← Chapters

ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင်

Vol. 93 Ch. 971

ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင်

Vol. 93 Ch. 971

“တကယ်လား... သမီး အပြင်လောကကို ကြည့်ပြီးတဲ့အထိ စောင့်ပါဦး” ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ စကားကို အတည်မယူဘဲ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဟန်လင်ကို ပင်မတာအိုစက်ကွင်းဆီ ခေါ်သွားကာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ လည်ပတ်စေပါတယ်။ ဟန်လင်ဟာ နှစ်နာရီ မပြည့်ခင်မှာပဲ ပြန်လာပြီး လည်စရာမရှိတော့ဘူးလို့ ဟန်ကျွယ်ကို ပြောလာပါတယ်။

အဲဒါကြောင့် ဟန်ကျွယ်လည်း ဟန်လင်ကို ဒုတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပြီး တပည့်ရင်းတွေနဲ့ တွေ့ဆုံစေပါတယ်။ လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ဟန်လင်ကို တွေ့လိုက်ရတဲ့အတွက် တော်တော်လေး အံ့အားသင့်သွားကြပြီး ဘေးကနေ မခွာနိုင်အောင် ဖြစ်သွားကြပါတယ်။

ဟန်ကျွယ်ဟာ တခြား နတ်ဘီလူးတွေကို အသိပေးလိုက်တဲ့အတွက် နတ်ဘီလူးတွေဟာ တာအိုဘုံကျောင်းရှေ့ကို အသက်ရှူကြိမ် သုံးကြိမ် မပြည့်ခင်မှာပဲ ရောက်လာကြပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်ကို တပည့်ရင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။

“ဒါက ဆရာသခင်ရဲ့ လေးယောက်မြောက်သမီးထင်တယ်၊ ဟုတ်တယ်မလား”

“မင်္ဂလာပါ... ပညာသင်ညီမ လင်အာ”

“ကျွန်တော် ဆရာဦးလေးလို့ ခေါ်ရမလား၊ ဆရာဒေါ်လေးလို့ ခေါ်ရမှာလား”

“ဟားဟား... အချောလေးပဲ၊ သခင်ရဲ့ သမီးလို့ မပြောရဘူး”

“သူက အသက်ဘယ်လောက်ရှိသွားပြီလဲ၊ ဘာဖြစ်လို့ တာအိုပညာရှိ ဖြစ်နေတာလဲ”

“ဟန်ဟွမ်ကို စဉ်းစားကြည့်လေ... ဒါက ဘာမှ အံ့ဩစရာ မဟုတ်ဘူး”

ဟန်လင်ဟာ တပည့်ဒါဇင်ကျော်ရဲ့ အကြည့်စူးစူးတွေကို ရင်ဆိုင်ရပေမဲ့ ကြောက်ရွံ့ခြင်းမရှိဘဲ သူမက အရင် မိတ်ဆက်ပါတယ်။

နတ်ဘီလူးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်တာအိုကို ရှာတွေ့သွားကြပြီမလို့ ဟန်ကျွယ် တာအိုဟောကြားပေးစရာ မလိုတော့ပါဘူး။ ဟန်ကျွယ် ဒီတစ်ခါလာတာက ဟန်လင်အကြောင်း သတင်းလာပေးတာပါ။ ဒီသတင်းက သူတို့ကနေတစ်ဆင့် ပဋိပက္ခထဲမှာ လျှောက်သွားနေတဲ့ တပည့်တွေဆီကို မကြာခင်အတွင်းမှာ ပျံ့နှံ့သွားမှာပါ။

အဲဒီနေ့မှာပဲ ဟန်ကျွယ်နဲ့ ဟန်လင်ဟာ ဒုတိယ တာအိုစက်ကွင်းကနေ ထွက်ခွာခဲ့ပါတယ်။ တပည့်တွေလည်း လူစုခွဲပြီး ဆက်ကျင့်ကြံ အားထုတ်ကြပါတယ်။

တာအိုဘုံကျောင်းအတွင်း။

ဝူတောက်ကျန့်ဟာ လီယောင်နားကပ်ပြီး ပြောလိုက်ပါတယ် “ညီမလီယောင်... ညီမ အခွင့်အရေးကို ဖမ်းဆုပ်ဖို့ လိုတယ်၊ သခင်က ဒီကို လာခဲ့တယ်၊ သခင်လာတဲ့အချိန် သားတစ်ယောက် သမီးတစ်ယောက် ရအောင် ကြိုးစားကြရအောင်”

လီယောင်ဟာ မျက်ခုံးပင့်တက်သွားပြီး ဒေါသတကြီး ပြန်မေးပါတယ် “နင့်ကို ဘယ်သူက အဲဒါ သင်ပေးတာလဲ”

“ဟီးဟီး... ငရဲကြက်နက်လေ၊ ငါ သူကို အကြံပေးခန့်ထားတယ်၊ ခုနက လင်အာပါပါလို့ ငါ ဘာမှ မလုပ်တာ၊ နောက်တစ်ခါ သခင်တစ်ယောက်တည်းလာရင် သခင်နဲ့ ကလေးရအောင် သေချာပေါက် ကြိုးစားမှာ”

လီယောင်ဟာ အတွေးနက်သွားပါတယ်။ တကယ်လည်း ဟန်ကျွယ်က ဒုတိယ တာအိုစက်ကွင်းဆီ အလာနည်းပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးတွေက မပြောင်းလဲဘူးဆိုပေမဲ့ ခံစားချက်တွေက ပျိုးထောင်ဖို့ လိုအပ်ပါတယ်။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းထဲက ထွက်ခွာပြီးနောက် ဟန်လင်နဲ့ ပဋိပက္ခကို ခရီးနှင်ပါတယ်။ ဟန်ကျွယ်ဟာ သူနဲ့ ဟန်လင်ရဲ့ ဝိညာဉ် အပိုင်းအစတွေကို တတိယ တာအိုစက်ကွင်းထဲမှာ ချန်ထားခဲ့တာမလို့ အချိန်မရွေး အသက်ပြန်ရှင်သန်နိုင်စွမ်း ရှိပါတယ်။

အခုအချိန်မှာ အေးချမ်းနေပေမဲ့ ဟန်ကျွယ်ဟာ သတိလက်လွတ် မနေရဲပါဘူး။ တကယ်လို့ တာအိုဖန်တီးရှင် တစ်ပါးပါးက ရုတ်တရက် အရူးထပြီး သူ့ကို ဒုက္ခပေးချင်တယ်ဆိုရင် ပြဿနာ အကြီးကြီး တက်မှာပါ။ ကျင့်ကြံမှု မြင့်မားလေလေ သတိပိုကြီးဖို့ လိုလေလေပါပဲ။ လုံးဝ ပြိုင်ဘက်ကင်းနေရင်တော့ တစ်မျိုးပေါ့။

သားအဖနှစ်ယောက်ဟာ ခရမ်းရောင် တိမ်တိုက်ပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ ဟန်ကျွယ်ဟာ ဟန်လင်ကို ပဋိပက္ခအကြောင်း ရှင်းပြပါတယ်။ ဟန်လင်ဟာ တိတ်တဆိတ် နားထောင်ပြီး အတွေးများသွားပါတယ်။

ဟန်ကျွယ် သူ့အတွေ့အကြုံတွေကို ပြောပြပြီး ပဋိပက္ခရဲ့ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီး ဟန်လင်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။

သူတို့နှစ်ယောက် စီးနင်းလာတဲ့ ခရမ်းရောင် တိမ်တိုက်ဟာ ပဋိပက္ခထဲမှာ လျင်မြန်စွာ ခရီးနှင်တဲ့အတွက် သိပ်ကြာခင်မှာပဲ မဟာတာအိုမျှော်စင် နယ်မြေဆီကို ရောက်သွားပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်က သူ တာအိုကို ဘယ်လိုရယူခဲ့လဲဆိုတာ ပြောလို့ ပြီးသွားပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်ကို အသံလွှင့်ပြီး ကြိုဆိုဖို့ ပြောလိုက်ပါတယ်။ ကျိုးဖန်က သူ့တပည့်မလို့ ဟန်ကျွယ်ဟာ မဟာတာအိုမျှော်စင် နယ်မြေထဲ အတင်းဝင်ပြီး ကျိုးဖန်ကို အရှက်ရအောင် မလုပ်ချင်ပါဘူး။

မကြာခင်မှာပဲ ကျိုးဖန်ဟာ အဆင်သင့်ဖြစ်သွားပြီး ဟန်ကျွယ်ကို မျှော်စင်ထိပ်ဆုံးဆီ ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့တွေကလွဲရင် ခန်းမထဲမှာ တခြား လူနှစ်ယောက်လည်း ရှိနေပါတယ်။ တစ်ယောက်က မော့ဖူချိုဖြစ်ပြီး ကျန်တစ်ယောက်က ကျိုးဖန်နဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဆင်တူတဲ့ ဝတ်ရုံနက်ပါ။

“ဆရာသခင်...” ကျိုးဖန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

ဝတ်ရုံနက်ကလည်း ဒူးထောက်လိုက်ပါတယ်။ မော့ဖူချိုကတော့ စိတ်လေးသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီ၊ ထပါ... အစ်ကိုမော့ မတွေ့တာ ကြာပြီနောက်၊ အဆင်ပြေရဲ့လား...”

ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် မော့ဖူချိုဟာ စိတ်သက်သာရာ ရသွားပါတယ် “ပြေပါတယ်၊ မော့ဖူချိုက ငါ့ကို ညီအစ်ကိုလို ဆက်ဆံတယ်၊ ဒါပေမဲ့ ငါက အစ်ကိုမော့လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး”

ကျိုးဖန်ဟာ ဟန်လင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဒါက...”

“ဒါက ငါ့သမီး ဟန်လင်... လွန်ခဲ့တဲ့ နှစ်တစ်သိန်းက မွေးတာ၊ ငါ ဒီနေ့ သူ့ကို အပြင်ခေါ်လာတာ” ဟန်ကျွယ်ဟာ အပြုံးနဲ့ ဟန်လင်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဟန်လင်ဟာ ဦးညွှတ်လိုက်ပါတယ် “ပညာသင်အစ်ကိုကို ဂါရဝပြုပါတယ်”

ကျိုးဖန်ဟာ ပျော်သွားပါတယ် “ပညာသင်ညီမ လင်အာက အထင်ကြီးဖို့ ကောင်းသားပဲ၊ နှစ်တစ်သိန်းတည်းနဲ့ တာအိုပညာရှိ ဖြစ်နေပြီ၊ ငါ့သားထက်တောင် ပိုတော်တယ်”

ဝတ်ရုံနက်ဟာ ဟန်လင်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။

မိတ်ဆက်စကား ပြောဆိုပြီးတဲ့နောက် လူတိုင်း ထိုင်လိုက်ကြပါတယ်။

ကျိုးဖန်ဟာ သူ့မဟာတာအိုမျှော်စင်အကြောင်း စပြီးတော့ ကြွားလုံးထုတ်ပါတယ်။ ဝတ်ရုံနက်ဟာ ကျိုးဖန် ဒီလောက်ထိ စိတ်လှုပ်ရှားတာကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာဖြစ်တဲ့အတွက် ဟန်ကျွယ်တို့ အကြောင်းကို ပိုပြီးတော့ သိချင်သွားပါတယ်။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... သိပ်ပြီးတော့ စွမ်းအားကြီးပုံလည်း မပေါ်ပါဘူး...’ ဝတ်ရုံနက်ဟာ တစ်ကိုယ်တည်း တွေးတောရင်း ဟန်လင်ကို ကြည့်မိလိုက်ပါတယ်။ ဟန်လင်ကို သူ့ကို ပြန်ကြည့်တဲ့အတွက် ဝတ်ရုံနက်ဟာ လန့်သွားပြီး သူ့အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒါကို သတိထားမိပေမဲ့ သိကြောင်းလည်း မပြသလို ဂရုလည်း မစိုက်ပါဘူး။ သူတို့နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဝါချင်းကွာသလို ကျင့်ကြံမှုအဆင့်ကလည်း အများကြီး ကွာခြားပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်က ဒီအကြောင်းကိုလည်း သိပြီး သူ့သားကို စိတ်ထင်တိုင်း လျှောက်လုပ်ခွင့် မပေးဘူးလို့ ယုံကြည်ထားပါတယ်။

လက်ရှိ မဟာတာအိုမျှော်စင်က ပဋိပက္ခနယ်မြေထဲ အင်အားစုကြီးတစ်စု ဖြစ်နေပါပြီ။ မဟာတာအိုမျှော်စင်ရဲ့ လက်အောက်မှာ လက်အောက်ခံကမ္ဘာ တစ်ရာကျော်ရှိပြီး မဟာတာအိုပညာရှိ နှစ်ပါး စောင့်ကြပ်နေပါတယ်။ တစ်ပါးက ကျိုးဖန်ဖြစ်ပြီး ကျန်တစ်ပါးက ကျိုးဖန် စည်းရုံး သိမ်းသွင်းထားတဲ့ ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါ။

ဟန်ကျွယ်ဟာ တိတ်တဆိတ် နားထောင်ပြီး ဘာထင်မြင်ချက်မှ မပေးပါဘူး။

ကျိုးဖန် စကားပြောလို့ ပြီးသွားတဲ့အခါ ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “အင်း... ငါ မင်း ဘယ်လို အင်အားကြီးလာတယ်ဆိုတာကို ဂရုမစိုက်ဘူး၊ မင်း ဘယ်က လာခဲ့တယ်ဆိုတာကိုသာ မမေ့နဲ့”

“ဟီးဟီး... မမေ့ပါဘူး၊ ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့် အမြဲတမ်း ဖြစ်နေမှာပါ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အဆက်အသွယ်နဲ့ ဆရာသခင်ရဲ့ ဩဇာအာဏာကြောင့်သာ မဟုတ်ရင် ကျွန်တော်ရဲ့ ခရီးက ဒီလောက်ထိ ဘယ်လိုလုပ်ပြီး ချောမွေ့နိုင်မှာလဲ”

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မော့ဖူချိုနဲ့ ဝတ်ရုံနက်ကို ဓမ္မရတနာတစ်ပါးစီ လက်ဆောင်ပေးလိုက်ပါတယ်။

အဲဒီနေ့မှာပဲ ဟန်ကျွယ်နဲ့ ဟန်လင်ဟာ မဟာတာအိုမျှော်စင်ကနေ ထွက်ခွာခဲ့ပါတယ်။

ကျိုးဖန်တို့သုံးယောက်ဟာ မျှော်စင်ထက်မှာရပ်ပြီး ဟန်ကျွယ်တို့ ထွက်သွားတာကို ကြည့်နေပါတယ်။

ဝတ်ရုံနက်ဟာ သက်ပြင်းချလိုက်ပါတယ်။

ကျိုးဖန်ဟာ ဝတ်ရုံနက်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “မဟုတ်တာတွေ လျှောက်မတွေးနဲ့၊ ငါမင်းရဲ့ စောက်မျက်လုံးကို ဖောက်ထုတ်ပစ်ချင်နေတာနော်၊ အဲဒါ မင်းရဲ့ အကြီးပဲ၊ ဘယ်လိုလုပ်ပြီး အဲဒီလို ကြည့်ရဲရတာလဲ၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ မင်းက သူနဲ့ မတန်ဘူး”

ဝတ်ရုံနက်ရဲ့ မျက်နှာဟာ နီရဲသွားပါတယ် “ဘာဖြစ်လို့ မတန်ရတာလဲ၊ ကျွန်တော်လည်း ကြိုးကြိုးစားစား ကျင့်ကြံနိုင်ပါတယ်”

မော့ဖူချိုဟာ ပွဲကြည့်နေသလိုမျိုး အပြုံးနဲ့ ထိုင်ကြည့်နေပါတယ်။

“ကြိုးကြိုးစားစား ကျင့်ကြံမယ်... မင်းက ဘယ်လိုကျင့်ကြံမှာလဲ၊ ပညာသင်ညီမလင်အာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနောက်ကို လိုက်နေတာ၊ မင်းရဲ့ ကျင့်ကြံမှုအလျင်က သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ မင်း ပဋိပက္ခရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်လာမှပဲ သူ့ကို မျှော်မှန်းနိုင်ဖို့ အရည်အချင်း နည်းနည်းပါးပါး ရှိမယ်” ကျိုးဖန်ဟာ ဟွန်းခနဲ နှာမှုတ်ပြီး မော့ဖူချိုကို ဆွဲခေါ်ကာ ထွက်သွားပါတယ်။

ဝတ်ရုံနက်ဟာ မျက်နှာပြောင်းသွားပါတယ်။ တကယ်တော့ ဝက်ရုံနက်ဟာ ဘာအကြံအစည်မှ မရှိပါဘူး။ မြင်မြင်ချင်း ချစ်ကြိုက်သွားမိရုံတင်ပါ။

“ပဋိပက္ခရဲ့ နံပါတ်တစ်ပါရမီရှင်... ကျွန်တော် မလုပ်နိုင်ဘူးလို့ အဖေက ပြောတယ်၊ ဒီလိုဆိုမှတော့ ကျွန်တော် ကြိုးစားရမှာပေါ့” ဝတ်ရုံနက်ဟာ ဒေါသကြောင့် လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။ ဝတ်ရုံနက်ဟာ သူ့အဖေရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့ ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

.....

ပဋိပက္ခထဲမှာ ဟန်ကျွယ်နဲ့ ဟန်လင်ဟာ ခရမ်းရောင် တိမ်တိုက်ကိုစီးပြီး ခရီးဆက်နှင်ပါတယ်။

ဟန်လင်က မေးလိုက်ပါတယ် “ဖေဖေ... သမီးတို့ ဘယ်သွားနေတာလဲ၊ ပဋိပက္ခကတော့ တကယ်တော့ ဘာစိတ်ဝင်စားစရာမှ မရှိဘူး၊ သမီး ဖေဖေနားမှာ ကျင့်ကြံအားထုတ်ပြီး စွမ်းအားကြီးလာတဲ့ ခံစားချက်ကို ပိုကြိုက်တယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေတို့တွေ သမီးရဲ့ မောင်နှမတွေကို သွားတွေ့မှာ”

“သူတို့က သမီးကို ကြိုက်ကြပါ့မလား” ဟန်လင်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်လင်ဟာ အပြင်လူတွေကို ရင်ဆိုင်တုန်းကတော့ တည်တည်ကြည်ကြည် နေနိုင်ပေမဲ့ အခု တစ်ခါမှ မတွေ့ရသေးတဲ့ မောင်နှမတွေကို တွေ့ရတော့မယ်လို့ ကြားလိုက်ရတဲ့အတွက် ရင်ထိတ်သွားပါတယ်။

“ကြိုက်မှာပါ၊ ဖေဖေရဲ့ လင်အာလေးကို လူတိုင်းက ချစ်ကြတယ်၊ သမီးရဲ့ ပညာသင်အစ်ကိုကျိုးရဲ့ သားကိုပဲ ကြည့်ပါလား၊ သမီးကို စွဲလမ်းလွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး”

“ဖေဖေကလည်း... သမီးကို မစပါနဲ့” ဟန်လင်ရဲ့ မျက်နှာလေးဟာ ရှက်သွေးဖြာသွားပါတယ်။

“သမီးနောက်ကျလို့ ရည်စားရွေးရင် သေချာရွေး... သမီးအဖေကို အရှက်မရစေနဲ့၊ အနည်းဆုံးတော့ သမီးနဲ့ ထိုက်တန်တဲ့လူတော့ ဖြစ်သင့်တယ်”

“သမီးက ဘာဖြစ်လို့ ရည်စားထားရမှာလဲ၊ သမီးမှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်၊ အဲဒါက ဖေဖေ့လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်လာဖို့ပဲ”

“ဖေဖေ... မြန်မြန်သွားမယ်... သမီးရဲ့ မောင်နှမတွေကို တွေ့ပြီးရင် မြန်မြန်ပြန်ပြီး ကျင့်ကြံအားထုတ်ရအောင်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters