော့ စည်ကားလာပါတယ်။
ပါရမီရှင်တွေ မကြာခဏ တိုက်ခိုက်ကြတဲ့အတွက် ပါရမီရှင်ခေတ် ရောက်လာပြီဆိုတာကို သက်ရှိတွေ သဘောပေါက်သွားကြပါတယ်။ တချို့အလုပ်မရှိတဲ့လူတွေက ပါရမီရှင်စာရင်းကိုတောင် ပြုစုလိုက်ပါသေးတယ်။
ဒီစာရင်းမှာ ဝေ့လန်ရှန်မိက ယုံမှားဖွယ်မရှိ နံပါတ်တစ်ပါ။ ဒါပေမဲ့ ဒုတိယနေရာကတော့ ဆက်တိုက် ပြောင်းလဲနေပါတယ်။
တာအိုပညာရှိတွေလည်း အလုပ်များလာကြပါတယ်။ ကိုယ်ပွားတွေ ရှိနေလို့ ကံကောင်းသွားတာပါ။ မဟုတ်ရင် အလုပ်ဒဏ်နဲ့ သေသွားနိုင်ပါတယ်။ ကောင်းကင်တာအိုရဲ့ လက်ရှိအဆင့်အတန်းနဲ့ ကိုယ်ပွားသုံးပြီး ပဋိပက္ခဧည့်သည်တွေကို လက်ခံကြိုဆိုတာက ကျိုးကြောင်းဆီလျော်တယ်လို့လည်း ယူဆလာကြပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ ကျောက်ရွှမ်ချွမ်နဲ့ ထွက်သွားချင်ပေမဲ့ ကျောက်ရွှမ်ချွမ်က ငြင်းဆန်ပါတယ်။ အကြောင်းရင်းကတော့ ကျောက်ရွှမ်ချွမ်ဟာ စုချီကို အဖော်ပြုချင်တာကြောင့်ပါ။ စုချီက တပည့်အများကြီး လက်ခံခဲ့ပေမဲ့ ကျောက်ရွှမ်ချွမ် တစ်ယောက်ပဲ ကျန်နေခဲ့ပါတယ်။
ကျင့်ကြံမှုမြင့်လေလေ နားလည်မှု မြင့်လေလေပါပဲ။
စုချီ အရင်တုန်းက လုပ်ခဲ့တာတွေက ပြီးခဲ့တဲ့တပည့်တွေကို အပြစ်ရှိသလို ခံစားရစေပြီး စုချီနဲ့ အဝေးမှာ နေစေပါတယ်။ တာအိုပညာရှိ အသိုင်းအဝိုင်းမှာလည်း စုချီက အမြဲတမ်း တစ်ကိုယ်တည်းရှိပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကလွဲရင် စုချီဟာ တခြားတာအိုပညာရှိတွေနဲ့ အဆက်အဆံ မရှိသလောက်ပါပဲ။
ကျောက်ရွှမ်ချွမ်ဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ပါ။ စုချီဆီ ရောက်လာပြီးမှ နွေးထွေးမှုကို ခံစားခဲ့ရတာပါ။ ဒါ့အပြင် သူ့အတွေးက သက်ရှိအားလုံးရဲ့ အတွေးနဲ့ ငယ်ငယ်လေးကတည်းက ကွဲထွက်နေခဲ့ပါတယ်။
ကျောက်ရွှမ်ချွမ်ဟာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့လူကိုပဲ အသိအမှတ်ပြုပါတယ်။ သေမျိုးကမ္ဘာက အသိအမှတ်ပြုတဲ့ သနားကြင်နာမှုတွေ အမှန်တရားတွေ တရားမျှတမှုတွေကို လုံးလုံး စိတ်မဝင်စားပါဘူး။
ဒီနေ့မှာတော့ စုချီရဲ့ တာအိုစက်ကွင်းမှာ ဆရာတပည့်နှစ်ယောက်ဟာ ပါရမီရှင်စာရင်းအကြောင်း ဆွေးနွေးနေကြပါတယ်။
“ဆရာသခင်... သူက ဘာဖြစ်လို့ ပါရမီရှင်စာရင်းထဲမှာ နံပါတ်တစ် ဖြစ်နေရတာလဲ၊ ပါရမီရှင်စာရင်းက တိုက်ပွဲအောင်မြင်မှုတွေနဲ့ အရည်အချင်းကို ကြည့်တာ မဟုတ်ဘူးလား၊ သူ့ကျင့်ကြံမှုက မြင့်နေတာနဲ့ပဲ ပြီးသွားရောလား... သူ့အသက်က ဘယ်လောက်ရှိနေပြီလဲ၊ ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်ရဲသေးတယ်၊ တာအိုပညာရှိတွေက သူ့ကို တမင်မြှောက်ပေးနေသလိုပဲ” ကျောက်ရွှမ်ချွမ်က မကျေမချမ်း ပြောလိုက်ပါတယ်။
ကောင်းကင်တာအိုထဲမှာ နှစ်တစ်သန်း မပြည့်နဲ့၊ နှစ်တစ်သိန်းပြည့်ရင်တောင် အသက်ကြီးသွားပါပြီ။
စုချီဟာ ပြုံးလိုက်ပါတယ် “တကယ်တော့ အတိတ်မှာတုန်းက ဝေ့လန်ရှန်မိက မင်းရဲ့ ပညာသင်ရောင်းရင်း ဖြစ်ခဲ့တယ်၊ သူက မင်းထက်တောင် ငယ်သေးတယ်၊ နောက်ကျမှ တိတ်ဆိတ်ဂိုဏ်းက သူစွမ်းအားကြီးတာကို သတိထားမိပြီး ကြီးပြင်းလာမှ လွှတ်ပေးလိုက်တာ၊ ကောင်းကင်တာအိုက ပဋိပက္ခအစည်းအဝေးမှာ မျက်နှာပြဖို့ လိုတယ်လေ”
“တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်တာအိုထဲမှာ... ဒါပေမဲ့ ကောင်းကင်တာအိုက ကောင်းကင်တာအို၊ တိတ်ဆိတ်ဂိုဏ်းက တိတ်ဆိတ်ဂိုဏ်းပဲ၊ ဒီအကျိုးအကြောင်းကိုတော့ မင်းနားလည်သင့်တယ်၊ အဲဒါကြောင့် ဝေ့လန်ရှန်မိရဲ့ နောက်မှာ တိတ်ဆိတ်ဂိုဏ်း အပါအဝင် ကောင်းကင်တာအို တစ်ခုလုံး ရှိနေတယ်”
“မင်းရဲ့ အရည်အချင်းက အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ လောကကြီးမှာ အကြွင်းမဲ့ တရားမျှတမှု မရှိဘူးဆိုတာကို မင်းနားလည်ထားရလိမ့်မယ်၊ စည်းမျဉ်းတွေက သူတို့ဘာသာ သတ်မှတ်ထားပြီးသား”
ကျောက်ရွှမ်ချွမ်ဟာ နှုတ်ခမ်းမဲ့သွားပါတယ်။ စုချီရဲ့ စကားက ကျိုးကြောင်းဆီလျော်ပေမဲ့ ကျောက်ရွှမ်ချွမ်ဟာ မပျော်မရွှင် ဖြစ်နေတုန်းပါ။
စုချီက အပြုံးနဲ့ မေးလိုက်ပါတယ် “ငါ့တပည့်... မင်းရဲ့ ပန်းတိုင်က ဘာလဲ၊ နံပါတ်တစ် ပါရမီရှင်နေရာအတွက် တိုက်ခိုက်ဖို့လား”
ကျောက်ရွှမ်ချွမ်က ချက်ချင်း ပြန်ဖြေပါတယ် “မဟုတ်ပါဘူး၊ ကျွန်တော် ရည်မှန်းချက်က အစွမ်းအထက်ဆုံး ဖြစ်ချင်တာ”
စုချီရဲ့ အပြုံးဟာ ပိုတောက်ပသွားပါတယ် “မင်းရဲ့ ဆရာဘိုးဘိုးလို စွမ်းအားကြီးချင်တာလား”
ကျောက်ရွှမ်ချွမ်ဟာ လေးစားတဲ့မျက်လုံးတွေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ ကျောက်ရွှမ်ချွမ်ဟာ ငယ်ငယ်လေးကတည်းက ဟန်ကျွယ်ရဲ့ ဒဏ္ဍာရီတွေကို နားထောင်ပြီး ကြီးပြင်းလာတာပါ။ စုချီကလည်း သူနဲ့ ဟန်ကျွယ်ကြားက ဇာတ်လမ်းတွေကို မကြာခဏ ပြောပြပါတယ်။
ဒါတွေက ကျောက်ရွှမ်ချွမ်ကို အများကြီး သက်ရောက်ခဲ့ပါတယ်။ ဒီအကြောင်းကြောင့်လည်း ကျောက်ရွှမ်ချွမ်က စုချီနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတာပါ။ စုချီက လောကကြီးကို ဖျက်ဆီးခဲ့လို့ အနှိုင်းမဲ့ပျက်စီးခြင်းကို ရင်ဆိုင်ရတာတောင် ဟန်ကျွယ်က ကယ်တင်စောင်မခဲ့တယ် မဟုတ်ပါလား။
“အခွင့်အရေးရှိရင် ငါ မင်းကို ဆရာသခင်နဲ့ မိတ်ဆက်ပေးပြီး ဆရာသခင်နားမှာ ကျင့်ကြံအားထုတ်ခိုင်းမယ်၊ အဲဒါဆို မင်း ဝေ့လန်ရှန်မိကို ကျော်တက်ဖို့က ဘာမှခက်ခဲတော့မှာ မဟုတ်ဘူး” စုချီဟာ သားတစ်ယောက်ကို ချစ်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
ကျောက်ရွှမ်ချွမ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်း တောက်ပသွားပြီး အရူးအမူး ခေါင်းညိတ်ကာ စုချီကို ချက်ချင်း နှိပ်နယ်ပေးပါတော့တယ်။
အဲဒီနောက် ဆရာတပည့် နှစ်ယောက်ဟာ ဆက်ပြီးတော့ စကားပြောဆိုကြပါတယ်။
.....
ကျင့်ကြံမှုအခြေအနေကို ဝင်ရောက်ပြီးနောက် ဟန်ကျွယ်အတွက် အချိန်ဟာ အရမ်းကို မြန်ဆန်လွန်းလှပါတယ်။ လျှပ်တစ်ပြက်အတွင်း နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စုချီကို အိပ်မက်ပေးလိုက်ပါတယ်။ စုချီက ဟန်ကျွယ်ကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းက အိပ်မက်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေဆဲ ဖြစ်တဲ့အတွက် စုချီ အိပ်မက်ပေးတာကို လျစ်လျူရှုခဲ့ပါတယ်။ ဟန်ကျွယ်ဟာ စုချီက ကောင်းကင်တာအိုထဲမှာ ရှိနေတာကို အာရုံခံနိုင်တဲ့အတွက် စုချီ တစ်ခုခုဖြစ်မှာကို မစိုးရိမ်ပါဘူး။
အိပ်မက်နယ်မြေက ပြီးခဲ့တဲ့ ဝီရိယတောင်ပါ။
စုချီဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
စုချီဟာ ချက်ချင်း အကြောင်းရင်းကို ပြောပြလိုက်ပါတယ်။ စုချီဟာ ဟန်ကျွယ်က ကျောက်ရွှမ်ချွမ်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်နေပါတယ်။ ဖြစ်နိုင်ရင် ကျောက်ရွှမ်ချွမ်ကို ဟန်ကျွယ်နဲ့အတူ ကျင့်ကြံအားထုတ်စေချင်နေပါတယ်။
“ဒါက တောင်းဆိုမှုပါ၊ ဆရာသခင် ဆန္ဒမရှိရင်လည်း ကိစ္စမရှိပါဘူး” စုချီက စကားအဆုံးမှာ ထည့်ပြောလိုက်ပါတယ်။
နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ဆရာတပည့် ဆက်ဆံရေးက အရင်လိုမျိုး မရင်းနှီးတော့ပါဘူး။ ကျင့်ကြံမှုချင်းက ပိုပိုကွာခြားလာတော့ ပိုဆိုးပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ တခြားတပည့်တွေဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်လူက အဋ္ဌမပဋိပက္ခ ပြန်ဝင်စားတဲ့ ကျောက်ရွှမ်ချွမ် ဖြစ်နေပါတယ်။ တကယ်လို့ ကျောက်ရွှမ်ချွမ်ကို တာအိုစက်ကွင်းထဲ ခေါ်လိုက်ရင် နဝမပဋိပက္ခက ကျောက်ရွှမ်ချွမ်ကို အမှီပြုပြီး တာအိုစက်ကွင်းထဲ စိမ့်မဝင်လာနိုင်ဘူးလို့ ပြောလို့မရပါဘူး။
ဒီဟာက အန္တရာယ်များလွန်းတဲ့အတွက် ဟန်ကျွယ် သေချာစဉ်းစားရပါမယ်။ ဒါပေမဲ့ စုချီက သူ့ကို တောင်းဆိုခဲတဲ့အတွက် ဟန်ကျွယ်ဟာ စုချီကို ငြင်းလည်း မငြင်းချင်ပါဘူး။
“ဒီလိုလုပ်ပါလား... သူ့ကို ဒီအတိုင်းပဲ အေးအေးချမ်းချမ်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ခိုင်း... ငါ သူ့ကို အိပ်မက်ထဲမှာ ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်”
စုချီဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ စုချီဟာ စိတ်သက်သာရာ ရသွားပါတယ်။ စုချီဟာ ဟန်ကျွယ်က ငြင်းမှာကို ကြောက်နေတာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ဦး၊ လွတ်လပ်မှုအဆင့်က မလုံလောက်သေးဘူး”
စုချီက ပဋိပက္ခနတ်ဘီလူး ဖြစ်တဲ့အတွက် နှစ်တွေကြာညောင်းသွားတဲ့အခါ လွတ်လပ်မှုအဆင့်ကို ရယူနိုင်တာ ဘာအံ့ဩစရာမှ မရှိပါဘူး။ ဟန်ကျွယ်ဟာ စုချီက နည်းနည်း ပျင်းနေတယ်လို့တောင် ခံစားလိုက်ရပါတယ်။ စုချီက တခြားတပည့်တွေထက်စာရင် ပဋိပက္ခနတ်ဘီလူး သွေးစည်းကို ကြိုပြီး ရခဲ့တာ မဟုတ်ပါလား။ ဒါကြောင့် အခုအချိန်မှာ စုချီက မဟာတာအိုပညာရှိ ဖြစ်နေရမှာပါ။
“ကျွန်တော် ဆရာသခင်ကို စိတ်ပျက်စေမိပြီ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကျွန်တော် သေချာပေါက် မဟာတာအိုကို ရယူမှာပါ” စုချီဟာ ချက်ချင်း ကတိပေးလိုက်ပါတယ်။ ဟန်ကျွယ်ရှေ့မှာ စုချီဟာ နှိမ့်ချလွန်းပြီး ကြောက်သလို ရွံ့သလို ဖြစ်နေပါတယ်။ တခြားလူတွေရှေ့မှာလိုမျိုး အေးစက်မနေပါဘူး။
ဆရာတပည့်နှစ်ယောက်ဟာ ခဏတာ စကားဆက်ပြောပြီးနောက် အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက ပြန်ပြီးတော့ စည်ကားလာပါတယ်။ တာအိုအရှင်သခင်၊ ကျိုးဖန်နဲ့ တခြားတပည့်တွေဟာ ထပ်ပြီးတော့ ပြဿနာရှာလာပါတယ်။ ပြောမဲ့သာ ပြောတာပါ။ သူတို့တွေသာ ပဋိပက္ခထဲမှာ လျှောက်မသွားရင် ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက စိတ်ဝင်စားဖို့ ကောင်းတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတဲ့အခါ ဟန်ချင်းအာကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက တတိယ တာအိုစက်ကွင်းပါ။
ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ဟန်ကျွယ် လက်ထဲ တိုးဝင်ကာ ငိုပါတော့တယ်။
“ဖေဖေ... နောက်ဆုံးတော့ ရောက်လာပြီပေါ့”
ဟန်ကျွယ်ဟာ သူ့သမီး ငိုကြွေးတာကို ကြည့်ပြီး ရင်ထဲမှာ တဆစ်ဆစ် ဖြစ်သွားပါတယ်။
‘ငါ သမီးလေးကို တင်းကျပ်တာ များသွားပြီလား... ဒီနှစ်တွေမှာ ဘယ်လောက်တောင် ဒုက္ခခံလိုက်ရမလဲ၊ သမီးလေး မတော်တဆ တစ်ခုခုဖြစ်သွားရင် ငါ နောင်တရနေတော့မှာပဲ’
ဟန်ကျွယ်က နှစ်သိမ့်ပေးလိုက်မှ ဟန်ချင်းအာဟာ ငြိမ်ကျသွားပါတယ်။
“သမီးအသက်က သန်းကျော်နေပြီ၊ အခုထိ ကလေးလေးလုပ်တုန်း” ဟန်ကျွယ်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
ဟန်ချင်းအာဟာ နှုတ်ခမ်းတွန့်သွားပါတယ် “သမီးက အသက် ဘယ်လောက်ကြီးကြီး အမြဲတမ်း ဖေဖေရဲ့ သမီး ဖြစ်နေမှာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အခြေအနေကို မေးမြန်းပါတယ်။
ဟန်ဟွမ်တို့သုံးယောက်ဟာ ဗလာနယ်မြေမှာ နယ်နှင်ဒဏ် ခံထားရပါတယ်။ သောကမဲ့ အင်မော်တယ်ကလည်း ထွက်သွားပြီးနောက် ထပ်ပြီးတော့ ပေါ်မလာပါဘူး။ ဒီနှစ်တစ်သိန်းအတွင်းမှာ ဘယ်တည်ရှိမှုကမှ သူတို့ကို မနှောင့်ယှက်ပါဘူး။ သူတို့တွေဟာ ဗလာနယ်မြေထဲမှာ ပေါလောမျောနေပြီး အရင်အတိုင်း မပြောင်းလဲဘဲ ဆက်ရှိနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။