ပဋိပက္ခစိတ်ဆန္ဒ ပြန်ရှင်သန်ခြင်း
Vol. 91 Ch. 957
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ပါတယ် ‘ငါ ပဋိပက္ခ နတ်ဘီလူး ၅၃ ပါးကို လောကဦးကမ္ဘာထဲ ထည့်လိုက်ရင် ကောင်းလား’
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ဟန်ကျွယ်ဟာ ဒါက မလိုအပ်ဘူးဆိုတာ သဘောပေါက် သွားပါတယ်။ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ပါတယ်။ နောက်ပြီး ဒီပဋိပက္ခ နတ်ဘီလူး ၅၃ ပါးက ကောင်းကင်တာအိုမှာ မွေးဖွားပြီး ကောင်းကင်တာအိုမှာ ကြီးပြင်းလာတာ ဖြစ်တဲ့အတွက် ကံရေစက်က ဖြတ်တောက်ဖို့ ခက်ပါတယ်။ ဒါကြောင့် နောက်ကျရင် ဒီပဋိပက္ခ နတ်ဘီလူး ၅၃ ပါးက လောကဦးကမ္ဘာရဲ့ အားနည်းချက် ဖြစ်မလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တစ်နေရာတည်း စုပုံမသင့်ဘူးဆိုတဲ့ နိယာမကို သတိရသွားပြီး သူ့အကြံကို လက်လျှော့လိုက်ပါတယ်။ သူ့တပည့်တွေက တစ်ယောက်မှ သစ္စာမဖောက်ဘူးလို့ သူ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝှက်ဖဲတွေကို ဘယ်တော့မှ အကုန်ထုတ်မပြပါဘူး။
ဟန်ကျွယ်ဟာ သူ့တပည့်တွေနဲ့ မျိုးဆက်တွေကို သူထိန်းချုပ်တဲ့ အင်အားစုအကုန်လုံးအကြောင်း မသိစေချင်ပါဘူး။ သူနဲ့ အနီးစပ်ဆုံး လူတွေတောင် မသိရင် ရန်သူဆို ပိုပြီးတော့ သိနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို အကဲခတ် လေ့လာပြီးနောက် ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ဂရုမစိုက်ခဲ့တာ အတော်ကြာခဲ့ပြီမလို့ တစ်ချက်လောက်ကြည့်ဖို့ သွားတာပါ။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကာကွယ်ခဲ့တာ လေးငါးခြောက်ကြိမ် ရှိခဲ့ပြီမလို့ ဒါက စွဲလမ်းမှု ဖြစ်နေပါပြီ။ ဒါက ဟန်ကျွယ်ရဲ့ ပိုင်နက်ဖြစ်တဲ့အတွက် တစ်ချက်တစ်လေတော့ ကြည့်ရှုသင့်ပါတယ်။
ဟန်ကျွယ် ဂူအောင်းကျင့်ကြံနေတုန်း ကောင်းကင်တာအိုထဲမှာ ကောင်းကင်တာအိုပညာရှိတွေ ပိုပိုပြီးတော့ ပေါ်လာပါတယ်။ အခုဆိုရင် ကောင်းကင်တာအိုထဲမှာ လွတ်လပ် တာအိုပညာရှိတောင် ဆယ်ပါးကျော်သွားပါပြီ။ ကောင်းကင်တာအို ပိုင်နက်က နှစ်ဆကျယ်သွားပြီး အင်မော်တယ်ကမ္ဘာလည်း အကြီးအကျယ် ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို မသတ်ဖို့ ကောင်းကင်တာအိုကို စီမံခိုင်းတာ မှန်ကန်တယ်လို့ ခံစားလိုက်ရပါတယ်။ သူသာ ကောင်းကင်တာအိုကို စီမံအုပ်ချုပ်ရင် ကောင်းကင်တာအိုက ဒီလောက်ထိ စည်ပင်သာယာ ဝပြောမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ နောက်ကနေ ထောက်ပံ့အားပေးဖို့ပဲ သင့်တော်ပါတယ်။ သက်ရှိအားလုံးကို စီမံဖို့ မသင့်တော်ပါဘူး။
ကောင်းကင်တာအို ကျင့်ကြံသူတွေဟာ ပဋိပက္ခဆီ ပိုပိုသွားပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ကံရေစက်ကို ကျယ်ပြောလှတဲ့ ပဋိပက္ခနယ်မြေမှာ ဖြန့်ကြက်ပါတယ်။ လူဟောင်းတွေ ထွက်ခွာသွားတဲ့အခါ ကောင်းကင်တာအိုထဲမှာ လူသစ်တွေ နေရာယူလာကြပါတယ်။ လက်ရှိ ကောင်းကင်တာအိုက အကောင်းဆုံး တိုးတက်ပြောင်းလဲတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။
ကောင်းကင်တာအိုက အကြွင်းမဲ့ ငြိမ်းချမ်းရေး စီမံချက်ကို မကျင့်သုံးတဲ့အတွက် ကံတရား အထောက်အပံ့ဂိုဏ်းတွေ ပြည်ထောင်တွေဟာ မကြာခဏ တိုက်ခိုက်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကပဲ ကောင်းကင်တာအိုကို တည်ငြိမ်အောင် လုပ်ပေးထားပါတယ်။ ယင်ယန်ကို သဟဇာတ ဖြစ်စေပါတယ်။ အင်မော်တယ် နတ်ဘုရားတွေကို အမှန်တရားအတိုင်း လုပ်ကိုင် ဆောင်ရွက်စေပါတယ်။ မကောင်းတဲ့လူတွေကိုလည်း ငရဲပြည်က အပြစ်ပေးနိုင်စေပါတယ်။
လောကမှာရှိတဲ့ အမုန်းတရားကို မဖိနှိပ်တဲ့အတွက် အကုသိုလ်ကံတွေ တိုးလာပေမဲ့ ကပ်ဘေး အရိပ်အယောင်တော့ လုံးဝ မရှိသေးပါဘူး။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ရောက်တဲ့အခါ ရှင်းဟုန်ရွှမ်ကို ခေါ်လိုက်ပါတယ်။
“ယောက်ျား... မိန်းမကို သတိရလို့လား” ရှင်းဟုန်ရွှမ်နဲ့ ချိုသာတဲ့အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ မိန်းမကို သတိရနေတာ”
ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားတဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် ရင်ခွင်ထဲကို တိုးဝင်ပါတော့တယ်။ ရှင်းဟုန်ရွှမ်ဟာ နောက်တစ်လှမ်းတိုးဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ကျွယ်ရဲ့ စကားသံ ကြားလိုက်ရပါတယ်။
“ငါ ဟန်မိသားစုကို တိုးချဲ့ဖို့ ပြင်ဆင်နေတာ၊ ဘယ်လိုသဘောရလဲ”
ရှင်းဟုန်ရွှမ်ဟာ မှင်တက်သွားပြီး တအံ့တဩ ဖြစ်သွားပါတယ် “ယောက်ျားက ကလေးလိုချင်တာလား... မျိုးဆက်တွေ လိုချင်တာလား”
“ဘာပဲဖြစ်ဖြစ် ရတယ်၊ ငါ နှစ်ဆယ်သန်းတိုင်း သားတစ်ယောက်မွေးဖို့ စီစဉ်ထားတယ်”
“ဒါဆို ရွှမ်ချင်းကျွင်း အလှည့်ပဲ၊ သူက ဒီအချိန်ကို စောင့်နေတာ အတော်ကြာပြီ”
“မိန်းမက ကြည်ဖြူတယ်ပေါ့”
“ကြည်ဖြူပါတယ်... ယောက်ျားကို ပြုစုခွင့်ရတာပဲ မိန်းမရဲ့ ကံကောင်းမှုပါ၊ မိန်းမက ဘယ်လိုလုပ်ပြီး ယောက်ျားကို မောင်ပိုင်စီးနိုင်မှာလဲ”
ရှင်းဟန်ရွှမ်ဟာ တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်တာက အဲဒီလူအပေါ် ထိန်းချုပ်တာ မဟုတ်မှန်း ကောင်းကောင်းကြီး သိထားပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူမဟာ အခုအချိန်အထိ သေမျိုးတစ်ယောက်ပဲ ဖြစ်နေဦးမှာပါ။ ဟန်ကျွယ်ဘဝမှာ မိန်းမတွေက အရေးအကြီးဆုံး မဟုတ်တဲ့အတွက် သူမဟာ လောဘကြီးပြီး ဟန်ကျွယ်ကို မထိန်းချုပ်ရဲပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟွမ်အာနဲ့ ချင်းအာ ပြန်လာရင် သူတို့ကို အိမ်ထောင်ပြုဖို့ မိန်းမ တိုက်တွန်းရလိမ့်မယ်”
ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟွမ်အာက ယောက်ျားလေးဆိုတော့ ကိစ္စမရှိဘူး၊ ချင်းအာက မိန်းကလေးဆိုတော့ အရင်စလို့ရမလား၊ ချင်းအာက ယောက်ျားရဲ့ တစ်ဦးတည်းသော သမီးလေ၊ သူ့လက်ထပ်ပွဲကို သေချာစီစဉ်သင့်တယ်၊ အလွယ်လေး လက်ထပ်ပေးလို့ မဖြစ်ဘူး”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ ရှင်းဟုန်ရွှမ် ပြောတာက မမှားပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အဖိုးတန်သမီးက ဘယ်လိုလုပ်ပြီး ကြုံရာလူကို လက်ထပ်ရမှာလဲ။
ပဋိပက္ခတစ်ခုလုံးမှာ လူဘယ်နှယောက်ကများ ဟန်ကျွယ်ရဲ့ မျက်စိထဲကို ဝင်နိုင်မှာလဲ။
‘တပည့်တွေထဲကို ရွေးရမှာလား... ထားလိုက်ပါတော့... သမီးရဲ့ ဆန္ဒကို မေးတာ ကောင်းပါတယ်’
ဟန်ကျွယ်ဟာ ဟန်ချင်းအာက လက်မထပ်ချင်ရင် လက်ထပ်ဖို့ အတင်းတိုက်တွန်းမှာ မဟုတ်ပါဘူး။ တိုက်ရိုက်သွေးစည်းက သားကနေ ဆက်ခံတာ မဟုတ်ပါလား။
လေးငါးဆယ်ရက် အကြာမှာတော့ ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲကနေ စိတ်ကျေနပ်စွာ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ စိတ်ဆန္ဒ ဘယ်အချိန် ပေါ်လာမှန်း မသိတဲ့အတွက် အခုအချိန်မှာ လုပ်နိုင်တာက ကျင့်ကြံအားထုတ်တာပဲ ရှိပါတယ်။ ဟန်ကျွယ်အနေနဲ့ တတ်နိုင်သလောက်မြန်မြန် စွမ်းအားကြီးလာရပါမယ်။
.....
ကြက်သွေးရောင် ကောင်းကင်ပြင်အောက်မှာ တိမ်ပင်လယ်နဲ့ အဆုံးမဲ့ပင်လယ်ပြင်ဟာ အထပ်လိုက် တည်ရှိနေပါတယ်။ မင်လင်းမယ်တော်ဟာ ပင်လယ်အဆုံးမှာ တောင်ကြီးတစ်တောင်လို ရပ်တည်နေပါတယ်။ သူ့နောက်က နေမင်းဟာ မျက်စိဖွင့်ဖို့ မဖြစ်နိုင်လောက်တဲ့ စူးရှတဲ့အလင်းရောင်ကို ထုတ်လွှတ်နေပါတယ်။
မင်လင်းမယ်တော်ရှေ့မှာ ရုတ်တရက်ဆိုသလို ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ ဒီရုပ်သွင်က လောင်ဇီပါ။ လောင်ဇီဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မင်း ခံစားမိလား”
မင်လင်းမယ်တော်က ပြန်ဖြေလိုက်ပါတယ် “သဘာဝအတိုင်းပဲ ဖြစ်ပျက်ပါစေ”
“အဲဒါ ဘာစွမ်းအားလဲ”
“အထွတ်အထိပ် နိယာမ”
“အဲဒါဆို ဘာဖြစ်လို့ ငါတို့ မဟာတာအိုပညာရှိချုပ်တွေကို လာသက်ရောက်တာလဲ၊ ငါတောင် ဒီလိုဖြစ်နေရင် သက်ရှိအနန္တက...”
လောင်ဇီဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အရင်တုန်းက ငါ့ဆရာကို ဒီစွမ်းအားက ထိန်းချုပ်ခဲ့တာလား”
“သူကလွဲပြီး အကုန်လုံး ထိန်းချုပ်ခံခဲ့ရတယ်”
မင်လင်းမယ်တော်ရဲ့ အဖြေကြောင့် လောင်ဇီဟာ နှလုံးလှုပ်သွားပါတယ်။
မင်လင်းမယ်တော်ဟာ သက်ပြင်းချလိုက်ပါတယ် “တာအိုရောင်းရင်းက မဟာတာအို ထိပ်ဆုံးကို ရောက်ပြီး နိယာမတွေထက် သာလွန်တယ်လို့ ပြောလို့ရတယ်၊ တာအိုနဲ့ အတူသွားတာနဲ့ ဆန့်ကျင်ပြီး သွားတာက ဘယ်လောက် ကွာခြားတယ်ဆိုတာကို တာအိုရောင်းရင်း နားလည်မှာပါ၊ ပြန်သွားပြီး ကျင့်ကြံအားထုတ်ပါ၊ တာအိုနှလုံးသားရဲ့ လမ်းညွှန်မှုနောက်ကို လိုက်တာ အကောင်းဆုံးပဲ”
လောင်ဇီက မေးလိုက်ပါတယ် “အရင်တုန်းက ငါ့ဆရာသခင်ကို ပဋိပက္ခက ဝန်းရံတိုက်ခိုက်ခဲ့တယ်၊ ဆရာသခင်က မဟာဆန်းကြယ်စွမ်းအားကိုသုံးပြီး ကပ်ဘေးကို ဖိနှိပ်နိုင်ခဲ့ပေမဲ့ ကောင်းကင်တာအိုက ဆက်ပြီးတော့ မတိုးတက်နိုင်တော့ဘူး၊ အဲဒါက ဆရာသခင် အလျှော့ပေးလိုက်တာလား”
မင်လင်းမယ်တော်က ထပ်မဖြေတော့ပါဘူး။
လောင်ဇီက ဆက်မေးပါတယ် “ဒီတစ်ခါက ဘယ်သူလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလား... အန္တိမဒဏ်ခတ်နတ်မင်းလား... ဒါမှမဟုတ် အမှောင်သခင်ကြီးနဲ့ ရှုံဟွာအရှင်လား...”
မင်လင်းမယ်တော်က ဘာမှကို ပြန်မဖြေပါဘူး။
လောင်ဇီလည်း တစ်စုံတစ်ခုကို နားလည်သွားပြီး မင်လင်းမယ်တော်ကို ဦးညွှတ်ကာ ပျောက်ကွယ်သွားပါတယ်။
မင်လင်းမယ်တော်ဟာ မလှုပ်ရှားပါဘူး။ ပင်လယ်အထက်မှာ ရပ်တည်နေတဲ့ ရှေးဟောင်း ရုပ်တုတစ်ခုလိုပါပဲ။ ဒီကမ္ဘာမှာ နေ့နဲ့ည မရှိပါဘူး။ ကောင်းကင်က မကြာခဏ အရောင်ပြောင်းတတ်ပေမဲ့ အမြဲတမ်း နေ့အချိန်ပဲ ဖြစ်နေပါတယ်။
မင်လင်းမယ်တော်ဟာ ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်တဲ့အခါ ပင်လယ်ထဲမှာ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးတက်သွားပါတယ်။ အဲဒီနောက် လေဆင်နှာမောင်းဟာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး အတိုင်းမသိနိုင်တဲ့ မိုးကို ဆောင်ယူလာကာ ဒီကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်ပါတယ်။ မိုးကသည်း လျှပ်စီးကလျှပ်နဲ့ ဆူညံတဲ့ မိုးခြိမ်းသံတွေက မုန်တိုင်းလာနေပြီလို့ နိမိတ်ပြနေပါတယ်။
လှိုင်းလေတွေ ဘယ်လောက် တိုက်ခိုက်တိုက်ခိုက် မင်လင်းမယ်တော်ဟာ တစ်လက်မတောင် မလှုပ်ရှားပါဘူး။
.....
ပဋိပက္ခအထက်။
တန်ခိုးစွမ်းအား ကြီးမားလှတဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ ဖြည်းဖြည်းချင်း စပြီးတော့ ပေါင်းစပ်လာပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုက အလွန်တရာ နှေးကွေးတဲ့အတွက် လုံးဝ မလှုပ်ရှားသလိုပါပဲ။
စွမ်းအားကြီးပုဂ္ဂိုလ် တချို့ကလွဲရင် ပဋိပက္ခထဲက ဘယ်သူမှ ဒါကို သတိမထားမိကြပါဘူး။
ကျတ်တီးမြေ ကြယ်တစ်စင်းပေါ်က ဧရာမတွင်းကြီးထဲမှာ ဟွမ်ဇွမ်တျန်တစ်ယောက် တရားထိုင်နေပါတယ်။ အလွန်တရာ သေးငယ်ပြီး မရေမတွက်နိုင်အောင် များပြားတဲ့ ကျောက်တုံးနက်လေးတွေဟာ ဟွမ်ဇွမ်တျန် ပတ်လည်မှာ ပေါလောမျောနေကြပါတယ်။
ရုတ်တရက် ဟွမ်ဇွမ်တျန် မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်ခုံးကြားထဲမှာ အနက်ရောင် သင်္ကေတဆန်းတစ်ခု ပေါ်လာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “ဘာတွေ ဖြစ်ကုန်တာလဲ... နတ်အခွင့်အာဏာ စွမ်းအား...”
ရုတ်တရက်ဆိုသလို ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးထဲကနေ အလင်းနက်တွေ ဖြာထွက်လာပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မဲ့အတိုင်း ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဟွမ်ဇွမ်တျန်ဟာ ပြန်တည်ငြိမ်သွားပါတယ်။ ဟွမ်ဇွမ်တျန် ခေါင်းမော့လိုက်တဲ့အခါ သူ့မျက်နှာက ခံစားချက် မရှိတော့ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ စကြဝဠာနက်ထဲကို လှမ်းကြည့်ရင်း “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းငါ့ကို အတိဒုက္ခရောက်အောင် ဒုက္ခပေးခဲ့တာပဲ”
ဟွမ်ဇွမ်တျန်ဟာ ရုတ်တရက် မတ်တတ် ကောက်ရပ်ပြီး ဘေးပတ်လည်က မရေမတွက်နိုင်တဲ့ ကျောက်တုံးနက်လေးတွေနဲ့အတူ ပျောက်ကွယ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ...
ကောင်းကင်တာအိုအပြင်ဘက်က နန်းတော်တစ်ဆောင်ရဲ့ တံခါးဟာ ရုတ်တရက် ပွင့်သွားပြီး ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာပါတယ်။ ရုပ်သွင်တစ်သွင်ဟာ နန်းတော်ထဲကနေ တစ်လှမ်းချင်း ထွက်လာပါတယ်။ ဒီရုပ်သွင်က ဝေ့လန်ရှန်မိပါ။
ဝေ့လန်ရှန်မိရဲ့ မျက်နှာဟာ ဒေါသတွေ သတ်ဖြတ်ငွေ့တွေနဲ့ ပြည့်နှက်နေပါတယ်။ ဝေ့လန်ရှန်မိဟာ အင်မော်တယ်ကမ္ဘာကို ငုံ့ကြည့်ပြီး “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ငါ့ကံရေစက်ကို ဖြတ်တောက်ခဲ့တယ်၊ ငါ မင်းကို ကျိန်းသေပေါက် ရှင်းပစ်မယ်”
အရင်တုန်းကဆိုရင် ဒီစကားက တခြားတာအိုပညာရှိတွေကို ကျိန်းသေပေါက် လန့်စေမှာပါ။ ဒါပေမဲ့ အခုတော့ ဘယ်တာအိုပညာရှိမှ ပေါ်မလာပါဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဟာ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။