← Chapters

ဟန်ယောင်နဲ့ ဟန်ဟွမ် တိုက်ခိုက်ခြင်း

Vol. 92 Ch. 964

ဟန်ယောင်နဲ့ ဟန်ဟွမ် တိုက်ခိုက်ခြင်း

Vol. 92 Ch. 964

နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ဟာ အရပ်မျက်နှာပေါင်းစုံကို ရုတ်တရက် ပြေးထွက်သွားကြပါတယ်။ သူတို့တွေဟာ အလွန်တရာ ကြမ်းတမ်းလှပြီး သူတို့လမ်းမှာရှိတဲ့ မဟာတာအိုပညာရှိတွေကို လွင့်ပျံထွက်သွားစေပါတယ်။ မဟာတာအိုသုံးထောင် စွမ်းအားကို အတူအသုံးပြုတာ ဖြစ်တဲ့အတွက် စစ်မြေပြင်တစ်လျှောက် တုန်ဟည်းသွားစေပါတယ်။

ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ ဆူညံသွားပြီး တာအိုမြစ်တွေ စီးဆင်းသွားပါတယ်။ ဧရာမသစ်ပင်ကြီးတစ်ပင် ကောင်းကင်ထက်မှာ ပေါ်လာပြီး မရေမတွက်နိုင်တဲ့ သစ်ကိုင်းတွေက စစ်မြေပြင်ကို ပိုင်းခြားလိုက်ပါတယ်။ ကြယ်တွေဟာ ဆင့်ကဲပြောင်းလဲပြီး ဥက္ကပျံဖြစ်ကာ စစ်မြေပြင်ရဲ့ နေရာတိုင်းက မဟာတာအိုပညာရှိတွေကို ဝင်တိုက်ကြပါတယ်။ မဟာတာအို ကိုယ်ထင်ပြမှုတောင် ဖြစ်ပေါ်လာပြီး ခမ်းနားထည်ဝါလှတဲ့ အယူအဆက အတိတ်ကိုတောင် ရောင်ပြန်ဟပ်ပါတယ်။

ဟန်ကျွယ်ဟာ လျှပ်တစ်ပြက် လျှောက်သွားရင်း အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ မဟာတာအိုပညာရှိတွေကို တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ တိုက်ခံရတဲ့ မဟာတာအိုပညာရှိ အကုန်လုံး တစ်ချက်တည်း မျိုးသုဉ်းသွားပါတယ်။

ဟန်ကျွယ်ဟာ ဒီတစ်ကြိမ်တော့ လုံးဝ အလျှော့မပေးဘဲ အစွမ်းကုန် ထုတ်တိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ တိုက်ချက်တစ်ချက်ကို ဘယ်သူမှ တောင့်မခံနိုင်ပါဘူး။

အသက်ရှူကြိမ် သုံးကြိမ် မပြည့်ခင်မှာပဲ မဟာတာအိုပညာရှိ ငါးရာကျော် သေဆုံးသွားပါတယ်။ ဒီမဟာတာအိုပညာရှိတွေက ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွားတာပါ။ သူတို့တွေမှာ အရန်အစီအစဉ်ရှိရင်တော့ အသက်ပြန်ရှင်နိုင်ဦးမှာပါ။ မဟုတ်ရင်တော့ ပဋိပက္ခမှာ သူတို့တွေ ထပ်တည်ရှိနိုင်မှာ မဟုတ်တော့ပါဘူး။

ဘုန်းတန်ခိုးကြီးမားလှတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စစ်မြေပြင်ကို ခြယ်လှယ်နိုင်စွမ်းက ပဋိပက္ခဘက် ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ကို အများကြီး သက်ရောက်သွားပါတယ်။

တိုက်ပွဲက အခုမှ စရုံပဲ ရှိပါသေးတယ်။

နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်က ပဋိပက္ခရဲ့ ထိပ်သီးကျင့်ကြံသူ အများစုကို ကန့်သတ်ထားတဲ့အတွက် ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ အရူးတစ်ယောက်ပမာ သတ်ဖြတ်ပါတော့တယ်။ အပြင်မှာရှိတဲ့ မဟာတာအိုပညာရှိတွေဟာ ဒါကို ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားကြပါတယ်။

“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သူက ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ”

“မဟာတာအိုပညာရှိတွေက မသေနိုင် မပျက်စီးနိုင်တဲ့ တည်ရှိမှုတွေ မဟုတ်ဘူးလား”

“မဟာတာအိုပညာရှိတွေက ပဋိပက္ခထဲမှာ မသေနိုင် မပျက်စီးနိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ အဲဒီ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ကျော်လွန်သွားပြီးပြီ”

“ငါတို့တွေ အနာဂတ်က ဒီလောက်များတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အကူအညီကို လိုအပ်တာ အံ့ဩစရာ မရှိတော့ပါဘူး”

“သွား... မင်းအစွမ်းအစကို အကုန်ထုတ်သုံးပြီး စွန့်စားချည်... ငါတို့တွေ ဒီတိုက်ပွဲကို မနိုင်ရင် အနာဂတ်မှာ ပါးစပ်ဟဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ပဋိပက္ခသက်ရှိတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ပါဘူး။ သူ့သတ်ဖြတ်ငွေ့က ထိန်းလို့မရတဲ့ထိကို သိပ်သည်းထူထပ်နေပါပြီ။

ဟန်ကျွယ်ကာ အာကာသ စွမ်းအားကို အသုံးပြုပြီး ဆက်တိုက် နေရာရွှေ့ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကလည်း ရန်သူတွေကို တစ်ယောက်ပြီး တစ်ယောက် ဝင်တိုက်ပစ်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ဝင်တိုက်ခံရတဲ့ ရန်သူမှန်သမျှ နေရာမှာတင် အမှုန့်ဖြစ်ကုန်ပါတယ်။ အတော်လေးကို ဗိုလ်ကျလွန်းပြီး ကြောက်ဖို့ကောင်းတဲ့ လက်နက်ပါ။

ဟန်ကျွယ်ဟာ နေရာထပ်ရွှေ့လိုက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက မဆိုစလောက် နှေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါ ရန်သူက နတ်ဒေါင်းအရှင် ဖြစ်နေလို့ပါ။

‘ဒီကောင်စုတ်...’ ဟန်ကျွယ်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ နတ်ဒေါင်းအရှင်ကို ဝင်တိုက်ပြီး နတ်ဒေါင်းအရှင်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ကိုတော့ မဖျက်ဆီးဘဲ ထွက်ပြေးဖို့ အခွင့်အရေး ပေးလိုက်ပါတယ်။

နတ်ဒေါင်းအရှင်ကလည်း ဟန်ကျွယ်ကို စိတ်မပျက်စေပါဘူး။ ချက်ချင်း ထွက်ပြေးပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းစောင့်နေ” နတ်ဒေါင်းအရှင်ဟာ ဒေါသတကြီး အော်ပြောပြီးတာနဲ့ တစ်ချိုးတည်း ပြေးပါတယ်။

ရန်သူတွေထဲမှာ မိတ်ဆွေတွေ ရှိနေတာကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ် ပညာရပ်ကို သုံးပြီး ဟင်းလင်းပြင်ထဲမှာရှိတဲ့ ရန်သူအကုန်လုံးကို သတ်ဖြတ်ပြီးပါပြီ။ ဟန်ကျွယ်ဟာ ကျောက်ရုပ်မျက်နှာနဲ့ ဆက်တိုက်ပါတယ်။

ဟန်ကျွယ်ဟာ ထူးဆန်းတဲ့ ရုပ်သွင်တစ်သွင်ကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ ပဋိပက္ခစစ်တပ် အပြင်ဘက်က နဂါးနီပုံ ထိုးထားတဲ့ အဖြူရောင်ဝတ်ရုံနဲ့ ယောက်ျားပျိုတစ်ယောက်ဟာ စစ်မြေပြင်ထဲကို ပြေးဝင်လာပါတယ်။ သူ့တိုက်ခိုက်မှုတွေက အလွန်တရာမှ ရက်စက်လှပါတယ်။ သူဟာ မဟာတာအိုပညာရှိ လေးငါးဆယ်ပါးကို သတ်ဖြတ်ပြီးနောက် ကျန်တဲ့မဟာတာအိုပညာရှိတွေရဲ့ ဝန်းရံတာကို ခံလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တိုက်ခိုက်ရင်း ဒီယောက်ျားပျိုကို လှမ်းကြည့်လိုက်တဲ့အခါ သွေးစည်း ရင်းနှီးမှုကို ခံစားလိုက်ရပါတယ် ‘ဒီလူက အနာဂတ်ကနေလာတဲ့ ငါ့ရဲ့ မျိုးဆက်များလား... ဖြစ်နိုင်တယ်...’

တတိယ တာအိုစက်ကွင်းထဲက ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဟာ ကောက်တွက်ကြည့်လိုက်တဲ့အခါ ဒီပုဂ္ဂိုလ်က သူနဲ့ လီယောင်ရဲ့ မျိုးဆက်ဖြစ်မှန်း သိလိုက်ရပါတယ်။ မျိုးဆက်ဆိုပေမဲ့ မျိုးဆက်သုံးဆက် အပြင်ဘက်ကပါ။

ဟန်ကျွယ်ဟာ နည်းနည်း စိတ်သက်သာရာ ရသွားပါတယ်။ အနာဂတ် မျိုးဆက်တွေထဲမှာ အသက်ကို စွန့်စားပြီး သူ့ကို ကယ်တင်ရဲတဲ့လူ ရှိနေတယ် မဟုတ်ပါလား။

“မင်းနာမည် ဘယ်လိုခေါ်လဲ” ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ဟန်ယောင်ကို မေးလိုက်ပါတယ်။

“လောလောဆယ် ကျွန်တော် နာမည်ကို ပြောလို့မရဘူး၊ မဟုတ်ရင် မလိုအပ်တဲ့ ကံရေစက်တွေ ဖြစ်ပေါ်လာလိမ့်မယ်” ဟန်ယောင်က ပြန်ဖြေပါတယ်။

ဟန်ကျွယ်ဟာ သွေးစည်း ဆက်စပ်မှုကိုပဲ တွက်ချက်လို့ရပြီး နာမည်နဲ့ အတွေ့အကြုံတွေကို တွက်ချက်လို့မရပါဘူး။

‘စိတ်ဝင်စားဖို့တော့ ကောင်းသား...’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ထပ်မမေးတော့ပါဘူး။

ဟန်ကျွယ်ရဲ့ စွမ်းအားက မဟာတာအိုပညာရှိတွေကို ပိုပိုပြီးတော့ ချောက်ချားစေပါတယ်။ ဒါပေမဲ့ ဟန်ယောင်ပေါ်လာတာက ဒီမဟာတာအိုပညာရှိတွေရဲ့ ကြောက်ရွံ့မှု ထွက်ပေါက် ဖြစ်သွားပါတယ်။

ဟန်ယောင်နဲ့ တိုက်ချင်တဲ့ မဟာတာအိုပညာရှိတွေက ပိုပိုများလာပါတယ်။ ဟန်ယောင်ဟာ မဟာတာအိုပညာရှိ ဒါဇင်ကျော် ဝိုင်းတိုက်တာကို ခံရပေမဲ့ အေးဆေးပါပဲ။ တန်ခိုးကြီးမား မဟာလက်ဝါးကို မှီခိုပြီး ပြိုင်ဘက်ကင်း ရပ်တည်နိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုအချိန်ကောင်းက ကြာကြာမခံပါဘူး။ ပိုစွမ်းအားကြီးတဲ့ တန်ခိုးကြီးမား မဟာလက်ဝါးရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့ပါ။

ဟန်ယောင် လှမ်းကြည့်လိုက်တဲ့အခါ ဟန်ဟွမ်က လောကဦးချီကနေ ခဲလာတဲ့ ခရမ်းရောင်နဂါးနဲ့ ဆက်တိုက် တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ဟွမ်ရဲ့ မျက်နှာက ပဋိပက္ခမိစ္ဆာသခင်လိုမျိုး မောက်မာပြီး သတ်ဖြတ်ငွေ့တွေနဲ့ ပြည့်နှက်နေပါတယ်။

“ဘိုးဘေးဟန်ဟွမ်...”

ဟန်ယောင်ရဲ့ မျက်နှာဟာ လေးနက်သွားပါတယ်။ အဲဒီနောက် ဟန်ဟွမ် အင်္ကျီလက်စကို မြှောက်လိုက်တဲ့အခါ ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲက ခရမ်းရောင်ဓမ္မရုပ်တု တစ်တု ထွက်ပေါ်လာပါတယ်။ ဒီဓမ္မရုပ်တုက ခေါင်းသုံးလုံးနဲ့ လက်ဆယ်ဖက်ရှိပြီး ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်နေတာကြောင့် မျက်နှာကို သေချာမမြင်ရပါဘူး။

ဟန်ဟွမ် “ငါနဲ့တူတဲ့လူကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

ကျန်းကျွယ်ရှီနဲ့ ဒဏ်ခတ်သမားငါးဖော်ဟာ ဟန်ယောင်ကို တိုက်ခိုက်လိုက်ပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်ရဲ့ စကားကို ကြားပြီး စိတ်ထဲမှာ အံ့အားသင့်သွားပါတယ် ‘ဘာတူတာလဲ’

