← Chapters

ဟန်ကျွယ်ရဲ့ ပန်းတိုင်

Vol. 93 Ch. 973

ဟန်ကျွယ်ရဲ့ ပန်းတိုင်

Vol. 93 Ch. 973

“ငါတို့တွေ ဘာလုပ်ကြမလဲ” ကျန်းယီက မတိုးမကျယ် မေးလိုက်ပါတယ်။ ကျန်းယီဟာ ထူးဆန်းတဲ့ ရုပ်သွင်ကို ရုတ်တရက် တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါတယ်။

တခြားသုံးယောက်လည်း အတူတူပါပဲ။ သူတို့တွေဟာ သတိတစ်ချက်တောင် မလွတ်ရဲပါဘူး။

တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ခေါင်းဆောင်အနေနဲ့ သူ ဆုံးဖြတ်ချက် ချရမယ် မဟုတ်ပါလား။

ဒီအခွင့်အရေးက သေးသေးလေး မဟုတ်ပါဘူး။ ဒီရေပူစမ်းက သူတို့ရဲ့ ကျင့်ကြံမှုတွေကို လျင်မြန်စွာ တိုးတက်စေတဲ့အပြင် သူတို့ရဲ့ အရည်အချင်းတွေကိုလည်း တိုးစေပါတယ်။ အထူးသဖြင့် အရည်အချင်းတိုးစေနိုင်တဲ့ အခွင့်အရေးက တွေ့ရခဲပါတယ်။ ဒါကြောင့် တာအိုအရှင်သခင်တို့ဟာ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ကြပါဘူး။

နောက်ပြီး သူတို့တွေဟာ ဒီထူးဆန်းတဲ့ရုပ်သွင်ရဲ့ စွမ်းအားကို မသိသေးပါဘူး။ ကြောက်လန့်ပြီး ထွက်ပြေးတဲ့အထဲမှာ တာအိုအရှင်သခင်တို့ မပါပါဘူး။

တာအိုအရှင်သခင်ဟာ မျက်လုံးကျဉ်းပြီး ခါးနောက်က ညာလက်ကို လက်သီးဆုပ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ထူးဆန်းတဲ့ရုပ်သွင်ရဲ့ ဘေးပတ်လည်က အာကာသဟာ ခဲသွားပါတယ်။ ထူးဆန်းတဲ့ ရုပ်သွင်ဟာ လှုပ်တောင် မလှုပ်ရှားနိုင်တော့ပါဘူး။

“လိုက်...” တာအိုအရှင်သခင်က မတိုးမကျယ် အော်ပြောလိုက်ပါတယ်။

ထူးဆန်းတဲ့ရုပ်သွင်ဟာ ဘေးပတ်လည်က ရေခဲသလင်းကျောက်တွေကို ခွဲချေပြီး မြူခိုးအသွင် ပြောင်းလဲကာ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။

ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ မှင်တက်သွားပါတယ် ‘ပြီးသွားပြီလား...’

ဒီအချိန်မှာပဲ ရေပူစမ်းထဲကနေ အဖြူရောင်သားမွေး လက်တစ်လက် ထပ်ပြီးတော့ ထွက်ပေါ်လာပါတယ်။ ဒီအဖြူရောင်သားမွေးနဲ့ ရုပ်သွင်ဟာ တွားသွားထွက်လာပြီး တာအိုအရှင်သခင်တို့ကို အရင်လိုမျိုး စိုက်ကြည့်ပါတယ်။

လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“မင်းတို့တွေ ထပ် လိုချင်လား...”

အဖြူရောင်သားမွေးနဲ့ ရုပ်သွင်က မရှင်းလင်းတဲ့အသံနဲ့ ရုတ်တရက် မေးလိုက်ပေမဲ့ တာအိုအရှင်သခင်တို့ လေးယောက်ရဲ့ နားထဲမှာတော့ နားလည်နိုင်တဲ့ ဘာသာစကားအဖြစ် အလိုလို ပြောင်းလဲသွားပါတယ်။

လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက ငါတို့ကို အထဲဝင်စေချင်တာလား”

“ဟုတ်တယ်”

“မင်းက ဘယ်သူလဲ”

“ငါ မမှတ်မိတော့ဘူး... မင်းတို့တွေ ငါ့ကို ကူညီရင် ငါ မင်းတို့ကို ထပ်ပြီးတော့ ပေးမယ်”

တာအိုအရှင်သခင်တို့ သုံးယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ် ‘ဒီကောင်က ရေပူစမ်းထဲမှာ ချိပ်ပိတ်ခံထားရတာလား... ဒီရေပူစမ်းအောက်မှာ ဘာရှိနေတာလဲ’

အဖြူရောင်သားမွေး ရုပ်သွင်ဟာ တုန်ယင်သွားပြီး လက်မြှောက်ကာ ပြောလိုက်ပါတယ် “အောက်မှာ...”

လောင်တန်ဟာ တာအိုအရှင်သခင်နား လျှောက်သွားပြီး ခပ်တိုးတိုး မေးလိုက်ပါတယ် “မင်း ဘယ်လိုထင်လဲ”

တာအိုအရှင်သခင်ဟာ မျက်တောင်ခတ်ရင်း အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “မစွန့်စားရင် ဘာမှရမှာ မဟုတ်ဘူး၊ ငါ အရင်ဆုံး ဆင်းကြည့်မယ်၊ ငါ့ကို စောင့်နေကြ၊ တကယ်လို့ ငါ ခြောက်နာရီအတွင်း ပြန်တက်မလာခဲ့ရင် ငါ့ကို ကယ်ဖို့ နည်းလမ်းရှာကြတော့”

တာအိုအရှင်သခင် ခေါင်းဆောင်ဖြစ်လာတာက ဒီအကြောင်းကြောင့်ပါ။ တာအိုအရှင်သခင်ဟာ ကိစ္စတိုင်းမှာ အမြဲတမ်း ရှေ့ကနေ ဦးဆောင်ပြီး စွန့်စားပါတယ်။

“ငါ မင်းနဲ့အတူ လိုက်မယ်” ကျန်းယီက ပြတ်သားစွာ ပြောလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး “တစ်ယောက်တည်း မသွားနဲ့၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့တွေ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး၊ ငါတို့အင်အားက ပြန့်ကျဲနေလိမ့်မယ်၊ အတူတူသွားကြရအောင်... မဟာတာအိုပညာရှိ လေးပါးက ဘာပဲဖြစ်ဖြစ် မသေလောက်ပါဘူး”

လောင်တန်ဟာ မျက်နှာပျက်သွားပါတယ် “ငါလည်း မင်းတို့နဲ့အတူ လိုက်ရမှာလား”

“ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား”

“ငါက မင်းတို့ရဲ့ အဘိုးအရွယ် မကဘူးနော်”

တာအိုအရှင်သခင်တို့ လေးယောက်ဟာ အတန်ကြာ ငြင်းခုံကာ ကြောက်ရွံ့မှုကို ဖိနှိပ်ပြီးမှ ရေပူစမ်းလေးဆီ လျှောက်သွားပါတယ်။

.....

ဟန်ကျွယ်နဲ့ ဟန်လင်ဟာ တတိယ တာအိုစက်ကွင်းထဲမှာ ပြန်ပေါ်လာပါတယ်။ ဟန်လင်ဟာ တရင်းတနှီးရှိတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးချကာ ပြုံးလိုက်ပါတယ်။

“သမီးက ပဋိပက္ခကို အဲဒီလောက်တောင် မကြိုက်တာလား” ဟန်ကျွယ်ဟာ ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်လင်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်ပါတယ် “ခစ်ခစ်... ဟုတ်တယ် ဖေဖေ... နောက်ကျလို့ ကိစ္စမရှိရင် သမီးကို အပြင်မထွက်ခိုင်းပါနဲ့၊ သမီး ဖေဖေနဲ့ပဲ အတူတူနေမယ်”

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “မိန်းကလေးတွေက သူတို့ရဲ့ အဖေနောက်ကို အမြဲတမ်း လိုက်လို့ မရဘူး”

ဟန်လင်လည်း ထိုင်လိုက်ပါတယ် “ဒါဆို သမီး ဖေဖေ့ကို ကျော်တက်သွားရင် အပြင်ထွက်မယ်”

“အဲဒါ မဖြစ်နိုင်ဘူး”

“အဲဒီလိုဆို ပိုကောင်းတာပေါ့” ဟန်လင်ဟာ လျှာတစ်လစ် လုပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှပြောတော့ဘဲ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်မှာလည်း ပန်းတိုင်ရှိပါတယ်။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က တတ်နိုင်သလောက် မြန်မြန် တာအိုဖန်တီးရှင် ဖြစ်လာဖို့ပါ။

သားအဖနှစ်ယောက်ဟာ မျက်စိမှိတ်ပြိး ကျင့်ကြံအားထုတ်ကြပါတယ်။

ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ နှစ်တစ်သိန်း ကုန်ဆုံးသွားပါပြီ။

ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို အကဲခတ် လေ့လာနေစဉ်မှာ ဟန်လင်က အပြင်ထွက်ပြီး သူ့မယ်တော် ရွှမ်ချင်းကျွင်းကို သွားတွေ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က သားအမိတွေ ဖြစ်တဲ့အတွက် ဟန်လင်ဟာ အားတဲ့အခါတိုင်း ရွှမ်ချင်းကျွင်းဆီ သွားလည်ပါတယ်။

လောကဦးကမ္ဘာက ဆက်ပြီးတော့ ကျယ်ပြန့်နေတုန်းပါ။ အန္တိမမူလချီလည်း ပိုပို ပေါများလာပါတယ်။ ဒါပေမဲ့ လောကဦးချီနဲ့ ယှဉ်ရင်တော့ သမုဒ္ဒရာထဲက ရေတစ်စက်သာသာပဲ ရှိပါသေးတယ်။ အန္တိမမူလချီ များလာလေလေ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားက ပိုအားကောင်းလာလေလေပါပဲ။

ဒါတွေကလွဲရင် လောကဦးကမ္ဘာထဲမှာ ပဋိပက္ခ နတ်ဘီလူး ငါးရာကျော် ပေါ်ထွက်လာပါတယ်။ ကျန်နေသေးတဲ့ နတ်ဘီလူးချီတွေကတော့ ပျိုးထောင်တဲ့အဆင့်မှာပါ။ ဒီအတိုင်းဆက်သွားရင် မကြာတော့တဲ့အချိန်အတွင်းမှာ နတ်ဘီလူးသုံးထောင်စလုံး စုံညီသွားမှာပါ။

ဟန်ကျွယ်ဟာ နတ်ဘီလူးသုံးထောင်စလုံးကို မစုစည်းနိုင်လောက်ဘူးလို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခထဲမှာ ပဋိပက္ခ နတ်ဘီလူး တစ်ရာနီးပါး ရှိနေလို့ပါ။ ဒီပဋိပက္ခနတ်ဘီလူးတွေထဲက အများစုဟာ ဒုတိယ တာအိုစက်ကွင်းထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် တာအိုအရှင်သခင်သည် ပဋိပက္ခ အငြိုးမိစ္ဆာများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉၂၂၂၃၁

[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် ပဋိပက္ခ အငြိုးမိစ္ဆာမျိုး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၇၃၂၂၁

[သင့်သား ဟန်ဟွမ်သည် ကျင့်ကြံမှု အဆင့်တက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တပည့် ကျိုးဖန်သည် ပဋိပက္ခ အောက်ခြေသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ ဝေ့လန်ရှန်မိသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ မင်လင်းမယ်တော်သည် အထွတ်အထိပ် နိယာမစွမ်းအားကို စုပ်ယူပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ်။ တာအိုအရှင်သခင်တို့ သုံးယောက်က မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးသပ်နားလည်နိုင်သွားလို့ပါ။

‘ဒီကောင်တွေ ကံကောင်းလှချည်လား...’

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ တာအိုအရှင်သခင်တို့ သုံးယောက်ရဲ့ တည်နေရာကို တွက်မရတာ တွေ့သွားပါတယ်။

‘စိတ်ဝင်စားဖို့တော့ ကောင်းသား...’

ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ တစ်သန်းကို အသာလေး ဖိနှိပ်နိုင်ပေမဲ့ ပဋိပက္ခထဲမှာ သူ ထောက်လှမ်းလို့ မရတဲ့ နေရာတွေ ရှိနေပါသေးတယ်။ ပဋိပက္ခထဲမှာ ပုန်းနေတဲ့ မွန်းစတားအိုကြီးတွေ ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် တာအိုစက်ကွင်းကို တိုက်ခိုက်တုန်းက အန္တိမဒဏ်ခတ်နတ်မင်းထက် ရောင်ဝါအားကောင်းတဲ့ ရောင်ဝါတချို့ကို ခံစားမိခဲ့ပါတယ်။

ဒီလူတွေက ဝံပုလွေဘိုးအေကြီးတွေ ဖြစ်တဲ့အတွက် ဟန်ကျွယ်ထက်တောင် သတ္တိကြောင်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟွမ်ဇွမ်တျန်၊ ကျိုးဖန်နဲ့ တခြားလူတွေရဲ့ ကံတရား အထောက်အပံ့က တိုးတက်လာပြီး ရှန်ပေါင် တာအိုကျင့်ကြံသူတောင် အခွင့်အရေးသွားတာ တွေ့လိုက်ရတဲ့အတွက် စိတ်ထဲမှာ အတော်လေး ဝမ်းသာသွားပါတယ်။

မိတ်ဆွေတွေ အဆင်ပြေနေတဲ့အတွက် ဟန်ကျွယ်ဟာ ဘာမှစိုးရိမ်စရာ မရှိဘဲ ဂူအောင်းကျင့်ကြံလို့ ရပါပြီ။ အခုအချိန်မှာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ မင်လင်းမယ်တော်က သူ့လူတွေ ဖြစ်တဲ့အတွက် ပဋိပက္ခထဲမှာ သူနဲ့ နီးစပ်တဲ့လူတွေကို ဘယ်သူမှ ဒုက္ခမပေးနိုင်သလောက်ပါပဲ။

ဟန်ကျွယ်ဟာ သူ နှစ်တစ်သန်းတိုင်း ပုံမှန်ရနေတဲ့ ဆုလာဘ်တွေက သူ အသက်ဆယ်သန်းကျော်သွားရင် နှစ်ဆယ်သန်းမှ တစ်ခါလာတော့မယ်လို့ ခန့်မှန်းမိလိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ဂူအောင်းကျင့်ကြံတာကိုလည်း တိုးဖို့ စဉ်းစားထားပါတယ်။ အခုအချိန်မှာ နှစ်တစ်သိန်းက ဟန်ကျွယ်အတွက် တိုတောင်းလွန်းပါတယ်။

ဟန်ကျွယ်ဟာ ကလေးရည်မှန်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါက ပဋိပက္ခအစည်းအဝေး မတိုင်ခင် တာအိုဖန်တီးရှင် ဖြစ်ချင်တာပါ။ ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ်ငါးသန်းပဲ လိုတော့တာပါ။ ဒီအတောအတွင်း ဟန်ကျွယ် တာအိုဖန်တီးရှင်ဖြစ်ဖို့က မသေချာပါဘူး။ ဒါကြောင့်လည်း ကလေးရည်မှန်းချက်လို့ ပြောတာပါ။

လေးငါးနာရီ ကြာပြီးနောက် ဟန်လင် ပြန်ရောက်လာပါတယ်။ ဟန်လင်ဟာ ဟန်ကျွယ် အကြောဆန့်နေတာကို တွေ့သွားတဲ့အတွက် ချက်ချင်း လျှောက်လာပြီး “ဖေဖေ... သမီး လွတ်လပ်မှုအဆင့်ကို ရောက်သွားပြီ၊ ဧကရာဇ်စစ်သားကလည်း တစ်သိန်းရှိသွားပြီ”

‘လွတ်လပ်မှုအဆင့် ဧကရာဇ်စစ်သား တစ်သိန်း...’ ဟန်ကျွယ်ဟာ နှလုံးခုန် နည်းနည်း မြန်သွားပါတယ် ‘ဒီလောကဦး ဧကရာဇ်ကြယ်က နည်းနည်း ကြောက်ဖို့ကောင်းလှချည်လား... မဟာဖန်တီးမှုထဲမှာတောင် အဆင့်တွေ ရှိသေးတာလား... ကျန်းကျွယ်ရှီရဲ့ မဟာဖန်တီးမှုက ငါ့သမီးကို မမီလောက်ဘူး’

ဟန်ကျွယ် “အင်း... မဟာတာအိုအောက်မှာ အားလုံးက ပုရွက်ဆိတ်သာသာပဲ၊ မဟာတာအိုရအောင် မြန်မြန် ကြိုးစားချည်၊ ဖေဖေ သမီးကို ဆန်းကြယ်စွမ်းအား သင်ပေးမယ်”

“ကျေးဇူးပါပဲ ဖေဖေ” ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပေမဲ့ မျက်လုံးထဲမှာတော့ စိတ်ပျက်မှုတချို့ ယှက်သမ်းသွားပါတယ်။

ဒါကို သတိထားမိသွားတဲ့ ဟန်ကျွယ်က “ဟုတ်ပါပြီ... သမီးက တော်တော်လေး စွမ်းအားကြီးတယ်၊ သမီးက သမီးရဲ့ အစ်ကိုနှစ်ယောက်နဲ့ အစ်မထက် စွမ်းအားပိုကြီးတယ်၊ ဟုတ်ပြီလား... သမီးက ဖေဖေ ချီးကျူးတာကို ကြားချင်နေတာမလား”

ဟန်လင်ဟာ ပြုံးပျော်သွားပါတယ် “သမီးတစ်ယောက်က သူ့အဖေရဲ့ ချီးကျူးမှုကို လိုချင်တာ မများပါဘူး”

ဟန်ကျွယ်က မေးလိုက်ပါတယ် “သမီးမေမေ သိလား”

“သမီး မေမေကို မပြောထားဘူး၊ မေမေက သိလည်း ဂရုစိုက်မှာမှ မဟုတ်တာ” ဟန်လင်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ်။ ဟန်လင်ဟာ သူ့အမေက သားတစ်ယောက်ကို ပိုလိုချင်နေတယ်ဆိုတာ ခံစားမိပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သမီးမေမေကို အပြစ်မမြင်ပါနဲ့၊ သမီး အပြစ်တင်ချင်ရင် ဖေဖေကိုပဲ အပြစ်တင်ချည်၊ ဖေဖေက သမီးကို ယောက်ျားဖြစ်အောင် ပြောင်းခဲ့သင့်တာ”

“သမီးက မိန်းမဖြစ်နေတော့ရော ဘာဖြစ်လဲ၊ လိင်မတူတာက ဘာများ အရေးကြီးနေလို့လဲ၊ ဒီလောကမှာ အရေးကြီးဆုံးက ကျင့်ကြံမှုပဲ၊ ဘာပဲဖြစ်ဖြစ် သမီးရဲ့လိင်ကို သမီး ဂရုမစိုက်ဘူး၊ သမီးရဲ့ တည်ရှိမှုနဲ့ ဝိညာဉ်ကိုပဲ ဂရုစိုက်တယ်” ဟန်လင်ဟာ လက်နှစ်ဖက်ဖြန့်ပြီး ပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters