ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်
Vol. 92 Ch. 965
ဟန်ကျွယ်ဟာ အောက်မှာရှိတဲ့ ရန်သူ အကုန်လုံး တုန်လှုပ်ချောက်ချားပြီး မျှော်လင့်ချက် ကင်းမဲ့ကုန်တာကို တွေ့လိုက်ရတဲ့အခါ စိတ်ကျေနပ်သွားပါတယ်။ ဒီလိုတိုက်ပွဲမျိုးအတွက် နှစ်ပေါင်းဆယ်သန်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ရတာက တန်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ ရန်သူလုပ်ဖို့ ပြင်ဆင်ပြီးပြီမလို့ အစွမ်းပြဖို့ ဝန်မလေးတော့ပါဘူး။
ဟန်ကျွယ် ညာလက်ကို မြှောက်လိုက်တဲ့အခါ သူ့ရှေ့မှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ခဲလာပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ စွမ်းအားကို နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်နဲ့ ပေါင်းစပ်ပြီးနောက် အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲ လောင်းထည့်လိုက်တဲ့အတွက် အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရုတ်ခြည်း အရွယ်အစား အကြီးကြီး ဖြစ်သွားပါတယ်။ သေးငယ်တဲ့ စာရွက်စလေးတစ်စက ကောင်းကင်ပြင်လိုမျိုး အသွင်ပြောင်းလဲသွားတာပါ။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ မဟာတာအိုပညာရှိ ကိုးသိန်းကျော်ကို ဖုံးအုပ်နိုင်တဲ့အထိ အရွယ်အစား ကြီးမားသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ မင်လင်းမယ်တော်ဆီ ရောက်သွားပြီး အပြုံးနဲ့ “မင်းမှာ ဘာနည်းလမ်း ကျန်သေးလဲ”
မင်လင်းမယ်တော်ဟာ တိတ်ဆိတ်သွားပါတယ်။
ဒီအချိန်မှာပဲ ရုပ်သွင်တစ်သွင်ဟာ အာကာသအလွှာတွေကို ဖြတ်သန်းပြီး လောကဦး ဟင်းလင်းပြင်ဆီ ရောက်လာပါတယ်။ ဒီရုပ်သွင်ကို အလောတကြီး အော်ဟစ်လိုက်ပါတယ် “မဟုတ်ဘူး... မင်း ဒီလို ဆက်ပြီးသတ်နေရင် အဆုံးမဲ့ပျက်သုန်းခြင်းဆီ လုံးဝ ဦးတည်သွားလိမ့်မယ်”
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဒီအသံပိုင်ရှင်က မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး “ဒီမှာ ရပ်လိုက်ပါ... ဒီမှာရပ်လိုက်ရင် ပြန်လှည့်လို့ရသေးတယ်၊ ဟန်ကျွယ်... ပဋိပက္ခက မင်းထင်သလို မရိုးရှင်းဘူး၊ ပဋိပက္ခအပြင်ဘက်မှာ သာလွန်တည်ရှိမှုတွေ ရှိတယ်၊ မင်း ဘာလို့ ဒီလိုတွေလုပ်နေလဲဆိုတာ ငါ မသိပေမဲ့ ငါတို့ရဲ့ အတိတ် ဆက်ဆံရေးကို ထောက်ထားပြီး ဆက်မလုပ်ဖို့ အကြံပေးပါရစေ”
ဟန်ကျွယ်ဟာ ရင်ထဲ ထိသွားပါတယ်။ မှတ်ဉာဏ်တွေ ပြောင်းလဲခံရတာတောင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူတို့ရဲ့ ရင်းနှီးမှုကို မှတ်မိနေသေးတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... ပဋိပက္ခစိတ်ဆန္ဒက ကျွန်တော်ကို အရမ်းဖိအားပေးနေတယ်၊ ဒီတော့ ကျွန်တော် လက်မလျှော့နိုင်ဘူး၊ ကျွန်တော် ဟန်ကျွယ် နှစ်ဆယ်သန်းကျော် ရှင်သန်ခဲ့တာ အမြဲတမ်းနီးပါး ဂူအောင်းကျင့်ကြံခဲ့တာချည်းပဲ၊ အများဆုံး ကောင်းကင်တာအိုမှာ နှစ်တစ်ရာလောက် ခရီးထွက်ရုံပဲ၊ ပဋိပက္ခနဲ့ ပတ်သက်ရင် ကျွန်တော်မှာ ရှင်းလင်းတဲ့စိတ် ရှိတယ်၊ ကျွန်တော် ပဋိပက္ခကို ဘယ်တုန်းမှ ထိခိုက်အောင် မလုပ်ခဲ့ဘူး၊ အဲဒီအစား ကူပဲ ကူညီပေးခဲ့တာ၊ ကံကြမ္မာပဲဖြစ်ဖြစ် ကံတရားပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် လုပ်ချင်တာကို လုပ်မှာပဲ”
“ဘယ်သူမှ ကျွန်တော်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ဘူး၊ ပဋိပက္ခစိတ်ဆန္ဒလည်း မသတ်မှတ်နိုင်ဘူး၊ ပဋိပက္ခအထက် သာလွန်တည်ရှိမှုတွေ ရှိနေခဲ့တယ်ဆိုရင်တောင် သူတို့တွေ ကျွန်တော်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ဘူး”
ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟင်းလင်းပြင်ထဲကနေ ရွှေ့ပြောင်းခံလိုက်ရပါတယ်။
မင်လင်းမယ်တော်ဟာ အော်ဟစ် အမိန့်ပေးလိုက်ပါတယ် “မြန်မြန် တိုက်ကြတော့...”
မဟာတာအိုပညာရှိ ကိုးသိန်းကျော်ဟာ သူတို့ရဲ့ အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအားတွေကို အသုံးပြုလိုက်ပါတယ်။ အလွန်တောက်ပစူးရှတဲ့ အလင်းရောင်ဟာ ဟန်ကျွယ်ကို ဟပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကို ဖိချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာဟာ ရေခဲလို အေးစက်နေပါတယ် “မင်းတို့တွေ အပြစ်တင်ချင်ရင် ပဋိပက္ခစိတ်ဆန္ဒကိုပဲ အပြစ်တင်ကြ...”
ကြောက်မက်ဖွယ် ဧရာမ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ လောကကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားနဲ့ ဆင်းသက်လာပါတယ်။
အဲဒီနောက် အလွန်တရာ ပြင်းထန်ပြီး အလွန်တရာ စွမ်းအားကြီးမားတဲ့ အင်အားနှစ်ခု ထိပ်တိုက်တွေ့ပါတယ်။
ပဋိပက္ခအထက်ကနေ ကြည့်ရင် တောက်ပစူးရှတဲ့ အလင်းဖြူဟာ ကျယ်ပြောလှတဲ့ ပဋိပက္ခကနေ ဖြာထွက်လာပြီး အလွန်လျင်မြန်စွာ ကျယ်ပြန့်ကာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လှိုင်းအသွင် ပြောင်းလဲပြီး ပဋိပက္ခကို ရိုက်ခတ်တဲ့အတွက် ပဋိပက္ခဟာ ရေကန်ငယ်လို ဂယက်ထသွားပါတယ်။
ဒါပေမဲ့ ဒီအလင်းဖြူက လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
လောကဦး ဟင်းလင်းပြင်။
လက်ကျန်ရောင်ဝါဟာ ကောင်းကင်ပြင်မှာ လွင့်မျောနေတဲ့ တိမ်တွေလိုပါပဲ။ ထိခိုက်မှုလည်းမရှိသလို သွေးထွက်သံယိုလည်း မရှိပါဘူး။ ကျယ်ပြောလှတဲ့ ဖိအားသာ အချိန်တစ်ခုအထိ ဆက်ပြီးတော့ တည်ရှိနေပါတယ်။
ဟန်ကျွယ်ဟာ လက်ကျန်ရောင်ဝါကြားမှာ မတ်တတ်ရပ်ပြီး အကြည့်ကာ အောက်မှာရှိတဲ့ ရုပ်သွင်တစ်သွင်ဆီ ရောက်သွားပါတယ်။
ဒီရုပ်သွင်က ကျန်းကျွယ်ရှီ။ အတိအကျ ပြောရရင် အနာဂတ် ကျန်းကျွယ်ရှီပါ။ ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ရပ်နေပေမဲ့ စိတ်ထဲမှာတော့ အံ့အားသင့်သွားပါတယ် ‘ဒီကောင်က တာအိုဖန်တီးရှင်လား...’
ဟန်ကျွယ်ဟာ သိပေမဲ့ မသိချင်ယောင် ဆောင်ပါတယ်။
အနာဂတ် ကျန်းကျွယ်ရှီဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်က တကယ်ကို ရက်စက်တာပဲ၊ သူတို့အကုန်လုံးကို သတ်လိုက်တယ်”
ဟန်ကျွယ် “ငါ မင်းရဲ့ ပညာသင်ညီအစ်ကိုတွေကို မသတ်ပါဘူး”
ဟန်ကျွယ်ဟာ သူဂရုစိုက်တဲ့ လူတွေအကုန်လုံးကို အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲမှာ ပိတ်ခတ်ထားပါတယ်။ အခွင့်အရေးရတာနဲ့ ဟန်ကျွယ်က သူတို့ကို ပြန်လွှတ်ပေးမှာပါ။
အဲဒီလူတွေကလွဲရင် မဟာတာအိုပညာရှိ တစ်သန်းဟာ အကုန်လုံး အသတ်ခံလိုက်ရပါတယ်။ မင်လင်းမယ်တော်လည်း သေဆုံးသွားပါပြီ။
အနာဂတ်ကျန်းကျွယ်ရှီ “ဆရာသခင်... ဆရာသခင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ၊ ပဋိပက္ခက ဆရာသခင်ကို အာရုံစိုက်လာအောင် သက်ရှိအကုန်လုံးကို သတ်ပစ်မှာလား”
ဟန်ကျွယ် “သက်ရှိအကုန်လုံးက ငါ့ကို ဘာမှမလုပ်နိုင်ဘူး၊ ငါက သူတို့ကို ဘာကိစ္စနဲ့ သတ်ရမှာလဲ၊ ပြန်တွေးကြည့်ရင် သူတို့က ပဋိပက္ခစိတ်ဆန္ဒ ထိန်းချုပ်တာ ခံရတဲ့ သနားစရာ ပမွှားကောင်လေးတွေပဲ၊ ငါက ငါ့ကို ပြဿနာလာရှာတဲ့ကောင်တွေကိုပဲ ရှင်းပစ်တာ၊ အချိန်က ဒီတွန်းအားပေးခံရတဲ့ အမုန်းတရားကို ချေဖျက်နိုင်မယ်ဆိုရင် ငါ ဒီအမုန်းတရားကို သင်ပုန်းချေပြီး သူတို့ကို ဘာမှလုပ်မှာ မဟုတ်ဘူး”
အနာဂတ်ကျန်းကျွယ်ရှီ “ဆရာသခင်က တကယ်ကို မပြောင်းလဲဘူးပဲ၊ ကျွန်တော် ဆရာသခင်ကို တကယ်ပဲ ကူညီချင်တယ်၊ ဒါပေဲ့ ဒီအချိန်မှာ ကျွန်တော်က မတည်ရှိဘူး၊ အဲဒီပဋိပက္ခအထက်မှာရှိတဲ့ တည်ရှိမှုတွေကလည်း ကျွန်တော်ရဲ့ သွင်ပြင်ကို မသိကြဘူး၊ ကျွန်တော်က စိတ်ဆန္ဒကိုသုံးပြီး ဒီခေတ်ကို ဝင်လာခဲ့တာ”
“ဆရာသခင်... ကျွန်တော် ဆရာသခင်ကို တစ်ခုပဲ ပြောချင်တယ်၊ ဘာတွေပဲဖြစ်ဖြစ် ဆရာသခင် ဆက်ပြီးတော့ ရှင်သန်ဖို့လိုတယ်၊ ကျွန်တော် ဆရာသခင်ကို မကယ်နိုင်ဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဆရာသခင် ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်ပါ”
စကားဆုံးတာနဲ့ အနာဂတ် ကျန်းကျွယ်ရှီဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြီးခဲ့တဲ့ တွက်ချက်မှုအရ အနာဂတ် ကျန်းကျွယ်ရှီက တာအိုဖန်တီးရှင်ဆိုတာကို သိပါတယ်။ အဲဒီတွက်ချက်မှုအရ အနာဂတ်မှာ သူက ဒီကပ်ဘေးမှာ သေဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် ကျန်းကျွယ်ရှီရဲ့ စကားက ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။
တာအိုဖန်တီးရှင်တွေက တန်ခိုးစွမ်းအား အရမ်းကြီးမားပါတယ်။ လက်ရှိမှာ ငါးပါးတည်းရှိပါတယ်။ ကျန်းကျွယ်ရှီသာ အနာဂတ်မှာ တာအိုဖန်တီးရှင် ဖြစ်သွားရင် ခြောက်ပါး ဖြစ်သွားမှာပါ။ ဒါဆိုရင် တာအိုဖန်တီးရှင်တွေက သက်ရှိအားလုံးထဲမှာ တစ်ယောက်ယောက်က တာအိုဖန်တီးရှင် ဖြစ်လာနိုင်တယ်ဆိုတာကို အာရုံမခံမိဘူးလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဒါ့အပြင် အရင်တုန်းက ဟန်ကျွယ်ဟာ ဒီအနာဂတ်က အတုလို့ တွေးထားခဲ့ပါတယ်။ သူသေဖို့မှ မဖြစ်နိုင်တာကိုး။ ဒါပေမဲ့ အခု အနာဂတ်ကျန်းကျွယ်ရှီ ပေါ်လာတော့ ဒီအနာဂတ်က တကယ်ကြီး တည်ရှိလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။
‘ဒီတာအိုဖန်တီးရှင် ကျန်းကျွယ်ရှီက ငါ့ကို ခေါင်းငုံ့ဖို့ လာဖျောင်းဖျတာလား...’ ဟန်ကျွယ်ဟာ အပြောကျယ်လှတဲ့ လောကဦး ဟင်းလင်းပြင်ကို ငေးမောကြည့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ အားကောင်းတဲ့ စုပ်အားတစ်အားကို ခံစားမိလိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ် ယိမ်းယိုင်သွားပြီး ဟန်ကျွယ် သတိပြန်ဝင်လာတဲ့အခါ ပဋိပက္ခ နတ်အခွင့်အာဏာရှေ့ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
အထွတ်အထိပ် နိယာမ ခုနစ်ပါး ပေါင်းစပ်ထားတဲ့ နတ်အခွင့်အာဏာဟာာ မြင့်မြတ်လွန်းလှပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးပါပြီ။
တကယ်ကို ပဋိပက္ခ နတ်အခွင့်အာဏာက စတင် ပြောင်းလဲလာပြီး တဖြည်းဖြည်း ရုပ်သွင်တစ်သွင်အဖြစ် ခဲသွားပါတယ်။ ဒါပေမဲ့ မထင်ရှားတဲ့အသွင်မလို့ ဘယ်လိုပုံစံရှိတယ်ဆိုတာကို အတိအကျပြောဖို့ မဖြစ်နိုင်ပါဘူး။
“ဟန်ကျွယ်... မင်း ကာလသုံးပါးမှာရှိတဲ့ မဟာတာအိုပညာရှိတွေကို ဖျက်ဆီးပြီးပြီ၊ မင်းတပည့်တွေကလွဲရင် ပဋိပက္ခမှာ တခြား မဟာတာအိုပညာရှိတွေ မရှိတော့ဘူး၊ မင်း အခုထိ လက်မလျှော့သေးဘူးလား”
ပဋိပက္ခစိတ်ဆန္ဒရဲ့ အသံ ထွက်ပေါ်လာပါတယ်။ ပဋိပက္ခစိတ်ဆန္ဒရဲ့အသံဟာ မင်လင်းမယ်တော်ရဲ့ အသံလိုမျိုး စက်ရုပ်ဆန်ပြီး ခံစားချက် လုံးဝ မရှိပါဘူး။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “လက်လျှော့ရမဲ့လူက မင်းလို့ မထင်ဘူးလား... ငါ တကယ်ပဲ သိချင်မိတယ်၊ မင်းက ဘယ်သူလဲ၊ ဘာတွေကြံစည်နေလဲ ဆိုတာကို”
ဘာပဲဖြစ်ဖြစ် ပဋိပက္ခစိတ်ဆန္ဒက နိယာမသက်သက်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ပဋိပက္ခစိတ်ဆန္ဒနောက်မှာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားပါတယ်။ နဝမပဋိပက္ခ မဟုတ်ရင် ရှေးနတ်ဘုရား တစ်ပါးပါးက ပဋိပက္ခစိတ်ဆန္ဒကို အသုံးချပြီး သက်ရှိအားလုံးကို ထိန်းချုပ်နေတာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ နောက်ပိုင်းအဆိုကို ပိုပြီး ဖြစ်နိုင်လိမ့်မယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဝမပဋိပက္ခသာဆိုရင် ဒီလောက်ထိ လျှောက်လုပ်စရာ မလိုပါပဲ။ အပြင်လူ တစ်ယောက်ယောက် လောကဦးကမ္ဘာထဲ ကျူးကျော်ပြီး ခြိမ်းခြောက်လာခဲ့မယ်ဆိုရင် ဟန်ကျွယ်က အဲဒီလူကို တစ်ခါတည်း ချေမွဖျက်ဆီးပစ်လို့ရပါတယ်။ ဒီလောက်ထိ ကရိကထများတဲ့အလုပ်ကို လုပ်စရာ မလိုပါဘူး။
ပဋိပက္ခစိတ်ဆန္ဒဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “မင်း ဘိုးဘေးထျန်ရွှီကို မှတ်မိသေးလား၊ သူ မသေသေးဘူး၊ ငါသူ့ကို ရုပ်သေးရုပ်ဖြစ်အောင် စီရင်ထားတယ်၊ ငါသူ့ကို တာအိုပျက်သုန်း ဆန်းကြယ်စွမ်းအား သင်ပေးထားတယ်၊ တကယ်လို့ မင်း လက်မလျှော့ဘူးဆိုရင် ငါ သက်ရှိအားလုံးကို သေတွင်း ပို့ရလိမ့်မယ်၊ ငါတို့တွေ အတူတူ မရှင်သန်နိုင်ဘူးဆိုရင် အတူတူ သေဆုံးကြတာပေါ့”
“ယုတ်မာလိုက်တာ...”
ပဋိပက္ခစိတ်ဆန္ဒက အော်ဟစ်လိုက်ပါတယ် “ဟန်ကျွယ်... မင်းက မဟာတာအိုပညာရှိချုပ်လေ... ဘယ်လိုလုပ်ပြီး ဒီလောက်ကလေးဆန်တဲ့ စကားမျိုးကို ပြောရဲရတာလဲ”
ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ လျှံထွက်လာပါတယ် “သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ကို အရင်အတိုင်း ပြန်ဖြစ်အောင်လုပ်... မဟုတ်ရင် အရာအားလုံး အစကနေ ပြန်စရလိမ့်မယ်”
ပဋိပက္ခစိတ်ဆန္ဒဟာ တိတ်ဆိတ်သွားပါတယ်။
[ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
‘ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်...’ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ပုံရိပ်ကို ကြည့်လိုက်တဲ့အခါ တာအိုဘိုးဘေးလိုမျိုး နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ်တာကို တွေ့လိုက်ရပါတယ်။
[ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်: ပဋိပက္ခကျင့်ကြံမှု၊ ပဋိပက္ခစိတ်ဆန္ဒ၊ ရှေးမဟာတာအို နတ်စိတ်ဝိညာဉ်၊ နဝမပဋိပက္ခ၏ သားတော်။ သင်က ပဋိပက္ခဖြင့် သူ့အား ခြိမ်းခြောက်ခဲ့သောကြောင့် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။