ဟန်ယောင်ဟာ ခေါင်းခါလိုက်ပါတယ် “ဘိုးဘေးက ကျွန်တော်ကို မြှောက်ပင့်နေပြန်ပြီ၊ ကျွန်တော်က အဲဒါနဲ့ အဝေးကြီးလိုသေးတယ်၊ ဒါပေမဲ့ ကျွန်တော် ဘိုးဘေးကို စိန်ခေါ်ချင်နေတာ အတော်ကြာပြီ”

ဟန်ယောင်ဟာ ရုတ်တရက် အရူးပမာ ပြုံးလိုက်ပါတယ်။ ဒီပုံစံက ပြီးခဲ့တဲ့ ဟန်ယောင်ရဲ့ ပုံစံနဲ့ ၁၈၀ ဒီဂရီ ကွဲပြားခြားနားနေပါတယ်။

ဟန်ယောင်ဟာ ဟန်ဟွမ်ဆီကို အကြောက်အရွံ့မရှိ တစ်ဟုန်ထိုး ပြေးသွားပြီး အပြင်းအထန် တိုက်ခိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုမှာ တန်ခိုးကြီးမား မဟာလက်ဝါးက သာမန်အကွက် ဖြစ်လာပါတယ်။

ဟန်ယောင်က အရူးအမူး တိုက်ခိုက်သလို သူ့ခရမ်းရောင် ဓမ္မရုပ်တုကလည်း အရူးအမူး တိုက်ခိုက်ပါတယ်။ ဆန်းကြယ်စွမ်းအားမျိုးစုံက ဟန်ယောင်လက်ထဲမှာ ဈေးထဲက ဟင်းသီးဟင်းရွက်လို ဖြစ်လာပါတယ်။ မိုင်ပေါင်း တစ်ကွာဒလီယံအတွင်းက ဘယ်မဟာတာအိုပညာရှိမှ ဟန်ဟွမ်နဲ့ ဟန်ယောင်ရဲ့ တိုက်ပွဲနားကို မကပ်ရဲပါဘူး။

ဟန်ဟွမ်ဟာ လောကဦးစွမ်းအားကို ခရမ်း‌ရောင်လှံနှစ်စင်းလိုမျိုး လက်နှစ်ဖက်မှာ ကိုင်ဆောင်ပါတယ်။ လှံနှစ်စင်းကို ဝှေ့ယမ်းလိုက်တိုင်းမှာ ဟန်ဟွမ်ရဲ့ ဓမ္မစွမ်းအားက ထိန်းမနိုင်သိမ်းမရ နဂါးအုပ်လိုမျိုး ထွက်ပေါ်လာပါတယ်။

တစ်ခြားတစ်ဖက်မှာတော့...

ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ တစ်သောင်းကျော်ကို သတ်ဖြတ်ပြီးပါပြီ။ ဒီအရေအတွက်က ဆက်ပြီးတော့ တိုးနေတုန်းပါ။

“ရိုင်းစိုင်းလှချည်လား...” အော်သံတစ်သံ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ နည်းနည်းစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကို ခံစားလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုက ဒြပ်မဲ့ပြီး သူ့ရဲ့ ဝိညာဉ်ကို ပစ်မှတ်ထားတာပါ။

ဟန်ကျွယ်ရဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ အဲဒီနောက် အနီရောင်ယှက်သမ်းသွားပြီး ရုပ်သွင်တစ်သွင် ထောင်ချောက်မိသွားပါတယ်။ ဒီရုပ်သွင်က တုန်လှုပ်ချောက်ချားနေတဲ့ တာအိုကျင့်ကြံသူအိုကြီးပါ။

“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါ့ ဆန်းကြယ်စွမ်းအးက...” တာအိုကျင့်ကြံသူအိုကြီးဟာ ဒေါသတကြီး အော်ဟစ်လိုက်ပေမဲ့ စကားမဆုံးခင်မှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ ကြိတ်မွချင်းကို ခံလိုက်ရပါတယ်။

သူ့ဆန်းကြယ်စွမ်းအားက မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ မူလအမှောင်ထုနဲ့ ဆင်တူပါတယ်။ ဒီဆန်းကြယ်စွမ်းအားက အဆင့်တူ ရန်သူတွေကို အလွယ်လေး သတ်ဖြတ်နိုင်တဲ့အတွက် အထင်ကြီးဖို့ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ ရင်ဆိုင်ရတာက ဟန်ကျွယ် ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ ဘက်ပေါင်းစုံက အဆုံးမရှိတဲ့ စွမ်းအားကြီးရုပ်သွင်တွေကို လှည့်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ် “ဟားဟား... မင်းတို့အကုန်လုံး တက်ခဲ့ကြ... မဟုတ်ရင် မင်းတို့တွေ အနိုင်ရနိုင်ခြေ တစ်စက်ကလေးတောင် မရှိဘူး”

ဟန်ကျွယ်ဟာ ရုတ်တရက် ကောင်းကင်ပေါ် မြင့်တက်သွားပါတယ်။ အရပ်ဆယ်မျက်နှာမှာ ပြန့်ထွက်နေတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ်ဆီကို ပျံသန်းလာပြီး ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို လျင်မြန်စွာ ကျုံ့ဝင်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ စပြီးတော့ တိုးလာပါတယ်။

ကြောက်မက်ဖွယ်ဖိအားဟာ လောကဦး ဟင်းလင်းပြင်တစ်ခုလုံးကို အုပ်ဆိုင်းသွားတဲ့အတွက် တိုက်ခိုက်နေတဲ့ ဟန်ဟွမ်နဲ့ ဟန်ယောင်တောင် တိုက်ခိုက်တာရပ်ပြီး ဟန်ကျွယ်ကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ကြပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်က အတော်လေး စွမ်းအားကြီးမှန်း သိကြပါတယ်။ ဒါပေမဲ့ ဒီရောင်ဝါက...။

နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်နဲ့ ပေါင်းစပ်ပြီးနောက် ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ အဆုံးစွန်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ အထိန်းအချုပ်မရှိ စွမ်းအားကို ထုတ်သုံးမှုက ပဋိပက္ခတစ်ခုလုံးကို တုန်တက်သွားစေပါတယ်။

မဟာတာအိုသုံးထောင်လည်း ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ပဋိပက္ခ နတ်အခွင့်အာဏာရဲ့ လင်းလက်မှုနဲ့ မှောင်မိုက်မှုလည်း ပြောင်းလဲသွားပါတယ်။ ပဋိပက္ခအစွန်းက အာကာသ အချိန်မရွေး ကွဲကြေနိုင်တဲ့ မှန်တစ်ချပ်လိုမျိုး ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။

မရေမတွက်နိုင်တဲ့ ကမ္ဘာတွေ ကမ္ဘာငယ်လေးတွေ ပုန်းအောင်းနေတဲ့ နယ်မြေတွေ အာကာသနက်တွေ အကုန်လုံး ဟန်ကျွယ်ရဲ့ ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ကြရပါတယ်။

ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအားလုံးလည်း ပါပါတယ်။

ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိ အကုန်လုံး ကောင်းကင်ပြိုကျပြီလို့ ခံစားလိုက်ကြရပါတယ်။

မဟာတာအိုပညာရှိ ကိုးသိန်းကျော်ဟာ တန်ခိုးကြီးမားလွန်းတဲ့ ဟန်ကျွယ်ကို မော့ကြည့်ပြီး ထိတ်လန့် တုန်လှုပ်ကုန်ကြပါတယ်။

‘ဒီရောင်ဝါ... မဖြစ်နိုင်ဘူး...’

“ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကြီးတဲ့...” မဟာတာအိုပညာရှိချုပ် တစ်ပါးရဲ့ အသံဟာ တုန်ယင်သွားပါတယ်။ မဟာတာအိုပညာရှိချုပ်က ဘယ်ခေတ်မှာမဆို ထိပ်တန်းတည်ရှိမှုပါ။ ဒါပေမဲ့ သူဟာ ဟန်ကျွယ်ရဲ့ရောင်ဝါကို ရင်ဆိုင်ရတဲ့အခါ သေမျိုးတစ်ယောက်လိုမျိုး ခံစားလိုက်ရပါတယ်။

ဒီထိတ်လန့်မှုက မဟာတာအိုပညာရှိချုပ်တွေကို အသက်ရောက်ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကျင့်ကြံမှုရဲ့ ထိပ်ဆုံးမှာ ရပ်နေကြတာလို့ အမြဲတမ်း မှတ်ယူခဲ့ကြလို့ပါပဲ။ အများဆုံး ကွာခြားရင် ဓမ္မစွမ်းအားပဲ ခြားနားလိမ့်မယ်လို့ ထင်ထားကြတာပါ။

ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရှေ့မှောက်မှာတော့ သူတို့တွေ အချိန်အကြာကြီး မခံစားခဲ့ရတဲ့ ကျင့်ကြံမှုအဆင့် ကွာခြားမှုကို တကယ်ကြီး ခံစားလိုက်ရပါတယ်။ ဘယ်လောက်တောင် ကြာသွားပြီလဲဆိုရင် သူတို့တွေ တစ်ချိန်က သေမျိုးဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားတဲ့အထိပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters