← Chapters

အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ်များ

Vol. 92 Ch. 961

အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ်များ

Vol. 92 Ch. 961

ဟန်ကျွယ် ညာလက်ကို မြှောက်လိုက်တဲ့အခါ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ဟန်ကျွယ်ဘေးမှာ ခဲသွားပါတယ်။ အဲဒီနောက် အနီရောင်အလင်း ဖြာထွက်လာပြီး မဟာရှေးဟောင်းနယ်မြေကို တောက်ပသွားစေပါတယ်။

ဟန်ကျွယ်ဟာ လောင်ဇီကို မျက်နှာသေနဲ့ စိုက်ကြည့်ပြီး “သတိပေးမှုအတွက် ကျေးဇူးပဲ၊ ဒါပေမဲ့ ငါ မင်းရဲ့ ကရုဏာတရားကို မလိုအပ်ဘူး၊ မင်း ငါ့ရန်သူဖြစ်လာရင် သေဖို့ ပြင်ထားတော့”

လောင်ဇီကလည်း မျက်နှာသေနဲ့ပါပဲ “ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားကို မြင်ချင်ရုံပါ၊ မင်းက နှစ်ဆယ်သန်းပဲ ကျင့်ကြံအားထုတ်ပြီး ငါတို့လို အကြီးတွေကို ကျော်တက်သွားတယ်၊ မင်းကို ရှုံးရင်တောင် ကောင်းကင်တာအို အမွေအနှစ်ကို ရှုံးတာပဲလေ၊ ငါ့မှာ မျက်နှာပျက်စရာ မရှိဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ‘တော်တော် စောက်ရှက်မရှိတာပဲ... မင်းက ဒီလိုဆိုမှတော့ ငါကလည်း ယဉ်ကျေးမနေတော့ဘူး’

ဟန်ကျွယ်ဟာ နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်သွင် လုံးလုံး မပျောက်ကွယ်ခင်မှာပဲ ဟန်ကျွယ်ဟာ လောင်ဇီနောက်မှာ ပေါ်လာပါတယ်။

လောင်ဇီရဲ့ ခြေထောက်အောက်က ဓားချီဟာ အပေါ်တက်လာပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပြီး အန္တိမမူလတံဆိပ်တော်နဲ့ ဓားချီကို ဖိချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်ဖော်လိုက်ပါတယ်။

လောင်ဇီဟာ နောက်လှည့်လာပြီး လက်ချောင်းတွေကို ဓားအဖြစ် အသုံးပြုကာ တိုက်ခိုက်ပါတယ်။

နှစ်ဖက်စလုံးက အလွန်တရာ မြန်ဆန်လွန်းတဲ့အတွက် တစ်စက္ကန့်အတွင်းမှာ အကွက်ပေါင်း ဘီလီယံချီ တိုက်ခိုက်ပြီးပါပြီ။

ဓားချီတွေ အချင်းအချင်းဖြတ်ပြီး ပဋိပက္ခ ကွဲကြေသွားပါတယ်။ ပဋိပက္ခတစ်ခုလုံးကို နေရာယူထားတဲ့ ပင့်ကူအိမ်လိုပါပဲ။ ဒီမြင်ကွင်းက အတော်လေး ကြည့်လို့ကောင်းလှပါတယ်။

‘လောင်ဇီလို့ မပြောရဘူး... တကယ်ကို တစ်ခုခုပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ဒါပေမဲ့ မင်း ငါ့ကို မယှဉ်နိုင်သေးပါဘူး...’

ဟန်ကျွယ်ဟာ ရုတ်တရက် ရပ်လိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကနေ ကြောက်မက်ဖွယ် အာကာသ စွမ်းအား ထွက်ပေါ်လာပြီး လောင်ဇီကို အထဲ ရွှေ့လိုက်ပါတယ်။

လောင်ဇီဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲ ရောက်သွားပေမဲ့ အထိတ်တလန့် မဖြစ်ဘဲ သူ့ခန္ဓာကိုယ်ကို ဓားချီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါပေမဲ့ လောင်ဇီဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။

ဓားချီဟာ စပြီးတော့ ပြင်းထန်စွာ လှုပ်ခါလာပါတယ်။

ဟန်ကျွယ် ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ ဟင်းဟင်းပြင်ဟာ ရုတ်တရက် စုတ်ပြဲပြီး ဧရာမမြစ်ကြီးတစ်စင်း စီးကျလာပါတယ်။ ဒီမြစ်ကြီးထဲက မြစ်ရေတွေဟာ ဓားချီတွေနဲ့ ပြည့်နှက်နေပါတယ်။

ဓားတာအိုမြစ်။

မရေမတွက်နိုင်တဲ့ ဓားချီတွေဟာ ကြီးမားလာတဲ့ အရှိန်အဟုန်နဲ့ ထိုးဆင်းလာပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ဝင်တိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။ ကိုယ်ပျောက် အန္တိမမူလစွမ်းအား အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲကို ထိုးဝင်သွားတဲ့အခါ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ ရှေ့မှာ ဓားတာအိုမြစ်တစ်ခုလုံးဟာ အလွန်တရာ သေးငယ်သွားပါတယ်။

ဓားတာအိုမြစ်က ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို မကွဲကြေစေနိုင်ပါဘူး။

လောင်ဇီရဲ့ ခန္ဓာကိုယ်ဟာ ဓားတာအိုမြစ်ထဲမှာ ပြန်ပေါ်လာပြီး အထိတ်တလန့် ပြောလိုက်ပါတယ် “ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ... တော်တော် စွမ်းအားကြီးတာပဲ”

လောင်ဇီရဲ့ နှလုံးသားဟာ ရေထဲမြုပ်သွားပါတယ်။ လောင်ဇီဟာ သူရှုံးနိမ့်လိမ့်မယ်လို့ တွက်ထားခဲ့ပေမဲ့ ဒီလောက်မြန်မြန် ရှုံးနိမ့်လိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။ ဟန်ကျွယ်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို သူ တစ်ခါတည်း တောင့်မခံနိုင်ဘူး မဟုတ်ပါလား။

‘နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်း ဖျက်ဆီးခံရတာ အံ့ဩစရာ မရှိတော့ပါဘူး... မောက်မာလွန်းတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် သေခြင်းတရားကနေ မလွတ်မြောက်နိုင်တာလည်း အံ့ဩစရာ မရှိတော့ပါဘူး...’

လောင်ဇီဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး “ငါ အရှုံးပေးတယ်”

စကားဆုံးတာနဲ့ လောင်ဇီဟာ အစအန ရှာမရအောင် ပျောက်ကွယ်သွားပါတယ်။ အထက်မှာရှိတဲ့ ဓားတာအိုမြစ်လည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

ဘေးကနေ ကြည့်နေတဲ့လူတွေရဲ့ မြင်ကွင်းထဲမှာ လောင်ဇီ ရုတ်တရက် ဖိနှိပ်ခံလိုက်ရတာကိုပဲ တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဓားတာအိုမြစ် ပေါ်လာလာချင်း လောင်ဇီသေသွားပါတယ်။ ဒါက တစ်ချက်တည်း သတ်တာထက်တောင် မြန်ဆန်နေပါသေးတယ်။

ဟန်ကျွယ်ဟာ မဟာရှေးဟောင်းနယ်မြေဆီ ပျံဝင်လိုက်ပါတယ်။

ဟင်းလင်းပြင်ဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်က သူ့ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို အလုပ်နဲ့ သက်သေပြလိုက်ပါပြီ။ ပဋိပက္ခမှာ အစွမ်းအထက်ဆုံးဆိုတဲ့ ဘွဲ့နာမက ချဲ့ကားပြောတာ မဟုတ်တော့ပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းကမ္ဘာ။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးဟာ စက်ဝိုင်းပုံ ကျောက်သားစင်မြင့်မှာ စုဝေးနေကြပါတယ်။ ဒဏ်ခတ်သမားငါးဖော်လည်း ရောက်နေကြပါတယ်။ ဟန်ထော်ရဲ့ မျက်နှာဟာ မှောင်မဲနေပြီး ယီတျန်ကတော့ နားကုတ်လိုက် ပါးကုတ်လိုက်နဲ့ မျောက်တစ်ကောင် အတိုင်းပါပဲ။

အန္တိမဒဏ်ခတ်နတ်မင်း ရုတ်တရက် ပေါ်လာတာက မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံးကို စိတ်လှုပ်ရှားသွားစေပါတယ်။

“အန္တိမဒဏ်ခတ်နတ်မင်း... ကျွန်တော်တို့တွေ တိုက်ခိုက်ကြတော့မှာလား...”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအားကြီးလွန်းတယ်၊ မဟာတာအိုပညာရှိ တစ်ရာကျော် ပူပေါင်းတိုက်တာတောင် သူ့ကို မယှဉ်နိုင်ဘူး၊ အဲဒီထဲမှာ မဟာတာအိုပညာရှိ အဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုတွေလည်း ပါတယ်”

“ဟုတ်တယ်၊ ငါက ဘယ်လောက်စွမ်းအားကြီးလဲ၊ ငါက တာအိုဘိုးဘေးရဲ့ ပထမဆုံးတပည့်၊ ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရှေ့မှာ သေမျိုးတစ်ယောက်လိုပဲ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ နောက်ထပ်ပစ်မှတ်က ငါတို့များလား”

“မဟုတ်ဘူး... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မဟာရှေးဟောင်းနယ်မြေမှာ၊ သူက ပဋိပက္ခ နတ်ဘီလူးအကုန်လုံးကို အသက်ပြန်ရှင်အောင် လုပ်ပြီး ပဋိပက္ခရဲ့ အခြေအနေကို ပြောင်းလဲချင်တာ ဖြစ်ရမယ်၊ သူက ပဋိပက္ခ နတ်ဘီလူး မဟုတ်လား”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဖိအားက ကြီးမားလွန်းတဲ့အတွက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ စားမဝင် အိပ်မပျော် ဖြစ်နေကြပါတယ်။

သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခုခံနိုင်မဲ့လူကို ရှာမတွေ့တော့ပါဘူး။ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်တောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မခုခံနိုင်ပါဘူး။ လွန်ခဲ့တဲ့နှစ်သိန်းချီကတည်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဦးညွှတ်ခဲ့တာ မဟုတ်ပါလား။

သူတို့တွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့နေရပါတယ်။ တစ်ဦးတည်းပဲ ဖြစ်ဖြစ် အုပ်စုလိုက်ပဲ ဖြစ်ဖြစ် သူတို့တွေဟာ ရန်သူကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ပြောရရင် အတိတ်မှာတုန်းက ပန်ကူးကို ရင်ဆိုင်ရတဲ့ ပဋိပက္ခ နတ်ဘီလူး သုံးထောင်လိုပါပဲ။

အန္တိမဒဏ်ခတ်နတ်မင်းက လေးနက်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါတို့တွေ အတူပူးပေါင်းရင်တောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် စတေးခံမှပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ယှဉ်နိုင်လိမ့်မယ်”

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တိတ်ဆိတ်သွားကြပါတယ်။

ဟန်ထော်က ရုတ်တရက် ရှေ့တစ်လှမ်း တိုးလိုက်ပါတယ် “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စတေးခံမယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကျွန်တော် အဖေပဲ၊ အခု သူက မိစ္ဆာလမ်းစဉ်ကို လျှောက်မှတော့ ဒဏ်ခတ်သမားတစ်ယောက်အနေနဲ့ အမှန်တရားကို မိသားစုအထက်မှာ ထားရလိမ့်မယ်”

ယီတျန်နဲ့ တခြားသုံးယောက်ကလည်း မတ်တတ်ရပ်ပြီး ပြိုင်တူ ပြောလိုက်ကြပါတယ် “ဒဏ်ခတ်သမားငါးဖော်က သေအတူ ရှင်မကွာပဲ”

တခြားမဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ လန့်သွားကြပါတယ်။ သူတို့တွေဟာ အငယ်တွေက ဒီလောက်ထိ သတ္တိရှိလိမ့်မယ်လို့ ထင်မထားကြပါဘူး။

“နည်းနည်း ထပ်စောင့်ကြည့်ရအောင်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပဋိပက္ခကို ခုထိ မသတ်ဖြတ်သေးဘူး၊ အခွင့်အရေးတစ်ခု ရှိနေနိုင်သေးတယ်” အန္တိမဒဏ်ခတ်နတ်မင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

‘ပဋိပက္ခစိတ်ဆန္ဒက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ... သားတောင် ကမ္ဘာမကျေ ရန်သူ ဖြစ်လာတယ်... တော်သေးတယ်... သခင်က စွမ်းအားကြီးလွန်းလို့ ပဋိပက္ခတစ်ခုလုံး သူ့ကို ဘာမှ မလုပ်နိုင်ဘူး’

မင်လင်းမယ်တော်က ရုတ်တရက် ထပြောလိုက်ပါတယ် “ငါတို့မှာ ရွေးချယ်စရာမရှိတာနဲ့ ပဋိပက္ခမှာ ရွေးချယ်စရာ မရှိဘူးလို့ မဆိုလိုဘူး၊ ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်ဖို့ အထွတ်အထိပ် နိယာမစွမ်းအားကို သုံးပြီး အနာဂတ်က အကြွင်းမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကို ဆင့်ခေါ်ရမယ်”

ယီတျန်က တအံ့တဩ မေးလိုက်ပါတယ် “အနာဂတ်က အကြွင်းမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတာကို ဘာကိုပြောတာလဲ”

“အနာဂတ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အချိန်ရဲ့ အထက်မှာ... ငါတို့တွေ မဟာတာအို ရယူပြီးတဲ့အခါမှာ အချိန်က အဓိပ္ပာယ်မရှိတော့ဘူး၊ ဒါပေမဲ့ ဒါက ပုံသေမဟုတ်ဘူး၊ ငါတို့တွေက မဟာတာအို သုံးထောင် ကန့်သတ်ထားတဲ့ အချိန်-အာကာသ နိယာမတွေထက်ပဲ ကျော်လွန်သွားတာ၊ မဟာတာအိုအောက်မှာရှိတဲ့ အတိတ်နဲ့ အနာဂတ်က ငါတို့မျက်လုံးထဲမှာ ပုံရိပ်ယောင်လိုပဲ၊ ဒါပေမဲ့ ပဋိပက္ခကိုယ်တိုင်က သတ်မှတ်ထားတာ ရှိတယ်၊ စွမ်းအားကြီးလာမဲ့လူက မကြာခင်မှာ စွမ်းအားကြီးလာမှာပဲ၊ အထွတ်အထိပ်နိယာမတွေက မဟာတာအိုသုံးထောင်ထက် ကျော်လွန်တော့ အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်နိုင်တယ်၊ အနာဂတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေက မဟာတာအိုသုံးထောင် ကျိန်းသေပေါက် ကျော်လွန်လိမ့်မယ်”

မင်လင်းမယ်တော်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အတော်လေး စိတ်ဝင်စားသွားကြပါတယ်။

မင်လင်းမယ်တော်က ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ခေတ်တစ်ခေတ်မှာရှိတဲ့ ထိပ်ဆုံး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မယှဉ်နိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ ခေတ်ပေါင်းရာထောင်ချီရဲ့ ထိပ်ဆုံးစွမ်းအားကြီးပုဂ္ဂိုလ်တွေ ပူးပေါင်းရင်ရော...”

နတ်စိတ်ဝိညာဉ်တွေဟာ မျက်လုံးပြူးသွားကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အထွတ်အထိပ် နိယာမတွေက အဲဒီလောက်ကြီးမားတဲ့ ကံရေစက်ကို တောင့်ခံနိုင်မှာလား၊ အဲဒီလောက် စွမ်းအားကြီးပုဂ္ဂိုလ် အများကြီး တစ်ပြိုင်တည်း ပေါ်လာဖို့က မဖြစ်နိုင်လောက်ဘူး ထင်တယ်၊ ဒါက အထွတ်အထိပ် နိယာမရဲ့ စွမ်းအားကို သုံးပြီး သရုပ်သကန် ပြတာနဲ့ အတူတူပဲ”

မင်လင်းမယ်တော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်လိုက်ပါတယ် “အထွတ်အထိပ် နိယာမ တစ်ပါးတည်းနဲ့ မလုံလောက်ဘူး၊ ဒါပေမဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါး ပေါင်းစပ်လိုက်ရင် ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပဋိပက္ခ နတ်အခွင့်အာဏာ ဖြစ်သွားလိမ့်ယ်၊ အဲဒီစွမ်းအားက ပဋိပက္ခတစ်ခုလုံးရဲ့ စွမ်းအားကို ကိုယ်စားပြုလိမ့်မယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအား ဘယ်လောက်ကြီးကြီး ပဋိပက္ခကို ယှဉ်နိုင်ပါ့မလား”

အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ စိတ်လှုပ်ရှားသွားကြပြီး မင်လင်းမယ်တော်ကို ဝိုင်းထောက်ခံ ကြပါတယ်။

မင်လင်းမယ်တော် “ဒီလိုဆို ငါ သွားတော့မယ်”

မင်လင်းမယ်တော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီက ဆုံးဖြတ်ချက် မတောင်းဘဲ လှည့်ထွက်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း “လူစုခွဲကြတော့...” စကားဆုံးတာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပျောက်ကွယ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ အမှောင်ထုထဲ ပုန်းအောင်းပြီး ဟန်ကျွယ်ကို ချက်ချင်း အိပ်မက်ပေးကာ အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။

အဲဒီနောက် အိပ်မက် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “မင်လင်းမယ်တော်က ခေတ်အသီးသီးမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆင့်ခေါ်ဖို့ ပဋိပက္ခ နတ်အခွင့်အာဏာကို ဖိတ်ခေါ်ခဲ့တယ်၊ ငါ့ကိုယ်ပွားက သူတို့ကို အနိုင်ယူနိုင်ပါ့မလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်ယ်။

[အနိုင်ယူနိုင်ပါသည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters