အနာဂတ် ကျန်းကျယ်ရှီ
Vol. 90 Ch. 950
“ဖေဖေ သမီးကို လာခေါ်ရမလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ နှစ်တစ်သိန်းက ဟန်ချင်းအာအတွက် လုံလောက်နေပါပြီ။ ဟန်ကျွယ်ဟာ သူ့သမီး ဒုက္ခခံနေရတာကို ထိုင်ကြည့်နေတဲ့အထိတော့ နှလုံးသားမမဲ့သေးပါဘူး။
“အဲဒီလိုလုပ်ဖို့ မလိုပါဘူး၊ သမီးက ဖေဖေ့ကို ချွဲတာ၊ လောလောဆယ်မှာ သမီးတို့ ဘာအန္တရာယ်မှ မရှိဘူး၊ နောက်ပြီး အစ်ကိုနှစ်နဲ့ ပညာသင်အစ်ကိုကျန်းက အဆင့်တက်တော့မယ်”
“အို... အဆင့်တက်တော့မယ်၊ ဖေဖေကို အသေးစိတ် ပြောပြပါဦး” ဟန်ကျွယ်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို အခြေကျဖို့ပဲ မျှော်လင့်ထားတာပါ။ ဟန်ဟွမ်တို့နှစ်ယောက်က ကျင့်စဉ်ကို ရှာဖွေပြီး ကျင့်ကြံနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါက ကျေနပ်အံ့အားသင့်စရာပါ။
ဟန်ချင်းအာ “အစ်ကိုနှစ်ရဲ့ အရည်အချင်းက လုယူခံလိုက်ရပေမဲ့ နှစ်တစ်သောင်းကြာတဲ့အခါ သွေးစည်းကို ပြန်ရသွားတယ်၊ အစ်ကိုနှစ်ရဲ့ သွေးစည်းက သူ့ဘာသာ ပြန်ကုစားနိုင်သလိုပဲ၊ ပညာသင်အစ်ကိုကျန်းကတော့ တစ်နေ့မှ သမီးတို့ကို ပြောတယ်... သူ့မဟာဖန်တီးမှုက အဲဒီလူဆီမှာ နှစ်သုံးသောင်းနေပြီး သူ့ဆီ ပြန်ရောက်လာပြီတဲ့”
ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ်။
ဟန်ဟွမ်အတွက်က အံ့အားသင့်စရာ မရှိပါဘူး။ ဟန်ဟွမ်က လောကဦး နတ်ဘီလူးပါ။ လောကဦး နတ်ဘီလူး သွေးစည်းက ပဋိပက္ခနတ်ဘီလူးတွေထက် သာလွန်တဲ့အတွက် သွေးစည်း ပြန်မွေးဖွားလာတာ ယုတ္တိမရှိတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျန်းကျွယ်ရှီရဲ့ မဟာဖန်တီးမှုကလည်း သူ့ဘာသာ ပြန်မွေးဖွားနိုင်တယ်ဆိုတော့ မရိုးရှင်းတာ သိသာလှပါတယ်။
“သမီးတို့ကို ဖမ်းတဲ့လူ ပြန်ပေါ်လာရင် ဖေဖေကို ဆင့်ခေါ်လိုက်”
ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီက သူတို့ရဲ့ အရည်အချင်းတွေကို ပြန်ရသွားပါပြီ။ တစ်ဖက်လူက ဒါကို အာရုံခံမိပြီး အရည်အချင်း ထပ်လာလုရင် ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီကို မှီခိုပြီး အကန့်အသတ်မဲ့ အရည်အချင်းကို ဖန်တီးနိုင်သွားမှာပါ။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စီးချင်းထိုးရင် တစ်ဖက်လူကို လုံးဝ အထင်မကြီးပါဘူး။ ဒါပေမဲ့ တစ်ဖက်လူက ဒီအခွင့်အရေးကို အသုံးချပြီး ဆက်တိုက် အကောက်ကြံနေမယ်ဆိုတော့ ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်နေမှာ မဟုတ်ပါဘူး။ နောက်ကျ မထိန်းချုပ်နိုင်တဲ့ ပြဿနာတွေ မဖြစ်ရလေအောင် ခပ်မြန်မြန် ရှင်းပစ်မှာပါ။
“ဟုတ်ကဲ့ပါ” ဟန်ချင်းအာက သဘောတူလိုက်ပါတယ်။
သားအဖနှစ်ယောက်ဟာ တခြားဘာမှမပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကျန်းကျွယ်ရှီရဲ့ မဟာဖန်တီးမှုက အကန့်အသတ်မဲ့ နှုတ်ယူခံရပြီး ပြန်ကောင်းလာနိုင်တာလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တော်တော် ဈေးကြီးတာပဲ... ဒါ တာအိုဖန်တီးရှင် တန်ဖိုးနဲ့ ညီနေပြီ’
ဆက်တွက်မယ်။
[ပြန်မကောင်းလာနိုင်ပါ။]
ဟန်ကျွယ်ဟာ ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။ မဟုတ်ရင် အဲဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ကျန်းကျွယ်ရှီလိုမျိုး မဟာဖန်တီးမှု ရှိတဲ့လူတွေကို ဆက်တိုက် မွေးထုတ်နေမှာပါ။
“ကျွတ်..ကျွတ်... ငါ့ရဲ့ ဒီတပည့်က အထင်ကြီးဖို့တော့ ကောင်းသား... ဒီကောင့် အနာဂတ်က အကန့်အသတ်မဲ့ပဲ... ဟင်း...” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီးနောက် ကျန်းကျွယ်ရှီရဲ့ အနာဂတ်ကို ရုတ်တရက် စိတ်ဝင်စားသွားပါတယ်။
“ကျန်းကျွယ်ရှီက သူ့ထိပ်ဆုံးအချိန်မှာ ဘယ်လိုရှိနေမလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဈေးကြီးလှချည်လား... တာအိုဖန်တီးရှင် တန်ဖိုးပဲ’
ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမေးခွန်းက အရင်မေးခွန်းတွေနဲ့ မတူဘဲ ကျန်းကျွယ်ရှီရဲ့ ကျင့်ကြံမှုကို ရည်ညွှန်းတာကြောင့်ပါ။
‘ကျန်းကျွယ်ရှီက နောက်ကျရင် တာအိုဖန်တီးရှင် ဖြစ်လာမှာလား...’
ရှေးခေတ်ကစလို့ အခုအချိန်အထိ တာအိုဖန်တီးရှင်ငါးပါးပဲ ရှိခဲ့တာပါ။ ဘယ်ပဋိပက္ခ နတ်ဘီလူးမှလည်း တာအိုဖန်တီးရှင် ဖြစ်မလာသေးပါဘူး။ ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိတာကလွဲရင် ကျန်းကျွယ်ရှီက သာမန်သက်ရှိပါ။
ပြီးခဲ့တဲ့တစ်ခေါက် ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ ဟန်ဟွမ်ဟာ ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်ပဲ ဖြစ်လာမှာပါ။
ဟန်ဟွမ် မွေးလာကတည်းက ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို သိပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ အခုအချိန်မှာ ဟန်ဟွမ်က ကျန်းကျွယ်ရှီထက် သာနေပါပြီ။ ဒီလိုအခြေအနေမှာ အနာဂတ်ကျရင် ကျန်းကျွယ်ရှီက ဟန်ဟွမ်ထက် စွမ်းအားကြီးနေလိမ့်မယ်လို့ မျှော်လင့်မထားမိပါဘူး။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ တောက်ပတဲ့ တောင်မုခ်ဝကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရှေ့မှာ ကျောက်စိမ်းလို ဖြူဖွေးတဲ့ လှေကားထစ်ရှည်ကြီး ရှိနေပါတယ်။ တောင်ကုန်းတစ်လျှောက် လှေကားထစ်ပေါင်း သောင်းချီရဲ့အထက် တောင်ထိပ်မှာတော့ ရွှေရောင်နဂါးကိုးကောင် ရစ်ပတ်ထားတဲ့ ရွှေရောင်ပလ္လင်ဖြူတစ်ခု ရှိနေပါတယ်။ အတော်လေးကို ခမ်းနားထည်ဝါလှတဲ့ မြင်ကွင်းပါ။
လေထဲမှာ ကျွန်းတစ်ကျွန်း ပေါလောမျောနေပါတယ်။
အပြင်ဘက်မှာက ဗလာနယ်မြေပါ။ မရေမတွက်နိုင်တဲ့ အလောင်းကောင်တွေဟာ ကျွန်းပတ်လည် ပေါလောမျောနေပြီး ကျွန်းကို ဧရာမ စက်ဝိုင်းကြီးလိုမျိုး ဝန်းရံထားပါတယ်။
‘ဗလာနယ်မြေ... ဒီကောင်က တကယ်ကို တာအိုဖန်တီးရှင် ဖြစ်သွားတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ပဋိပက္ခသက်ရှိတွေက ဗလာနယ်မြေမှာ မရှင်သန်နိုင်ဘူး မဟုတ်ပါလား။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ လှေကားထစ်ပေါင်း သောင်းချီအထက်က ရွှေရောင်ပလ္လင်ဖြူဟာ အတော်လေး ခမ်းနားထည်ဝါနေတာကို တွေ့လိုက်ရပါတယ်။ ဒီပလ္လင်ထက်မှာ ရုပ်သွင်တစ်သွင် တရားထိုင်နေပါတယ်။ ပလ္လင်နဲ့ယှဉ်ရင် ရုပ်သွင်ရဲ့ အရွယ်အစားက သေးငယ်လွန်းတဲ့အတွက် တော်တော်လေးကို ထူးဆန်းလွန်းလှပါတယ်.
ဒီရုပ်သွင်က ကျန်းကျွယ်ရှီပါ။
ဟန်ကျယ်ဟာ ကျန်းကျွယ်ရှီကို သေချာကြည့်လိုက်တဲ့အခါ ဒီကျန်းကျွယ်ရှီက အနာဂတ်ဟန်ဟွမ်နဲ့ တော်တော်လေး ဆင်တူနေတာကို သွားတွေ့ပါတယ်။ နှစ်ယောက်စလုံးက တန်ခိုးစွမ်းအားကြီးမားပြီး မာနက မိုးထိရောက်နေပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်အထက်မှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ တိတိကျကျ ပြောရရင် ခေါင်းတစ်ခေါင်းပါ။ ဒီခေါင်းမှာ မျက်လုံးကိုးလုံးရှိပြီး ဆံပင်တွေက ရှုပ်ပွနေပါတယ်။ ဒါ့အပြင် ဒီခေါင်းက တောင်တန်းလို ကြီးမားပြီး ဖိအားတွေနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြောက်ဖို့ကောင်းတဲ့ ဖိအားကို တာအိုဖန်တီးရှင်ပဲ ထုတ်လွှတ်နိုင်မှာမလို့ပါ။
မျက်စိကိုးလုံးခေါင်းက အပြုံးနဲ့ ပြောလိုက်ပါတယ် “ပဋိပက္ခရဲ့ အန္တရာယ်ကို ရှင်းပြီးပြီ၊ အဲဒီမူမှားကို သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒက ဖျက်ဆီးလိုက်တယ်”
ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ် “အို... မင်း ငါ့ဆရာသခင်ကို ဆက်ဆံခဲ့သလိုမျိုးလား၊ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒတဲ့... ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ”
“အတိတ်က မီးခိုးလိုပဲ၊ ဒီကျိုးကြောင်းကိုတော့ မင်း နားလည်သင့်ပါတယ်၊ မင်းအခု သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်နေပြီ၊ တည်ရှိမှုက အဓိပ္ပာယ်ပဲ၊ မတည်ရှိတဲ့ အရာ မှန်သမျှ အဓိပ္ပာယ်မရှိဘူး၊ ငါတို့အဆင့်မှာ အတိတ်နဲ့ ကိုယ်ကျင့်တရားတွေ ရှိမနေဘူး၊ အရာအားလုံးက ငါတို့ရှေ့မှာ အဓိပ္ပာယ်မဲ့တယ်”
ကျန်းကျွယ်ရှီဟာ မျက်စိကိုးလုံးခေါင်းရဲ့ စကားကို ထောက်ခံသလိုမျိုး ဘာမှပြန်မပြောပါဘူး။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီအနာဂတ်က ငါ့ကို ပဋိပက္ခစိတ်ဆန္ဒသတ်ပြီး ဖြစ်လာမဲ့ အနာဂတ်လား... အို... ဒါဆို ဒီအနာဂတ်က ဖြစ်မလာနိုင်ဘူး...’
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။
ကျန်းကျွယ်ရှီက ထပ်ပြောလိုက်ပါတယ် “ဟန်ဟွမ်ရဲ့သားကို ဘယ်သူမှ ထိလို့မရဘူး၊ မဟုတ်ရင် ငါ နဝမပဋိပက္ခကို အပြစ်ပြုမိမယ်ဆိုရင်တောင် ပဋိပက္ခကို ဖျက်ဆီးပစ်မယ်”
မျက်စိကိုးလုံးခေါင်းဟာ ပြုံးလိုက်ပါတယ် “ငါတို့ တာအိုဖန်တီးရှင်တွေက သက်ရှိတစ်ယောက်ကို အထူးတလည် ပစ်မှတ်မထားဘူး၊ လောကဦး နတ်ဘီလူးကိုတော့ ပစ်မှတ်မထားဘူး၊ ဒီတော့ ဒီကိစ္စကို မင်း စိတ်ချလို့ရတယ်”
ကျန်းကျွယ်ရှီဟာ မျက်လုံးမှိတ်လိုက်ပါတယ်။
မျက်စိကိုးလုံးခေါင်းဟာ ပြုံးပြီး ပျောက်ကွယ်သွားပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်လည်း လက်တွေ့လောကကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အတွေးနက်သွားပါတယ်။ ဒီပုံရိပ်ယောင်က တိုတောင်းပေမဲ့ တာအိုဖန်တီးရှင်တွေက ကျန်းကျွယ်ရှီကို အတော်လေး လေးစားတယ်ဆိုတာ ပြသနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စကားတွေက ဟန်ကျွယ်ကို သတိကြီးစေပါတယ်။
သူတို့ရဲ့ စကားတွေအရ သူ သေသွားတဲ့ပုံပါပဲ။ ပဋိပက္ခစိတ်ဆန္ဒရဲ့ အကောက်ကြံမှုအောက်မှာ သေသွားတာပါ။ ပဋိပက္ခစိတ်ဆန္ဒက အားလုံးရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ပါတယ်။
‘ငါ စွမ်းအားကြီးလာဖို့ နည်းလမ်းရှာရမယ်၊ နောက်ကျရင် ငါ လျော့ရိလျော့ရဲနေလို့ မဖြစ်တော့ဘူး၊ ငါ အရင်အတိုင်း ပြန်ပြီးတော့ ကျင့်ကြံအားထုတ်ရမယ်၊ ငါ တာအိုစက်ကွင်းကို မှီခိုလို့ရတယ်ဆိုပြီး လက်လွတ်စပယ်နေလို့ မဖြစ်ဘူး’
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြောင်းလဲသွားပြီး တာအိုနှလုံးသားလည်း ခိုင်မြဲသွားပါတယ် ‘ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး၊ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကလည်း ငါ့ကို မသတ်နိုင်စေရဘူး’
.....
တာအိုစက်ကွင်း တစ်ကွင်းထဲက နန်းတော်တစ်ဆောင်မှာ ဝေ့လန်ရှန်မိဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။
ဝေ့လန်ရှန်မိဟာ ခြေသံကြားတဲ့အတွက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့ သောကမဲ့ အင်မော်တယ်က သူ့ကို အပြုံးနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။ ဝေ့လန်ရှန်မိဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။
“ခင်ဗျား ဒီနေရာမှာ ဘာလုပ်နေတာလဲ”
သောကမဲ့ အင်မော်တယ်ဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင် ရောင်ဝါက သူ့ကို ဝန်းရံထားပါတယ်။ ဒါ့အပြင် ရက်စက်တဲ့အသွင်အပြင်လည်း ရှိနေပါတယ်။
သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “မကြောက်ပါနဲ့... မစိုးရိမ်ပါနဲ့... ငါ ဒီနန်းတော်ကို သီးခြားခွဲထုတ်ပြီးပြီ၊ ဘယ်သူမှ ငါတို့ စကားပြောတာကို မကြားနိုင်ဘူး”
ဝေ့လန်ရှန်မိဟာ ဒေါသထွက်သွားပါတယ် “စကားအပိုတွေ မပြောချင်ဘူး၊ တိုက်ချင်ရင် တိုက်မယ်၊ ဒါပေမဲ့ ငါ မင်းဘက်က ပါမှာ မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ရင်ဆိုင်ဖို့က ပိုလို့တောင် ဝေးသေးတယ်”
ဟန်ဟွမ်ရဲ့စကားကို ကြားလိုက်ရတဲ့ သောကမဲ့ အင်မော်တယ်ဟာ ခပ်တည်တည်ပါပဲ။ အပြုံးမပျက်ပါဘူး။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကျိန်းသေပေါက် သေမှာ၊ မင်း ငါနဲ့ လက်တွဲရင် ကုသိုလ်ကံ အမြောက်အမြားရပြီး မင်းနာမည်က ပဋိပက္ခတစ်ခွင် ကျော်ကြားသွားလိမ့်မယ်”
ဝေ့လန်ရှန်မိဟာ ဆဲဆိုလိုက်ပါတယ် “သွားစမ်းပါ၊ မင်းက ငါ့ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ရင်ဆိုင်စေချင်နေတယ်၊ ဒါက သစ္စာဖောက်တာ မဟုတ်ဘူးလား”
ဝေ့လန်ရှန်မိဟာ ချက်ချင်း လက်ဝှေ့ယမ်းလိုက်ပါတယ်။ ဒါပေမဲ့ သောကမဲ့ အင်မော်တယ်ဟာ ဝေ့လန်ရှန်မိရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ဝေ့လန်ရှန်မိရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပါတယ်။
ဝေ့လန်ရှန်မိဟာ မျက်လုံး ပြူးသွားပါတယ်။
သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို ပြောဖို့ မေ့သွားတယ်၊ ငါ့ကျင့်ကြံမှုက ပဋိပက္ခကို ကျော်လွန်သွားပြီ၊ ပဋိပက္ခထဲမှာရှိတဲ့ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး၊ ဒီထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလည်း ပါတယ်၊ ငါက သောကမဲ့မလို့ ကိုယ်တိုင်လှုပ်ရှားဖို့ အဆင်မပြေလို့၊ နောက်ပြီး မင်း သဘောမတူရင်တောင် မကြာခင်မှာ သက်ရှိအားလုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ရှင်းပစ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းလည်း ပါမှာပဲ၊ ငါပြောလည်း လောလောဆယ် မင်းနားလည်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒါက အမှန်တရားပဲ၊ ငါက မင်းကို အမြင့်ကြီးတွေးထားလို့ အခွင့်အရေး လာပေးတာ... လုပ်ဖို့ ရွေးချယ်တာနဲ့ ဖိအားပေးလို့ လုပ်ရတာက မတူညီတဲ့ကိစ္စနှစ်ခုပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။