← Chapters

ဧကရာဇ်စစ်သား တစ်သောင်း

Vol. 92 Ch. 970

ဧကရာဇ်စစ်သား တစ်သောင်း

Vol. 92 Ch. 970

‘လောကဦး ဧကရာဇ်ကြယ်...’ ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ်။ ဒီဟာက နည်းနည်း အထင်ကြီးဖို့ကောင်းတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ အချက်အလက်ကို သေချာ စစ်ဆေးကြည့်လိုက်တဲ့အခါ လောကဦး ဧကရာဇ်ကြယ်က မဟာဖန်တီးမှုသာ ဖြစ်ပြီး သွေးစည်းမဟုတ်တာကို တွေ့လိုက်ရပါတယ်။ ဒါက လောကဦး ကံကြမ္မာတွေထဲက တစ်ပါး ဖြစ်ပါတယ်။

ကြည့်ရသလောက်တော့ လောကဦးခေတ်မှာ လောကဦးနတ်ဘီလူးက တစ်ပါးတည်း ရှိခဲ့ပေမဲ့ တခြား လောကဦးသက်ရှိတွေလည်း ရှိခဲ့ပုံပါပဲ။ မဟုတ်ရင် ပဋိပက္ခကိုးပါး မွေးဖွားလာခဲ့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသမီးကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မိန်းကလေး တစ်ယောက်က ဧကရာဇ် မဟာဖန်တီးမှုကို ရရှိလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။ မမျှော်လင့်ထားခဲ့ပါဘူး။

ဟန်လင်က ချုပ်နှောင်ခံထားရသလိုမျိုး စကားပြောတာ မကြိုက်တဲ့အတွက် ဟန်ကျွယ်ဟာ သူမကို အချစ်ပိုခဲ့ပါတယ်။ အခု ပြန်တွေးကြည့်တော့ ဟန်ကျွယ် ဒီလိုအချစ်ပိုခဲ့တာ မှန်သွားပါတယ်။ ဟန်ကျွယ်သာ ဟန်လင်ကို လျစ်လျူရှုခဲ့ရင် ဟန်လင်က ဒီမဟာဖန်တီးမှုကို ရပြီးတဲ့နောက်ပိုင်း လမ်းမှား ရောက်သွားနိုင်ပါတယ်။

ဧကရာဇ်တစ်ပါး ခေါင်းမာဖို့က အရမ်း လွယ်ကူလွန်းပါတယ်။

တတိယ တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီဟာ ဟန်လင်ရဲ့ ခန္ဓာကိုယ်ထဲကို စပြီးတော့ တိုးဝင်ပါတယ်။ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားတဲ့ ဟန်လင်က တစ်မူထူးခြားတဲ့ ဟန်ပန်အမူအရာ ရှိနေပါတယ်။ ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို အမွေဆက်ခံရရှိခဲ့တာကြောင့် သူမတူအောင် လှပလှပါတယ်။ ဟန်လင်ရဲ့ မျက်နှာက အေးစက်နေပြီး ခရမ်းရောင်ရောင်ဝါက သူမကို ဝန်းရံထားပါတယ်။ သူမရဲ့ မျက်ခုံးကြားမှာလည်း ခရမ်းရောင် သင်္ကေတစ်ခု ဖြစ်တည်လာပါတယ်။

နှစ်လေးငါးဆယ်ကြာမှပဲ ဟန်လင်ဟာ နိုးထလာပါတယ်။ ဟန်လင်ရဲ့ ကျင့်ကြံမှုဟာ ဒီနှစ်အနည်းငယ် အတွင်းမှာ ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိသွားပြီး ဧကရာဇ်အဆင့် ရောက်ရှိဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုပါတော့တယ်။

ဟန်လင်ဟာ မျက်လုံးဖွင့်လိုက်ပြီးနောက် သူမခန္ဓာကိုယ်ရဲ့ ထူးခြားမှုကို ခံစားမိလိုက်ပါတယ်။ ဟန်လင်ဟာ အံ့အားလည်း သင့်သွားသလို နည်းနည်းလည်း ရင်ထိတ်သွားပါတယ်။

ဟန်လင်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး ညင်သာစွာ မေးလိုက်ပါတယ် “ဖေဖေ... သမီး တစ်ခုခု ဖြစ်သွားသလိုပဲ”

ဟန်ကျွယ်ဟာ မျက်လုံး မဖွင့်ပါဘူး “ဒါက သမီးရဲ့ အခွင့်အရေးပဲ၊ ဘာမှ မစိုးရိမ်ဘဲ သေချာခံစားကြည့်ချည်၊ ဒီနေ့ကစပြီး သမီး ဖေဖေနဲ့အတူ ဂူအောင်းကျင့်ကြံရမယ်၊ တစ်ခါဂူအောင်း ကျင့်ကြံရင် နှစ်တစ်သိန်းကြာလိမ့်မယ်”

‘နှစ်တစ်သိန်း...’ ဟန်လင်ဟာ နှလုံးလှုပ်သွားပေမဲ့ ငြင်းဆန်ခြင်းမရှိဘဲ ဆိတ်ဆိတ်နေပြီး သဘောတူလိုက်ပါတယ်။

.....

ပဋိပက္ခအထက်မှာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ စုဝေးနေကြပါတယ်။ မင်လင်းမယ်တော်၊ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဒဏ်ခတ်သမားငါးဖော်လည်း ရောက်လာကြပါတယ်။ နှစ်လေးငါးဆယ် ကြာသွားတဲ့အခါမှာတော့ မဟာတာအိုသုံးထောင်ဟာ ငြိမ်ကျသွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ မင်လင်းမယ်တော်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်လင်းမယ်တော်... ဘာတွက်ချက်မိလဲ”

မင်လင်းမယ်တော် “မွေးရာပါ မဟာဖန်တီးမှု ပေါ်ထွန်းတာ၊ ဘယ်သူလဲ ဘယ်နေရာမှာလဲ ဆိုတာတော့ ခန့်မှန်းလို့ မရဘူး”

တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။

“ဒီနှစ်တွေမှာ မဟာတာအိုပညာရှိတွေတင် ပိုပေါ်ထွက်လာတာ မဟုတ်ဘူး၊ ပါရမီရှင်တွေလည်း ပိုပို ပေါ်လာတယ်”

“ကြည့်ရတာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တစ်ပါးတည်း မဟုတ်ဘဲ ခေတ်တစ်ခေတ်ကို စတင်လိုက်တာနဲ့ တူတယ်”

“ငါတို့တွေ ငါတို့ရဲ့ နယ်မြေကို သေချာ စစ်ဆေးပြီး ဒီလိုကြီးမားတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမယ်”

“ဟုတ်တယ်”

“ကံမကောင်းချင်တော့ ဒီကလေးက ပထမဆုံး ပဋိပက္ခအစည်းအဝေးကို မမီတော့ဘူး”

ဟန်ထော်နဲ့ ယီတျန်ကလည်း အချင်းချင်း ဆွေးနွေးကြပါတယ်။

ယီတျန်ဟာ သက်ပြင်းချလိုက်ပါတယ် “နတ်ဆိုးတွေ ပိုပိုပြီး ပေါ်လာတယ်၊ မင်းညီတော့ ပြိုင်ဘက်တွေ့ပြီ”

ဟန်ဟွမ်ဟာ ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပါပြီ။ ဟန်ဟွမ်ဟာ လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာခဲ့ပြီး အခုအချိန်မှာတော့ မဟာတာအိုပညာရှိ ဖြစ်လို့နေပါပြီ။ အရည်အချင်းအကြောင်း ပြောရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိတောင် သူ့ကို မယှဉ်နိုင်ပါဘူး။

ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “ဒါက ကောင်းတဲ့ကိစ္စပဲ၊ ပြိုင်ဆိုင်မှုရှိမှ ငါတို့တွေ လျော့တိလျော့ရဲ မနေရဲမှာ”

ယီတျန်ဟာ ပြုံးလိုက်ပါတယ် “အရင်တစ်ခေါက် မိန်းမကရော ဘယ်လိုလဲ၊ မင်း သူ့ကို တကယ်ပဲ မကြိုက်ဘူးလား”

တခြားဒဏ်ခတ်သုံးဖော်ရဲ့ မျက်နှာမှာ ပြုံးယောင်သမ်းသွားကြပါတယ်။

ဟန်ထော်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ အချစ်ရှာဖို့ စိတ်မရှိသေးဘူး၊ ဒီကိစ္စကို ထပ်မပြောတော့နဲ့၊ အဖေ့ကိုတော့ နောက်မှ တောင်းပန်လိုက်မယ်”

တခြားတစ်ဖက်မှာတော့...။

အန္တိမဒဏ်ခတ်နတ်မင်းဟာ စကားတစ်လုံးနှစ်လုံး ပြောပြီး ပျောက်ကွယ်သွားပါတယ်။ မင်လင်းမယ်တော်လည်း ထွက်ခွာသွားပါတယ်။

မဟာတာအိုသုံးထောင် ပြန်တည်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ဒီနေရာမှာ ဆက်နေစရာအကြောင်း မရှိတေ့ပါဘူး။ ဒါပေမဲ့ ဒီသတင်းက ပဋိပက္ခထဲမှာ တောမီးလို ပျံ့နှံ့သွားပြီး စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းလိုလို ဟန်ဟွမ်ထက် မနိမ့်ကျတဲ့ ပါရမီရှင်တစ်ပါး ပဋိပက္ခမှာ ပေါ်ထွန်းလာတော့မယ်ဆိုတာကို သိသွားကြပါတယ်။

ဒီသတင်းက ကောင်းကင်ရုံးတော်ဆီတောင် ရောက်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ဆီသွားပြီး ဒီသတင်းကို ကိုယ်တိုင် ပြောပြလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ဒီသတင်းကို ကြားလိုက်ရတဲ့အခါ အထင်သေးတဲ့ လေသံနဲ့ “ဘယ်သူမှ ကျွန်တော်ကို မယှဉ်နိုင်ဘူး၊ အဲဒီကောင် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို ကျွန်တော် ကြည့်ချင်သေးတယ်၊ သူ ကြီးလာရင် ကျွန်တော် သူနဲ့ လက်ရည်စမ်းမယ်”

ဟန်ဟွမ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာမလို့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ထက် အားကောင်းတဲ့ ရောင်ဝါ ရှိပါတယ်။ ဟန်ဟွမ်ဟာ အရင်လိုမျိုး မစဉ်းစား မဆင်ခြင်ဘဲ လျှောက်လုပ်တတ်တဲ့ ကောင်လေး မဟုတ်တော့ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ရဲ့ စရိုက်ကို သိတာမလို့ ပေါ်ထွက်ခါစ ပါရမီရှင်အတွက် ကြားထဲကနေ ကရုဏာသက်သွားပါတယ် “မင်းအဖေက ငါ့ကို မင်းအတွက် လက်ထပ်ပွဲ စီစဉ်ခိုင်းထားတယ်၊ ငါ့လက်အောက်က မင်းသမီးကျို့လုံဆို ဘယ်လိုလဲ၊ သူ့မှာ ငါ့သွေးစည်းရှိပြီး မဟာတာအိုပညာရှိကိုလည်း ဆရာတင်ထားတယ်၊ အရည်အချင်းကလည်း မဆိုးဘူး၊ လောကဦးပဋိပက္ခအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး၊ ရုပ်ရည်ကို ကြည့်ရင်လည်း ကောင်းကင်ရုံးတော်က မင်းသမီးတွေထဲမှာ ထိပ်တန်းပဲ”

ဟန်ဟွမ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် စကားကို ကြားပြီး မျက်မှောင်ကြုတ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “မင်းလည်း အရွယ်ရောက်လာပြီ၊ ဟန်မိသားစု သွေးစည်းကို တိုးပွားအောင် လုပ်သင့်တယ်၊ ဒါက မင်းအဖေရဲ့ စကားပဲ၊ မင်းအစ်ကိုက သူ့ဇနီးကို ဆုံးရှုံးပြီးကတည်းက နောက်ထပ် လက်မထပ်သေးဘူး၊ မင်း မိန်းမမယူရင် ဟန်မိသားစုမှာ မျိုးဆက်ရှိမှာ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ ခေါင်းခါလိုက်ပါတယ် “အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ မင်းသမီးကျို့လုံက ကောင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ဘဝမှာ မိန်းမမလိုဘူး၊ ကျွန်တော် ဘာနည်းချက်မှ မရှိချင်ဘူး”

ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ ခိုင်မာ ပြတ်သားသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ “မင်း အားနည်းချက် မရှိချင်ဘူးဆိုရင်တောင် မိန်းမတော့ ယူရမယ်လေ၊ ဟုတ်တယ်မလား... ဒါက လူသား သဘာဝပဲ”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မဟုတ်ဘူး အရှင်မင်းကြီး... ရိုးရိုးသားသား ပြောရရင် ကျွန်တော့် မျက်လုံးထဲမှာ မိန်းမက သိပ်ပြီးတော့ ဆွဲဆောင်မှုရှိတာ မဟုတ်ဘူး၊ သက်ရှိအားလုံးက ကျွန်တော် မျက်လုံးထဲမှာ ခပ်နိမ့်နိမ့်အဆင့်ပဲ ရှိတယ်၊ သူတို့နဲ့ စကားပြောရတာနဲ့တင် နေလို့ထိုင်လို့ မကောင်းတာ၊ အဲဒီလိုမျိုး အတူနေပြီး ဆက်ဆံဖို့က...”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်တက်သွားပါတယ်။

ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်ကာ အပြုံးနဲ့ “အရှင်မင်းကြီး... ကျွန်တော် ကောင်းကင်ရုံးတော် သိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ ကမ္ဘာကို သိမ်းပိုက်ပေးမယ်၊ အရှင်မင်းကြီး စောင့်နေပါ”

စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ ရွှေရောင်သက်တန့်အသွင် ပြောင်းလဲပြီး နန်း‌တော်ထဲက လျင်မြန်စွာ ထွက်ခွာသွားတဲ့အတွက် မျက်တောင်တစ်ခတ်အတွင်း မြင်ကွင်းထဲက ပျောက်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်‌မှောင်ကြုတ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ဒီကောင်လေး တစ်ခုခု ဖြစ်ထားလို့လား”

‘မဖြစ်သေးဘူး... ငါ နည်းလမ်းရှာမှ ဖြစ်မယ်’

ဟန်ဟွမ်ရဲ့ စရိုက်သာ တလွဲတချော် ဖြစ်သွားရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို မျက်နှာချင်းဆိုင်နိုင်တော့မှာ မဟုတ်ပါဘူး။

.....

နှစ်တစ်သိန်းကြာပြီးနောက်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဘေးနားက ဟန်လင်ကို ကြည့်လိုက်ပါတယ်။ သားအဖ နှစ်ယောက်စလုံးက နှစ်တစ်သိန်းလုံး စကားတစ်ခွန်းမှ မပြောပါဘူး။ ဟန်ချင်းအာသာဆိုရင် ရူးသွားတာ ကြာပါပြီ။ ဟန်လင်မလို့ ဒီလောက်ထိ စိတ်ရှည်လက်ရှည် ကျင့်ကြံနိုင်တာပါ။

ဟန်လင်က ၁၈ နှစ်ပြည့်ရုံနဲ့ နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံတာပါ။ ဒီလိုမျိုး ဘယ်သူက လိုက်လုပ်နိုင်မှာလဲ။

ဟန်ကျွယ်ဟာ ဟန်လင်ကို အတော်လေး ကျေနပ်အားရသွားပါတယ်။ ကျင့်ကြံတဲ့နေရာမှာ သူ့ခြေရာကို လိုက်နိုင်တယ် မဟုတ်ပါလား။

ဟန်လင်ဟာ လောကဦး ဧကရာဇ်ကြယ် အကူအညီနဲ့ လောကဦးပဋိပက္ခအဆင့်ကို ရောက်ရှိသွားပါပြီ။ ဟန်လင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်က စိုက်ကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် ပျော်သွားပါတယ်။

“ဖေဖေ...” ဟန်လင်က ညင်သာစွာ ခေါ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ ဆံပင်ရှည်တွေကို ပွတ်သပ်ပေးပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မဆိုးဘူး... ဖေဖေ အားရတယ်”

ဟန်လင်ဟာ ဝမ်းသာသွားပြီး လက်မြှောက်ကာ ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ သူမဘေးမှာ ခရမ်းရောင် ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။

“ဖေဖေ... သမီး အဆင့်လေးတစ်ဆင့် တက်တိုင်း ဒီလိုမျိုး ဧကရာဇ်စစ်သား သမီးဝိညာဉ်ထဲမှာ ပေါ်လာတယ်၊ ဒီဧကရာဇ်စစ်သားရဲ့ အစွမ်းက သမီးနဲ့ အတူတူပဲ၊ အခု သမီးရဲ့ ဝိညာဉ်နက်ထဲမှာ ဧကရာဇ်စစ်သား တစ်သောင်းရှိနေပြီ”

ဟန်လင်ရဲ့ အသံက နူးညံ့ပေပေမဲ့ ပျော်ရွှင်မှုကိုတော့ မဖုံးကွယ်နိုင်ပါဘူး။

‘ဧကရာဇ်စစ်သား တစ်သောင်း...’ ဟန်ကျွယ်ဟာ လန့်သွားပါတယ် ‘လောကဦး ဧကရာဇ်ကြယ်က ဒီလောက်ထိတောင် ကြောက်ဖို့ကောင်းတာလား...’

ဟန်ကျွယ်ဟာ ဧကရာဇ်စစ်သားတွေကို သေချာ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီဧကရာဇ်စစ်သားတွေက တာအိုပညာရှိစွမ်းအား ရှိနေပေမဲ့ အဆုံးမဲ့ဓမ္မစွမ်းအား မရှိဘဲ တာအိုပညာရှိလိုမျိုး ဖျက်ဆီးနိုင်တဲ့ စွမ်းအားသာ ရှိတာကို တွေ့လိုက်ရပါတယ်။

ဒီလိုဆိုရင်တောင် ဒီဧကရာဇ်စစ်သားတွေက ကြေက်ဖို့ကောင်းနေတုန်းပါ။ မိုးကောင်းကင်ပါရမီရှင် ဖန်တီးမှုက တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။

“သမီး... ဒီဧကရာဇ်စစ်တပ်ကို သေချာ ဝှက်ထား၊ လုံးဝ လိုအပ်မှ ထုတ်သုံးချည်၊ ကုန်ကုန်ပြောရရင် တခြားလူတွေကို လုံးဝ မပြနဲ့၊ သမီး ဒီဧကရာဇ်စစ်တပ်ကို ထုတ်သုံးရင် ရန်သူကို ဘယ်တော့မှ အရှင်မထားနဲ့”

‘သတ်ရမယ်...’ ဟန်လင်ဟာ မှင်တက်သွားပါတယ်။ ဟန်လင်ဟာ အပြင်လူတွေကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် သတ်ချင်စိတ်လည်း လုံးဝ မရှိပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “သွားကြမယ်... ဖေဖေ သမီးကို အပြင်ခေါ်သွားပြီး အတွေ့အကြုံရအောင် လုပ်ပေးမယ်၊ ဒါမှ နောက်ကျလို့ သမီး ပဋိပက္ခထဲမှာ လျှောက်သွားရင် ဒုက္ခမရောက်မှာ”

ဟန်လင်လည်း မတ်တတ်ရပ်လိုက်ပါတယ် “သမီး ဖေဖေဘေးမှာ အမြဲတမ်း ကျင့်ကြံအားထုတ်ချင်တယ်၊ ပဋိပက္ခထဲမှာ လျှောက်မသွားချင်ဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters