အခွင့်အရေးလား၊ အန္တရာယ်လား
Vol. 93 Ch. 972
ကောင်းကင်ရုံးတော်။
ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဧကရာဇ်ဥယျာဉ်ထဲမှာ အရက်သောက်ရင်း စကားပြောကြပါတယ်။ ဟန်လင်ကတော့ ဘေးမှာထိုင်ပြီး လိမ်လိမ်မာမာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပါတယ်။ ဟန်လင်ဟာ အာရုံလွှင့်ပါးခြင်းမရှိဘဲ ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားတွေကို သေချာဂရုတစိုက် နားထောင်တာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်လင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟန်ကျွယ်... မင်းရဲ့ သားသမီးတွေက တကယ်ကို အရည်အချင်းရှိတာပဲ၊ လင်အာက မင်းနဲ့ အတူတူ ကျင့်ကြံအားထုတ်ချင်လို့သာ မဟုတ်ရင် ငါ သူ့ကို ကောင်းကင်ရုံးတော်မှာ အင်မော်တယ် နတ်ဘုရား လုပ်ခိုင်းတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက သမီးရဲ့ ဆန္ဒအတိုင်းပဲ”
ဟန်လင် “အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ သမီးက ဖေဖေရဲ့ဘေးမှာ အမြဲတမ်း ကျင့်ကြံအားထုတ်ဖို့ စီစဉ်ထားတယ်၊ ပဋိပက္ခမှာ လျှောက်သွားရတာကို သမီး စိတ်မဝင်စားဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်ခုံးပင့်တက်သွားပြီး ဟန်လင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဝမ်းသာသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်သာ သူ့သားသမီးအကုန်လုံးကို လာနှိုက်သွားရင် ဟန်ကျွယ်ဟာ နည်းနည်းတော့ မနာလိုဖြစ်မိမှာပါ။ ဒီအချိန်မှာပဲ ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီတို့ အပြေး ရောက်လာကြပါတယ်။
သူတို့တွေဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ချက်ချင်း ဦးညွှတ်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဟန်လင်ကို သူတို့သုံးယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
“ညီမလေး...” ဟန်ချင်းအာဟာ ကျေနပ်အံ့အားသင့်သွားပြီး ဟန်လင်ရဲ့ လက်မောင်းကို ချက်ချင်း ဆုပ်ကိုင်လိုက်ပါတယ်။
ဟန်ဟွမ်လည်း သွေးစည်းရဲ့ ရင်းနှီးမှုကို ခံစားရတာကြောင့် ချက်ချင်း ဓမ္မရတနာတစ်ပါးကို ထုတ်ယူပြီး လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။
ကျန်းကျွယ်ရှီကတော့ နည်းနည်း နှလုံးလှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်လင်ဆီကနေ ရင်းနှီးတဲ့ရောင်ဝါကို ခံစားလိုက်ရလို့ပါ။ အဲဒီရောင်ဝါကတော့ မဟာဖန်တီးမှု ရောင်ဝါပါ ‘သူ့မှာလည်း မွေးရာပါ မဟာဖန်တီးမှု ရှိနေတာလား...’
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို မကြည်ညိုဘဲ မနေနိုင်တော့ပါဘူး ‘ဆရာသခင်က သူ့သားသမီးတွေကို မဟာဖန်တီးမှု ထည့်ပေးနိုင်တာလား...’
အကြောင်းအရင်းတချို့ကြောင့် ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်က သူ့မှတ်ဉာဏ်ဟောင်းထဲမှာရှိတဲ့ ဆရာသခင်ဟောင်းနဲ့ နည်းနည်း ဆင်တူတယ်လို့ ခံစားလိုက်ရပါတယ် ‘မဟုတ်သေးပါဘူး... ငါ အတွေးလွန်နေတာ ဖြစ်မှာပါ၊ နှစ်တွေလည်း ကြာခဲ့ပြီလေ...’
ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီတို့သုံးယောက်ကို ထိုင်ခိုင်းပြီး ကျင့်ကြံမှုအခြေအနေကို မေးမြန်းပါတယ်။
“ဖေဖေ... သား မဟာတာအိုပညာရှိချုပ် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ပဋိပက္ခအစည်းအဝေး မတိုင်ခင် သား သေချာပေါက် မဟာတာအိုပညာရှိချုပ် ဖြစ်နိုင်မှာပါ၊ သား အနှိုင်းမဲ့ပါရမီရှင် နေရာကို လိုချင်တယ်၊ ဒါပေမဲ့ သား ကောင်းကင်ရုံးတော်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရလိမ့်မယ်၊ ဘာတွေပဲဖြစ်ဖြစ် သားက ဖေဖေရဲ့သားပဲမလား၊ ဒါက နှစ်ဖက်စလုံး အကျိုးအမြတ်ရှိတဲ့ နည်းလမ်းပဲ၊ ကောင်းကင်ရုံးတော်အတွက် ဂုဏ်သတင်းက ပိုပြီးတော့ အရေးကြီးတယ်လေ”
ဟန်ဟွမ်ရဲ့ စကားကို ကြားရတဲ့အခါ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘မိစ္ဆာ ကောင်းကင်ဧကရာဇ်က တော်တော် တတ်နိုင်တာပဲ၊ ဒီစိတ်ထင်တိုင်းကြဲတတ်တဲ့ ကောင်လေးကို ဒီလောက်ထိ ဂရုစိုက်အောင် ဘာတွေများ ပေးခဲ့ပါလိမ့်...’
ဟန်ချင်းအာဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “သမီးက လွတ်လပ်မှုအဆင့် ရောက်ရုံပဲ ရှိသေးတယ်၊ သမီးက အစ်ကိုနှစ်ကိုရော ပညာသင်အစ်ကိုကျန်းကိုရော ဘယ်လိုမှ မမီဘူး၊ နောက်ကျရင် ညီမလေးလင်အာကတော့ သမီးကို ကျော်တက်သွားနိုင်တယ်”
“ဒါလည်း မဆိုးပါဘူး” ဟန်ကျွယ်ဟာ ခေါင်းအသာညိတ်လိုက်ပြီး ကျန်းကျွယ်ရှီကို ကြည့်လိုက်ပါတယ်။
“ကျွန်တော်ရဲ့ လက်ရှိ ကျင့်ကြံမှုက မဟာတာအို လောကဦးပဋိပက္ခ အလယ်အဆင့်ကို ရောက်နေပြီ၊ ကျွန်တော် အနှိုင်းမဲ့ပါရမီရှင်နေရာကို မတွေးရဲတော့ဘူး၊ ပညာသင်ညီလေးဟွမ်က စွမ်းအားကြီးလွန်းတယ်၊ ဒါပေမဲ့ အကြွင်းမဲ့ပါရမီရှင်နေရာကတော့ ကျွန်တော်လက်ထဲက ပြေးမလွတ်ဘူး”
ဟန်လင်ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ရင်း အတွေးနက်သွားပါတယ်။
ဒါကို သတိထားမိတဲ့ ဟန်ကျွယ်က “မင်းနဲ့ လင်အာ နှစ်ယောက်စလုံးမှာ မွေးရာပါ မဟာဖန်တီးမှုတွေ ရှိတယ်၊ လင်အာ လိုက်မမီအောင် မင်း ကြိုးစားကျင့်ကြံရလိမ့်မယ်”
‘ငါ ထင်တဲ့အတိုင်းပါပဲလား...’ ကျန်းကျွယ်ရှီဟာ သူ့ကိုယ်သူ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “မွေးရာပါ မဟာဖန်တီးမှု... ပဋိပက္ခတစ်ခုလုံး ပြောနေတဲ့ လျှို့ဝှက်ဆန်းကြယ် ပါရမီရှင်က လင်အာလား... အချိန်ကို တွက်ကြည့်ရင် သူတို့နှစ်ယောက်က တစ်ချိန်တည်း ပေါ်လာတာ”
ဟန်ဟွမ်ဟာ သူ့ညီမကို ပြန်ပြီးတော့ သေချာကြည့်လိုက်ပါတယ်။
ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာလည်း တောက်ပသွားပါတယ် “ဝိုး... ညီမလေးက ပညာသင်အစ်ကိုကျန်းလိုမျိုး မဟာဖန်တီးမှု ရှိတာလား... ပညာသင်အစ်ကိုကျန်းရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်က အရမ်းအံ့ဩဖို့ကောင်းတယ်၊ ညီမလေးရဲ့ မဟာဖန်တီးမှုကရော ဘယ်လိုမျိုးလဲ”
ဟန်လင်ဟာ သူ့အဖေကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ် “လောလောဆယ် အတပ်ပြောလို့ မရသေးဘူး၊ လင်အာက ငါနဲ့အတူ ကျင့်ကြံမှာဆိုတော့ တစ်နေ့ကျရင် သိရမှာပါ”
ကျန်းကျွယ်ရှီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ညီမလင်အာက ပဋိပက္ခအစည်းအဝေးကို ဝင်ပြိုင်မှာလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။
ဟန်လင်ဟာ ပဋိပက္ခအစည်းအဝေး အကြောင်းကို သိချင်ပေမဲ့ ဟန်ကျွယ်က ခေါင်းခါလိုက်တဲ့အတွက် ဘာမှမပြောတော့ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟန်ကျွယ်... ဟန်ကျွယ်... မင်းရဲ့ အဆင့်က ငါတို့ရဲ့ အမြင်ထက် ကျော်လွန်သွားပြီနဲ့ တူတယ်၊ ဒါကြောင့်မလို့ မင်း သားသမီးတွေရဲ့ အရည်အချင်းက ပိုပိုပြီးတော့ မြင့်မားလာတာ ဖြစ်ရမယ်”
လူတိုင်းရဲ့ အကြည့်က ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီကိစ္စကို ထားလိုက်ပါတော့... ဟွမ်အာရဲ့ လက်ထပ်ပွဲအကြောင်း ပြောကြရအောင်”
ဒါကို ကြားတာနဲ့ ဟန်ဟွမ်ဟာ ပခုံးတွန့်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ဖေဖေ... သား လက်မထပ်ချင်သေးဘူး၊ သားမျက်လုံးထဲမှာ သက်ရှိအားလုံးက သားနဲ့ မတန်ဘူး၊ သားက သူတို့နဲ့ ဘယ်လိုလုပ်ပြီး အဲဒီလို ဆက်ဆံရေးမျိုး ရှိနိုင်မှာလဲ”
ဟန်လင်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး သူ့အစ်ကိုကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ဟန်လင်လည်း တခြားလူတွေကို မြင်တဲ့အခါ ဒီလိုမျိုး ခံစားခဲ့ရပါတယ်။ ဟန်လင်ဟာ ပဋိပက္ခထဲက သက်ရှိတွေကိုရော ကောင်းကင်တာအိုထဲက သက်ရှိတွေကို မကြိုက်ပါဘူး။
‘ဒါဆို ငါ တစ်ယောက်တည်း ဒီလိုခံစားရတာ မဟုတ်ဘူးပေါ့... အစ်ကိုနှစ်လည်း ငါ့လို ခံစားရတာပဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ချင်းအာဟာ ချက်ချင်း သူ့အစ်ကိုကို ဖျောင်းဖျလိုက်ပါတယ် “အစ်ကိုနှစ်ကလည်း... ဖေဖေက ဘယ်တုန်းက တောင်းဆိုဖူးလို့လဲ၊ တခြားလူတွေဆို ဖေဖေ တောင်းဆိုတာကို လုပ်ပေးချင်လွန်းလို့”
ဟန်ဟွမ်ဟာ ဟန်ကျွယ် မျက်မှောင်ကြုတ်တာကို တွေ့လိုက်ရတဲ့အခါ ရင်ထဲ တထိတ်ထိတ် ဖြစ်သွားပါတယ်။ ဟန်ချင်းအာ ပြောတာကလည်း မမှားပါဘူး။ ဒါက သူမွေးလာကတည်းက သူ့အဖေ ပထမဆုံးအကြိမ် တောင်းဆိုတာပါ။
ဟန်ဟွမ်ဟာ တစ်ခဏ ရုန်းကန်ပြီးနောက် အံကြိတ်ကာ “ကောင်းပြီလေ”
ဒီတော့မှ ဟန်ကျွယ်ဟာ စိတ်ပြေလျော့သွားပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်နဲ့ ဟန်လင်ဟာ ကောင်းကင်ရုံးတော်မှာ နေထိုင်ကြပါတယ်။ ဟန်လင်ကိုတော့ ဟန်ချင်းအာက ဆွဲခေါ်သွားပြီး နေရာစုံ လျှောက်ပြပါတယ်။ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီကတော့ ပြန်ပြီးတော့ ဂူအောင်းကျင့်ကြံပြီး ပဋိပက္ခ အစည်းအဝေးအတွက် ပြင်ဆင်ကြပါတယ်။
ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ တာအိုဆွေးနွေးကြပါတယ်။ တာအိုဆွေးနွေးတယ်လို့ ပြောရပေမဲ့ တကယ်တော့ ဟန်ကျွယ်ကပဲ ဒိုင်ခံ ထိုင်ပြောတာပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ထိုင်နားထောင်ပါတယ်။ ပဋိပက္ခထဲမှာ ဒီလိုမျိုး လမ်းညွှန်မှုက ရခဲတယ် မဟုတ်ပါလား။
.....
ပဋိပက္ခအောက်ခြေက နေရာတစ်နေရာမှာ အတောမသတ်နိုင်တဲ့ မြူခိုးတွေနဲ့ ပြည့်နှက်နေပါတယ်။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့ဟာ ရေပူစမ်းလေးတစ်ခုဘေးမှာ ကျင့်ကြံအားထုတ်နေကြပါတယ်။
ဒီရေပူစမ်းလေးက အချင်းငါးပေတောင် မပြည့်ဘဲ စမ်းရေတွေက မြေကြီးထဲကနေ ထိုးထွက်နေပါတယ်။ ရေမျက်နှာပြင်ဟာ မသိမသာ အမြှုပ်ထနေပြီး အစပ်မှာတော့ မြူခိုးတွေ ထနေပါတယ်။ ဒီရေပူစမ်းက သေမျိုးကမ္ဘာမှာရှိတဲ့ ရေပူစမ်းတစ်ခုနဲ့ ဘာမှ မခြားနားပါဘူး။
ဒါပေမဲ့ တာအိုအရှင်သခင်တို့ အခုရောက်နေတဲ့နေရာက ပဋိပက္ခအောက်ခြေပါ။ မိုင်တစ်သောင်း ပတ်လည်မှာ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိသလို သစ်တစ်ပင် မပြောနဲ့ မြက်တစ်ပင်တောင် မရှိပါဘူး။ ရေအရင်းအမြစ်ဆိုလို့ ဒီရေပူစမ်းတစ်ခုပဲ ရှိပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးဖွင့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ငါ့ကျင့်ကြံမှုက အများကြီး တိုးတက်လာပါ့လား”
ကျန်းယီဟာ ပြုံးလိုက်ပါတယ် “ဘယ်သူ ကျင့်ကြံမှုက မတိုးတက်လို့လဲ၊ ငါ့ရဲ့ နတ်ယန်ခန္ဓာကိုယ်ကလည်း အများကြီး တိုးတက်လာတယ်၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်တင် မဟုတ်ဘူး၊ ငါ့အရည်အချင်းကလည်း တိုးလာတယ်”
လောင်တန်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် “တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်၊ ဒါက ဧရာမ အခွင့်အရေးကြီးပဲ၊ ဒါပေမဲ့ ဒီဧရာမ အခွင့်အရေးကြီးက ငါတို့လေးယောက်အတွက်ပဲ လုံလောက်တယ်”
“ဘာလဲ... ခင်ဗျားက စန့်ချွမ်အဂ္ဂကမ္ဘာကို သတင်းပေးချင်သေးလို့လား”
“ဘာတွေ လာပြောနေတာလဲ၊ ငါနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက ဘာမှ မဆိုင်တော့ဘူး၊ ဒါကို ငါပြောရတာ ဘယ်နှကြိမ် ရှိနေပြီလဲ”
“ဟီးဟီး... ဒါဆို ဆရာသခင် လောင်ဇီကို အနိုင်ယူလိုက်တုန်းက ခင်ဗျားဘာဖြစ်လို့ လန့်ဖျပ်သွားတာလဲ”
“ငါတို့နှစ်ယောက်က တစ်ယောက်တည်းလေ... ငါ ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်မှာလဲ”
ကျောက်ရွှမ်ယွမ်နဲ့ လောင်တန်ဟာ ထုံးစံအတိုင်း အချေအတင် ငြင်းခုံကြပါတော့တယ်။
ဒီအချိန်မှာပဲ ရေမျက်နှာပြင်ဟာ ဂယက်ထသွားပြီး ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။
“ကြည့်စမ်း...” ကျန်းယီရဲ့ အာမေဍိတ်သံကြောင့် တခြားသုံးယောက်လည်း ရေထဲကို လှမ်းကြည့်လိုက်ပါတယ်။
ရေထဲမှာ ပေါ်လာတဲ့ ထူးဆန်းတဲ့ ရုပ်သွင်က အဖြူရောင် သားမွေးတွေရှိပြီး ခန္ဓာကိုယ် အထက်ပိုင်းက လူသားသဏ္ဌာန်နဲ့ အကိုင်းအခက်တွေလိုမျိုး လက်တွေ ရှိပါတယ်။ ဒီထူးဆန်းတဲ့ရုပ်သွင်ရဲ့ အဖြူရောင်သားမွေးဟာ ရေတွေနဲ့ စိုရွှဲနေပါတယ်။
တာအိုအရှင်တို့လေးယောက်ဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။ သူတို့တွေဟာ ဒီလိုမျိုး အဖြစ်အပျက်ကို ပထမဆုံးအကြိမ် ကြုံရတာပါ။
ဒီအချိန်မှာပဲ ထူးဆန်းတဲ့ရုပ်သွင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ အစိမ်းရောင်အလင်း ဖြာထွက်လာပါတယ်။ အဲဒီနောက် ပါးစပ်ဟပြီး ငါးမန်းသွားလိုမျိုး ချွန်ထက်တဲ့ သားတွေကို ထုတ်ပြပါတယ်။
ထူးဆန်းတဲ့ ရုပ်သွင်က စကားပြောသလိုမျိုး ရှိပေမဲ့ တာအိုအရှင်သခင်တို့ လေးယောက်ဟား နားလည်း မလည်သလို ခန့်လည်း မခန့်မှန်းတတ်ပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက် ကြက်သီးမွေးညင်း ထသွားပါတယ် “အားလုံးပဲ... မင်းတို့တွေ ရှေးပျက်သုန်းနယ်မြေကို သတိရကြသေးလား”
“ဝှစ်...”
လေးယောက်စလုံး ပြိုင်တူ နောက်ခုန်ဆုတ်လိုက်ပါတယ်။
ကျန်းယီဟာ တံတွေးမျိုချလိုက်ပါတယ် “ငါတို့တွေ သွားကြမလား”
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက ဒီလိုရတနာမျိုးကို လက်လျှော့မှာလား”
ကျောက်ရွှမ်ယွမ်ဟာ နဖူး လက်နဲ့ရိုက်လိုက်ပါတယ် “လာပြန်ပြီလား”
“ဟုတ်တယ်” လောင်တန်က ထောက်ခံပါတယ်။
အန္တရာယ်ရှိမှန်း သိပေမဲ့ လက်မလွှတ်နိုင်တဲ့ ခံစားချက်က တကယ်ကို ခံစားရခက်လှပါတယ်။
ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ရုပ်သွင်ဟာ ရေပူစမ်းထဲကနေ တွားသွားပြီး ထွက်လာပါတယ်။ ပထမဆုံး လက်တွေ အဲဒီနောက် ခေါင်းပေါ်လာပါတယ်။ ရေပူစမ်းတွင်းပေါက်က ဒီထူးဆန်းတဲ့ရုပ်သွင်ရဲ့ ခန္ဓာကိုယ်ထက် သေးတဲ့အတွက် ရေပူစမ်းထဲမှာ တစ်နေပါတယ်။ ဒီထူးဆန်းတဲ့ ရုပ်သွင်ဟာ တာအိုအရှင်သခင်တို့ လေးယောက်ကို တိတ်တဆိတ် စိုက်ကြည့်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။