မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု ပထမအကြိမ် ကြိုးစားခြင်း
Vol. 92 Ch. 969
မင်လင်းမယ်တော်က စကားအများကြီး ပြောပေမဲ့ အကျဉ်းချုပ်လိုက်ရင် အခြေအနေကို သုံးသပ်ပြတာပါ။
ဟန်ကျွယ်ဟာ မင်လင်းမယ်တော် စကားပြောပြီးတဲ့ထိ စောင့်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “မင်လင်းမယ်တော်... ဒီကံရေစက်ကို ဖြေရှင်းချင်ရင် ငါ့ရဲ့ တာအိုစက်ကွင်းဆီ လာခဲ့ပါ၊ ဘယ်မှာရှိလဲဆိုတာ မယ်တော် သိမှာပါ၊ ငါတို့နှစ်ယောက်ရဲ့ တာအိုဆွေးနွေးမှုက မယ်တော်ရဲ့ သဘောထားကို ကျန်တဲ့စွမ်းအားကြီး ပုဂ္ဂိုလ်တွေသိအောင် ပြသရာလည်း ရောက်သွားတာပေါ့”
မင်လင်းမယ်တော်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ အေးဆေး ထိုင်စောင့်ပါတယ်။ ဆုံးဖြတ်ချက်က မင်လင်းမယ်တော်ရဲ့ လက်ထဲမှာပါ။ မင်လင်းမယ်တော်က သူ့အဆိုပြုချက်ကို ငြင်းရင် ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို ဧည့်သည်အဖြစ် ဖိအားသုံးပြီး ဖိတ်ခေါ်မှာပါ။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့...
မင်လင်းမယ်တော်ဆီက စကားသံ ထွက်ပေါ်လာပါတယ် “ကောင်းပြီလေ”
ဟန်ကျွယ်ဟာ အပြုံးနဲ့ ခေါင်းညိတ်လိုက်ပြီး အိပ်မက်ကို ချိုးဖျက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး တစ်ခဏ တွေးတောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး တတိယ တာအိုစက်ကွင်းထဲက လူတိုင်းကို လောကဦးကမ္ဘာထဲ ပို့ပြီး မင်လင်းမယ်တော်ကို လက်အောက်သွတ်သွင်းပြီးမှ ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မင်လင်းမယ်တော်က မဟာတာအိုပညာရှိချုပ် ဖြစ်တဲ့အတွက် တာအိုစက်ကွင်းထဲမှာရှိတဲ့ လူတွေကို အလွယ်လေး ဒဏ်ရာရအောင် လုပ်နိုင်ပါတယ်။
မင်လင်းမယ်တော်ဟာ တတိယ တာအိုစက်ကွင်းဆီ လျင်မြန်စွာ ရောက်လာပါတယ်။ မင်လင်းမယ်တော်ဟာ သူ့ရောင်ဝါကို မဖုံးကွယ်တဲ့အတွက် ပဋိပက္ခထဲမှာ သူမက အမှောင်ထုထဲ ရွှေ့လျားနေတဲ့ မီးအိမ်တစ်အိမ်လို သိသာထင်ရှားလှပါတယ်။
မင်လင်းမယ်တော်ဟာ တတိယ တာအိုစက်ကွင်းဆီ ရောက်လာပြီး ခေါင်းအသာ ညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးကြည့်ပြီး ဘာအန္တရာယ်မှမရှိတာ အတည်ပြုပြီးမှ မင်လင်းမယ်တော်ကို တတိယ တာအိုစက်ကွင်းထဲ ရွှေ့လိုက်ပါတယ်။ တစ်ချိန်တည်းမှာ မဟာချုပ်နှောင်လက်ဝါးကို သုံးပြီး မင်လင်းမယ်တော်ကို အဓမ္မချိပ်ပိတ်လိုက်ပါတယ်။ ပြီးတော့မှ သူ့တပည့်တွေ လျူပေ့ ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာတို့ကို လောကဦးကမ္ဘာထဲကနေ ပြန်ခေါ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး မင်လင်းမယ်တော်ကို လောကဦးထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။
မင်လင်းမယ်တော်ဟာ ဟန်ကျွယ်ဘေးမှာထိုင်ပြီး ဟန်ကျွယ်ကို တည်ငြိမ်စွာ စိုက်ကြည့်ပါတယ်။ စိုးရိမ်ကြောက်လန့်တဲ့ အမူအရာ တစ်စက်မှ မရှိပါဘူး။
ဟန်ကျွယ်ဟာ လေကုန်ခံပြီး စကားပြောမနေတော့ဘဲ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဒီလိုနဲ့ အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်သိန်းက မျက်တောင်တစ်ခတ်ပါပဲ။ မင်လင်းမယ်တော်ကို အခုထိ ကျွန်ပြုလို့ မပြီးသေးပေမဲ့ မင်လင်းမယ်တော်ဟာ သတိမေ့သွားပြီး ကျောက်ရုပ်တစ်ရုပ်လို တရားထိုင်နေပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ကောင်းဝင်သွားပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ တစ်ချိန်လုံးနီးပါး ကျင့်ကြံအားထုတ်နေခဲ့တဲ့အတွက် သူ့ကျင့်ကြံမှုက ပုံမှန် တိုးတက်လာခဲ့ပါတယ်။ တာအိုဖန်တီးရှင်အဆင့်နဲ့ အလှမ်းဝေးနေသေးပေမဲ့ စွမ်းအားပိုကြီးလာနေရင် အဆင်ပြေပါတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်ပြီးနောက် ပဋိပက္ခမှာ အချိန်အတိုင်းအတာ တစ်ခုအထိ သူ့ကို ပြဿနာရှာမဲ့လူ ရှိမှာ မဟုတ်ပါဘူး။
လက်ရှိ ဟန်ကျွယ်က ပဋိပက္ခရဲ့ ထိပ်ဆုံးမှာ ရပ်နေပြီး အပြတ်အသတ် သာလွန်တဲ့ စွမ်းအား ရှိနေပါတယ်။ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ခေတ်တွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ရှေးကျတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလွဲရင် ပဋိပက္ခထဲမှာ ဘယ်သူကများ သူ့ကို ပြဿနာရှာရဲမှာလဲ။
ဒီလိုဆိုပေမဲ့လည်း ဟန်ကျွယ်ဟာ သတိလက်လွတ် မနေရဲပါဘူး။ ဥပမာပေးရရင် နဝမပဋိပက္ခက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း ဖိနှိပ်ပြီး ပဋိပက္ခရဲ့ သက်ရှိအားလုံးကို လက်တစ်ချက် ဝှေ့ယမ်းပြီး အသက်ပြန်ရှင်အောင် လုပ်နိုင်ပါတယ်။ သူ့ရှေ့မှာ ဟန်ကျွယ်က ပုရွက်ဆိတ်တစ်ကောင်နဲ့ ခြားမှာ မဟုတ်ပါဘူး။
တာအိုဖန်တီးရှင်က တစ်ပါးတည်း မဟုတ်ပါဘူး။ ငါးပါးတောင် ရှိနေတာပါ။
ဟန်ကျွယ်ဟာ သူနဲ့ နဝမပဋိပက္ခရဲ့ အခြေအနေကို ကြည့်ပြီး ကျန်တဲ့ တာအိုဖန်တီးရှင် လေးပါးမှာလည်း သူတို့ကိုယ်ပိုင် ကမ္ဘာတွေ ရှိနေလိမ့်မယ်လို့ တထစ်ချနီးပါး သံသယဝင်သွားပါတယ်။ ပဋိပက္ခလို ကျယ်ပြောပြီး နယ်နိမိတ်တွေ ရှိနေတဲ့အတွက် ပဋိပက္ခနဲ့ အဆက်အဆံ သိပ်မရှိတာ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဒါက ဟန်ကျွယ်ရဲ့ ခန့်မှန်းချက် သက်သက်ပါ။ ဘာပဲဖြစ်ဖြစ် ပဋိပက္ခက အစွမ်းအထက်ဆုံး ကမ္ဘာပါ။ နဝမပဋိပက္ခက အစွမ်းအထက်ဆုံး မဟုတ်ပါလား။
နဝမပဋိပက္ခရဲ့ တန်ဖိုးက သက်တမ်း ၁၀၀ ကွာဒလီယံရှိပြိး ကျန်တဲ့ တာအိုဖန်တီးရှင်တွေက ၁ ကွာဒလီယံပဲ ရှိပါတယ်။ ဘယ်လောက် ကွာခြားတယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၀၉၈၂၃၂၁
[သင့်တပည့် တာအိုအရှင်သခင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၃၁၁၀၇၂၀
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သာလွန်တည်ရှိမှုတစ်ခု၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နတ်အခွင့်အာဏာ နယ်မြေသို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
[သင့်သား ဟန်ဟွမ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဝေ့လန်ရှန်မိသည် ပဋိပက္ခ အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်။]
[သင့်မျိုးဆက် ဟန်ယွီသည် ကောင်းကင်တာအို အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ပြီး မဟာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို တတ်မြောက်သွား၏။]
[သင့်သား ဟန်ထော်သည် သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်း၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ငြိမ်းချမ်းရေးက တကယ်ကို ကောင်းပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေထဲမှာ သူ့မိတ်ဆွေတွေ အခွင့်အရေး အမျိုးမျိုးရတာကို ကြည့်ပြီး သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ် အမြင်မှာ တိုက်ခိုက်တာက မဖြစ်မနေမလို့ တိုက်ခိုက်တာကလွဲရင် ကျန်တဲ့ တိုက်ခိုက်မှုတွေက အပိုအလုပ်ပါ။
ဟန်ကျွယ်ဟာ ပဋိပက္ခ အစည်းအဝေးကို မျှော်လင့်မိလိုက်ပါတယ်။ ဒီပွဲက အလှည့်အပြောင်း အများကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဟန်ကျွယ်ဟာ ဒီပွဲကို မဖြစ်မနေ ကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။
နှစ်တစ်သောင်း ကြာပြီးနောက်။
မင်လင်းမယ်တော်ကို အောင်မြင်စွာ ကျွန်ပြုနိုင်သွားပြီး ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ဆီကနေ အမြင့်ဆုံး မျက်နှာသာပေးမှု ရရှိလိုက်ပါတယ်။ မင်လင်းမယ်တော်ကို ညွှန်ကြားစရာ ရှိတာ ညွှန်ကြားပြီးတာနဲ့ ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ ဂူအောင်းကျင့်ကြံမှု စက်ဝန်းက မပြောင်းလဲပါဘူး။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်သိန်းကြာအောင် ကျင့်ကြံအားထုတ်ပြီးမှ ဂူအောင်းကျင့်ကြံမှုကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေထဲမှာ ဟန်ကျွယ်က မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အပြုံးနဲ့ အကြံပေးပါတယ် “အရှင်မင်းကြီး... ဟွမ်အာလည်း မငယ်တော့ဘူး၊ သူ့အတွက် လက်ထပ်ပွဲ စီစဉ်ပေးချင်လား၊ ကျွန်တော်တို့နှစ်ယောက် ခမည်းခမက် တော်တာ ကောင်းတဲ့ကိစ္စပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်မှာ သားပေါင်း မရေမတွက်နိုင်အောင် ရှိတဲ့အတွက် သမီးကလည်း ရှားမှာ မဟုတ်ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်း အပြုံးနဲ့ ပြန်ပြောပါတယ် “ငါလည်း မင်းလိုပဲ တွေးထားတယ်၊ ဒါဆို ငါ အလှဆုံးသမီးကို ရွေးပြီး ဟွမ်အာနဲ့ လက်ထပ်ပေးမယ်၊ ဒါပေမဲ့ ဟွမ်အာက မိန်းမတွေကို မကြိုက်ဘူး၊ သူနဲ့ နီးစပ်တဲ့ မိန်းမဆိုလို့ ချင်းအာပဲ ရှိတယ်”
“ကျွန်တော်ရဲ့ သွေးစည်းကို ပွားများဖို့လိုတယ်လို့ သူ့ကို ပြောလိုက်”
“ကောင်းပြီလေ... ဟားဟား...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အားပါးတရ ရယ်မောလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ရဲ့ သွေးစည်းကို လိုချင်နေတာ ကြာပါပြီ။ ဟန်ဟွမ်ရဲ့ သွေးစည်းကို ကောင်းကင်ရုံးတော်ထဲမှာ ဖြန့်ကြက်နိုင်ရင် ဒါက ကောင်းတဲ့ကိစ္စပါ။
အိပ်မက် အဆုံးသတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို တတိယ တာအိုစက်ကွင်းထဲ ခေါ်ယူလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အချိန်တစ်ခုကြာအောင် ကြိုးစားစပ်ယှက်ပြီးတဲ့နောက် ရွှမ်ချင်းကျွင်းမှာ ကိုယ်ဝန်ရသွားပါတယ်။
ဟန်ကျွယ်ဟာ နိယာမတချို့ရဲ့ ဖိအားကြောင့် သူ့သွေးစည်းဟာ ရွှမ်ချင်းကျွင်းရဲ့ ခန္ဓာကိုယ်ထဲ အပြည့်အစုံ မဝင်နိုင်တာကို ခံစားမိပါတယ်။ ဒါ့အပြင် ရွှမ်ချင်းကျွင်းက သူ့သွေးစည်းဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ဒီသန္ဓေသားရဲ့ အရည်အချင်းက အများဆုံး ဟန်ထော်နဲ့ပဲ ယှဉ်လို့ရမှာပါ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းအတွက် တာအိုဘုံကျောင်း တစ်ကျောင်းကို သူ့တာအိုဘုံကျောင်းဘေးမှာ ဖန်ဆင်းပေးလိုက်ပါတယ်။ ရွှမ်ချင်းကျွင်း အခြေကျသွားတဲ့အခါ ဟန်ကျွယ်ဟာ ဟန်ယွီကို အိပ်မက်ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီကို သူ့ဘေးနားမှာရှိတဲ့ မိန်းမနဲ့ မြန်မြန် လက်ထပ်ဖို့ အကြံပေးလိုက်ပါတယ်။ ဒီအကြံပေးစကားက ဟန်ယွီကို အတော်လေး ရှက်သွားစေပေမဲ့ ဟန်ယွီဟာ ဟန်ကျွယ်စကားကို မငြင်းရဲတာကြောင့် လက်ခံလိုက်ပါတယ်။
ကိစ္စတွေ အကုန်လုံး ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အခုထိ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို အသုံးမပြုရသေးပါဘူး။ တကယ်တော့ ဟန်ကျွယ်ဟာ ဒီဟာကို တန်းသုံးလို့ရပါတယ်။ ဒီလိုတန်းသုံးလိုက်ရင် ဟန်ကျွယ်ရဲ့ လက်ရှိကလေးက မဟာဖန်တီးမှုကို ရသွားဖို့ အခွင့်အရေး တော်တော်လေး များပါတယ်။ ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဒီမဟာဖန်တီးမှုကို ဟန်ထော်နဲ့ ဟန်ချင်းအာ ရသွားရင် ဟန်ဟွမ်က ဘယ်လိုတွေးမလဲ။ တကယ်လို့ ဟန်ဟွမ် ရသွားရင်ရော ဘာတွေ ဖြစ်လာမလဲ။
ဟန်ဟွမ်က ဒီမဟာဖန်တီးမှုကို ရသွားရင် ကျိန်းသေပေါက် ပဋိပက္ခကို တော်လှန်မှာပါ။ ဟန်ကျွယ်ဟာ ပြီးခဲ့တဲ့ တွက်ချက်မှုတွေကနေ သိခဲ့ရတဲ့ ဟန်ဟွမ် ဖန်တီးမဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတုန်းပါ။ ဟန်ဟွမ်ကို ကောင်းကောင်း မထိန်းသိမ်းရင် သေချာပေါက် ကပ်ဘေး အကြီးကြီး တစ်ခုကို ဖြစ်စေမှာပါ။
ဒါ့အပြင် ဟန်ကျွယ်ဟာ သူ့သွေးစည်းကို မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းစေချင်ပါတယ်။ ဝါကြီးလေ အရည်အချင်း ထက်မြက်လေ အဖြစ်မျိုး မဖြစ်စေချင်ပါဘူး။ ဒီလိုဆိုရင် အနာဂတ်မှာ သူ့မျိုးဆက်က ပျက်သုဉ်းမှုဆီပဲ ဦးတည်မှာပါ။
ဒါ့အပြင် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက တစ်ခါမက သုံးလို့ရပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကံကောင်းပြီး ရွေးချယ်ခံရမယ်ဆိုရင် ဒါက ကံကြမ္မာပါ။
တစ်နှစ်ကြာတဲ့အခါမှာတော့ ရွှမ်ချင်းကျွင်း မီးဖွားပါတယ်။ ဒီကလေးက ယောက်ျားလေး မဟုတ်ဘဲ မိန်းကလေးပါ။ ဟန်ကျွယ်ဟာ သူ့ရဲ့ ဒုတိယမြောက် သမီးကို ဟန်လင်လို့ နာမည်ပေးလိုက်ပါတယ်။
ဟန်ချင်းအာကို ဆက်ဆံခဲ့သလိုမျိုးပဲ၊ ဟန်ကျွယ်ဟာ အချိန်ယူပြီး ဟန်လင် ကြီးပြင်းလာတဲ့အထိ အဖော်ပြုပေးပါတယ်။ ဟန်လင်ဟာ ဟန်ချင်းအာလိုမျိုး ပျော်ပျော်ရွှင်ရွှင် မရှိပါဘူး။ မျက်နှာကြီးတည်ပြီး တစ်နှစ်လုံးနေမှ စကားတစ်လုံးနှစ်လုံးပဲ ပြောပါတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်လင် ကြီးပြင်းလာတဲ့အခါ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ကတော့ ဟန်လင်ကို သူ့တာအိုဘုံကျောင်းထဲမှာ နေခိုင်းပြီး သူ့ဘေးမှာ ကျင့်ကြံအားထုတ်စေပါတယ်။ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်း ဟန်လင်ကို သိပ်မကြိုက်တာ ခံစားမိပါတယ်။ ရွှမ်ချင်းကျွင်းက သမီးထက် သားတစ်ယောက်ကို မျှော်လင့်တောင့်တနေတာပါ။
ဟန်ကျွယ်ဟာ သူ့ဒုတိယမြောက် သမီးငယ် ကျင့်ကြံတဲ့ အခြေအနေထဲ ဝင်ရောက်သွားတဲ့အခါ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပါတယ်။
[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသုံးပြုလိုက်ပါပြီ။ သင့်ကလေးများထဲ၌ ကျပန်း မဟာဖန်တီးမှု ပေါ်လာလိမ့်မည်။]
[သင့်သမီး ဟန်လင်သည် မွေးရာပါ မဟာဖန်တီးမှု လောကဦးဧကရာဇ်ကြယ် နိုးထသွား၏။]
[လောကဦး ဧကရာဇ်ကြယ်: ဧကရာဇ်အဖြစ် မွေးဖွားလာပြီး နိယာမများ၏ သက်ရောက်မှု မခံရ။ ဧကရာဇ်ချီသည် ဝိညာဉ်အား နွေးထွေးစေပြီး သုံးသပ်နားလည်နိုင်စွမ်းမှာ ပြိုင်ဘက်ကင်း၏။ ဖန်တီးမှုစွမ်းအားကို သုံးပြီး ဧကရာဇ်တပ်မအား ပျိုးထောင်နိုင်၏။]
ဒီစာကြောင်းတွေ ပေါ်လာတာနဲ့ ဟန်ကျွယ် ဘေးနားမှာရှိနေတဲ့ ဟန်လင်ဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ထူးဆန်းတဲ့ ခရမ်းရောင်ချီဟာ ဟန်လင်ရဲ့ ခန္ဓာကိုယ် ပတ်လည်မှာ ပေါ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခအထက်က မဟာတာအိုသုံးထောင်ဟာ အထွတ်အထိပ် တည်ရှိမှု ပေါ်ပေါက်လာတာကို ကြိုဆိုသလိုမျိုး တုန်ခါသွားကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။