← Chapters

အသက်အားလုံး၊ ဆိတ်သုန်းသွားသော ပဋိပက္ခ

Vol. 92 Ch. 966

အသက်အားလုံး၊ ဆိတ်သုန်းသွားသော ပဋိပက္ခ

Vol. 92 Ch. 966

‘နဝမပဋိပက္ခရဲ့ သားတော်... ပဋိပက္ခစိတ်ဆန္ဒကို ထိန်းချုပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး...’

ပဋိပက္ခကျင့်ကြံမှုဆိုတာက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုဟာ ပဋိပက္ခနဲ့ တစ်တည်းတန်းလို့ ပြောတာ ဖြစ်နိုင်ပါတယ်။ ဒီလောက်မြင့်တဲ့ မုန်းတီးမှုကို ကြည့်ပြီး ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ အားနည်းချက်ကို ဖမ်းဆုပ်မိလိုက်ပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က သက်ရှိအားလုံး အသတ်ခံမှာကို တကယ်ကြောက်နေပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှထပ်မပြောဘဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ပါးစပ်ဟလာမှာကို စောင့်ပါတယ်။

ပဋိပက္ခစိတ်ဆန္ဒအဖြစ် အသွင်ပြောင်းလဲထားတဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အေးစက်နေတုန်းဆိုပေမဲ့ မကောင်းလှတာ သိသာပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က မတိုးမကျယ် ပြောလိုက်ပါတယ် “ဟန်ကျွယ်... လူတိုင်းရဲ့ မှတ်ဉာဏ်ကို အရင်အတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကလည်း ကတိပေးဖို့လိုတယ်၊ အရင်တုန်းက တာအိုဘိုးဘေးက ကောင်းကင်တာအိုရဲ့ အလားအလာကို ကန့်သတ်ဖို့ ကတိပေးခဲ့တယ်၊ မင်းကရော ဘာကတိပေးမှာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ရဲ့ ကတိက တာအိုပျက်သုန်း ဆန်းကြယ်စွမ်းအားကို မသုံးဖို့ပဲ”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အမျက်ထွက်သွားပေမဲ့ မျက်နှာမှာမပေါ်အောင် ထိန်းထားပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စောင့်ပါတယ်။

အချိန်အတော်ကြာသွားတဲ့ အခါမှာတော့...

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ရုတ်တရက် ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လာပြီး ဟန်ကျွယ်ကို ပစ်မှတ်ထားလိုက်ပါတယ် “ပဋိပက္ခစိတ်ဆန္ဒကို ခြိမ်းခြောက်တာက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

“တာအိုပျက်သုန်း ဆန်းကြယ်စွမ်းအား... အဲဒါက ကောင်းကင်တာအို ဆန်းကြယ်စွမ်းအား သက်သက်ပဲ၊ ပဋိပက္ခထဲက သက်ရှိအကုန်လုံးကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်မှာလဲ”

ပဋိပက္ခစိတ်ဆန္ဒက ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆုံးမဲ့ အမှောင်ထုက သူ့ကို ဝါးမျိုသလိုမျိုး ခံစားလိုက်ရပါတယ်။ အ‌မှောင်ထုကလွဲရင် ဟန်ကျွယ် မျက်လုံးထဲမှာ ပဋိပက္ခစိတ်ဆန္ဒပဲ ရှိပါတော့တယ်။

ရုတ်ခြည်း ဟန်ကျွယ်ကိုယ်ပွားဟာ အာရုံတွေ ဆုံးရှုံးသွားပါတယ်။ ပဋိပက္ခတစ်ခုလုံး ပျောက်ကွယ်သွားပြီး သူနဲ့ ပဋိပက္ခစိတ်ဆန္ဒသာ ကျန်ရှိတော့တဲ့ အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ သေမှာကို ထိုင်စောင့်မနေပါဘူး။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ထုတ်ယူပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ အထက်ကနေ လျှပ်စီးကွင်းဆက်ကြိုးတွေ မ‌ရေမတွက်နိုင်အောင် ဆင်းသက်လာပြီး ဟန်ကျွယ်ကို လျင်မြန်စွာ ချုပ်နှောင်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခြေလက်တွေ ချုပ်ခံလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ဒီလျှပ်စီးကွင်းဆက်ကြိုးတွေကို တိုက်ခိုက်ပါတယ်။

ဒီအချိန်မှာပဲ ပဋိပက္ခစိတ်ဆန္ဒဟာ ဟန်ကျွယ်ရှေ့ ပေါ်လာပါတယ်။ မျက်လုံးချင်း ဆုံသွားတဲ့အခါ ဟန်ကျွယ်ဟာ အလွန်တရာ အေးစက်တဲ့ မျက်လုံးတွေကို တွေ့လိုက်ရပါတယ်။ ဒီမျက်လုံးတွေက လူသားမျက်လုံးလိုလို မြွေမျက်လုံးလိုလိုနဲ့ ဟန်ကျွယ်ကို မြေအောက်ရေခဲခန်းထဲ ရောက်သွားသလို ခံစားသွားရစေပါတယ်။

ဟန်ကျွယ်ဟာ မရေမတွက်နိုင်တဲ့ လျှပ်စီးကွင်းဆက်ကြိုးတွေကို ချိုးဖျက်ပြီး တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ညာလက်ဝါးဟာ ပဋိပက္ခစိတ်ဆန္ဒရဲ့ ခန္ဓာကိုယ်ကို ဘာမှမရှိသလိုမျိုး ကျော်ဖြတ်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ခန္ဓာကိုယ်ထဲမှာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ အင်အားတစ်ခု ပေါက်ကွဲထွက်ပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပါတယ်။

.....

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုဖန်တီးရှင်က ငါ့ရဲ့ တတိယ တာအိုစက်ကွင်းထဲကို ထိုးဖောက်ဝင်လာနိုင်လား”

ဟန်ကျွယ်ဟာ ပြင်ဆင်ထားပြီးပြီဆိုပေမဲ့ ပိုသေချာအောင် ထပ်မေးလိုက်ပါတယ်။

[မဝင်နိုင်ပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

တတိယ တာအိုစက်ကွင်းထဲက သက်ရှိတွေကို ဟန်ကျွယ်ကိုယ်တိုင် ပျိုးထောင်ထားတာပါ။ ဒါကြောင့် သူတို့ဆီမှာ ပဋိပက္ခ ကံရေစက်လည်း မရှိသလို ကံတရား အထောက်အပံ့လည်း မရှိပါဘူး။ ရှင်းဟုန်ရွှမ်ကတော့ အကြွင်းမဲ့သန့်စင်မှုကြောင့် ပဋိပက္ခ ကံရေစက်နဲ့ ပဋိပက္ခ စိတ်ဆန္ဒရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ချင်းလွမ်အာရဲ့ ကောင်းကင်တာအို ကံရေစက်ကတော့ နည်းပါးလွန်းပါတယ်။ ဒါ့အပြင် ဟန်ကျွယ်က သူမကို လောကဦးကမ္ဘာထဲမှာ ချိပ်ပိတ်ထားတာမလို့ လောလောဆယ် တတိယ တာအိုစက်ကွင်းထဲမှာ ရှိမနေပါဘူး။

လက်ရှိ တတိယ တာအိုစက်ကွင်းဟာ ပဋိပက္ခနဲ့ရော ကောင်းကင်တာအိုနဲ့ရော ကံရေစက် မရှိပါဘူး။ ဒါကြောင့် ပဋိပက္ခစိတ်ဆန္ဒက ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တတိယ တာအိုစက်ကွင်းက တာအိုဖန်တီးရှင်ကို ခုခံနိုင်စွမ်း ရှိပါတယ်။ နောက်ပြီး လောလောဆယ် လောကကြီးမှာ ဖန်တီးရှင်သခင် မရှိသေးပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အေးစက်တဲ့ မျက်လုံးတွေနဲ့ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက်ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးထျန်ရွှီရှေ့ကို ရောက်သွားပြီး “မင်းရဲ့ ဝိညာဉ်အပိုင်းအစကို ချန်ထားခဲ့ချည်၊ ငါ မင်းကို အပြင်ဘက် ပို့ပေးမယ်၊ အပြင်ရောက်တာနဲ့ သက်ရှိအားလုံးကို ထုတ်သုံးချည်၊ ငါ ပဋိပက္ခမှာရှိတဲ့ သက်ရှိအားလုံး သေတာကို မြင်ချင်တယ်”

ဘိုးဘေးထျန်ရွှီဟာ စောဒကတစ်ချက် မတက်ဘဲ ချက်ချင်း ဝိညာဉ် အပိုင်းအစ ခွဲထုတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဘိုးဘေးထျန်ရွှီကို အပြင်ဘက် ပို့လိုက်ပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ပဋိပက္ခဟင်းလင်းပြင်မှာ ပေါ်လာတာနဲ့ လက်နှစ်ဖက်မြှောက်ပြီး သက်ရှိအားလုံးကို ချက်ချင်း ထုတ်သုံးလိုက်ပါတယ်။ ဘိုးဘေးထျန်ရွှီရဲ့ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် ဓမ္မစွမ်းအားဟာ ခန္ဓာကိုယ်ထဲကနေ လျင်မြန်စွာ ထွက်ခွာပြီး ရွှေရောင်လှိုင်းအသွင် ပြောင်းလဲသွားပါတယ်။ ဒီရွှေရောင်လှိုင်းတွေက ဘိုးဘေးထျန်ရွှီကို ဗဟိုထားပြီး ပဋိပက္ခတစ်ခုလုံးဆီ ရိုက်ခတ်သွားပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဘိုးဘေးထျန်ရွှီရှေ့မှာ အမျက်ချောင်းချောင်း ထွက်နေတဲ့ မျက်နှာနဲ့ ပေါ်လာပါတယ် “မင်း ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရဲတာလဲ”

ချက်ချင်းဆိုသလို ဘိုးဘေးထျန်ရွှီရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်ပြီး ခေါင်းတစ်လုံးပဲ ကျန်ပါတော့တယ်။ ဘိုးဘေးထျန်ရွှီဟာ စကားတစ်လုံးမဆိုဘဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို သတ်ဖြတ်ငွေ့လွှမ်းတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်ပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အတော် ဒေါသထွက်သွားပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ပဋိပက္ခ နတ်အခွင့်အာဏာကိုသုံးပြီး သက်ရှိအားလုံး ဆန်းကြယ်စွမ်းအားကို ဟန့်တားပေမဲ့ အချည်းနှီးပါပဲ။ ဒီစွမ်းအားနှစ်မျိုးက လုံးဝကွဲပြား ခြားနားတဲ့ စွမ်းအားတွေလည်း တစ်ခုနဲ့တစ်ခု ထိလို့မရပါဘူး။

သက်ရှိအားလုံး ဆန်းကြယ်စွမ်းအားက မြန်ဆန်လွန်းပါတယ်။ အသက်ရှူကြိမ် တစ်ကြိမ် မပြည့်ခင်မှာပဲ ပဋိပက္ခတစ်ခုလုံးဆီ ပျံ့နှံ့သွားပါတယ်။ ပဋိပက္ခတစ်ခုလုံးမှာရှိတဲ့ သက်ရှိအားလုံး ပြာအတိ ဖြစ်သွားပါတယ်။ သက်ရှိအားလုံးကို သက်ရောက်တာပါ။ ပဋိပက္ခ သက်ရှိတွေတင် မဟုတ်ပါဘူး။ ကောင်းကင်တာအို သက်ရှိတွေပါ ပြာအတိ ဖြစ်ကုန်တာပါ။

“စောက်ရူး... ဟန်ကျွယ်... မင်းက သေချာပေါက် ထာဝရ ပျက်သုန်းလိမ့်မယ်”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ လက်မြှောက်ပြီး ဘိုးဘေးထျန်ရွှီရဲ့ ခေါင်းကို ချေမွပစ်လိုက်ပါတယ်။ အဲဒီနောက် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို စပြီးတော့ ရှာဖွေပါတယ်။ မကြာခင်မှာပဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ကြယ်စကြဝဠာဆီ ရောက်ရှိသွားပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ လက်ချက်နဲ့ ကြယ်စကြဝဠာမှာ အသစ်မွေးဖွားခါစ သက်ရှိအားလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ လျူပေ့ကိုတော့ ဟန်ကျွယ်က တတိယ တာအိုစက်ကွင်းထဲ ပြန်ခေါ်ပြီးတာ ကြာပါပြီ။ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဖြစ်တာကြောင့် ပဋိပက္ခစိတ်ဆန္ဒရဲ့ မှတ်ဉာဏ်ပြောင်းတာကို မခံရပါဘူး။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တတိယ တာအိုစက်ကွင်းဆီသွားပြီး အရူးအမူး တိုက်ခိုက်ကာ အတင်းတိုးဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ တတိယ တာအိုစက်ကွင်းက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် တစ်စက်ကလေးတောင် မလှုပ်ပါဘူး။

အမည်ခံတပည့်တွေ၊ လျူပေ့၊ ဘိုးဘေးထျန်ရွှီနဲ့ ရှင်းဟုန်ရွှမ်တို့ဟာ ကြောက်စရာကောင်းတဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး အထိတ်တလန့် ဖြစ်သွားကြပါတယ်။

ဟန်ကျွယ်ကတော့ ခပ်တည်တည်ပါပဲ။

“ယောက်ျား... သူက...” ရှင်းဟုန်ရွှမ်က ဂရုတစိုက် မေးလိုက်ပါတယ်။

ဟန်ကျွယ် “ငါက ယုံကြည်ချက်မရှိတာကို ဘယ်တော့ မလုပ်ဘူး၊ တမင် ရူးချင်ယောင်ဆောင်တာ”

ဟန်ကျွယ်ဟာ ဖြစ်နိုင်ခြေတစ်ခုကို လောင်းကြေးထပ်လိုက်တာပါ။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို လောင်းကြေးထပ်လိုက်တာပါ။ တကယ်လို ဟန်ကျွယ် ရှုံးရင် တတိယ တာအိုစက်ကွင်းထဲမှာပဲ ပုန်းပြီး ကျင့်ကြံအားထုတ်ရမှာပါ။ ဖန်တီးရှင်သခင် ဖြစ်လာမှပဲ အပြင်ထွက်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်ငါးပါးကို မျက်စိထဲထည့်တော့မှာ မဟုတ်ပါဘူး။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ဆန်းကြယ်စွမ်းအားဟာ အလွန်တရာ ကျယ်လောင်စွာ မြည်ဟည်းပြီး ပဋိပက္ခတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။ ဒါပေမဲ့ ပဋိပက္ခထဲမှာ ဘယ်သက်ရှိမှ ရှိမနေတော့ပါဘူး။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေတောင် ပျက်သုန်းသွားပါပြီ။

ဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ကြည့်လိုက်ပါတယ် ‘ဒါ ဘာလဲဟ...’

“ဟင်း...” အန္တိမဒဏ်ခတ်နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ စွမ်းအားကြီး ရောင်ဝါတချို့ကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါတွေက သူ့ထက် အားမနည်းဘဲ ဟန်ကျွယ်ကို တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ဝင်မပါခဲ့ကြပါဘူး ‘ပဋိပက္ခမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တကယ်ကို များတာပဲ’

အန္တိမဒဏ်ခတ်နတ်မင်းဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ မဟာတာအိုသုံးထောင်က ရုတ်တရက် ကျုံ့သွားတာကို သတိထားမိလိုက်ပါတယ်။ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံး သေဆုံးသွားတဲ့အတွက် နိယာမစွမ်းအားလည်း စပြီးတော့ အားနည်းလာပါတယ်။ ပဋိပက္ခအာကာသလည်း စပြီးတော့ ပြိုကျလာပါတယ်။ မူလအခြေအနေကို ပြန်သွားနေတာပါ။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ အမှောင်ထဲမှာ ချောင်းမြောင်းနေတဲ့ ပိုးကောင်တွေကို ဂရုမစိုက်အားပါဘူး။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဆက်တိုက် တိုက်ခိုက်ရင်း စိတ်ထဲမှာ တုန်လှုပ်ချောက်ချားလာပါတယ်။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါ ဘာလို့ အထဲဝင်လို့ မရတာလဲ’

‘ဒါ တာအိုဖန်တီးရှင်ရဲ့ စွမ်းအားများလား...’

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မူမှား... မဟုတ်မှလွဲရော...’

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တွေးလေလေ တုန်လှုပ်ချောက်ချားလေလေပါပဲ။ ရင်ထဲမှာလည်း မျှော်လင့်ချက်ကင်းမဲ့မှုတွေ ပြည့်နှက်လာပါတယ်။ ဒီအလောင်းအစားမှာ သူ လောင်းတာ ရှုံးသွားပါပြီ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်က ဟိတ်လုံးထုတ်နေတာလို့ ထင်ထားခဲ့တာပါ။ သက်ရှိအကုန်လုံးကို တကယ်ကြီး ဖျက်ဆီးပစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ တိုက်ခိုက်မှုအလျင်က နှေးကွေးသွားပါတယ်။ မကြာခင်မှာပဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တိုက်ခိုက်တာ ရပ်လိုက်ပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တုန်တုန်ယင်ယင်နဲ့ ဟင်းလင်းပြင်းထဲမှာ ဒူးထောက်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမြင်မှာတော့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ရဲ့ တတိယ တာအိုစက်ကွင်း အပြင်ဘက်မှာ ဒူးထောက်နေတာပါ။

“ဒါ...” အန္တိမဒဏ်ခတ်နတ်မင်းဟာ လန့်သွားပါတယ် ‘ပဋိပက္ခ နတ်အခွင့်အာဏာက ငါ့သခင်ကို ဦးညွှတ်တာလား...’

ဒါပေမဲ့ အဖြစ်မှန်ကတော့ ဒီလိုမဟုတ်ပါဘူး။

ဒီအချိန် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့‌ရှေ့မှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းလို စွမ်းအားကြီးတဲ့ တည်ရှိမှုတောင် ဒီရုပ်သွင်ကို မမြင်နိုင်ပါဘူး။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ သူ့ရှေ့က ဝိုးတိုးဝါးတား အသွင်ကို ကြည့်ရင်း တုန်တုန်ယင်ယင် ပြောလိုက်ပါတယ် “အဖေ... ကျွန်တော် မှားသွားပြီ”

နဝမပဋိပက္ခ။

ပဋိပက္ခထဲက သက်ရှိအကုန်လုံး ပျက်သုန်းသွားတဲ့အတွက် နဝမပဋိပက္ခ နိုးလာတာ ဖြစ်ပါတယ်။

နဝမပဋိပက္ခက ဘာမှမပြောတဲ့အတွက် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ပိုရင်ထိတ်လာပြီး စတောင်းပန်ပါတော့တယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters