← Chapters

နင်အာ ရောက်ရှိလာခြင်း

Vol. 49 Ch. 686

နင်အာ ရောက်ရှိလာခြင်း

Vol. 49 Ch. 686

နဂါးဘုရင်သည် လင်းဖန်ကို ကောင်းကင်နတ်ဆိုးက ထိန်းချုပ်ထားကြောင်း သိသော်လည်း ချက်ချင်းဖမ်းဆီးရမည့်အစား အနီးကပ်စောင့်ကြည့်ခဲ့ပြီး သတင်းအချက်အလက်များ ထပ်မံရယူလိုနေသည်။ လင်းဖန်မှာ သူ၏စောင့်ကြည့်မှုအောက်တွင် နောက်ထပ်ကြံစည်နိုင်စွမ်း မရှိပေ။ နာရီဝက်အကြာတွင် ဧကရာဇ်ရော့က ပြန်လည်နိုးထလာပြီး နတ်ဆိုးမျိုးစေ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မှတ်ဉာဏ်များကို မမှတ်မိနိုင်ခဲ့ပေ။ သူ၏ကျင့်ကြံဆင့်က အဆင့်အနည်းငယ် ကျဆင်းသွားသော်လည်း အသက်မ​သေသည်ကပင် ကောင်းမွန်နေပြီဖြစ်သည်။ ယဲ့ချန်သည် နတ်ဆိုးမျိုးစေ့ကို ဝါးမျို၍ ဧကရာဇ်ရော့ကဲ့သို့ လက်ခံကောင်များကို ကယ်တင်နိုင်စွမ်းရှိသောကြောင့် သူက သူလျှိုများကို ထပ်မံဖမ်းဆီးကာ ယဲ့ချန်ထံ ပို့ဆောင်ဖြေရှင်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။

နှစ်ရက်အကြာတွင် ရှင်းဟိုင်သိုင်းဒေသတွင် အပျက်အစီးများကို ရှင်းလင်းနေသဖြင့် လူတိုင်း အလုပ်ရှုပ်နေပြီး နေရောင်အောက်တွင် ပြန်လည်တည်ဆောက်ရေး လုပ်ကိုင်နေကြသည်။ ယဲ့ချန်တစ်ယောက်က ထန်တိုက်လင်ကို အဖော်ပြုနေစဥ် လှပသော မိန်းမပျိုလေးတစ်ယောက်က ရှင်းဟိုင်သိုင်းဒေသ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူမတွင် ချွန်ထက်သော နားရွက်တစ်စုံ၊ အမွေးဖွားဖွား အမြှီးဆယ်ချောင်းကို ပိုင်ဆိုင်ထားသော်လည်း ဆွတ်ဆွတ်ဖြူနေသောကြောင့် ချစ်စရာအလွန်ကောင်းနေသည်။ သူမက သေးသွယ်သော ခါးထက်တွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဖြောင့်စင်းသွယ်လျသော ပေါင်တံနှစ်ခုက မြင်ရသူအပေါင်းကို ဆွဲဆောင်နေသည်။ သူမက သားရဲနတ်ဘုရားနယ်မြေမှ ထွက်ခွာလာသော နင်အာဖြစ်ကာ ရှင်းဟိုင်သိုင်းဒေသရှိ တပည့်တိုင်း၏မျက်လုံးများကို ဖမ်းစားနိုင်ခဲ့သည်။

ယောကျ်ားတပည့်များသည် မင်သက်သွားကြပြီး နင်အာသွားရာတလျှောက် မျက်လုံးများကပ်ပါသွားကာ တစ်ချက်ပင်မရွေ့ခဲ့ပေ။ နေရောင်အောက်တွင် သူမက အလွန်ချစ်စရာကောင်းကြောင်း ခံစားနေကြရသည်။ အမျိုးသမီးတပည့်များမှာလည်း သူမ၏အလှကြောင့် သိမ်ငယ်စိတ်ဝင်သွားကြသည်။

"အမြှီးဆယ်ချောင်း နတ်မြေခွေးပါလား။ နတ်မြေခွေးမျိုးနွယ် လာတယ်ဟေ့"

သူတို့က နင်အာ၏အမြှီးများကို သတိထားမိလိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးတွင် အမြှီးဆယ်ချောင်း နတ်မြေခွေးအရေအတွက်က အလွန်နည်းပါးပြီး လူတိုင်း၏ရင်ထဲတွင် နတ်သားရဲများထက် မြင့်မြတ်သော တည်ရှိမှုများဖြစ်ကြသည်။ ထို့အပြင် နတ်မြေခွေးမျိုးနွယ်၌ နတ်အစေခံတစ်ယောက်ရှိပြီး မျိုးနွယ်အဆက်ဆက် ကာကွယ်သူများအဖြစ် ထမ်းဆောင်ခဲ့ကြသည်။ နတ်မြေခွေးများ၏ဒဏ္ဍာရီကို ကျင့်ကြံသူတိုင်းက သိထားကြသဖြင့် အမြှီးဆယ်ချောင်းပိုင်ရှင်များကို အလွန်ရိုသေလေးစားကြသည်။ ထိုအချိန်တွင် ကျိရှန်းက အနီးအနားတွင်ရှိသောကြောင့် နင်အာကို မြင်လိုက်သောအခါ ရင်တဒိန်းဒိန်းခုန်သွားခဲ့သည်။ ထန်တိုက်လင်က ယဲ့ချန်၏ဇနီးဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ရင်ဘတ်က အချိန်ကြာမြင့်စွာ ဗလာဖြစ်သွားခဲ့သည်။ သို့သော် နင်အာကို မြင်လိုက်ရသောခဏတွင် ၎င်းက ပြန်လည်ရှင်သန်လာပြီး ထန်တိုက်လင်တစ်ယောက်တည်းက မိန်းမလှမဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။

မည်သည့်နေရာတွင်မဆို၊ နင်အာက ထန်တိုက်လင်အောက် မနိမ့်ကျသောကြောင့် ကျိရှန်းသည် သူ့အတွက် ကောင်းကင်မှစီမံပေးခြင်းဖြစ်ရမည်ဟု အပိုင်တွက်နေခဲ့သည်။ သူက စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဝါးများတွင် ချွေးစို့လာခဲ့သည်။ နင်အာက တစ်ယောက်ယောက်ကို ရှာဖွေနေပုံရသောအခါ သူက ကိုယ့်ကိုကိုယ်ထိန်းသိမ်း၍ အခွင့်အရေးကို ဖမ်းဆုပ်ရန် အပြေးသွားရောက်လိုက်၏။

"မိန်းကလေး ဘာရှာနေတာလဲဆိုတာ သိခွင့်ရှိမလား"

ကျိရှန်းက ချိုသာစွာပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။

"ငါက အစ်မလင်ကို လာရှာတာပါ"

နင်အာက တစ်ချက်ပြုံး၍ ဖြေလိုက်သောအခါ သူမ၏ချစ်စဖွယ်အပြုံးက လူတိုင်း၏ရင်ကို ဗလောင်ဆူသွားစေသည်။ ယောကျ်ားတပည့်အများစုသည် သူမကို တွေ့နေရသော်လည်း စကားပြောရန် သတ္တိမရှိကြပေ။ အချို့က ကျိရှန်းနှင့် နင်အာက ရယ်ရယ်မောမော စကားပြောနေသည်ကို မြင်သောအခါ မနာလိုဖြစ်သွားကြသည်။

"ဒါဆိုရင် မင်းက လင်အာကို တွေ့ချင်တာပေါ့။ ငါနဲ့အတူ လိုက်လာခဲ့ပေးပါ"

နင်အာ၏အပြုံးကို မြင်သောအခါ ကျိရှန်းက ယုံကြည်ချက်ရှိလာကာ အလွန်ယဥ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်၏။ သူ၏အမူအရာကို မြင်သောအခါ အခြားတပည့်များက နှာခေါင်းရှုံ့လိုက်ကြသော်လည်း ကျင့်ကြံဆင့်နိမ့်ကျသောကြောင့် မနာလိုစွာကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

"နင်က အမလင်ကို သိတာလား"

နင်အာသည် ကျိရှန်းက ထန်တိုက်လင်ကို ခေါ်ဝေါ်ပုံကြောင့် အံ့သြသွားခဲ့သည်။

"ဒါပေါ့။ ငါက လင်အာနဲ့ အရမ်းရင်းနှီးတယ်"

ကျိရှန်းက ဟန်ကိုယ့်ဖို့ဖြေလိုက်သည်။

"ဒါဆိုရင် ကူညီပေးပါဦး"

နင်အာသည် ထန်တိုက်လင်၏ကိုယ်ကျင့်စရိုက်ကို ကောင်းစွာသိထားသောကြောင့် ကျိရှန်းနှင့်ရင်းနှီးရန် မဖြစ်နိုင်ကြောင်း နားလည်သော်လည်း အထွန့်မတက်ခဲ့ပေ။ သူမ၏ ဖြူစင်သောအပြုံးကြောင့် ကျိရှန်းမှာ အသက်ရှူမှားသွားပြီး ဤမျှလှပသော မိန်းမ ရှိမှရှိပါလေစဟု တွေးမိလိုက်သည်။ နင်အာက သူ၏ဦးဆောင်မှုဖြင့် ထန်တိုက်လင်၏ခြံဝန်းသို့ လိုက်ပါလာခဲ့သည်။

"ဒီနေရာက တိုက်ပွဲဖြစ်ထားတာလား"

လမ်းတလျှောက်ရှိ အပျက်အစီးများက တိုက်ပွဲကြီးတစ်ခုဖြစ်ခဲ့ကြောင်း ဖော်ပြနေသဖြင့် နင်အာက မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟုတ်ပါတယ်။ ငါတို့ကို နတ်ဆိုးရဲ့နောက်လိုက်တွေ လာတိုက်ခိုက်ခဲ့ပြီး ရှင်းဟိုင်သိုင်းဒေသက ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် စစ်ဧကရာဇ်တွေအားလုံး စုပေါင်းပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်"

ယဲ့ချန်သည် ဆည်းဆာနတ်ဓားဖြင့် ဝတ်ရုံနက်စစ်ဧကရာဇ်များကို သတ်ပြခဲ့သော မြင်ကွင်းက ခြောက်လှန့်နေဆဲဖြစ်သော်လည်း ကျိရှန်းက ယဲ့ချန်ဂုဏ်တက်မည်ကို စိုးရိမ်သောကြောင့် ဖုံးကွယ်ထားခဲ့သည်။ သူ၏အမြင်၌ ယဲ့ချန်က အစွမ်းထက်ခြင်းမဟုတ်ဘဲ ဆည်းဆာနတ်ဓားကသာ စစ်ဧကရာဇ်များကို အနိုင်ယူခဲ့သည်ဟု လက်ခံထားသည်။

"အမလင်ရော အဆင်ပြေရဲ့လား"

နင်အာက အလွန်စိုးရိမ်သွားခဲ့သည်။

"လင်အာက အဆင်ပြေပါတယ်"

ကျိရှန်းက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ဒါဆိုရင် အစ်ကိုကြီးယဲ့ချန်ရော အဆင်ပြေရဲ့လား"

နင်အာ၏ နောက်ထပ်မေးခွန်းတစ်ခုကြောင့် သူ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။ ထိပ်တန်းအလှမယ်တိုင်းက ယဲ့ချန်ကို သိနေကြသဖြင့် သူက မကျေမနပ်ဖြစ်သွားခဲ့သည်။

"သူလည်း အဆင်ပြေပါတယ်။ မင်းတို့က ဘယ်လိုပတ်သက်တာလဲ"

ကျိရှန်း၏ မျက်နှာထက်တွင် ရုန်းကန်နေပုံရသော ခံစားချက်များ ထင်ဟပ်လာကာ အံကြိတ်၍ ဖြေလိုက်သည်။

"ငါက သူ့ဇနီးလေ"

နင်အာသည် ဤမေးခွန်းကြောင့် ရှက်ရွံ့သွားသောကြောင့် ချစ်စဖွယ်ကောင်းလာသော်လည်း တည်ငြိမ်စွာ ဖြေလိုက်သည်။ သူမ၏အဖြေကြောင့် ကျိရှန်းမှာ နှလုံးသားလေးကျကွဲသံကိုပင် ကြားလိုက်ရပြီး လေတစ်ချက်အဝှေ့တွင် မျှော်လင့်ချက်အားလုံး လွင့်ပြယ်ကုန်သည်။ သူ၏စိတ်ထဲတွင် အဘယ်ကြောင့် မိန်းမတိုင်းက ယဲ့ချန်ကို နှစ်သက်နေရသနည်းဟူသော မေးခွန်းက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"နင် ဘာဖြစ်သွားတာလဲဟင်"

နင်အာက ကျိရှန်း၏အမူအရာကြောင့် စပ်စုလိုက်သည်။

"ဘာမှမဖြစ်ဘူး။ ငါ့ကို ခွင့်ပြုပါဦး"

သူက ခပ်အက်အက်အသံဖြင့်ဖြေကာ စိတ်ဓာတ်အလွန်ကျသွားဟန်ဖြင့် ချာခနဲ လှည့်ထွက်သွားခဲ့သည်။ သူက ယဲ့ချန်ရှေ့မှောက်၌ အသုံးမဝင်သော အရှုံးသမားတစ်ယောက် ဖြစ်နေခဲ့သည်။

"ဒီလူက ထူးဆန်းလိုက်တာ"

နင်အာက ခပ်တိုးတိုးရေရွတ်နေစဥ် ထန်တိုက်လင်ကို အဖော်ပြု၍ လမ်းလျှောက်ထွက်လာသော ယဲ့ချန်က မြင်လိုက်မိသည်။ အတိတ်တွင် နင်အာက လူသားအသွင်ပြောင်းခဲ့သော ပုံရိပ်လေးသည် သူ၏နှလုံးသားအတွင်း စွဲထင်ကျန်ရစ်နေဆဲပင်ဖြစ်သည်။ နင်အာက ဘေးတစ်ဖက်တစ်ချက်တွင် ပန်းများပွင့်လန်းနေသော လမ်းအတွင်း၌ ရပ်နေသော်လည်း ပြိုင်ဘက်ကင်းလောက်သော အလှကြောင့် အလှဆုံးပန်းများပင် မျက်နှာငယ်ရပေလိမ့်မည်။

"နင်အာ ဘယ်လိုရောက်လာတာလဲ"

ယဲ့ချန်က ပျော်ရွှင်စွာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။

"အစ်ကိုကြီး နောက်ဆုံးတော့ နင်နဲ့ ပြန်တွေ့ရပြီ"

ယဲ့ချန်၏အသံကို ကြားသောအခါ နင်အာက လှည့်ကြည့်လာပြီး သူ့ကိုမြင်လိုက်သော ခဏတွင် မျက်ရည်ဝိုင်းသွားခဲ့သည်။ ထို့နောက် သူမက ယဲ့ချန်ထံ ချက်ချင်းပြေးဝင်လာကာ ရင်ခွင်အတွင်း တိုးဝင်လိုက်၏။ ယဲ့ချန်က အနည်းငယ် နေထိုင်ရခက်သွားသော်လည်း တစ်ချက်ပြုံးလိုက်သည်။ ယခင်တစ်ခေါက်က နင်အာ၏လူအသွင်နှင့်ယှဥ်လျှင် ယခုတစ်ကြိမ်၌ သူမ၏ခန္ဓာကိုယ်က မိန်းမပျိုတစ်ယောက်အဖြစ် ဖွံ့ဖြိုးလာပြီဖြစ်သည်။ ကော့ညွှတ်နေသော မျက်တောင်ရှည်ကြီးများနှင့် ကြည်လင်ဝိုင်းစက်သော မျက်ဝန်းလေးများက အလွန်ချစ်စရာကောင်းနေသည်။ ထို့အပြင် ခန္ဓာကောက်ကြောင်းများက ပြည့်ဝလာပြီး ကိုယ်သင်းရနံ့လေးက သူ၏နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်လာစေခဲ့သည်။

အချိန်ကြာမြင့်စွာ ခွဲခွာရပြီးနောက် ယဲ့ချန်၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည်။ အတိတ်မှအခြေအနေက သူတို့နှစ်ဦးကို ခွဲခွာစေခဲ့ပြီး ကောင်းကင်မူလတိုက်ကြီး၌ ခြေကုပ်ရယူနိုင်ရန် ကိုယ်စီကြိုးစားခဲ့ရသဖြင့် နင်အာ မည်မျှခံစားခဲ့ရကြောင်း ကိုယ်ချင်းစာနိုင်သည်။ ထန်တိုက်လင်ကမူ ဘေးတွင် တိတ်ဆိတ်စွာရပ်၍ ဤစုံတွဲကို ကြည့်နေမိသည်။ သူမ၏ခံစားချက်က အနည်းငယ်ထူးဆန်းနေသော်လည်း ယဲ့ချန်နှင့် နင်အာက ပထမဆုံးတွေ့ခဲ့ကြပြီး သူမက နောက်မှပေါ်ပေါက်လာသူဖြစ်သည်။ သို့သော် သုံးယောက်လုံးက သေခြင်းရှင်ခြင်းများစွာကို အတူတကွကျော်ဖြတ်ခဲ့သောကြောင့် ယဲ့ချန်ကိုခွဲခွာရန် မဖြစ်နိုင်သည့်အပြင် နင်အာကို လက်ခံနိုင်စွမ်းရှိလာသည်။

"အမလင်"

နင်အာက ယဲ့ချန်ကို အချိန်တစ်ခုကြာဖက်ထားပြီးနောက် ပြန်လွှတ်ကာ ကိုယ့်ကိုကိုယ်ထိန်းသိမ်း၍ ထန်တိုက်လင်ကို နှုတ်ဆက်လိုက်သည်။ ထန်တိုက်လင်သည်လည်း ယဲ့ချန်၊ နင်အာနှင့် သူမတို့က မိသားစုဟု ခံစားနေရသောကြောင့် တစ်ချက်ပြုံးပြလိုက်သည်။

"ကလေးလေး မင်း မြန်မြန်ထွက်လာရမယ်နော်"

နင်အာက ကြင်နာစွာပြုံး၍ ထန်တိုက်လင်၏ဝမ်းဗိုက်ကို ညှင်သာစွာ ပွတ်သပ်လိုက်သည်။ သူမက သားရဲနတ်ဘုရားနယ်မြေမှ ထွက်လာလာချင်း ထန်တိုက်လင် ကိုယ်ဝန်ရှိနေသည်ဟူသော သတင်းကြောင့် အ​ပြေးရောက်လာခြင်းဖြစ်သည်။ သူမက ယဲ့ချန်ကို အနည်းငယ်သဝန်တိုနေသော်လည်း ယဲ့ချန်၏ရင်သွေးအပေါ် မချစ်ဘဲမနေနိုင်ချေ။ ယဲ့ချန်သည်လည်း သူမ၏ကြင်နာမှုကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။ သူက နင်အာလက်မခံနိုင်မည်ကို စိုးရိမ်နေခဲ့သော်လည်း အတွေးလွန်နေခြင်းသာဖြစ်ခဲ့သည်။ ပျော်ရွှင်နေသော မိသားစုလေးကြောင့် အဝေးမှစောင့်ကြည့်နေသည့် ရှင်းဟိုင်ဒေသ၏တပည့်များမှာ ရင်ကွဲပက်လက်ဖြစ်ကုန်သည်။ အထီးကျန်သော အသွင်အပြင်နှင့်ထွက်ခွာသွားသော ကျိရှန်းသည်လည်း သည်းခံနိုင်စွမ်းမရှိတော့သဖြင့် အော်ဟစ်ငိုယိုလိုက်မိသည်။ ယဲ့ချန်နေရာတွင် အခြားတစ်ယောက်ဆိုလျှင်ပင် သူက လက်ခံနိုင်စွမ်းရှိပေလိမ့်မည်။ ထိုအချိန်၌ ထန်တိုက်လင်၏ဝမ်းဗိုက်က ရုတ်တရက် နာကျင်လာပြန်သည်။

"ယဲ့ချန် ငါ့ကို အခန်းထဲပို့ပေးပါဦး"

သူမက မျက်မှောင်ကြုတ်၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဝမ်းဗိုက်အတွင်းမှ ကလေးငယ်က မွေးဖွားလာတော့မည်ဟု အသေအချာခံစားနေရသည်။ ယဲ့ချန်ရော နင်အာပါ အံ့သြသွားကြပြီး နင်အာ၏စကားလုံးများက အကျိုးသက်ရောက်မှုရှိနေခဲ့သည်။ ဤကလေးက ရက်စက်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း မမွေးဖွားခဲ့ပေ။ ယဲ့ချန်က နင်အာကဲ့သို့တူညီသော စကားများကို အကြိမ်တစ်ထောင်မကပြောခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။ လက်ရှိတွင် သူက ပျော်ရွှင်ခြင်းနှင့် စိုးရိမ်ခြင်းကို တပြိုင်နက် ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ၏ရင်သွေးငယ်က လူ့လောကအတွင်း ထွက်ပေါ်လာတော့မည် ဖြစ်လေသည်။

All Chapters