ပဋိပက္ခရဲ့ ခေတ်သစ်
Vol. 91 Ch. 954
[သင့်တွင် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ် ရှိသည်။ အသုံးပြုလိုပါသလား။]
‘မွေးရာပါ မဟာဖန်တီးမှု... ကျန်းကျွယ်ရှီလို တည်ရှိမှုမျိုးလား...’ ဟန်ကျွယ် မျက်လုံးတွေဟာ အရောင်လက်သွားပါတယ်။
ဒါက လုပ်ဆောင်ချက်ကောင်း တစ်ခုပါ။ နောက်ပြီး ဒီလုပ်ဆောင်ချက်ရဲ့ အကျိုးကျေးဇူးက သူ့ရဲ့ ကလေးတွေထဲမှာပဲ ပေါ်လာပြီး အပြင်လူလက်ထဲကို မရောက်ပါဘူး။ ဒါပေမဲ့ သူ့ကလေးတွေ သူ့ကို သစ္စာဖောက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သတိထားတာ အကောင်းဆုံးပါ။ သတိဆိုတာက ပိုတယ်မရှိပါဘူး။
ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို လောလောဆယ် သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန်မှာ ပဋိပက္ခစိတ်ဆန္ဒက သူ့ကို အချိန်မရွေး ပစ်မှတ်ထားလာနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဟန်ကျွယ်သာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို အသုံးပြုလိုက်ရင် ဒီကလေးက ကျိန်းသေပေါက် သူ့ရန်သူ ဖြစ်လာမှာပါ။
‘လောလောဆယ်တော့ သိမ်းထားလိုက်မယ်... အခုလည်း ငါ့ဆီမှာ ကလေးက သိပ်ရှိတာမှ မဟုတ်တာ’ ဟန်ကျွယ်ဟာ ပြုံးပြီး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြောရရင် ဟန်ကျွယ်ရဲ့ ကလေးတွေက တကယ်ကို နည်းပါတယ်။
ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ အခုထိ လက်မထပ်ရသေးပါဘူး။ ဟန်ထော်ကလည်း ကျင့်ကြံအားထုတ်တာကို အာရုံစိုက်နေတဲ့အတွက် နှစ်ကိုးသန်းကျော်တာတောင် နောက်ထပ် မိန်းမ မရသေးပါဘူး။
ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဟန်ယွီပါ။ ဟန်ယွီက တစ်ဦးတည်းဆိုပေမဲ့ သူ့ဘေးနားမှာရှိတဲ့ အမျိုးသမီးတပည့်နဲ့ ဆက်ဆံရေးကောင်း ရှိပါတယ်။ ဒါပေမဲ့ ဟန်ယွီရဲ့ ဒီအမျိုးသမီးတပည့်အပေါ် ထားရှိတဲ့ ခံစားချက်က သိပ်မပြတ်သားပါဘူး။
‘ဟန်မိသားစု သာယာဝပြောဖို့ ငါပဲ ရှိတာလား’ ဟန်ကျွယ်ဟာ တွေးတောရင်း ဆွံ့အသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်အနေနဲ့ ပဋိပက္ခစိတ်ဆန္ဒ ကပ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။
.....
ကျန်းကျွယ်ရှီတို့ သုံးယောက်ဟာ တတိယ တာအိုစက်ကွင်းထဲမှာ တစ်နှစ်ပြည့်အောင်တောင် မနေဘဲ ပြန်ထွက်သွားပါတယ်။ သူတို့သုံးယောက်ဟာ ကောင်းကင်ရုံးတော်ကို ပြန်သွားပြီး ဂူအောင်းကျင့်ကြံကြပါတယ်။
ဝေ့လန်ရှန်မိလည်း ကျန်းကျွယ်ရှီတို့လို ဂူအောင်းကျင့်ကြံပါတယ်။ သောကမဲ့ အင်မော်တယ် ဝါးမျိုခဲ့တဲ့ ပါရမီရှင်တွေလည်း အိမ်ပြန်သွားကြပါတယ်။ အကျိုးရလဒ်အနေနဲ့ ကောင်းကင်တာအိုမှာ မဟာမိတ် ပိုများသွားပါတယ်။
တာအိုပညာရှိတွေဟာ အကျိုးအကြောင်း မေးကြည့်ပြီးနောက် ဒီပါရမီရှင်တွေကို ကယ်တင်လိုက်တာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိမှန်း ခန့်မှန်းမိလိုက်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ စိတ်သက်သာရာရသွားပြီး ဆက်ပြီးတော့ အလုပ်များကြပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်သိန်းက မျက်တောင်တစ်ခတ်ပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဒီအတောအတွင်း သူ့ကျင့်ကြံမှုက ထပ်တိုးသွားပါတယ်။ ကျင့်ကြံမှု တိုးသွားတဲ့ ခံစားချက်က မဆိုးလှပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံမှု မတိုးတော့မှာကိုတော့ ကြောက်ပါတယ်။
လောလောဆယ်မှာ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်အဆင့်ကို စဉ်းစားလို့ မရသေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် သူက တာအိုဖန်တီးရှင်အဆင့်နဲ့ အလှမ်းဝေးနေသေးတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ လောကဦးကမ္ဘာနဲ့ အန္တိမမူလနတ်ဘီလူးကိုပဲ မျှော်လင့်ချက် ထားရပါတော့တယ်။
ဟန်ကျွယ်ဟာ ပထမဆုံး လောကဦးကမ္ဘာကို အကဲခတ်လိုက်ပါတယ်။
လောလောဆယ် လောကဦးကမ္ဘာထဲမှာ နတ်ဘီလူးချီကနေ ပဋိပက္ခ နတ်ဘီလူး ၂၀၀ ကျော် မွေးဖွားလာပါပြီ။ သူတို့ရဲ့ ကျင့်ကြံမှုက နိမ့်ပါးနေပါသေးတယ်။ သူတို့တွေဟာ ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။ ပဋိပက္ခ နတ်ဘီလူးနှစ်ပါးပဲ မတော်တဆ တွေ့ဆုံမိပြီး တိုက်ခိုက်ကြရာကနေ ညီအစ်ကိုတွေ ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေက တိုက်ခိုက်လိုစိတ် ပြင်းထန်ပေမဲ့ သေတဲ့အထိ မတိုက်ခိုက်ကြတာကို ရှာတွေ့သွားပါတယ်။ ဒီအချက်က ဟန်ကျွယ်ကို စိတ်သက်သာရာ ရသွားစေပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေ အချင်းချင်း မသတ်ဖြတ်ဘူးဆိုရင် လောကဦးကမ္ဘာကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မှာပါ။
လောကဦးကမ္ဘာက ကျယ်ပြန့်နေတုန်းဖြစ်ပြီး ဝိုးတိုးဝါးတား လောကဦးချီတွေ ပိုပိုများလာပါတယ်။ ထူးဆန်းတာက ဟန်ကျွယ် အန္တိမမူလ နတ်ဘီလူး ဖြစ်လာပေမဲ့ လောကဦးကမ္ဘာက အန္တိမမူလကမ္ဘာ ဖြစ်မလာသေးပါဘူး။ ဝိုးတိုးဝါးတား လောကဦးချီကလည်း အသွင်မပြောင်းလဲသေးပါဘူး။
ဖြစ်နိုင်တာကတော့ အသွင်ပြောင်းနိုင်တဲ့အဆင့်ကို မရောက်သေးတာ ဖြစ်ပါလိမ့်မယ်။ ဟန်ကျွယ်ရဲ့ သွေးစည်းက တစ်ခါတည်း ပြောင်းလဲနိုင်ပေမဲ့ ကမ္ဘာကတော့ မတူပါဘူး။ နိယာမတွေက ရှိနှင့်နေပြီး ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်က ရှုပ်ထွေးပါတယ်။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို အကဲခတ်ပြီးတာနဲ့ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဝေ့လန်ရှန်မိသည် သင့်မိတ်ဆွေ ပဋိပက္ခသိစိတ်၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၇၉၂၂
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် ဓားတာအိုမြစ်ကို တည်ထောင်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ပဋိပက္ခ၏ အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအို ကံတရား အထောက်အပံ့ကို အသုံးပြုပြီး မဟာာအို အကောင်းစား ရတနာတစ်ပါးကို သွန်းလုပ်သောကြောင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ပဋိပက္ခ အောက်ခြေသို့ ဝင်ရောက်သွားသည်။]
[သင့်သား ဟန်ဟွမ်သည် ပဋိပက္ခ ကံတရားမြစ်ထဲသို့ ဝင်ရောက်သွားသည်။]
ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက ပြန်ပြီးတော့ စည်ကားလာပါတယ်။ တိုက်ခိုက်မှုတွေ အခွင့်အရေး ရတာတွေ ထိုးထွင်းသိမြင်တာတွေ နယ်မြေသစ်ဆီ ရောက်တာတွေ စုံလို့ပါပဲ။ ပဋိပက္ခက ကျယ်ပြောလွန်းတဲ့အတွက် အမျိုးအမည်မသိတဲ့ နေရာတွေ အများကြီးပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။ ဟန်ကျွယ်ရဲ့ ဘဝက နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။ ပဋိပက္ခစိတ်ဆန္ဒက ဘယ်အချိန် ပေါ်လာမလဲတော့ ဟန်ကျွယ်လည်း မသိပါဘူး။
နောက်ထပ် နှစ်ခုနစ်သိန်းဆိုရင် ဟန်ကျွယ်ဟာ အန္တိမ အကောင်းစား ရတနာ လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ကို ပြန်ပြီးတော့ အသုံးပြုနိုင်တော့မှာပါ။ ဟန်ကျွယ်ဟာ ပဋိပက္ခစိတ်ဆန္ဒကို အကြာကြီး မစောင့်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ရဲ့ အချိန်ကို မဖြုန်းတီးချင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ် ဂူအောင်းကျင့်ကြံရာက ထွက်လာချင်းချင်း သောကမဲ့ အင်မော်တယ်ကို ကျိန်စာမတိုက်တာက သူ နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံတာ တခြားလူတွေ သိကုန်လို့ပါ။ ဒါကြောင့် ဒီလိုချက်ချင်းကြီး ကျိန်စာတိုက်လိုက်ရင် သူ အမှောင်သခင်ကြီးက ပေါ်သွားနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် နောက်တစ်ခါ နားမှပဲ သောကမဲ့ အင်မော်တယ်ကို ကျိန်စာတိုက်မှာပါ။
.....
ကောင်းကင်ရုံးတော်။
စိတ်ဝိညာဉ်နန်းတော်ထဲမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျောက်စိမ်းပြားတစ်ချပ်ကို ကိုင်ပြီး အထဲက သတင်းအချက်အလက်တွေကို နတ်အာရုံနဲ့ စစ်ဆေးနေပါတယ် “မဟာစစ်သူကြီးဟန်က ဂူအောင်းကျင့်ကြံနေတုန်းလား”
ခန်းမထဲမှာရှိတဲ့ အင်မော်တယ်အိုတစ်ပါးက ခေါင်းညိတ်လိုက်ပါတယ် ”ဟုတ်ပါတယ်၊ မဟာစစ်သူကြီးဟန်က သူ ပြန်ရောက်လာတဲ့ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကတည်းက ဂူအောင်းကျင့်ကြံနေတာပါ၊ မဟာစစ်သူကြီးဟန် အပြင်မှာ တစ်ခုခုဖြစ်လာတာ သိသာပါတယ်၊ စိတ်လွတ်ကိုယ်လွတ် ဖြစ်မသွားအောင် အရှင်မင်းကြီး သွားလည်သင့်တယ်လို့ ထင်ပါတယ်”
ဟန်ဟွမ်ဟာ ကောင်းကင်ရုံးတော်ထဲ ဝင်တာ နှစ်သိန်းချီ ကြာသွားပြီး သူ့ကိုယ်သူ သက်သေပြပြီးပါပြီ။ အခုအချိန်မှာ ဟန်ဟွမ်က ကောင်းကင်စစ်သူကြီးတွေရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် သူ့အဆင့်အတန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ပြီးရင် ပထမပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မလိုဘူး၊ သူက လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားလာတာ၊ စိတ်ရူးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ စောင့်သာကြည့်နေ... သူ ဂူအောင်းကျင့်ကြံရာက ထွက်လာရင် သူ့ရဲ့ ပြိုင်ဘက်ကင်းလမ်းစဉ် စတင်လိမ့်မယ်၊ ငါတို့တွေ ဒုတိယမြောက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ကြီးပြင်းလာတာကို မြင်တွေ့ရလိမ့်မယ်၊ မဟုတ်ဘူး... သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိထက်တောင် စွမ်းအား ပိုကြီးလိမ့်မယ်”
အင်မော်တယ်အိုဟာ ချက်ချင်း ဂုဏ်ပြုစကား ဆိုပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရယ်မောလိုက်ပါတယ်။
ဒီအချိန်မှာပဲ စစ်ဗုဒ္ဓဟာ ခန်းမထဲကို ရုတ်တရက် ပျံဝင်လာပြီး အင်မော်တယ်အိုဘေးမှာ ရပ်ကာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဦးညွှတ်လိုက်ပါတယ် “အရှင်မင်းကြီး... မိုးပြာကောင်းကင် မဟာကမ္ဘာမှာ ဝရုန်းသုန်းကား ဖြစ်နေပါတယ်၊ နယ်မြေအရှင်လည်း မတားဆီးနိုင်ပါဘူး၊ သူက ကောင်းကင်ရုံးတော်ကို မဟာတာအိုပညာရှိ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “မိုးပြာကောင်းကင် မဟာကမ္ဘာက တစ်ယောက်ယောက် မဟာတာအို ရသွားလို့လား၊ ဒီအတောအတွင်း မဟတာအိုပညာရှိ အသစ်လည်း ပေါ်မလာပါဘူး၊ ဟုတ်တယ်မလား”
စစ်ဗုဒ္ဓက ပြန်ဖြေပါတယ် “မဟာတာအိုပညာရှိ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီသက်ရှိက လွတ်လပ် တာအိုပညာရှိထဲမှာ ပြိုင်ဘက်ကင်းတော့ မဟာတာအိုပညာရှိ လှုပ်ရှားဖို့ လိုနေတာပါ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်က မတိုးမကျယ် အသံနဲ့ “အမိန့်ထုတ်လိုက်... မဟာစစ်သူကြီး ကျန်းကျွယ်ရှီကို ဖိတ်ခေါ်ပြီး ဝရုန်းသုန်းကားမှုကို နှိမ်နင်းချည်”
“အမိန့်တော် အတိုင်းပါ”
စစ်ဗုဒ္ဓဟာ ချက်ချင်း ထွက်ခွာသွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတွေးနက်သွားပါတယ်။
အင်မော်တယ်အိုက မေးလိုက်ပါတယ် “အရှင်မင်းကြီး ဘာကို စိုးရိမ်နေတာလဲ”
“ဒီအတောအတွင်း မဟာတာအိုပညာရှိတွေနဲ့ လွတ်လပ်မှုအဆင့်မှာ ပြိုင်ဘက်ကင်း တည်ရှိမှုတွေ ပိုပိုပြီးတော့ ပေါ်လာတယ်၊ အကြီးကြီး တစ်ခုခု ဖြစ်တော့မလို့ ငါ ခံစားချက် ရနေတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် အင်မော်တယ်အိုဟာ မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိတ်ဝိညာဉ်နန်းတော် အပြင်ဘက်ကို ကောင်းကင်ပြင်ကို လှမ်းကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဘာတွေဖြစ်နေတာလဲ၊ ပဋိပက္ခခေတ်သစ်ကို သူစတာ မဟုတ်ရင် ဘယ်သူစလိုက်တာလဲ...”
နှစ်တစ်သိန်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ အနက်ရောင် အလင်းတွေ ဖြာထွက်လာပြီး ဟန်ကျွယ် မျက်နှာကို လာဟပ်တဲ့အတွက် ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို ရက်စက်ယုတ်မာတဲ့ အသွင်အပြင် ဖြစ်သွားစေပါတယ်။
အမှောင်သခင်ကြီး ပြန်ပေါ်လာပါပြီ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တယုတယ ပွတ်သပ်ရင်း ရေရွတ်လိုက်ပါတယ် “မင်းအလှည့် ပြန်ရောက်လာပြီ၊ မင်း စိတ်လောနေမယ်ဆိုတာ ငါ သိတယ်”
ဟန်ကျွယ် စကားကို တုံ့ပြန်သလိုမျိုး ကြမ္မာဆိုးစာအုပ်ဟာ တုန်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ကို ကျိန်စာ စတိုက်ပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ ပစ်မှတ်ကို ချက်ချင်း ရှာတွေ့သွားပါတယ်။ သောကမဲ့ အင်မော်တယ်ဆီမှာ အန္တိမတာအိုရတနာရဲ့ အကာအကွယ် မရှိတော့ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တုန်တက်သွားပြီး သောကမဲ့ အင်မော်တယ်ကို အစွမ်းကုန် ကျိန်စာ စတိုက်ပါတယ်။
ငါးရက်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ငါးရက်ကျော်တဲ့အခါ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ သောကမဲ့ အင်မော်တယ်က မဟာတာအိုပညာရှိချုပ် ဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ သေအောင် ကျိန်စာတိုက်လို့တော့ ရမှာ မဟုတ်ပါဘူး။ သောကမဲ့ အင်မော်တယ်ကို သေအောင် ကျိန်စာတိုက်ချင်ရင် သက်တမ်း တော်တော်လေး သုံးရမှာပါ။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်ပြီး ပြောင်းနေတဲ့ သက်တမ်းကို စိုက်ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ နည်းနည်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ဒီလို စိတ်လှုပ်ရှားမှုမျိုးကို မခံစားရတာ အတော်ကြာခဲ့ပါပြီ။
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ရက်စက်တဲ့ မျက်လုံးတွေ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလို စိတ်လှုပ်ရှားမှုမျိုးကို လောဘကြီးတာ မဟုတ်ပါဘူး။ ကျိန်စာတိုက်ချင်မှတော့ သေအောင် ကျိန်စာတိုက်သင့်တယ် မဟုတ်ပါလား။
အမှောင်သခင်ကြီး တိုက်ခိုက်ပြီဆိုတာနဲ့ ပစ်မှတ်က သေရင်သေ မသေရင်လည်း နာလန်ထူနိုင်စရာအကြောင်း မရှိစေရပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။