← Chapters

ဆည်းဆာနတ်ဓား၏စွမ်းအား

Vol. 49 Ch. 678

ဆည်းဆာနတ်ဓား၏စွမ်းအား

Vol. 49 Ch. 678

ရှင်းဟိုင်ဒေသ၊ အဓိကခန်းမ၏ရှေ့တွင် လေထုက တင်းမာနေပြီး သွေးနံ့များ လှိုင်လှိုင်ထွက်ပေါ်နေသည်။ စစ်ဧကရာဇ်အဆင့် ဝတ်ရုံနက်များက ယဲ့ချန်၏လွတ်လမ်းမှန်သမျှကို ပိတ်ဆို့ထားပြီး အဝေးမှ အရှိန်အဝါဖြင့် ဖိနှိပ်ကာ စောင့်ကြည့်နေကြသည်။ သူက မားမားမတ်မတ်ရပ်နေပြီး မျက်နှာထားက ပြတ်သားတင်းမာနေကာ မျက်လုံးများမှာ ဓားသွားပမာ ထက်ရှနေသည်။ သူ၏စိတ်အာရုံတွင် ထန်တိုက်လင်နှင့် ရင်သွေးကို ခံစားနေမိပြီး ဤအချက်ကပင် သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာသထက်ခိုင်မာလာစေသည့်အပြင် ခွန်အားများစွာ ရရှိလာစေသည်။ နက်မှောင်ပြောင်လက်နေသော ဆည်းဆာနတ်ဓား၏ထိပ်ဖျားတွင် ဆန်းကျယ်ရုန်းများက ခပ်ဖျော့ဖျော့ထွက်ပေါ်နေပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ စွမ်းအားများကို စုပ်ယူနေသည်။

ဆည်းဆာနတ်ဓား၏ အစွမ်းကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ကြမ်းတမ်းလွန်းသည့် စစ်ပွဲတစ်ခု၏ပုံရိပ်များ ထွက်ပေါ်လာနေသည်။ ၎င်း၏အရှိန်အဝါက ပျက်သုဥ်းခြင်းသို့ ဦးတည်နေပြီး ကောင်းကင်ပြိုကျ၍ ကြယ်များပင် ဆက်တိုက်ဖျက်ဆီးခံနေရသည်။ ရှင်းဟွမ်၊ လူသား၊ နတ်ဆိုး၊ သားရဲနှင့် အမျိုးအမည်မသိရသော မျိုးနွယ်ဝင်ပေါင်းများစွာက အချင်းချင်းသတ်ဖြတ်နေကြသည်။ နတ်ဓားက ပိုင်ရှင်ငါးယောက်အထိ ပြောင်းလဲခဲ့ပြီး တစ်ယောက်ချင်းစီက စကြဝဠာအတွင်းမှ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။ သူက ၎င်း၏ဝမ်းနည်းအလိုမကျမှုကို ခံစားနေရပြီး မူလတွင် ၎င်း၌ လက်နက်ဝိညာဥ်မရှိသော်လည်း အချိန်ကြာမြင့်လာသောအခါ အသိစိတ်တစ်ခု စတင်ဖြစ်ပေါ်လာပုံရသည်။

ဝတ်ရုံနက်များ၏ ပစ်မှတ်က ထန်တိုက်လင်သာဖြစ်ပြီး ယဲ့ချန်ရောက်ရှိနေမည်ဟု မျှော်လင့်ထားပုံမရချေ။ ပုံမှန်ဆိုလျှင် သူ၏ခွန်အားက စစ်ဧကရာဇ်များစွာကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း နတ်ဓား၏အစွမ်းက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ၎င်း၏ဓားအလင်းက မီတာရာချီရှည်လျားသည့်အပြင် စစ်ဧကရာဇ်တစ်ယောက်၏ရုပ်ခန္ဓာကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ပစ်လိုက်နိုင်သည်။ သူတို့က ယဲ့ချန်ကို အလွန်ရှင်းပစ်ချင်နေသော်လည်း ရှေ့မတက်ရဲချေ။ ရန်သူများတုံ့ဆိုင်းနေစဥ် နတ်ဓား၏အရှိန်အဝါက ပိုမိုသန်မာလာကာ ၎င်းအောက်တွင် အရာရာက အမှောင်ကျသွားပုံရသည်။ အရာရာကို ပျက်စီးစေလိုသော ဆန္ဒတစ်ခုက နေရာတိုင်းသို့ ပျံ့နှံ့လာကာ လူတိုင်းအပေါ် ဖိအားများ ကျရောက်လာခဲ့ပြီး တစ်ယောက်ယောက်မှ လည်ပင်းကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရသည်။

ဆည်းဆာနတ်ဓားထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပျောက်ကွယ်နေသော်လည်း ရန်သူများကို အဆုံးမဲ့အမှောင်ထုအတွင်း ကျရောက်သွားသကဲ့သို့ ကြောက်လန့်သွားစေသည်။ အမှောင်ထုအတွင်းမှ မျက်လုံးတစ်စုံက ရန်သူများကို စူးစူးရဲရဲစိုက်ကြည့်နေကာ ဝတ်ရုံနက်များသာမက ရှင်းဟိုင်ဒေသ၏ စစ်ဧကရာဇ်များပင် ထိတ်လန့်နေကြသည်။ သူတို့က ယဲ့ချန်၏လက်ထဲရှိ နတ်ဓားထံမှ ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားနေရပြီး မြင်ခဲ့ဖူးသမျှ လက်နက်များထက် ပို၍အစွမ်းထက်ပုံပေါ်သည်။

"အစွမ်းထက်လိုက်တဲ့ ဓား"

ယဲ့ချန်သည် သူ၏အရှိန်အဝါနှင့် နတ်ဓား၏အရှိန်အဝါ ပေါင်းစပ်သွားသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူက ၎င်း၏စွမ်းအားအပေါ်ယံကိုသာ ရှာတွေ့ထားပုံပေါ်ပြီး အစစ်အမှန်စွမ်းအားက သူသိထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ သူ၏ကိုယ်တွင်းမှ အချိန်လေဟာနယ်ချီများကလည်း နတ်ဓားနှင့် ပေါင်းစပ်သွားကာ အချင်းဆယ်ကီလိုမီတာအတွင်း အနက်ရောင်အလင်းများ ဖြန့်ကျက်ထွက်ပေါ်လာသည်။ ဤကား ဓား၏ဆန္ဒဖြစ်ပြီး ယဲ့ချန် တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် ၎င်းကလည်း လိုလိုလားလား သတ်ဖြတ်ပေလိမ့်မည်။ ထိုအချင်းအရာကို မြင်တွေ့နေရသော ဝတ်ရုံနက်များမှာ အလျင်စလို မလုပ်ရဲသောကြောင့် တုံ့ဆိုင်းနေသည်။ အနက်ရောင်အလင်းများက မြူခိုးများနှင့် သဏ္ဍာန်တူသော်လည်း သတ်ဖြတ်လိုစိတ်က ကြမ်းကြုတ်ရက်စက်စွာ ထွက်ပေါ်နေသည်။

တာအိုအိမ်တော်၏ အဓိကခန်းမအတွင်း လင်းဖန်သည် ပလ္လင်ထက်တွင် ထိုင်နေသော်လည်း သူ၏မျက်နှာတစ်ခြမ်းသာ ပုံမှန်ဖြစ်၍ ကျန်တစ်ခြမ်းတွင် နတ်ဆိုးချီက ထူးဆန်းစွာရှိနေပြီး နာကျင်နေပုံရသည်။ သူ၏ရှေ့တည့်တည့်တွင် အနက်ရောင် သလင်းကျောက်တစ်ခုက ရှင်းဟိုင်သိုင်းဒေသ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြသနေသည်။

"ထန်တိုက်လင်က မွေးတော့မယ်။ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က ကောက်ကျစ်လွန်းတယ်။ တကယ်လို့ ဧကရာဇ်ရော့သာ ထန်တိုက်လင်ရဲ့အခြေအနေကို ရှာမတွေ့ခဲ့ရင် ငါတို့ ဘာမှသိရမှာမဟုတ်ဘူး"

လင်းဖန်၏ နတ်ဆိုးမျက်နှာက ဒေါသတကြီး ရေရွတ်လိုက်သည်။

"မင်းက သူ့ကို အထင်သေးလိုက်တာပဲ။ သူက အကုန်သိတယ်ဆိုတော့ မကြာခင် မင်းရဲ့အကြံကိုလည်း သိသွားနိုင်တယ်။ နဂါးဘုရင်ကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင် အောင်မြင်မှာ မဟုတ်တော့ဘူး"

သာမန်မျက်နှာ၏ စကားသံ ထွက်ပေါ်နေသော်လည်း နာကျင်မှုကြောင့် အက်ကွဲနေပုံရပြီး စိတ်ရှုပ်ထွေးနေသော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။

"ဟား ဟား ရှင်းဟွမ်က အရာအားလုံးသိတယ်ဆိုတာက ရယ်စရာပါကွာ။ တကယ်လို့ သူမသာ အရာရာကိုသိနေမယ်ဆိုရင် ငါက မင်းရဲ့ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ စိုက်ထားတာကို သိနေမှာပေါ့။ မင်းရဲ့ အရူးတပည့်နှစ်ယောက်ကလည်း မင်းလိုမျိုးမောက်မာပေမယ့် တုံးလွန်းတယ်။ တာအိုအိမ်တော်မှာ ဧကရာဇ်မင်ရဲ့လူတွေကလွဲရင် လူတိုင်းက ငါ့လက်အောက်ကို ရောက်နေပြီးသားပဲ။ ငါ မလှုပ်ရှားသေးဘူးဆိုတာက အချိန်မတန်သေးလို့။ တကယ်လို့ ရှင်းဟွမ်သာ အရာရာကိုသိမယ်ဆိုရင် ထန်တိုက်လင် တိုက်ခိုက်ခံရမယ်ဆိုတာကို သိနေရမှာပေါ့။ သူမကလည်း မင်းလိုမျိုး ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ ငတုံးတစ်ယောက်ပါပဲ ဟား ဟား"

နတ်ဆိုးမျက်နှာက အေးစက်စက် ပြုံးလိုက်သည်။ သာမန်မျက်နှာက နာကျင်မှုကို အံကြိတ်၍သည်းခံနေပြီး ပုံရိပ်များကို စောင့်ကြည့်နေသည်။ ယဲ့ချန်က နတ်ဓားကိုဆုပ်ကိုင်၍ ဝတ်ရုံနက်များကို တားမြစ်နေစဥ် လင်းဖန်၏ခန္ဓာကိုယ် ညာဘက်ခြမ်းက လှုပ်ရှားသွားပြီး နတ်ဆိုးလက်တစ်ဖက်က သလင်းကျောက်အတွင်း ဝင်ရောက်သွားခဲ့သည်။

ယဲ့ချန်သည် ဆည်းဆာနတ်ဓားနှင့် ပို၍ပူးပေါင်းလေလေ၊ ၎င်း၏အစွမ်းက ပို၍သန်မာလေလေဖြစ်ကြောင်း ခံစားနေရသည်။ ၎င်းတွင် အဆုံးမရှိသော အချိန်လေဟာနယ်ချီများလည်း ထွက်ပေါ်နေသည်။

"သေစမ်း"

ယဲ့ချန်၏ခွန်အား တိုးတက်လာနေသည်ကို ရိပ်စားမိသော ဝတ်ရုံနက်များက ဆက်လက်စောင့်ဆိုင်းရန် ကြောက်လန့်နေသောကြောင့် ဒေါသတကြီးအော်ဟစ်၍ ခုန်ဝင်လာကြသည်။ စစ်ဧကရာဇ် ရန်သူဆယ်ယောက်ကျော်နှင့် ရင်ဆိုင်ရသော်လည်း သူက အေးစက်စက်ပြုံးလိုက်ပြီး နတ်ဓားကို အသက်သွင်းလိုက်သည်။ ကောင်းကင်ထက်ရှိ အနက်ရောင်အလင်းတန်းများ ကြမ်းတမ်းစွာ လည်ပတ်လာ၍ ရန်သူများကို စတင်စုပ်ယူလာကြသည်။ သူက နတ်ဓား၏ ကြောက်မက်ဖွယ်စွမ်းအားကို ထိန်းချုပ်ရန် ခက်ခဲနေပြီး ၎င်းက အရာရာကို ပျက်သုဥ်းသွားစေပုံပေါ်သည်။ ကြောက်မက်ဖွယ်အရာတစ်ခုက ဓားအတွင်းမှ ရုန်းထွက်ချင်နေပုံရပြီး သူ၏လက်အတွင်းမှ ဓားလက်ကိုင်က စတင်လွတ်ထွက်လာနေသည်။ သူက မျက်မှောင်ကြုတ်၍ ဓားပျံ၏အရှိန်အဝါကို ဖော်ထုတ်ကာ ဖိနှိပ်လိုက်သောအခါတွင်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

"ရွှစ်"

သူက ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး အားကုန်ပိုင်းချလိုက်သောအခါ ဧရာမဓားအလင်းကြီးက ရွှီးခနဲ ပြေးထွက်သွားသည်။ ဓားအလင်း ဖြတ်သန်းသွားသမျှ နေရာတိုင်းတွင် ကောင်းကင်က ချက်ချင်းမှောင်မည်းသွားကာ နေအလင်းရောင်ပင် မှိန်ကျသွား၍ မီတာထောင်ချီရှည်လျားသည်။ ဓားအလင်း ထွက်ပေါ်လာသော ခဏတွင် ကောင်းကင်ထက်မှ အနက်ရောင်အလင်းများကလည်း ရန်သူများထံ အလုံးအရင်း ဝင်ရောက်သွားကြသည်။

"ဘန်း"

စစ်ဧကရာဇ်အဆင့် ဝတ်ရုံနက်တစ်ယောက်က ဓားအရိပ်များနှင့် ထိတွေ့လိုက်သော ခဏအတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ထို့နောက် ကျန်ဝတ်ရုံနက်များလည်း အသံတစ်ချက်ပင်မထွက်နိုင်ဘဲ တဘန်းဘန်းပေါက်ကွဲ သေဆုံးသွားကြသည်။ နတ်ဓားအလင်းက ကောင်းကင်ကိုပိုင်းဖြတ်သွားပြီး ရှင်းဟိုင်သိုင်းဒေသကြီးတစ်ခုလုံးသို့ အမှောင်ထုက လွှမ်းခြုံသွားသည်။ ယဲ့ချန်၏ကိုယ်တွင်းရှိ ကောင်းကင်ချီအားလုံးကိုလည်း ၎င်းက စုပ်ယူသွားသောကြောင့် ခြောက်ခမ်းသွားကာ ကြယ်ကိုးလုံးက အမြန်လည်ပတ်၍ ထောက်ပံ့ပေးနေသော်လည်း မလုံလောက်ချေ။ ဝတ်ရုံနက်များမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပြီး ဓားအလင်း၏ အရှိန်အဝါအောက်တွင် တာအိုနတ်အဆင့်များမှာ ယဲ့ချန်နှင့် ထန်တိုက်လင်အနီး အချင်းဝက်တစ်ကီလိုမီတာပင် မဝင်ရောက်နိုင်ခဲ့ချေ။

"ဒီဓားချက်က ကြောက်စရာကောင်းလိုက်တာ"

ဧကရာဇ်ရော့၊ ဧကရာဇ်ချန်း စသူတို့အားလုံးကလည်း ကြောက်လန့်တကြား နောက်ဆုတ်ထွက်ပြေးလိုက်ရ၏။ သူတို့အားလုံးက ဆည်းဆာနတ်ဓား၏အစွမ်းကို အလွန်အမင်း ကြောက်လန့်ကုန်သည်။ ယဲ့ချန်သည် လူသားနတ်ဘုရားနယ်မြေမှ ဓားတစ်လက်ကို ဆုအဖြစ်ရခဲ့ကြောင်း သူတို့အားလုံးက ကြားဖူးနားဝရှိထားသော်လည်း လက်နက်ကောင်းတစ်ခုဟုသာ ထင်မှတ်ကြပြီး ဤမျှအစွမ်းထက်နေမည်ဟု ထင်မထားပေ။ ဓားတစ်ချက်တည်းဖြင့် စစ်ဧကရာဇ်ဆယ်ယောက်ကျော်နှင့် တာအိုနတ်အဆင့်ထောင်ချီကို သတ်ဖြတ်လိုက်ခြင်းက သူတို့တွေးထားသည်ထက် များစွာကျောလွန်နေသည်။

ဝတ်ရုံနက် စစ်ဧကရာဇ်တစ်ဝက်ကျော်က သတ်ဖြတ်ခံလိုက်ရပြီး ကျန်လူများကိုလည်း ရှင်းဟိုင်ဒေသ၏ စစ်ဧကရာဇ်များက တားဆီးတိုက်ခိုက်နေကြသဖြင့် ထန်တိုက်လင်အနားသို့ မချဥ်းကပ်နိုင်တော့ပေ။ ဤတိုက်ကွက်အပြီးတွင် ယဲ့ချန်သည် ဆည်းဆာနတ်ဓားကို မြေပြင်တွင် ထောက်လိုက်စိုက်ချလိုက်ပြီး အလွန်ပင်ပန်းနေသောကြောင့် မတ်တပ်ရပ်နိုင်ရန်အတွက် ၎င်းကို ကျောဖြင့် မှီထားရသည်။ သူက ကောင်းကင်ချီအားလုံး ကုန်ခမ်းသွားပြီး ခွန်အား လုံးဝမကျန်တော့ပေ။ ကံကောင်းသည်မှာ ဤဓားချက်က အလုပ်ဖြစ်ခဲ့ပြီး ရန်သူမြောက်များစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် ဓားပျံကလည်း ကောင်းကင်ချီများထုတ်လုပ်ကာ ဒန်တန်အတွင်း ပို့ဆောင်ပေးနေသဖြင့် သူက ဓားချက်အပေါ် ပြန်လည်ဆင်ခြင်နိုင်ခဲ့သည်။

ယဲ့ချန်သည် ဆည်းဆာနတ်ဓား၏အစွမ်း ရာနှုန်းပြည့်မဆိုထားနှင့်၊ ဆယ်ပုံတစ်ပုံကိုပင် မထုတ်ဖော်နိုင်ခဲ့သော်လည်း ရလဒ်က ကြောက်စရာကောင်းလွန်းနေသည်။ ရှင်းရွှမ်၏ ၎င်းဖြင့် ကြယ်များကို ဖျက်ဆီးနိုင်သည်ဟူသော စကားက အမှန်တရားဖြစ်ပုံပေါ်သည်။ သူက ကောင်းကင်ချီများကို ဓားပျံအကူအညီဖြင့် ပြန်လည်ဖြည့်တင်းနေစဥ် ကောင်းကင်၌ ပို၍ကြောက်စရာကောင်းသော နတ်ဆိုးချီများ စုဝေးလာသည်။ သူက မော့ကြည့်လိုက်သောအခါ ကောင်းကင်ရှိ ကန့်သတ်အစီအရင်တွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာကာ တိမ်မည်းများကြားမှ နတ်ဆိုးလက်ကြီးတစ်ဖက် ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရလေသည်။

All Chapters