← Chapters

သိစိတ်မဲ့ မဟာတာအိုကမ္ဘာ

Vol. 93 Ch. 975

သိစိတ်မဲ့ မဟာတာအိုကမ္ဘာ

Vol. 93 Ch. 975

ချပ်ဝတ်နဲ့ အမျိုးသားရဲ့ မျက်နှာဟာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီးနောက် ရက်စက် ယုတ်မာတဲ့အသွင် ဖြစ်သွားပါတယ်။ ချပ်ဝတ်နဲ့ အမျိုးသားဟာ အော်ဟစ်ကြုံးဝါးပြီး ဓားမကို အရူးအမူး ဝှေ့ယမ်းကာ တရကြမ်း တိုက်ခိုက်ပါတော့တယ်။ ဓားမချီထဲမှာ ထူးဆန်းပြီး သိမ်မွေ့နက်နဲတဲ့ မှော်စမတွေကို သယ်ဆောင်လာပါတယ်။ ဒီမှော်စမတွေက လျင်မြန်စွာ ကျယ်ပြန့်ပြီး အရပ်ဆယ်မျက်နှာကို ပျံထွက်သွားပါတယ်။

မြေပြင်က ကွဲကြေသွားတဲ့အတွက် တာအိုအရှင်သခင်တို့ လေးယောက်ဟာ အဝေးကို ဆုတ်ခွာသွားရပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ချပ်ဝတ်နဲ့ အမျိုးသားကို ကြောက်လန့်တကြား ကြည့်ပြီး ဆဲဆိုလိုက်ပါတယ် “ဒီကောင်က ကြောက်ဖို့ကောင်းလှချည်လား... ဒီကောင် အရင်တုန်းက ငါတို့ကို ခပ်မြင့်မြင့် မတွေးခဲ့ပုံပဲ”

ဘယ်သူမှ ကျောက်ရွှမ်ယွမ်ကို စကား ပြန်မပြောကြပါဘူး။ လောင်တန်ရဲ့ မျက်နှာကလည်း အတော်လေး ပျက်နေပါတယ်။ တာအိုအရှင်သခင်နဲ့ ကျန်းယီတို့ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပေမဲ့ ဒီနာကျင်မှုက သူတို့အတွက် ဘာမှမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ် မခုခံနိုင်မှာကိုသာ စိုးရိမ်နေကြပါတယ်။

ကမ္ဘာက ဆက်တိုက် ပြိုလဲပါတယ်။ ဒါပေမဲ့ ချပ်ဝတ်နဲ့ အမျိုးသား ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် ဟန်ကျွယ်ရဲ့ အန္တိမမော်တယ် ဝတ်ရုံရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါဘူး။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ မူးနောက်လောက်တဲ့ လက်အရိပ်ပေါင်း ထောင်ချီ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့လက်ကို အသာတွန်း လိုက်ပါတယ်။

မဟာချုပ်နှောင်လက်ဝါး။

ခံစစ်ကို ဂရုမစိုက်ဘဲ တရကြမ်း တိုက်ခိုက်နေတဲ့ ချပ်ဝတ်နဲ့ အမျိုးသားဟာ ဟန်ကျွယ်ရဲ့ မဟာချုပ်နှောင် လက်ဝါး ထိမှန်ပြီး ချက်ချင်း တစ်လက်မတောင် လှုပ်ရှားလို့ မရတော့ပါဘူး။ ချပ်ဝတ်နဲ့ အမျိုးသားဟာ လေထဲမှာ ကျောက်ရုပ်လို ရပ်နေပေမဲ့ ဟန်ကျွယ်ကို ဝါးစားမတတ် စိုက်ကြည့်နေတုန်းပါ။

ဆူညံသံတွေ အကုန်လုံး ရပ်တန့်သွားပါတယ်။

ဒါကို ကြည့်ပြီး တာအိုအရှင်သခင်တို့ လေးယောက်ဟာ မှင်တက်သွားပါတယ်။ သူတို့တွေဟာ စောစောက ချပ်ဝတ်နဲ့ အမျိုးသားရဲ့ ရောင်ဝါကို ခံစားမိပြီး ဟန်ကျွယ်အတွက် စိုးရိမ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ဒီချပ်ဝတ်အမျိုးသားက ဟန်ကျွယ်ရဲ့ သာမန်တိုက်ကွက်ကိုတောင် မခံနိုင်ရှာပါဘူး။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ လေးယောက်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့တွေ ဒီမှာ ဆက်နေမှာလား၊ ထွက်သွားမှာလား...”

ဒီတော့မှ ကျောက်ရွှမ်ယွမ်ဟာ သတိပြန်ဝင်လာပြီး အမြန်ပြောလိုက်ပါတယ် “ဒီမှာပဲ ဆက်နေမယ်၊ ကျွန်တော် ဒီမှာနေတဲ့ နှစ်နှစ်သိန်းကျော်မှာ ဘာမှ မဖြစ်ဘူး၊ ဒီနေ့က မတော်တဆဖြစ်တာ၊ ဒီကောင်က စွမ်းအားကြီးလွန်းတယ်၊ ကျွန်တော်တို့ ဓမ္မရတနာတွေနဲ့ ဆန်းကြယ်စွမ်းအားတွေက သူ့ကို ဘာမှ မလုပ်နိုင်ဘူး၊ နောက်ပြီး သူက အငြိုးမိစ္ဆာတွေကို ဆင့်ခေါ်နိုင်သေးတယ်၊ အဲဒါကြောင့် ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘဲ ဆရာသခင်ကို အကူအညီတောင်းလိုက်ရတာပါ”

ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ချပ်ဝတ်အမျိုးသားနဲ့ ဓားမကို သိမ်းယူကာ ဝဲကတော့နက်ထဲ လှမ်းဝင်လိုက်ပါတယ်။ အဲဒီနောက် ဝဲကတော့နက်ဟာ ကျုံ့ဝင်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မင်းတို့ရဲ့ ဆရာသခင်က တကယ်ကို ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံးပဲ၊ ခုနကကောင်ရဲ့ ‌ရောင်ဝါက မဟာတာအိုပညာရှိအဆင့်ကို ကျော်သွားပြီ၊ ဒါပေမဲ့ မင်းတို့ဆရာသခင်ရှေ့မှာ...”

ကျောက်ရွှမ်ယွမ်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဒီလိုပဲဖြစ်ရမယ်လေ”

တာအိုအရှင်သခင်နဲ့ ကျန်းယီတို့ဟာ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသကြပါတယ်။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်ပြီးနောက် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ခုနက နေရာက ဘယ်နေရာလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘များလှချည်လား... ဒါ တာအိုဖန်တီးရှင် တန်ဖိုးပဲ’

ဆက်တွက်မယ်။

[သိစိတ်မဲ့ မဟာတာအိုကမ္ဘာ: ပဋိပက္ခနတ်မင်းဖြစ်သော ပဋိပက္ခသိစိတ် ဖန်တီးထားသော ကမ္ဘာဖြစ်ပြီး ပဋိပက္ခ၏ ဖိနှိပ်မှုကြောင့် အသက် ကင်းမဲ့၏။ ဤကမ္ဘာသည် အလွန်တရာ ကျယ်ပြောပြီး အဆုံးမဲ့၏။]

‘ပဋိပက္ခ ဖိနှိပ်ထားတာ...’ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ အများကြီး တွေးမိလိုက်ပါတယ် ‘ပဋိပက္ခသိစိတ်က ခဏခဏ ပေါ်လာတာက အံဩစရာ မရှိတော့ပါဘူး’

ယုတ္တိကျကျ ပြောရရင် တာအိုဖန်တီးရှင်ဆိုတာက ပဋိပက္ခကနေ ခုန်ထွက်သွားပြီ ဖြစ်တဲ့အတွက် ပဋိပက္ခထဲမှာ ပြန်ပြီးတော့ ပေါ်မလာသင့်ပါဘူး။ ပြောရရင် ဟန်ကျွယ်ဟာ တခြားတာအိုဖန်တီးရှင် နှစ်ပါးရဲ့ နာမည်ကို အခုထိ မသိရသေးပါဘူး။

အခုတော့ ပဋိပက္ခသိစိတ်ကို နဝမပဋိပက္ခက ဖိနှိပ်ခဲ့တယ်ဆိုတာ ဟန်ကျွယ် သိလိုက်ရပါပြီ။ ဒီအတိုင်းဆိုရင် ပဋိပက္ခသိစိတ်ကာ နဝမပဋိပက္ခရဲ့ သိမ်းပိုက်မှုကို ခံရပြီး ပဋိပက္ခရဲ့ လုံခြုံရေးကို စောင့်ကြည့်ဖို့ ပဋိပက္ခနတ်မင်း ဖြစ်လာတာ နေပါလိမ့်မယ်။

ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ပဋိပက္ခသိစိတ်က ပဋိပက္ခထဲမှာ ဝေ့လန်ရှန်မိကို ထောက်ပံ့ထားပါတယ်။ ဒါက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်လည်း သူ့ရဲ့ လောကဦးကမ္ဘာကို ပဋိပက္ခက ဖိနှိပ်သွားရင် ဘယ်လိုမှ နေသာထိုင်သာရှိမှာ မဟုတ်ပါဘူး။ ကြည့်ရတာ လောကဦးကမ္ဘာရဲ့ တည်ရှိမှုကို အတတ်နိုင်ဆုံး ထုတ်မပြရမဲ့ပုံပါပဲ။ နဝမပဋိပက္ခက ဘာဆန္ဒမှ မရှိဘူးလို့ ထင်ရပေမဲ့ ဒါက အပေါ်ယံတင်ပါ။

တာအိုအရှင်သခင်တို့ လေးယောက်ကိုတော့ ဟန်ကျွယ်ဟာ သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဒီလေးကောင်က လျှောက်သွားရတာ ကြိုက်ပြီး ငြိမ်ငြိမ် မနေနိုင်ကြပါဘူး။ ဒါကလည်း မကောင်းတာ‌တော့ မဟုတ်ပါဘူး။ ဟန်ကျွယ်အတွက် မြေပုံအသစ်ကို ဖွင့်ပေးနိုင်တယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ကြေးခွံဓားမကို ထုတ်ယူလိုက်ပါတယ်။ ချပ်ဝတ်နဲ့အမျိုးသားကိုတော့ ဟန်ကျွယ်က ဖျက်ပစ်လိုက်ပါပြီ။ ချပ်ဝတ်နဲ့ အမျိုးသားရဲ့ ပုံစံမှန်က ဒီဓားမပါ။ ဒီရတနာက မရိုးရှင်းပါဘူး။ အနည်းဆုံး ပဋိပက္ခ အကောင်းစား ရတနာအဆင့် ရှိပါတယ်။ ဘယ်မဟာတာအို တည်ရှိမှုကိုမဆို သွားရည်တမြားမြား ကျစေမှာပါ။

ဟန်ကျွယ်ဟာ အကြွင်းမဲ့ သန့်စင်ခြင်းကို သုံးပြီး ဓားမကို သန့်စင်လိုက်ပါတယ်။

ဟန်လင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဓားမကို တွေ့သွားပြီး စပ်စုလိုက်ပါတယ် “ဖေဖေ... အဲဒါ ဘာလဲ”

“ဓမ္မရတနာ”

“အဲဒါတော့ သမီးလည်း သိတာပေါ့၊ သမီး သိချင်တာက...”

“သမီး လိုချင်လို့လား”

ဟန်လင်ဟာ ခပ်ရှက်ရှက် ဖြစ်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဟန်လင်ဟာ စွမ်းအားကြီး ဓမ္မရတနာတွေရှိတဲ့ ပြိုင်ဘက် အများကြီးနဲ့ တွေ့ခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ ဓမ္မရတနာတွေက ဆန်းကြယ်စွမ်းအားတွေထက်တောင် စွမ်းအား ပိုကြီးနေပါသေးတယ်။

ဟန်ကျွယ် “ဒီရတနာက ကြမ်းတယ်၊ ဒီကြမ်းတမ်းတဲ့ အပိုင်းကို အရင်ဆုံး ရှင်းပစ်ဖို့လိုတယ်၊ ဖေဖေ ပြင်ပြီးတဲ့အထိ စောင့်ဦး”

“ဟုတ်ကဲ့ပါ” ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပေမဲ့ မျက်စိကတော့ ကြေးခွံဓားမကနေ တစ်ချက်ကလေးတောင် ခွာမသွားပါဘူး။

ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ဆီက လုယူထားတဲ့ အန္တိမတာအိုရတနာကို တွေးမိလိုက်တာကြောင့် ချက်ချင်း ထုတ်ယူလိုက်ပါတယ်။ လခြမ်းကျောက်စိမ်းနီဟာ ဟန်ကျွယ်ရဲ့ လက်ပေါ်မှာ ဝဲပျံပြီး ဟန်လင်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

“နှစ်ခုထဲက တစ်ခုရွေး... သမီးတစ်ခုပဲ ရမယ်” ဟန်ကျွယ်ဟာ ဘယ်ဓမ္မရတနာက ဘာစွမ်းမှန်း မသိတာကြောင့် သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။

ဟန်လင်ဟာ လခြမ်းကျောက်စိမ်းနီကို လက်ညှိုးထိုးလိုက်ပါတယ် “သမီး ဒီဟာကို လိုချင်တယ်၊ ဒီဟာက ပိုစွမ်းတယ်၊ နောက်ပြီး ဒီထဲပါနေတဲ့ စွမ်းအားက သမီးရဲ့ မဟာဖန်တီးမှုနဲ့ တော်တော်လေး ဆင်တူတယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်မလေးက လွတ်လပ်မှုအဆင့်ပဲ ရှိသေးတယ်၊ အန္တိမတာအိုရတနာကို ‌ထောက်လှမ်းနိုင်နေပြီလား...’

လခြိမ်းကျောက်စိမ်းနီက သန့်စင်ပြီး ကြာလှပြီမလို့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ဟန်လင်သာ ဒီရတနာကို သိမ်းပိုက်ချင်တယ်ဆိုရင် စွမ်းအားပိုကြီးလာဖို့ လိုပါတယ်။ ဟန်ကျွယ်ဟာ လခြမ်းကျောက်စိမ်းနီကို ဟန်လင်ဆီ ပစ်ပေးလိုက်ပါတယ်။

အန္တိမတာအိုရတနာက အထင်ကြီးဖို့ကောင်းတာ အမှန်ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဆီမှာက တစ်ခုမက ရှိနေပါတယ်။ လခြမ်းကျောက်စိမ်းနီက တိုက်စစ်လည်း မဟုတ်သလို ခံစစ်ရတနာလည်း မဟုတ်ပါဘူး။ ဖန်တီးမှုနဲ့ ကံရေစက် အပေါ်ကို ပိုပြီးတော့ အားသန်ပါတယ်။

ဟန်လင်ဟာ လခြမ်းကျောက်စိမ်းနီကို ဝမ်းသာအားရ ဖမ်းယူပြီး စလေ့လာပါတော့တယ်။

နှစ်သုံးလေးရာ ကြာတဲ့အခါမှာတော့ ကြေးခွံဓားမကို အောင်မြင်စွာ သန့်စင်ပြီးသွားပါတယ်။ ဓားမထဲက ဓားမစိတ်ဝိညာဉ်ဟာ အရင်လိုမျိုး ထိုးထွက်မလာတော့ဘဲ နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားပြီး သူ့ဆရာသခင် နိုးလာတာကို စောင့်ပါတယ်။

ဒီရတနာက မရိုးရှင်းပါဘူး။ မဟာတာအို အထွတ်အထိပ် စွမ်းအားနဲ့ အလွန်အားကောင်းတဲ့ သတ်ဖြတ်ငွေ့ ပါဝင်နေပါတယ်။ ဟန်ကျွယ်ဟာ ဒီဓားမကို အနာဂတ်က တပည့် ဒါမှမဟုတ် မျိုးဆက်အတွက် ချန်ထားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်ကို တွေးမိလိုက်ပါတယ်။

ဟန်ယွီပါ။ ဟန်ယွီဟာ ဟန်ဟွမ်နဲ့ ဟန်ထော်ထက် ပိုလိမ္မာပြီး ဟန်ကျွယ်ရဲ့ ညွှန်ကြားချက်တွေကို လေးလေးစားစား လိုက်နာပါတယ်။ အခုအချိန်က သူ့ကို ပံ့ပိုး‌ပေးရမဲ့အချိန်ပါ။

ဟန်ကျွယ် တွေးတော စဉ်းစားနေတုန်းမှာပဲ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ဝင်လာပါတယ်။

[ပဋိပက္ခသိစိတ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ် နှလုံးတုန်သွားပါတယ်။

‘တာအိုဖန်တီးရှင်ပါလား...’

“ငါ ဒီအိပ်မက်ကို လက်ခံလိုက်ရင် ငါ့အတွက် အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အန္တရာယ်မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အိပ်မက်ကို လက်ခံဖို့ တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

အိပ်မက်က ဗလာနယ်မြေပါ။ ဘေးပတ်လည်မှာ မရေမတွက်နိုင်တဲ့ အကြွင်းအကျန်တွေ ဝဲပျံနေပါတယ်။ သရဲဆန်ပြီး ချောက်ချားဖွယ် ကောင်းလှပါတယ်။

ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ပဋိပက္ခသိစိတ်ကို ရှာမတွေ့ပါဘူး။ ဒီအချိန်မှာပဲ ဧရာမခေါင်းကြီးတစ်ခေါင်းဟာ ရုတ်တရက်လှည့်လာပြီး မျက်လုံးရှစ်လုံးနဲ့ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ဘာဖြစ်လို့ ငါ့အိပ်မက်ထဲကို လာလည်တာလဲ”

ပဋိပက္ခသိစိတ်က ပြံးလိုက်ပါတယ် “ငါက ပဋိပက္ခနတ်မင်း...”

ဟန်ကျွယ်ဟာ နှလုံးလှုပ်ပြီး လန့်ချင်ယောင်ဆောင်ကာ ရေရွတ်လိုက်ပါတယ် “ပဋိပက္ခနတ်မင်း... အထွတ်အထိပ် နိယာမတွေကို ဖန်တီးတဲ့ တည်ရှိမှုက တကယ် ရှိနေတာလား...”

“ငါက ပဋိပက္ခနဲ့ အထွတ်အထိပ် နိယာမတွေကို ဖန်တီးတဲ့လူ မဟုတ်ဘူး၊ အရင်တုန်းက မင်း မြင်ခဲ့တဲ့ နဝမပဋိပက္ခက ဒါတွေကို ဖန်တီးခဲ့တာ၊ ငါက ပဋိပက္ခစနစ်ကျမှ မပြိုလဲအောင်ပဲ ကာကွယ်ရတာ၊ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ကိစ္စကြောင့် နဝမပဋိပက္ခက ငါ့ကို တော်တော်လေး မကျေမနပ် ဖြစ်နေတယ်”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်က သူ့ကို ဘာပြောချင်လဲဆိုတာ နားမလည်ပါဘူး။ ပဋိပက္ခသိစိတ်က သူ့အပေါ်မှာ မျက်နှာသာပေးမှု ကြယ်တစ်ပွင့်ပဲ ရှိသေးတာ မဟုတ်ပါလား။

“ဟန်ကျွယ်... မင်းမှာ ငါတို့အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိဘူး၊ မဟာတာအို အထွတ်အထိပ်အဆင့်က မင်းရဲ့ အားကုန်ပဲ၊ မင်း ဒီထက် စွမ်းအားပိုကြီးလာတယ် ဆိုရင်တောင် မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်ပြီး သွားနိုင်မှာ မဟုတ်ဘူး” ပဋိပက္ခသိစိတ်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ်။

“မင်းတပည့်တွေကို ကယ်ဖို့ မင်း သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို သွားခဲ့တယ်မလား၊ အဲဒီကမ္ဘာကို မဟာတာအို အထွတ်အထိပ်အဆင့်ထက် သာလွန်တဲ့ တည်ရှိမှုတစ်ခုက ဖန်တီးထားခဲ့တာ၊ ဒုတိယ ပဋိပက္ခလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ဒီကမ္ဘာဖန်တီးပြီးတယ်ဆိုရင်ပဲ သူ့ကို နဝမပဋိပက္ခက ဖိနှိပ်လိုက်တယ်၊ ဒီကမ္ဘာထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီ အကုန်လုံးကို ပဋိပက္ခက စုပ်ယူသွားလို့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ဘာမှမရှိတဲ့ နေရာတစ်ခု ဖြစ်သွားခဲ့တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters