← Chapters

ရှေးခေတ်ကစလို့ နံပါတ်တစ်ပုဂ္ဂိုလ်

Vol. 91 Ch. 960

ရှေးခေတ်ကစလို့ နံပါတ်တစ်ပုဂ္ဂိုလ်

Vol. 91 Ch. 960

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာပဲ မဟာရှေးဟောင်း နယ်မြေရဲ့ အရပ်ဆယ်မျက်နှာကနေ စွမ်းအားကြီးရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီရောင်ဝါတွေထဲမှာ ရင်းနှီးတဲ့ ရောင်ဝါတချို့ကို ခံစားမိလိုက်ပါတယ်။

ဘိုးဘေးမှော်ပညာရှိ ၁၂ ပါး။

လောကဦး ကောင်းကင်အရှင်။

အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေလည်း ရောက်လာကြပါတယ်။

နှစ်သန်းချီ ကြာပြီးနောက် ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးစလုံး မဟာတာအိုကို ရရှိသွားကြပါပြီ။

ဒီမဟာတာအိုပညာရှိတွေက ပထမတုန်းကတော့ ကောင်းကင်တာအိုနဲ့ ဆက်ဆံရေးကောင်းကြပါတယ်။ ဒါပေမဲ့ အခုတော့ ပဋိပက္ခစိတ်ဆန္ဒကြောင့် ဟန်ကျွယ်နဲ့ ရန်သူတွေ ဖြစ်လာကြပါပြီ။

ဟန်ကျွယ်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ရပ်နေပါတယ်။ ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ ကရုဏာသက်နေမှာ မဟုတ်ပါဘူး။

ရောက်လာတာက မဟာတာအိုပညာရှိတွေတင် မဟုတ်ပါဘူး။ မဟာတာအိုပညာရှိချုပ်တွေလည်း ပါပါတယ်။ အကုန်လုံးမှာ ကမ္ဘာဖျက်နိုင်လောက်တဲ့ တန်ခိုးစွမ်းအားတွေ ရှိကြပါတယ်။ သတ်ဖြတ်ငွေ့ အကုန်လုံးက ဟန်ကျွယ်ကို ပစ်မှတ်ထားတဲ့အတွက် မဟာရှေးဟောင်းနယ်မြေတစ်ခုလုံး လှုပ်ခါသွားပါတယ်။

ဟန်ကျွယ် ခေါင်းထက်မှာ နတ်ဘီလူးဓမ္မရုပ်တုတွေ စပြီးတော့ ပေါ်လာပါတယ်။ ချက်ချင်းဆိုသလို နတ်ဘီလူးဓမ္မရုပ်တု ငါးရာ ခဲပြီးသား ဖြစ်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုငါးရာက ဒီလူတွေကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်။

တိုက်ပွဲက စတင်ပါတော့မယ်။

နတ်ဘီလူးဓမ္မရုပ်တု ငါးရာဟာ ဘက်ပေါင်းစုံကို မျက်နှာမူပြီး အော်ဟစ်ကြုံးဝါးက ဆန်းကြယ်စွမ်းအား ကိုယ်စီ ထုတ်သုံးပါတယ်။

ကောင်းကင်နက္ခ နတ်ဘီလူးက လက်သီးထိုးလိုက်တဲ့အခါ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာတဲ့ လေအရှိန်ဟာ ဟင်းလင်းပြင်ကို စုတ်ပြဲသွားစေတဲ့အထိ ကြမ်းတမ်းလှပါတယ်။

အရိပ်လွှမ်း နတ်ဘီလူးက လက်မြှောက်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ အရိပ်နတ်ဘီလူးတွေ ဖြစ်ပေါ်လာပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ရန်သူတွေကို တရစပ် တိုက်ခိုက်ပါတော့တယ်။

တိုက်ခိုက်ရေးနတ်ဘီလူးက တိုက်ပွဲငွေ့ နတ်လက်နက်ကို ခဲယူပါတယ်။ ဒီနတ်လက်နက်ရဲ့ အစွမ်းက ပဋိပက္ခချီကို တုန်လှုပ်စေပြီး ရန်သူတွေရဲ့ ရောင်ဝါအကုန်လုံးကို ဖိနှိပ်ပစ်လိုက်ပါတယ်။

.....

တာအိုဘုံကျောင်းအတွင်း။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အကြွင်းမဲ့သန့်စင်ခြင်း ပြီးရုံပဲ ရှိပါသေးတယ်။ ဒီအကြွင်းမဲ့သန့်စင်မှုက နှစ်တစ်ရာကျော်ကြာပြီး ဟန်ကျွယ်ရဲ့ သက်တမ်းကိုလည်း နှုတ်ယူသွားပါတယ်။ အကြွင်းမဲ့သန့်စင်မှုက တစ်ယောက်ချင်းပဲ အသုံးပြုလို့ရပါတယ်။

အကြွင်းမဲ့သန့်စင်ခြင်းကို သုံးပြီး ပဋိပက္ခစိတ်ဆန္ဒနဲ့ အကြံအစည်ကို ချိုးဖျက်ဖို့က ကရိကထ များလွန်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အများဆုံး သူ့မိသားစုတွေနဲ့ တပည့်ရင်းတွေကိုပဲ အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပေးမှာပါ။ ကောင်းကင်တာအိုမပြောနဲ့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကိုတောင် မကယ်နိုင်ပါဘူး။

ဒီလမ်းကြောင်းက အလုပ်မဖြစ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မနေနိုင်ဘဲ စပ်စုလိုက်ပါတယ် “ယောက်ျား... ဘာဖြစ်သွားတာလဲ၊ မိန်းမ ယောက်ျားနဲ့ ရန်သူတွေ ဖြစ်လာတယ်လို့ အိပ်မက်မက်တယ်”

ရှင်းဟုန်ရွှမ်ဟာ အိပ်မက်ကို ပြန်တွေးရင်း အရမ်းကြောက်လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်က လက်တွေ့ကျလွန်းလို့ပါ။ ကံကောင်းထောက်မစွာပဲ အကုန်လုံးက အတုအယောင် ဖြစ်နေပါတယ်။

ဟန်ကျွယ် “အဲဒါ အိပ်မက် မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ နဖူးကို လက်ညှိုးနဲ့ ညွှန်လိုက်တဲ့အခါ ရှင်းဟုန်ရွှမ်ရဲ့ မြင်ကွင်းထဲမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ မြင်ကွင်း ပေါ်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ မှင်တက်သွားပါတယ်။

ဟန်ကျွယ်က အကျိုးအကြောင်း ရှင်းပြလိုက်တဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ လန့်ဖျပ်သွားပါတယ်။

“ပဋိပက္ခစိတ်ဆန္ဒ...” ရှင်းဟုန်ရွှမ်ဟာ သူမဘာသာ ရေရွတ်ရင်း အသံတုန်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နားမှာ ကျင့်ကြံအားထုတ်နေပေမဲ့ ဟန်ကျွယ်ရဲ့ အမြင်ကို နားမလည်ပါဘူး။ သူမရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတဲ့အတွက် ပဋိပက္ခကိုတောင် နားလည်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ လူတိုင်းရဲ့ အတွေးကို ချုပ်ကိုင်ဖို့ တွေးတောင် မတွေးရဲခဲ့ပါဘူး။

‘သက်ရှိအားလုံးကို ထိန်းချုပ်နိုင်တဲ့ ပဋိပက္ခစိတ်ဆန္ဒက ဘယ်လို တည်ရှိမှုမျိုးလဲ... ဒီလိုဆိုမှတော့ သက်ရှိတွေရဲ့ ဘဝက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ’ ရှင်းဟုန်ရွှမ်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလိုလည်း အရာအားလုံးက အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရပါတယ်။

ရှင်းဟုန်ရွှမ်က ပဋိပက္ခထဲမှာ အားနည်းတယ်လို့ ပြောလို့မရပါဘူး။ ပဋိပက္ခထဲမှာ ရှင်းဟုန်ရွှမ်ထက် အားနည်းတဲ့လူတွေ တစ်ပုံတစ်ပင်ကြီးပါ။

လူတစ်ယောက်က သူ့ကို တည်ရှိမှုတစ်ခုက လိုသလို ထိန်းချုပ်နိုင်တာ ရှာတွေ့သွားရင် သူ့ဘဝက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။

ဟန်ကျွယ် “မကြောက်နဲ့... ယောက်ျား ရှိတယ်”

ဟန်ကျွယ်ရဲ့ စကား ပေါ့ပါးပေမဲ့ အားပါလှပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တည်ကြည်တဲ့ မျက်နှာကို ကြည့်ပြီး ရင်ထဲက မလုံခြုံတဲ့ခံစားချက်တွေ အကုန်လုံး နေလာနှင်းပျောက် ပျောက်ကုန်ပါတယ်။

‘ဟုတ်သားပဲ... ယောက်ျားရှိနေမှတော့ ငါ ဘာကို ကြောက်နေရဦးမှာလဲ’

ရှင်းဟုန်ရွှမ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ် “ဟွမ်အာလည်း...”

ဟန်ကျွယ် “ဟုတ်တယ်၊ ဒီမှာနေပြီး အေးဆေး ကျင့်ကြံအားထုတ်ချည်၊ ဘယ်မှ မသွားနဲ့၊ သူတို့တွေကို ပဋိပက္ခစိတ်ဆန္ဒက ထိန်းချုပ်ထားတယ်ဆိုပေမဲ့ သူတို့တွေက ငါ့ကို ရေးကြီးသုတ်ပြာ လာသတ်မှာ မဟုတ်ဘူး၊ သူတို့တွေက သူတို့ကိုယ်သူတို့ ယုံကြည်ချက် မရှိမချင်း ငါ့ကို ပြဿနာလာရှာမှာ မဟုတ်ဘူး၊ အဲဒီတော့ ငါ့မှာ စွမ်းအားကြီးလာဖို့ အချိန်ရှိသေးတယ်”

ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မမေးတော့ပါဘူး။ အခုအချိန်မှာ သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဟန်ကျွယ်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ပါ။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်တာက စမ်းသပ်ကြည့်တာပါ။ အလုပ်ဖြစ်ပေမဲ့ အချိန်ကြာလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ပဋိပက္ခစိတ်ဆန္ဒကို အနိုင်မယူနိုင်ရင်တောင် ဖိအားပေးလို့ရပါသေးတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားကို သုံးပြီး စွမ်းအားကြီးရန်သူတွေကို သတ်ဖြတ်တာက ပဋိပက္ခ အားလျော့သွားအောင်ပါ။ တစ်နည်းအားဖြင့် တာအိုဖန်တီးရှင်တွေ ဝင်ပါအောင် ဖိအားပေးတာပါ။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်က တာအိုစက်ကွင်းထဲမှာ ပုန်းနေတဲ့အတွက် တာအိုဖန်တီးရှင်ဟာ ဟန်ကျွယ်ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တွေ ယှက်သမ်းလာပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ သတ်ဖြတ်ငွေ့ကို မြင်ပေမဲ့ ဘာမှမပြောပါဘူး။ ရှင်းဟုန်ရွှမ်ရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်က အရေးအကြီးဆုံးပါ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဟန်ကျွယ်ကို သတ်ချင်တဲ့ သက်ရှိတွေကို ဟန်ကျွယ်က သတ်လိုက်ရင် ရှင်းဟုန်ရွှမ်ဟာ အဲဒီသက်ရှိတွေကို သနားမှာ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ စိတ်သဘောထား မကြီးမြတ်ပါဘူး။ သူမ ဂရုစိုက်တာက ဟန်ကျွယ်နဲ့ သူမရဲ့သားပဲ ရှိပါတယ်။

မဟာရှေး‌ဟောင်းနယ်မြေ။

သွေးချီဟာ လောကတစ်ခုလုံးကို ဝန်းရံထားပါတယ်။ အရွယ်အစား စုံလင်လှတဲ့ အလောင်းကောင်တွေဟာ ရှေးပျက်သုန်းနယ်မြေရဲ့ ဘက်ပေါင်းစုံမှာ ပေါလောမျောနေပါတယ်။ တစ်ချက်ကြည့်ရင် ဒီနေရာက ဝရုန်းသုန်းကား နယ်မြေလိုပါပဲ။ အကုသိုလ်ကံတွေကလည်း သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ခဲနေပါတယ်။

ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ မဟာရှေးဟောင်းနယ်မြေမှာ ထိုင်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်။ နှစ်တစ်ရာကြာပြီးနောက် ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ လာစိန်ခေါ်တဲ့လူမှန်သမျှကို သတ်ပစ်ပြီးပါပြီ။

ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အများစုက သက်ကယ်အာမခံတွေ ရှိကြပါတယ်။ တချို့က ကိုယ်ပွားတွေ၊ ဝိညာဉ် အပိုင်းအစတွေ ချန်ထားခဲ့ကြပြီး တချို့ကတော့ အကောင်းစား ရတနာတွေသုံးကာ ထွက်ပြေးကြပါတယ်။

ဟန်ကျွယ်ဟာ အကုန်လုံးကို လိုက်မသတ်ပါဘူး။ ဒါပေမဲ့ တချို့ သနားစရာကောင်းတဲ့ကောင်တွေက ဘာသက်ကယ်အာမခံမှ မရှိဘဲ လာအသေခံကြပါတယ်။ အဲဒီလူတွေကိုတော့ ဟန်ကျွယ်က မသနားပါဘူး။

အခုအချိန်မှာ ပဋိပက္ခတစ်ခုလုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဘယ်မှာ ရှိနေတယ်ဆိုတာကို သိသွားကြပါပြီ။ ဒါ့အပြင် သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲ အောင်မြင်မှုကလည်း ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်က အမှောင်သခင်ကြီးပြီးရင် ကြောက်စရာအကောင်းဆုံး နာမည်တစ်ခု ဖြစ်လာပါတယ်။

ဒီနေ့မှာတော့ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ မဟာရှေးဟောင်း နယ်မြေ အပြင်ဘက်က ဟင်းလင်းပြင်မှာ ပဋိပက္ခကို နှစ်ခြမ်း ခြမ်းသလိုမျိုး ဖြတ်သန်းလာတဲ့ ဓားချီကို တွေ့လိုက်ရပါတယ်။

ဒီဓားချီရဲ့ အထက်မှာတော့ တာအိုဝတ်ရုံနဲ့ ရုပ်သွင်တစ်သွင် ရှိနေပါတယ်။ ဒီရုပ်သွင်ဟာ ဆံပင်ဖြူတွေရှိပြီး အင်္ကျီလက်စတွေက လေထဲမှာ လူးလွန့်နေပါတယ်။ သူ့ရောင်ဝါက ဓားနဲ့တူပြီး ပဋိပက္ခဟင်းလင်းပြင်ကို ထိုးခွဲနေပါတယ်။

လောင်ဇီ။

သူတို့နှစ်ယောက်ဟာ အဝေးကနေ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ပါတယ်။ မဟာရှေးဟောင်းနယ်မြေ ပတ်လည်က သွေးချီနဲ့ ပဋိပက္ခချီဟာ ရုတ်တရက် ရပ်တန့်သွားပါတယ်။ အချိန်-အာကာသ ရပ်တန့်သွားသလိုမျိုးပါ။

ဒီအချိန်မှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ အဝေးကနေ ကြည့်နေကြပါတယ်။ သူတို့ဟာ တိုက်ပွဲဒဏ်ခံရမှာစိုးတဲ့အတွက် အနားမကပ်ရဲကြပါဘူး။

“လောင်ဇီ ရောက်လာပြီ”

“သူ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခုခံနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

“ဟင်း... တော်တော် ခက်ခဲမှာ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအားကြီးလွန်းတယ်၊ ပြိုင်ဘက်ကင်းနေပြီလို့တောင် ငါ ခံစားရတယ်”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတွေကို အနိုင်ယူပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်ဖြတ်ခဲ့တယ်၊ မဟာတာအိုပညာရှိ တစ်ရာကျော်ကိုလည်း အနိုင်ယူခဲ့ပြီးပြီ၊ ရှေးခေတ်ကတည်းက အခုအချိန်အထိ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက လုံးဝ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ၊ ဒါပေမဲ့ သူက မကောင်းမှုတွေ အများကြီးလုပ်ထားတော့ ပဋိပက္ခအတွက် ကပ်ဘေးတစ်ခုပဲ”

“လောင်ဇီ ရှုံးသွားရင် ပဋိပက္ခ ဘာဆက်ဖြစ်မလဲ”

“လောင်ဇီက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို နှောင်ဖွဲ့နိုင်ရင် အနိုင်ရနိုင်ခြေရှိတယ်၊ သူက တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူးလေ”

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး မဟာရှေးဟောင်းနယ်မြေထဲက ထွက်လိုက်ပါတယ်။

လောင်ဇီဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “တကယ်တော့ မင်းမှာ တခြားရွေးချယ်စရာ လမ်းတွေ ရှိတယ်၊ မင်းရွေးချယ်တဲ့လမ်းက ပြန်လမ်းမရှိဘူး၊ အဲဒီဧရာမနတ်ဘုရားလည်း အတိတ်မှာတုန်းက ဒီလိုပဲ၊ နောက်ဆုံးကျတော့ အသက်ဆုံးပြီး တာအို လွင့်ပါး ပျောက်ကွယ်သွားရတယ်၊ မင်း ငါ့ဆရာသခင်ကို အတုယူသင့်တယ်”

ပန်ကူးက ပဋိပက္ခ နတ်ဘီလူးသုံးထောင်ကို သတ်ဖြတ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ အသက်ဆုံးခဲ့ရပါတယ်။

တာအိုဘိုးဘေးကတော့ ပြဿနာအများကြီး မရှာဘဲ တခြားလမ်းတစ်ခုဖြစ်တဲ့ အလျှော့ပေးတာကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကောင်းကင်တာအိုဟာ ရှေ့ဆက်မတိုးတော့ပါဘူး။ စွမ်းအားကြီးလာတော့မဲ့ အချိန်တိုင်း အနန္တကပ်ဘေး ပေါ်ပေါက်လာပါတော့တယ်။

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို အတုမယူနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က အရင်တုန်းကနဲ့ မတူတော့လိုပါပဲ။ ဟန်ကျွယ် ခေါင်းငုံ့လိုက်ရင် ကောင်းကင်တာအိုက ရပ်တန့်သွားတာလောက် ရိုးရှင်းမှာ မဟုတ်ပါဘူး။ ကောင်းကင်တာအို ပြီးခဲ့တဲ့ အခြေအနေကို ပြန်ရောက်ဖို့ တာအိုပညာရှိ ဘယ်နှပါးတောင် စတေးရမှာလဲ။

ဒီလိုဆို ကောင်းကင်တာအိုက ပျက်စီးကောင်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စွန့်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူနဲ့ ပဋိပက္ခစိတ်ဆန္ဒယှဉ်ရင် ဘယ်သူက ပိုပြီးတော့ နှလုံးသားမဲ့လဲဆိုတာ အသိသာကြီးပါ။ အများဆုံး ဟန်ကျွယ်ဟာ ဘိုးဘေးထျန်ရွှီကို အသက်အားလုံး ဆန်းကြယ်စွမ်းအား သုံးခိုင်းလိုက်မှာပါ။

အသက်အားလုံးက တာအိုပျက်သုန်း ဆန်းကြယ်စွမ်းအားဖြစ်သလို ကံတရား ဆန်းကြယ်စွမ်းအားလည်း ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ ကျင့်ကြံမှုနဲ့ ကံတရား အထောက်အပံ့ကို စတေးပြီး သက်ရှိအားလုံးရဲ့ အသက်နဲ့ အလဲအလှယ် လုပ်တာပါ။ ဒီဟာက ကောင်းကင်တာအိုအောက် ဒါမှမဟုတ် ကပ်ဘေးအောက်မှာပဲ အသုံးပြုနိုင်တာပါ။ ပေးဆပ်ရမဲ့ တန်ဖိုးကတော့ အသုံးပြုသူရဲ့ ကျင့်ကြံမှုဟာ အဆင့်ကြီးတစ်ဆင့် လျော့ကျသွားမှာပါ။

ဘိုးဘေးထျန်ရွှီက ကောင်းကင်တာအို သက်ရှိ မဟုတ်တဲ့အတွက် ဘိုးဘေးထျန်ရွှီသာ ဒီအသက်အားလုံး ဆန်းကြယ်စွမ်းအားကို သုံးလိုက်ရင် ပဋိပက္ခတစ်ခုလုံးကို သက်ရောက်စေမှာပါ။ ဒီအကွက်က နဝမပဋိပက္ခနဲ့ သူသေကိုယ်သေ အားပြိုင်တာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters