← Chapters

မျက်လုံးနီကြီးများ

Vol. 93 Ch. 976

မျက်လုံးနီကြီးများ

Vol. 93 Ch. 976

‘တော်တော် မရိုးသားတာပဲ... သူ့အကြောင်းကျတော့ မပြောဘူး၊ ဒီကောင် သူ့မျက်နှာပျက်မှာကို စိုးရိမ်တာလား... ဒါမှမဟုတ် တခြားအကြံ ရှိနေတာလား...’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပေမဲ့ အပေါ်ယံမှာတော့ ဆက်ပြီးတော့ နားထောင်ပါတယ်။

ပဋိပက္ခသိစိတ်က ဆက်ပြောပါတယ် “မဟာတာအို အထွတ်အထိပ် အဆင့်ရဲ့ အထက်မှာ တာအိုဖန်တီးရှင် အဆင့် ရှိတယ်၊ တာအိုဖန်တီးရှင်ဖြစ်ဖို့က မဟာတာအိုကမ္ဘာကို ဖန်တီးဖို့ပဲ၊ ပဋိပက္ခက မဟာတာအိုသုံးထောင်ကနေ ဖြစ်တည်လာတဲ့ ပထမဆုံး မဟာတာအိုကမ္ဘာပဲ၊ မဟာတာအိုကမ္ဘာတိုင်းမှာ မဟာတာအို သုံးထောင်ရှိပြီး နိယာမစနစ်တစ်ခု ဖြစ်သွားတယ်”

“ဒါပေမဲ့ ပဋိပက္ခရှိနေတော့ မင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူး၊ မင်းက မင်းရဲ့ မဟာတာအိုကမ္ဘာကို ပဋိပက္ခရဲ့ လက်အောက်ခံကမ္ဘာအဖြစ် ထားချင်ရင်တော့ တစ်မျိုးပေါ့”

“ငါ မင်းကို လေ့လာမိသလောက် မင်းက ပြဿနာမရှာချင်ဘူးလို့ ပြောနေပေမဲ့ မင်းတကယ်လိုချင်တာက လွတ်လပ်မှုပဲ... အကြွင်းမဲ့ လွတ်လပ်မှုက တကယ့်စွမ်းအားအပေါ် မူတည်တယ်၊ တကယ်တော့ မင်းက စွမ်းအားနောက်ကို လိုက်နေတာပဲ”

ပဋိပက္ခသိစိတ်က ဟန်ကျွယ်ကို မျက်လုံးရှစ်လုံးနဲ့ စိုက်ကြည့်ပါတယ်။ ဒါက မကောင်းကြံဖို့ ရည်ရွယ်ထားတဲ့ မြှောက်ပင့်စကားပါ။ ပဋိပက္ခသိစိတ်က ဟန်ကျွယ်ကို မြှောက်ပင့်ပြောဆိုပြီး နဝမပဋိပက္ခကို ဆန့်ကျင်ဖို့ တွန်းအားပေးနေတာပါ။

ဟန်ကျွယ် “နတ်မင်း... နတ်မင်း ပြောတာတွေက လေးနက်လွန်းနေပြီ၊ ကျွန်တော် ဘယ်သူကိုမှ အနိုင်မကျင့်ဖူးဘူး၊ ကျွန်တော်က ဘာဖြစ်လို့ အဲဒီလိုလုပ်ရမှာလဲ”

“ဒါဆို မင်းက နဝမပဋိပက္ခကို အညံ့ခံဖို့ ပြင်ဆင်ထားတာလား” ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ်။

“လောလောဆယ်တော့ အဲဒီလိုအကြံ မရှိဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်မှာ မဟာတာအိုကမ္ဘာကို ဖန်တီးဖို့ အတွေးမရှိဘူး”

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကို ရန်စမိမှာစိုးတဲ့အတွက် တိတိကျကျ ဘာမှ မပြောပါဘူး။ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကို သူ့ဘာသာ ခန့်မှန်းအောင်လုပ်ပြီး အချိန်ဆွဲထားမှာပါ။

“ကဲ တာအိုဖန်တီးရှင် အဆင့်အကြောင်း မပြောတော့ဘူး၊ မင်းမှာ အခွင့်အရေး ရှိတယ်ဆိုရင်တောင် မဟာတာအိုကမ္ဘာကို နှစ်တစ်ထရီလီယံအတွင်း ဖန်တီးဖို့က ခက်တယ်၊ ငါမင်းဆီကို ဒီတစ်ကြိမ် လာလည်တာက သိစိတ်မဲ့ မဟာတာအိုကမ္ဘာအကြောင်း ပြောမလို့ပဲ”

“အဲဒီကမ္ဘာမှာ သက်ရှိတွေ အများကြီးရှိတယ်၊ ပဋိပက္ခ ဖိနှိပ်တာကို ခံရပြီးနောက် ဒီသက်ရှိတွေက ပဋိပက္ခကို မလာနိုင်သလို စိတ်ဝိညာဉ်ချီလည်း မရှိတော့ဘူး၊ အဲဒါကြောင့် ဆက်ပြီးတော့ အသက်ရှင်နိုင်တာက ရှင်သန်ဖို့ စိတ်ဝိညာဉ်ချီ မလိုအပ်တဲ့ သေမျိုးတွေပဲ၊ ဒီသက်ရှိတွေက အချိန်ကြာတော့ မနာလိုစိတ်တွေ ပြည့်ပြီး ပဋိပက္ခကို မုန်းတီးလာတယ်”

“ပဋိပက္ခက သိစိတ်မဲ့ မဟာတာအိုကမ္ဘာထက် မြင့်မားတော့ သူတို့တွေ ပဋိပက္ခထဲကို မဝင်နိုင်ဘူး၊ ဒါပေမဲ့ သူတို့တွေက စွမ်းအားကြီးလာနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့သွားတယ်၊ ရေရှည်မှာ သူတို့က ပဋိပက္ခအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်”

ဟန်ကျွယ်ဟာ မျက်ခုံး ပင့်တက်သွားပါတယ် ‘ထောင်ချောက်... သိစိတ်မဲ့ မဟာတာအိုကမ္ဘာက မင်းဟာ မဟုတ်ဘူးလား...’

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်က ဒီအကြောင်းကို ထုတ်မပြောရင်တောင် ပဋိပက္ခသိစိတ်ရဲ့ စကားကို ယုံကြည်မှာ မဟုတ်ပါဘူး။

ပဋိပက္ခသိစိတ်က ဆက်ပြောပါတယ် “မင်း အဲဒီကမ္ဘာဆီသွားပြီး အဲဒီကသက်ရှိတွေကို သွန်သင်ဆုံးမပေးနိုင်ဖို့ ငါ မျှော်လင့်တယ်၊ မင်း ဒီလိုမလုပ်နိုင်ဘူးဆိုရင် ပဋိပက္ခကို စုစည်းပြီး အဲဒီထဲက ရန်ငြိုးစိတ်ဝိညာဉ် အကုန်လုံးကို သတ်ပစ်ချည်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘယ်သူက ခင်ဗျားကို ဒီအကြောင်းပြောတာလဲ”

“မင်းက ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံး ဖြစ်နေပြီ၊ ငါ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကိုပဲ လာရှာတာ၊ ဘာလုပ်မယ်ဆိုတာ မင်း ဆုံးဖြတ်”

စကားဆုံးတာနဲ့ ပတ်ဝန်းကျင်က အလောင်းတွေဟာ ရုတ်ခြည်း ပေါက်ကွဲထွက်သွားပြီး အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဝိုး... တကယ် အကြံသမားပဲ’

တခြားသူသာဆိုရင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ပဋိပက္ခသိစိတ်ရဲ့ ကမ္ဘာမှန်း မသိတာကြောင့် ဒီစကားကို ကြားတာနဲ့ ကျိန်းသေပေါက် စိတ်လှုပ်ရှားသွားမှာပါ။ ပဋိပက္ခနတ်မင်းက သူတို့ကို အသိအမှတ်ပြုပြီး အာဏာနဲ့ တာဝန်ကို ပေးအပ်တယ်လို့ တွေးထင်သွားကြမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဒါက ထောင်ချောက် အကြီးကြီး တစ်ခုဆိုတာကို သိနေပါတယ်။

‘မင်းက ငါ့ကို အဆင့်ထိုးဖောက်ဖို့ နှစ်တစ်ထရီလီယံ အချိန်ယူရမယ်တဲ့လား... ငါ နှစ်သန်းတစ်ရာအတွင်း အရလုပ်ပြမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်ပြီးနောက် ပဋိပက္ခသိစိတ်က အလျင်မလိုလောက်ဘူးလို့ ခံစားလိုက်ရပါတယ်။

တာအိုဖန်တီးရှင်တွေအတွက် အချိန်က မြန်ဆန်လွန်းလှပါတယ်။ နှစ်ဆယ်သန်းက သူတို့အတွက် ထည့်ပြောဖို့တောင် မတန်တဲ့ ပမာဏတစ်ခုပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ တွေးနေတာရပ်ပြီး စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်လင်ကတော့ လခြမ်းကျောက်စိမ်းနီနဲ့ ဆော့နေတုန်းပါ။ ဟန်လင်ဟာ လခြမ်းကျောက်စိမ်းနီကို တော်တော် မြတ်နိုးပါတယ်။ လခြမ်းကျောက်စိမ်းနီနဲ့ ဆော့နေချိန်ဆို ဟန်လင်ရဲ့ မျက်နှာက ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်လိုပါပဲ။

အန္တိမနတ်ဘုရားကမ္ဘာ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ရှေ့မှာရှိတဲ့ ဒဏ်ခတ်သမားငါးဖော်ကို သေချာ အကဲခတ်ပြီးနောက် ကျေနပ်အားရသွားပါတယ်။။

ယီတျန်ဟာ ပြုံးလိုက်ပါတယ် “တန်ခိုးရှင်နတ်ဘုရား... ကျွန်တော်တို့တွေ ပဋိပက္ခ အစည်းအဝေးမှာ ဘယ်လိုယှဉ်ပြိုင်ကြမှာလဲ၊ တစ်ယောက်ချင်းဆိုရင် ကျွန်တော်တို့တွေ အနှိုင်းမဲ့ပါရမီရှင်နေရာကို ရနိုင်မှာ မဟုတ်ဘူး”

တခြားဒဏ်ခတ်သမားတွေဟာလည်း ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေဟာ အချင်းချင်း ဆွေးနွေးပြီးတဲ့နောက် အန္တိမဒဏ်ခတ်နတ်မင်းက ဟန်ကျွယ်ဆီမှာ အညံ့ခံလိုက်ပြီလို့ ခံစားလိုက်ရပါတယ်။ မဟုတ်ရင် သူတို့တွေကို အခုလို ထပ်ပြီးတော့ အရာပေးမှာ မဟုတ်ပါဘူး။ အတိတ်မှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ထွက်ပေါ်လာတုန်းက သူတို့တွေ မသန်မစွမ်း ဖြစ်လုနီးပါပဲ။

လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေး ယူလိုက်တာရုံဆိုရင် သူတို့တွေ အများဆုံး ဒဏ်ခတ်သမားနေရာကိုပဲ ထိန်းသိမ်းထားနိုင်မှာပါ။ အခုလိုမျိုး ရှိသမျှ ရင်းမြစ်တွေသုံးပြီး ပျိုးထောင်ပေးမှာ မဟုတ်ပါဘူး။

အခုလို အရေးပေးတာက သူတို့တွေက တစ်ဖက်တည်းလို့ ပြောနေသလိုပါပဲ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “ငါ ဒီအကြောင်းကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ဆွေးနွေးလိုက်မယ်၊ ဟန်ဟွမ်က တကယ်ကို တားဆီးလို့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးနေရာထဲ ဝင်မှ ဖြစ်လိမ့်မယ်”

“အကြွင်းမဲ့ပါရမီရှင် ဆယ်ပါး နေရာကတော့ ရတယ်၊ ကျွန်တော်တို့တွေ ဒီလောက်တော့ လုပ်နိုင်ပါတယ်” ယီတျန်က ဘဝင်ခိုက်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။

ဟန်ထော်ဟာ မျက်လုံးပင့်တက်သွားပါတယ် “အပိုတွေ လျှောက်မပြောနဲ့၊ ငါ့အဖေဆီမှာ နောက်ထပ် ယုတ္တိမရှိအောင် စွမ်းအားကြီးတဲ့ နောက်လိုက်တွေ ရှိနေနိုင်သေးတယ်”

ယီတျန်ရဲ့ အပြုံးဟာ တန့်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ အပြုံးနဲ့ ထပ်ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ နောက်လိုက်တွေကိုချည်း တွေးမနေနဲ့၊ တိတ်ဆိတ်ဂိုဏ်းက နက်နဲတဲ့ အုတ်မြစ်ရှိတယ်ဆိုပေမဲ့ ပဋိပက္ခထဲမှာ တခြားပါရမီရှင်တွေလည်း ရှိသေးတယ်၊ လွန်ခဲ့တဲ့ နှစ်တစ်သန်းမှာ အံ့ဩမှင်သက်ရလောက်တဲ့ ပါရမီရှင် အများကြီး ပေါ်လာတယ်၊ တချို့ ဂူအောင်းကျင့်ကြံနေတဲ့ ပါရမီရှင်တွေကလည်း အရှိန်ယူလာကြတယ်၊ ပဋိပက္ခ အစည်းအဝေးက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းမှာ၊ မင်းတို့တွေ အမှုမဲ့အမှတ်မဲ့ လုပ်လို့ မရဘူး၊ ဒီကျန်တဲ့ နှစ်လေးသန်းကို အခွင့်ကောင်းယူပြီး ကြိုးစား ကျင့်ကြံကြ”

အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ခဏ ရပ်လိုက်ပြီးမှ “မင်းတို့တွေ အထွတ်အထိပ် နိယာမကို သိပေမဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သိကြလား၊ ပဋိပက္ခ နတ်ဘီလူးတွေက မဟာတာအိုစွမ်းအားကို ထိန်းချုပ်တယ်၊ အထွတ်အထိပ် နိယာမရဲ့ စွမ်းအားကျတော့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာပဲ၊ ပဋိပက္ခနတ်ဘီလူးတွေရဲ့ အထက်မှာ နေတာလို့ ပြောလို့ရတယ်၊ လက်ရှိမှာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ခုနစ်ပါးရှိတယ်၊ ငါ အဲဒီထဲက တစ်ပါးကို ရရင် အနှိုင်းမဲ့ပါရမီရှင်ကို ဆုပေးဖို့ စီစဉ်ထားတယ်”

“ဒါက မင်းတို့တွေ ထိပ်ဆုံးကို ရောက်ဖို့ အတိုဆုံး နည်းလမ်းပဲ၊ ဒီလိုအခွင့်အရေးမျိုးက ငါ ဘယ်တုန်းကမှ မတွေးခဲ့တဲ့ အရာပဲ”

ဒဏ်ခတ်သမားငါးဖော်ဟာ မျက်လုံးပြူးသွားပြီး အသက်ရှူသံ မြန်သွားကြပါတယ်။ဟန်ထော်လည်း အတူတူပါပဲ။

‘မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ’

အန္တိမဒဏ်ခတ်နတ်မင်းက ဆက်ပြောပါတယ် “ငါ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာအတွက် အရှိန်စယူမယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ဒီသတင်းကို လူသိရှင်ကြား မကြော်ငြာသေးဘူး၊ ကမ္ဘာထိပ်ဆုံး ပါရမီရှင်တွေကို သတ်မှတ်ပြီးမှ သက်ရှိအားလုံးကို သတင်းပေးမှာ၊ အဲဒါကြောင့် ဒီသတင်းက မင်းတို့ ဒဏ်ခတ်သမားတွေ အတွက် အားသာချက်ပဲ”

ယီတျန် “ငါ ဒါကို ရရမယ်၊ ဟန်ဟွမ်ရေ တောင်းပန်ပါတယ်၊ ငါမင်းကို ဒီအတိုင်း လက်ပိုက် ကြည့်မနေနိုင်တော့ဘူး”

ဟန်ထော်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ညီနှစ်က မကြာသေးခင်ကမှ မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်သွားတာ”

ယီတျန်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး ဟန်ထော်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “မင်းက လက်လျှော့ချင်လို့လား”

ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ် ‘ငါ ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်မှာလဲ’

မဟာတာအို ကံတရား အထာက်အပံ့ နတ်အခွင့်အာဏာက ပဋိပက္ခရဲ့ ထိပ်ဆုံးကို လျှောက်လှမ်းနိုင်ဖို့ ဧရာမ အခွင့်အရေးကြီး တစ်ခု ဆိုတာထက် ပိုပါတယ်။ ဒီဟာက မဟာတာအို သုံးထောင်ရဲ့ အထက်မှာ ရှိနေတာ မဟုတ်ပါလား။

တခြားဒဏ်ခတ်သမား သုံးဖော်လည်း အတော်လေး စိတ်လှုပ်ရှားသွားကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပြီး နေရာကနေ ပျောက်ကွယ်သွားပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာ ပဋိပက္ခ အစည်းအဝေးက ပဋိပက္ခတစ်ခုလုံးရဲ့ အာရုံစိုက်ရာ ဖြစ်လာခဲ့ပါတယ်။ အင်အားစု အသီးသီးကလည်း ပဋိပက္ခ အစည်းအဝေးကို ဝိုင်းကြော်ငြာကြပြီး သူတို့ရဲ့ ပါရမီရှင်တွေကို အစွမ်းကုန် အင်တိုက်အားတိုက် ပျိုးထောင်ကြပါတယ်။

ကောင်းကင်ရုံးတော်လည်း အတူတူပါပဲ။ ဟန်ဟွမ်ကတော့ အတောက်ပဆုံး ကြယ်တစ်စင်း ဖြစ်နေတုန်းပါ။ ဒါပေမဲ့ ဒါကို ကျန်တဲ့ ပါရမီရှင်တွေကို လက်မခံနိုင်ကြပါဘူး။

ဒါက ပါရမီရှင်တွေ သူတို့ကိုယ်သူတို့ ဘယ်လိုတွေးလဲ ဆိုတာပါ။ သူတို့တွေဟာ ရန်သူတွေကို အဆင့်ကျော် သတ်နိုင်ပြီး သူတို့ကိုယ်သူတို့ အရည်အချင်း အရှိဆုံးလို့ ခံယူထားကြတာပါ။

ပဋိပက္ခကို မဆိုထားနဲ့၊ ကောင်းကင်တာအိုမှာတောင် ဒီလိုပါရမီရှင်တွေ အများကြီး ရှိပါတယ်။ ဥပမာပေးရရင် ဝေ့လန်ရှန်မိနဲ့ ကျောက်ရွှမ်ချွမ်ပါ။ ဝေ့လန်ရှန်မိက ပဋိပက္ခသိစိတ်ရဲ့ နယ်ရုပ်ဆိုတော့ သူ့အရည်အချင်းက ပြောစရာ မလိုလောက်အောင်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ ကျောက်ရွှမ်ချွမ်ကလည်း အဋ္ဌမပဋိပက္ခ ပြန်ဝင်စားတာဆိုတော့ ခေသူ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က မကြာခဏ လက်ရည်စမ်းကြပါတယ်။ ဒါပေမဲ့ ဝေ့လန်ရှန်မိက ကျင့်ကြံတာစောတော့ ကျောက်ရွှမ်ချွမ်ကို အမြဲတမ်း ဖိနှိပ်နိုင်ပါတယ်။

ဒါပေမဲ့ ကောင်းကင်တာအို ပညာရှိတွေက သူတို့နှစ်ယောက်ကို ညီညီမျှမျှ ပျိုးထောင်ပါတယ်။ သူတို့လိုချင်တာ မှန်သမျှကို အကောင်းဆုံး ကြိုးစားပြီး ဖြည့်ဆည်းပေးပါတယ်။

ဒီနေ့မှာတော့ စုချီရဲ့ နန်းတော်မှာ ကျောက်ရွှမ်ချွမ်ဟာ မကြာသေးခင်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ ‌ဖောက်သည်ချနေပါတယ်။ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိဟာ မကြာမကြာ ပဋိပက္ခထဲမှာ လျှောက်သွားပြီး ဂုဏ်သတင်းကို တည်ဆောက်ပါတယ်။

စုချီက မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “မင်း ဝေ့လန်ရှန်မိနဲ့ ဘာဖြစ်လို့ တူနေရတာလဲ၊ မင်းက ဘဝင်မြင့်ပြီး အကြောက်အလန့် မရှိဘူး၊ ဒီအတိုင်း ဆက်သွားရင် မင်း မကြာခင် ဒုက္ခရောက်လိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters