← Chapters

ငါက တာအိုဖန်တီးရှင်

Vol. 91 Ch. 951

ငါက တာအိုဖန်တီးရှင်

Vol. 91 Ch. 951

“ခင်ဗျားစကားက ဘာကြီးလဲ၊ ငါက ဘာဖြစ်လို့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်ရမှာလဲ”

ဝေ့လန်ရှန်မိဟာ မျက်မှောင်ကြုတ်သွားပြီး သောကမဲ့ အင်မော်တယ်ကို နည်းနည်း ကြောက်သွားပါတယ်။ ဝေ့လန်ရှန်မိဟာ သောကမဲ့ အင်မော်တယ်ကို အန္တရာယ်အရှိဆုံး စာရင်းထဲ သွင်းလိုက်ပါတယ်။

သောကမဲ့ အင်မော်တယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မူမှားပဲ၊ ပဋိပက္ခမှာ မရှိသင့်ဘူး၊ သူက ပြိုင်ဘက်ကင်း လမ်းကြောင်းတွေကို တက်နင်းတော့ ပဋိပက္ခရဲ့ ကံကြမ္မာကို အကြီးအကျယ် သက်ရောက်စေတယ်”

သောကမဲ့ အင်မော်တယ်ဟာ ဟန်ဟွမ်တို့သုံးယောက်ကို ပြောခဲ့သလိုမျိုး တစ်လုံးချင်း ရှင်းပြပါတယ်။

ဝေ့လန်ရှန်မိဟာ တိတ်ဆိတ်သွားပါတယ်။ ဝေ့လန်ရှန်မိဟာ သောကမဲ့ အင်မော်တယ်စကားကို လက်မခံချင်ပေမဲ့ ဘယ်လိုထွက်ပြေးရမလဲဆိုတာကို မသိ ဖြစ်နေပါတယ်။ ဝေ့လန်ရှန်မိဟာ တစ်ဖက်လူရဲ့ စကားကနေ သူ သေချာပေါက် ရွေးချယ်မှုတစ်ခု လုပ်ရမယ်ဆိုတာကို သိလိုက်ပါတယ်။ သောကမဲ့ အင်မော်တယ်ကို ငြင်းလိုက်တာနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရတော့မယ်ဆိုတာကိုလည်း ဝေ့လန်ရှန်မိ သိနေပါတယ်။

စောစောက လှုပ်ရှားမှုက သူတို့နှစ်ယောက်ရဲ့ စွမ်းအားချင်း ဘယ်လောက် ကွာခြားတယ်ဆိုတာကို ပြသနေပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ ဝေ့လန်ရှန်မိကို စိုက်ကြည့်လိုက်ပါတယ် “မင်းကလွဲရင် ငါ တခြားပါရမီရှင်တွေကိုလည်း ပံ့ပိုးပေးဖို့ စီစဉ်ထားတယ်၊ ဒီပါရမီရှင်တွေကို လူတိုင်းရဲ့ စိတ်ဆန္ဒက ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး၊ ဒီနောက်မှာရှိတဲ့ အဓိပ္ပာယ်က အရမ်းကြီးမားတယ်၊ ပြောချင်တာကတော့ မင်းတို့တွေ သက်ရှိအားလုံးထက် သာလွန်ပြီး လောကကြီးရဲ့ အဓိပ္ပာယ်စစ်ကို ထိုးဖောက်မြင်နိုင်လိမ့်မယ်၊ နောက်ကျရင် မင်း နတ်ဘုရားတောင် ဖြစ်လာနိုင်တယ်”

ဝေ့လန်ရှန်မိဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ခင်ဗျားရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးပဲ၊ ဒါပေမဲ့ ခင်ဗျားရဲ့ စကားကို နားထောင်လိုက်ရင် လမ်းပျောက်ပြီး ဘယ်တော့မှ ပြန်တွေ့မှာ မဟုတ်တော့ဘူး၊ အဲဒီတော့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ငြင်းပါရစေ၊ လာစမ်းပါ... ခင်ဗျားက ကျုပ်ကို အလွတ်မပေးဘူးဆိုတာ ကျုပ်သိတယ်၊ ဒါပေမဲ့ သေရမယ်ဆိုရင်တောင် ကျုပ်က ကျုပ်နှလုံးသားနောက်ကို လိုက်မှာပဲ”

“ကောင်းကင်တာအိုက ငါ့ကို ပြုစုပျိုးထောင်ခဲ့တယ်၊ အဲဒီတော့ ငါ ကောင်းကင်တာအိုအတွက် တိုက်ခိုက်ရလိမ့်မယ်”

ဝေ့လန်ရှန်မိရဲ့ စကားကြောင့် သောကမဲ့ အင်မော်တယ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပြီး မျက်လုံးတွေက အေးစက်သွားပါတယ်။

“ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့၊ ငါ မင်းကို နတ်အခွင့်အာဏာ ပေးနိုင်သလို ပြန်လည်း ယူနိုင်တယ်၊ အခု ငါ နတ်အခွင့်အာဏာကို ပြန်ယူရုံတင် မဟုတ်ဘူး၊ မင်းရဲ့ အရည်အချင်းကိုလည်း လုယူမယ်”

ဝေ့လန်ရှန်မိဟာ ဟားတိုက်ရယ်မောလိုက်ပါတယ် “ဟားဟား... မင်းက ငါ့အရည်အချင်းကို ဘယ်လို လုယူမှာလဲ”

“ဝုန်း...”

ကြောက်မက်ဖွယ်ရောင်ဝါဟာ ဝေ့လန်ရှန်မိရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပါတယ်။ အထွတ်အထိပ်နိယာမက ဖြာထွက်လာတဲ့ နတ်အလင်းရောင်ဟာ ဝေ့လန်ရှန်မိရဲ့ ဆံပင်ရှည်တွေကို လေထဲမှာ လူးလွန့်သွားပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “ဒီရောင်ဝါ... မဟုတ်ဘူး... မဖြစ်နိုင်ဘူး...”

.....

ဟန်ဟွမ်၊ ကျန်းကျွယ်ရှီနဲ့ ဟန်ချင်းအာတို့ဟာ ဗလာနယ်မြေထဲမှာ ပေါလောမျောနေပြီး သူတို့နားမှာ အလောင်းတွေ ပိုစုလာပါတယ်။

ဟန်ချင်းအာက မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ဒီကောင် ဘာဖြစ်လို့ ပြန်မလာသေးတာလဲ”

ဟန်ချင်းအာဟာ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီလိုမျိုး ဆက်ပြီးတော့ စွမ်းအားကြီးမလာနိုင်တဲ့အတွက် ဒီနေရာမှာ နေရာတာက ၂၄နာရီပတ်လုံး နှိပ်စက်ခံနေရသလိုပါပဲ။ ကျင့်ကြံမှုအဆင့်ကလည်း တိုးမလာပါဘူး။

ကျန်းကျွယ်ရှီဟာ မျက်လုံးပွင့်လာပါတယ် “ငါ ဗလာနယ်မြေမှာ ခံစားနိုင်လာပြီ၊ ဒီကောင် ပြန်မလာတာ အမှန်ပဲ၊ ကြည့်ရတာ ငါနဲ့ ပညာသင်ညီလေးဟွမ်ရဲ့ အရည်အချင်းက စုပ်ယူလို့ မလွယ်ပုံပဲ”

ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ဒီလိုပဲ ဖြစ်ရမယ်လေ၊ ကျွန်တော်အထင် ကျွန်တော်တို့ အရည်အချင်းတွေ ပြန်ရသွားတော့ အဲဒီကောင် စုပ်ယူထားတဲ့ အရည်အချင်းနဲ့ ဖန်တီးမှုလည်း ပြန်ရောက်လာပြီ ထင်တယ်၊ အဲဒီကောင် တန်ပြန်ထိပြီး ဒုက္ခခံနေရလောက်တယ်”

ဟန်ချင်းအာက မေးလိုက်ပါတယ် “ဒါဆို ညီမလေးတို့တွေ ဖေဖေကို လာခေါ်ခိုင်းလိုက်မလား”

ကျန်းကျွယ်ရှီ “နည်းနည်း ထပ်စောင့်ကြည့်ရအောင်၊ ဒါက အခွင့်အရေးကောင်း တစ်ခုပဲ၊ ဒီကောင်က အန္တရာယ်များလွန်းတယ်၊ ငါတို့တွေ ဒီကောင်ကို အင်အားကြီးလာခွင့် ပေးလို့ မဖြစ်ဘူး၊ ဒီကောင်က ငါတို့အရည်အချင်းကို စုပ်ယူနိုင်တယ်ဆိုတော့ တခြားလူတွေရဲ့ အရည်အချင်းကိုလည်း စုပ်ယူနိုင်မှာပဲ၊ ငါတို့ရဲ့ အရည်အချင်းတွေ စုစည်းမိသွားရင် နောင်ဖြစ်လာမဲ့ အကျိုးဆက်က မတွေးဝံ့စရာပဲ”

ကျန်းကျွယ်ရှီ ဒီနေ့ ဒီအခြေအနေအထိ ရောက်လာနိုင်တာက အထပ်ထပ်အခါခါ ပြန်လည်မွေးဖွားပြီး အရည်အချင်းတွေ စုဆောင်းခဲ့တာကြောင့်ပါ။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ သူ့လိုမျိုး ရန်သူတစ်ယောက် ပေါ်လာမှာကို ကြောက်နေပါတယ်။ နောက်ပြီး သောကမဲ့ အင်မော်တယ်က ပြန်လည်မွေးဖွားဖို့ မလိုပါဘူး။ ပိုပြီးတော့ ယုတ္တိမရှိတာက တခြားလူတွေရဲ့ အရည်အချင်းတွေကို အဓမ္မစုပ်ယူနိုင်တာပါ။

ဟန်ဟွမ်ဟာ ဘာမှထပ်မပြောတော့ပေမဲ့ မျက်လုံးထဲမှာတော့ ဒေါသမီးလျှံတွေ တဟုန်းဟုန်း တောက်သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်း ပြန်ပြီးတော့ ကျင့်ကြံအားထုတ်တာလွဲရင် ဟန်ဟွမ်ရဲ့ ရင်ထဲမှာ ဒေါသတွေ စုပုံလာပါတယ်။ ဒီကိစ္စကို ဟန်ကျွယ် သိသွားတဲ့အတွက် ဟန်ဟွမ်ဟာ ရှက်ပြီး သောကမဲ့ အင်မော်တယ်ကို ပိုမုန်းတီးလာပါတယ်။

တာအိုစက်ကွင်းကနေ ထွက်မလာခင်တုန်းက ဟန်ဟွမ်ဟာ ပြဿနာမရှာပါဘူးလို့ ဟန်ကျွယ်ကို ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ သိပ်မရှိဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ အမှန်လည်း ဟန်ဟွမ်ဟာ ကောင်းကင်ရုံးတော်က ကျင့်ကြံသူ အများကြီးကို အနိုင်ယူခဲ့ပြီးပါပြီ။ ဒီတစ်ခါ ရှုံးတာက ဟန်ဟွမ်အတွက် ပထမဆုံးအကြိမ်ပါ။ ဟန်ဟွမ်ဟာ ရှုံးနိမ့်မှုကို တစ်ခါလေးဆိုရင်တောင် လုံးဝ လက်မခံနိုင်ပါဘူး။

ဒါကြောင့် ဟန်ဟွမ်ရဲ့ ရင်ထဲမှာ ကလဲ့စားချေလိုတဲ့စိတ်ဟာ အချိန်နဲ့အမျှ အားကောင်းလာပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ သူ့ခံစားချက်ကို အပြင်မထွက်အောင် ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် ကျန်းကျွယ်ရှီနဲ့ ဟန်ချင်းအာဟာ ဟန်ဟွမ် ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာကို မသိကြပါဘူး။

ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်ကို ကြည့်ပြီး “ပညာသင်ညီလေးဟွမ်.. ကျင့်ကြံရတာ အဆင်ပြေရဲ့လား၊ မဟာတာအိုအဆင့်ကို ပြန်ရောက်ပြီလား”

“အရင်စွမ်းအားတော့ ပြန်ရသွားပြီ၊ ဒါပေမဲ့ မလုံလောက်သေးဘူး”

ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ဟွမ်က တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ် “ပညာသင်ညီလေးဟွမ်... အဆင်ပြေရဲ့လား၊ မင်းကျင့်ကြံမှု တစ်ခုခုဖြစ်လို့လား” ကျန်းကျွယ်ရှီက စိုးရိမ်စိတ်နဲ့ မေးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး... အများကြီး မတွေးပါနဲ့၊ ကျွန်တော်က ဆန်းကြယ်စွမ်းအားတစ်မျိုးရဲ့ စွမ်းအား မလုံလောက်သေးတာကို ပြောတာပါ၊ ဟိုကောင်စုတ် ပြန်ပေါ်လာရင် အဲဒီကောင်ကို ကောင်းကောင်းဆုံးမရမယ်”

ကျန်းကျွယ်ရှီဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “ငါလည်း အဲဒီအတိုင်း စဉ်းစားထားတယ်၊ ငါတို့တွေ ဘယ်အချိန်ပဲ လဲကျလဲကျ ပြန်ထဖို့လိုတယ်”

ဒီအချိန်မှာပဲ...

“မင်းတို့က ငါ့ကို ရင်ဆိုင်ချင်တာလား” အေးစက်လှတဲ့ သောကမဲ့ အင်မော်တယ်ရဲ့အသံ ထွက်ပေါ်လာပါတယ်။

ဟန်ဟွမ်တို့ သုံးယောက် လှည့်ကြည့်လိုက်တဲ့အခါ ဗလာနယ်မြေနက်ထဲကနေ ရုပ်သွင်တစ်သွင်ဟာ သရဲလိုမျိုး ပုံရိပ်ဝါးတွေချန်ပြီး ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။ ဟန်ဟွမ်တို့တွေဟာ သောကမဲ့ အင်မော်တယ်ကို ကြည့်ပြီး မျက်လုံးပြူးသွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောကမဲ့ အင်မော်တယ်မှာ နောက်ထပ် ခေါင်းတစ်လုံး ထပ်ထွက်လာလို့ပါပဲ။ တကယ်တော့ ဒီခေါင်းက ဝေ့လန်ရှန်မိရဲ့ ခေါင်းပါ။ ဒါပေမဲ့ ကျန်းကျွယ်ရှီတို့ သုံးယောက်ဟာ ဝေ့လန်ရှန်မိကို မသိပါဘူး။

သောကမဲ့ အင်မော်တယ်ရဲ့ မျက်နှာပြီး အေးစက်ပြီး လှောင်ပြောင်တဲ့ အပြုံးတစ်ပြုံး ပေါ်လာပါတယ်။ ဝေ့လန်ရှန်မိရဲ့ ခေါင်းကတော့ အေးစက်ပြီး နှလုံးသားမရှိတဲ့ အတိုင်းပါပဲ။ ဒီမျက်နှာနှစ်ခု ဘေးချင်းယှဉ်ရပ်နေတာက လူတွေကို ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရစေပါတယ်။

ကျန်းကျွယ်ရှီက မတိုးမကျယ် မေးလိုက်ပါတယ် “ဒါ ဘယ်သူခေါင်းလဲ၊ ခင်ဗျား သူ့အရည်အချင်းကို စုပ်ယူလိုက်တာလား”

ဟန်ချင်းအာဟာကတော့ တိတ်တဆိတ် ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုလိုက်ပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “ဒါလား... ဒါက ကောင်းကင်တာအိုရဲ့ နံပါတ်တစ် ပါရမီရှင်လေ၊ ဒီကောင်လေး မရိုးရှင်းဘူး၊ ငါ့ကိုတောင် ဝါးမြိုတော့မလို့ပဲ၊ ဒါပေမဲ့ ဒီကောင်လေးရဲ့ ဖန်တီးမှုနဲ့ ငါက မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကျော်လွန်သွားပြီ... နားလည်လွယ်အောင် ပြောရရင် မင်းတို့တွေကို ငါ့ကို နိုင်နိုင်ခြေ လုံးဝ မရှိဘူး”

သောကမဲ့ အင်မော်တယ်ရဲ့ အကြည့်ဟာ ဟန်ချင်းအာဆီ ရောက်သွားပြီး ပြုံးလိုက်ပါတယ် “မင်းက မင်းအဖေကို ဆင့်‌ခေါ်နေတာမလား၊ ကောင်းတယ်၊ ငါ သူ့ကိုသာ စုပ်ယူလိုက်ရင် ပဋိပက္ခအထက်မှာရှိတဲ့ အဲဒီတည်ရှိမှုတွေကို ကျော်တက်နိုင်ပြီ”

သောကမဲ့ အင်မော်တယ်ရဲ့ စကားကြောင့် ဟန်ချင်းအာဟာ တုန်ယင်သွားပါတယ်။

ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းက ငါ့အဖေရဲ့ ကျင့်ကြံမှုအဆင့်ကို သိလို့လား”

သောကမဲ့ အင်မော်တယ်ဟာ အပြုံးနဲ့ ပြန်မေးပါတယ် “မဟာတာအို အထွတ်အထိပ်အဆင့်က ဘယ်လိုအဆင့်လဲဆိုတာကို မင်းတို့တွေ သိလား”

ဟန်ဟွမ်တို့သုံးယောက်ဟာ သောကမဲ့ အင်မော်တယ်ရဲ့ မေးခွန်းကြောင့် မှင်တက်သွားပါတယ်။ ဒါကို ကြည့်ပြီး သောကမဲ့ အင်မော်တယ်ဟာ အရူးပမာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။

“မဟာတာအို အထွတ်အထိပ်အဆင့်က ဘယ်လိုအဆင့်လဲဆိုတာကို ငါ သေချာမသိဘူး၊ လမ်းပြပေးပါဦး” ဟန်ချင်းအာနောက်က ဝဲကတော့နက်ထဲကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ဝဲကတော့နက်ထဲကနေ နတ်အလင်းရောင်တွေ ဖြာထွက်လာပြီး ဟန်ကျွယ် ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ အကောင်းစား ရတနာ အကုန်လုံးကို နှိုးထားတဲ့အတွက် သူ့ရောင်ဝါက ထိပ်ဆုံးကို ရောက်နေပါတယ်။

ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီဟာ လန့်သွားပါတယ်။ သူတို့တွေ ဒီလောက် အားကောင်းတဲ့ ရောင်ဝါကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါဘူး။

သောကမဲ့ အင်မော်တယ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပါတယ်။ သောကမဲ့ အင်မော်တယ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းအကြောင်း ကြားရတာထက် မြင်ရတာ ပိုကောင်းတယ်”

ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို သိပေမဲ့ မသိချင်ယောင် ဆောင်ပါတယ် ‘ဝိုး... မင်းက တာအိုဖန်တီးရှင်ရဲ့ ကံရေစက်ကိုတောင် ထိရဲတယ်... မင်းမှ မသေရင် ဘယ်သူသေဦးမှာလဲ... ပဋိပက္ခသိစိတ်... ဒီတစ်ခါတော့ မင်း ငါ့ကို အကြွေးတင်သွားပြီ’

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းနောက်မှာ ဘယ်သူလဲ”

သောကမဲ့ အင်မော်တယ်က ပခုံးတွန့်လိုက်ပါတယ် “ဘယ်သူမှမရှိဘူး၊ ငါက ဒီအတိုင်း ကံကြမ္မာ တစ်စွန်းတစ်စကို မြင်ရုံပဲ”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒါပဲလား”

“ဘာလဲ... မင်းက မကျေနပ်ဘူးလား”

“ငါက မင်းအတွက် သက်ပြင်းချနေတာ”

ဟန်ကျွယ်ဟာ ပြုံးပြီး မျက်လုံးကျဉ်းလိုက်ပါတယ်။ ကျန်းကျွယ်ရှီတို့ သုံးယောက်ဟာ ဟန်ကျွယ် နောက်ကို ရွှေ့လိုက်ပါတယ်။

သောကမဲ့ အင်မော်တယ်ကလည်း အပြုံးမပျက်ပါဘူး “ငါက ဒီသုံးယောက်ရဲ့ သွေးစည်းတွေကိုပဲ စုပ်ယူထားတာ မဟုတ်ဘူး၊ ပါရမီရှင်တစ်ရာကျော်နဲ့ ပဋိပက္ခနတ်ဘီလူးတချို့ရဲ့ သွေးစည်းကိုလည်း စုပ်ယူထားတယ်၊ အခုလက်ရှိငါက မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး တာအိုဖန်တီးရှင် ဖြစ်နေပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters