← Chapters

မဟာအခွင့်အရေး၊ နံပါတ်တစ် နတ်မင်း

Vol. 93 Ch. 977

မဟာအခွင့်အရေး၊ နံပါတ်တစ် နတ်မင်း

Vol. 93 Ch. 977

“ကျွန်တော်က ဝေ့လန်ရှန်မိနဲ့ မတူပါဘူး၊ အဲဒီကောင်က ဟောင်ဖို့ပဲသိပြီး လွယ်လွယ်နဲ့ မသတ်ရဲဘူး၊ တုံးအတယ်ဆိုတာ အသိသာကြီး၊ သူက တခြားလူတွေကို မကြာခဏ အနိုင်ကျင့်ပေမဲ့ အဲဒီလူတွေကို ရှင်သန်ခွင့် ပေးထားတယ်၊ ဒီအတိုင်း ဆက်သွားရင် သူက မကြာခင်မှာ ဘဝပျက်တော့မှာ၊ ကျွန်တော်က သူ့လို မဟုတ်ဘူး၊ ကျွန်တော်က ကျွန်တော်ရဲ့ ပြိုင်ဘက်အပေါ်ကိုပဲ မောက်မာတာ၊ ကျွန်တော်နဲ့ ကံရေစက်မရှိတဲ့လူဆိုရင် ဂရုစိုက်တာ မဟုတ်ဘူး” ကျောက်ရွှမ်ချွမ်ဟာ နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။

စုချီဟာ ဝေ့လန်ရှန်မိနဲ့ ကျောက်ရွှမ်ချွမ်ရဲ့ ရန်ငြိုးကို တွေးမိတဲ့အခါ ကူကယ်ရာမဲ့စွာ ပြုံးမိလိုက်ပါတယ်။ ဒီပါရမီရှင်နှစ်ပါး မတည့်တာက ကောင်းကင်တာအိုထဲမှာ လူတိုင်းသိတဲ့ကိစ္စပါ။ ကံကောင်းတာက သူတို့နှစ်ယောက်ဟာ စကားများပြီး အပြိုင်အဆိုင် ကြိုးစားကြပါတယ်။ တစ်ယောက် အသက်ကို တစ်ယောက် အကောက်မကြံကြပါဘူး။ တစ်ယောက်ကို တစ်ယောက် အသိအမှတ် ပြုတယ်လို့လည်း ပြောလို့ရပါတယ်။

ဝေ့လန်ရှန်မိနဲ့ ကျောက်ရွှမ်ချွမ်မှာက မိတ်ဆွေတွေ များများစားစား မရှိပါဘူး။ ရှိတဲ့ မိတ်ဆွေတွေထဲက ရွယ်တူတွေထဲမှာလည်း သူတို့နှစ်ယောက်ပဲ မကြာခဏ တွေ့ဆုံကြတာမလို့ တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေပါတယ်။

စုချီ “ပဋိပက္ခ အစည်းအဝေးနဲ့ ပတ်သက်ပြီး သတင်းတွေ ပိုပိုများလာတယ်၊ ပဋိပက္ခထဲမှာရှိတဲ့ အင်အားစု အသီးသီးကလည်း အရှိန်အဟုန်ကောင်းအောင် ကြိုးစားနေကြပြီ၊ ကောင်းကင်တာအိုက မင်းနဲ့ ဝေ့လန်ရှန်မိကို ထောက်ပံ့ပေးဖို့ ပြင်ဆင်နေတယ်၊ ဒါပေမဲ့ မင်းဆီမှာ အထင်ကြီးစရာ ကောင်းတဲ့ အောင်မြင်မှု မရှိသေးဘူး၊ မင်း ပဋိပက္ခထဲမှာ လျှောက်သွားတယ်ဆိုပေမဲ့ ကောင်းကင်တာအို မဟာမိတ်အဖွဲ့ထဲတင်... မင်း အနိုင်ရခဲ့တဲ့ ပြိုင်ဘက်တွေကလည်း ကောင်းကင်တာအိုရဲ့ မျက်နှာကို နည်းနည်းနဲ့ များများ ကြည့်တာ ပါတယ်”

ကျောက်ရွှမ်ချွမ်ဟာ တိတ်ဆိတ်သွားပါတယ်။

“ဒါနဲ့... မင်း ဟန်ဟွမ်ဆိုတဲ့ နာမည်ကို ကြားဖူးလား”

ကျောက်ရွှမ်ချွမ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် “ကောင်းကင်ရုံးတော်က ဟန်ဟွမ်လား”

“ဟုတ်တယ်”

“ကြားဖူးတာပေါ့၊ သူက အနှိုင်းမဲ့ပါရမီရှင်နေရာကို ရဖို့ သေချာသလောက်ပဲလို့ လူအများကြီးက ပြောကြတယ်၊ သူက လွတ်လပ်တာအိုပညာရှိ အဖြစ် မွေးဖွားလာခဲ့ပြီး ပြိုင်ဘက်ကင်းတဲ့ အရည်အချင်း ရှိတယ်၊ သူ့နောက်ခံက ပိုပြီးတော့တောင် အထင်ကြီးဖို့ ကောင်းသေးတယ်”

“ဟီးဟီး... မင်းသူ့ကို ဆရာတူဦးလေးလို့ ‌ခေါ်ရမယ်... နားလည်လား”

“နားလည်ပါတယ်... ဆရာတူဦးလေးဟန်” ကျောက်ရွှမ်ချွမ်ဟာ ခေါင်းကုတ်ပြီး ပြုံးလိုက်ပါတယ်။ စုချီကြောင့် ကျောက်ရွှမ်ချွမ်ဟာ တိတ်ဆိတ်ဂိုဏ်းအပေါ် အကောင်းမြင်စိတ် ရှိပါတယ်။ ကျောက်ရွှမ်ချွမ်ရဲ့ အမြင်မှာ တိတ်ဆိတ်ဂိုဏ်းက လမ်းမှန်ဂိုဏ်းပါ။

အရင်တုန်းက စုချီ အကောက်ကြံခံရပြီး အသက်ဆုံးမလို ဖြစ်တုန်းက တခြားလမ်းမှန်ဂိုဏ်းတွေသာ ဆိုရင် လက်လျှော့လိုက်မှာပါ။ တိတ်ဆိတ်ဂိုဏ်းမလို့သာ လက်မလျှော့ဘဲ ကယ်တင်ခဲ့တာပါ။ ဒါတင် မကသေးပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ထောက်ပံ့မှုကိုရပြီး တာအိုပညာရှိလည်း ဖြစ်လာခဲ့ပါတယ်။

ကျောက်ရွှမ်ချွမ်ဟာလည်း ငယ်ရွယ်စဉ်တုန်းက တိတ်ဆိတ်ဂိုဏ်း မျိုးဆက်ဟောင်းတွေရဲ့ ဂရုစိုက်တာကို ခံခဲ့ရပါတယ်။ ကျောက်ရွှမ်ချွမ် ဝေ့လန်ရှန်မိနဲ့ ယှဉ်ပြိုင်နိုင်တာကလည်း တိတ်ဆိတ်ဂိုဏ်းရဲ့ အကူအညီတွေ အများကြီး ပါဝင်နေပါတယ်။

“မင်း နာမည်ကြီးချင်ရင် ငါ မင်းကို ပညာသင်ညီလေးဟွမ်ရဲ့ လက်အောက်ငယ်သား ဖြစ်အောင် ထောက်ခံပေးနိုင်တယ်၊ မင်းဆရာတူဦးလေးရဲ့ ဩဇာကို အခွင့်ကောင်းယူပြီး နာမည်ရအောင် လုပ်ချည်”

စုချီရဲ့ စကားကြောင့် ကျောက်ရွှမ်ချွမ်ဟာ တိတ်ဆိတ်သွားပါတယ်။ ကျောက်ရွှမ်ချွမ်ဟာ မာန်မာနရှိပြီး အောက်ကျို့မခံလိုပါဘူး။ ဒါကြောင့် ကျောက်ရွှမ်ချွမ်ဟာ တိတ်ဆိတ်ဂိုဏ်းကို ကြိုက်ပေမဲ့ သူ့ကိုယ်သူ တိတ်ဆိတ်ဂိုဏ်းထက် နိမ့်ကျတယ်လို့ မခံယူထားပါဘူး။

စုချီ “မင်း မသွားချင်ဘူးဆိုရင် ပညာသင်ညီလေး ဂျိရှင်းရှန်က ဝေ့လန်ရှန်မိကို ထောက်ခံပေးလိမ့်မယ်၊ ကောင်းကင်ရုံးတော်က သေးလွန်းတော့ မင်းကို မိုးပေါ်ပျံတက်အောင် ကူညီနိုင်မှာ မဟုတ်ဘူး”

အစတုန်းက ဝေ့လန်ရှန်မိဟာ ဂျိရှင်းရှန်ရဲ့ လက်အောက်မှာပါ။ ဝေ့လန်ရှန်မိကို ကောင်းကင်တာအိုက ပျိုးထောင်တဲ့ ပါရမီရှင် ဖြစ်လာဖို့အတွက် ဂျိရှင်းရှန်က ဝေ့လန်ရှန်မိကို ကိုယ်တိုင် တပည့်အဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဝေ့လန်ရှန်မိက ကောင်းကင်တာအို တကယ် ပိုင်ဆိုင်တဲ့ ပါရမီရှင်တစ်ပါး ဖြစ်နေပါပြီ။

ကျောက်ရွှမ်ချွမ်ဟာ ဝေ့လန်ရှန်မိဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ချက်ချင်း စိတ်ပြောင်းသွားပါတယ် “ကျွန်တော် သွားမယ်၊ ကျွန်တော် ဆရာတူဦးလေးဟွမ်ရဲ့ လက်အောက်မှာ စစ်သားလုပ်မယ်”

စုချီဟာ ချက်ချင်း ပြုံးလိုက်ပါတယ် ‘ဒီကောင်လေးက ရန်စတာ လုံးဝ မခံဘူးပဲ’

“မင်းရဲ့ ဆရာတူဦးလေးဟွမ် သဘောတူဖို့က မသေချာသေးဘူး” စုချီဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ ဒါက အမှန်တရားပါ။ စုချီနဲ့ ဟန်ဟွမ်က အဆက်အဆံ သိပ်ရှိတာ မဟုတ်ပါဘူး။

ကျောက်ရွှမ်ချွမ်ဟာ ပြုံးဖြဲဖြဲ ဖြစ်သွားပါတယ်။ ဟန်ဟွမ်က သူ့ကို လက်မခံဘူးဆိုရင် ဝေ့လန်ရှန်မိကို လက်ခံဖို့က ပိုလို့တောင် မဖြစ်နိုင်လို့ပါ။ ကျောက်ရွှမ်ချွမ်အတွက် ဝေ့လန်ရှန်မိနောက် မရောက်ဘူးဆိုရင် အကုန်လုံး အဆင်ပြေပါတယ်။

သိစိတ်မဲ့ မဟာတာအိုကမ္ဘာ။

တာအိုအရှင်သခင်တို့ လေးယောက်ဟာ မြေအောက်နန်းတော် တစ်ဆောင်ထဲကို လမ်းလျှောက် ဝင်လိုက်ကြပါတယ်။ ခန်းမက အတော်လေး ကျယ်ပါတယ်။ ဘေးနှစ်ဖက် နံရံနှစ်ဖက်ကိုတော့ အရောင်မျိုးစုံ သလင်းကျောက်တွေနဲ့ စီခြယ်ထားပါတယ်။ အရွယ်အစား စုံလင်လှတဲ့ မီးလျှံတွေက ပေါလောမျောနေတဲ့အတွက် ခန်းမတစ်ခုလုံး တောက်ပနေပါတယ်။

လောင်တန်က သတိပေးလိုက်ပါတယ် “သတိထားကြဦး... အဲဒီကောင် ငါတို့ကို ဒီနေရာ ဖိတ်ခေါ်တာ အကြောင်းတစ်ခုခု ရှိရမယ်”

ကျန်းယီ “ဟမ်... ငါတို့ကလည်း ဘာထူးလို့လဲ”

သူတို့လေးယောက် ရှေ့ဆက်သွားတဲ့အခါ ရေအိုင်တစ်အိုင်ရှေ့ကို ရောက်ရှိသွားကြပါတယ်။ ဒီရေအိုင်က ခန်းမရဲ့ အလယ်ဗဟိုကို ကာဆီးထားပါတယ်။ ရေအိုင်ရဲ့ မျက်နှာပြင်က ပေတစ်သောင်း အချင်းရှိပြီး တလက်လက် တောက်ပနေပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ငါးမျိုးစုံဟာ ‌ရေထဲမှာ လူးလားခေါက်ပြန် ကူးခတ်ပြီး မြူးကြွနေကြပါတယ်။

တာအိုအရှင်သခင်တို့ လေးယောက်ဟာ ရေအိုင်ကြောင့် ရှေ့ဆက် မသွားနိုင်တော့ပါဘူး။ ရေအိုင်ရဲ့ တစ်ဖက်ကမ်းမှာတော့ ရုပ်သွင်တစ်သွင် မတ်တတ်ရပ်နေပါတယင်။ ဒီရုပ်သွင်က တာအိုအရှင်သခင်တို့ကို သိစိတ်မဲ့ မဟာတာအိုကမ္ဘာဆီ ခေါ်ဆောင်လာခဲ့တဲ့ အဖြူရောင် သားမွေးနဲ့ ရုပ်သွင်ပါ။

အဖြူရောင် သားမွေးနဲ့ ရုပ်သွင်ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက နွားလိုလို မြင်းလိုလိုရှိပြီး အနက်ရောင် သားမွေးတွေ ရှိပါတယ်။

ကျော်ရွှမ်ယွမ်က အော်မေးလိုက်ပါတယ် “ငါတို့တွေ ရောက်လာပြီ၊ မင်း ငါတို့ကို ဘာလုပ်စေချင်တာလဲ၊ ပြောပါ”

ဆံပင်ဖြူတွေနဲ့ ရုပ်သွင်က အသံဩဩကြီးနဲ့ ပြန်ဖြေပါတယ် “နယ်မြေအရှင် ဖြစ်လာပြီး ဒီကမ္ဘာကို ပဋိပက္ခကနေ လွတ်မြောက်အောင် ကူညီချည်၊ ငါ မင်းတို့ကို မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏ ထိန်းချုပ်နိုင်အောင် ကူညီပေးမယ်”

တာအိုအရှင်သခင်တို့ လေးယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဆံပင်ဖြူတွေနဲ့ ရုပ်သွင်က ဆက်ပြောပါတယ် “ပဋိပက္ခက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာအပြင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကိုလည်း ထိန်းချုပ်နိုင်တယ်၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ အနှစ်သာရက ပဋိပက္ခနဲ့ အတူတူပဲ၊ ဒါပေမဲ့ ပဋိပက္ခရဲ့ အထွတ်အထိပ် နိယာမတွေက ခွဲခံရပြီးပြီ၊ သိစိတ်မဲ့ မဟာတာအို ကမ္ဘာမှာ အထွတ်အထိပ် နိယာမကို ထိနိုင်တာ ငါ တစ်ယောက်တည်း... ငါ အထွတ်အထိပ် နိယာမ တစ်ပါးကိုပဲ ထိန်းချုပ်နိုင်တယ်”

ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက ငါတို့ကို ဧရာမ ဝဲဂယက်ထဲ ဆွဲချနေတာပဲ၊ ဒါက ပဋိပက္ခကို သစ္စာဖောက်အောင် လုပ်နေတာမလား”

“အားလုံးပဲ... မင်းတို့က ကောင်းကင်တာအိုကပါ၊ တကယ်တော့ ကောင်းကင်တာအိုကလည်း သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ အတူတူပဲ၊ ကောင်းကင်တာအိုရဲ့ အနှစ်သာရက ပဋိပက္ခနဲ့ အတူတူပဲ၊ နှိုင်းယှဉ်လို့ပဲ မရတာ၊ ကောင်းကင်တာအိုက အတိုင်းအတာ တစ်ခုအထိ ကြီးထွားသွားရင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာလိုမျိုး အခြေအနေကို မကြာခင်မှာ ရောက်သွားလိမ့်မယ်၊ တာအိုဘိုးဘေး ပျောက်သွားတာကလည်း ဒီအကြောင်းကြောင့်ပဲ၊ အရင်တုန်းက ကောင်းကင်တာအို ဆက်ပြီးတော့ မတိုးတက်နိုင်တာက ပဋိပက္ခရဲ့ ဖိအားကြောင့်ပဲ”

ဆံပင်ဖြူတွေနဲ့ ရုပ်သွင်က တာအိုအရှင်သခင်တို့ လေးယောက်ကို ကောင်းကင်တာအိုရဲ့ အတိတ်အကြောင်း စပြီးတော့ ပြောပြပါတယ်။

တာအိုအရှင်သခင်ဟာ ‌လောင်တန်ကို တစ်ချက် ကြည့်လိုက်ပါတယ်။

လောင်တန်က အသံလွှင့်ပြီး ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ ပဋိပက္ခထဲမှာ ကောင်းကင်တာအိုက နိယာမတွေ ပြည့်စုံပြီး စနစ်ကျတဲ့ ကမ္ဘာတစ်ခုဆိုတာ ငါ့ဆရာသခင်ဆီက ကြားဖူးတယ်၊ ဒါပေမဲ့ မင်းလည်း လက်ရှိ အခြေအနေကို သိမှာပါ၊ မင်းတို့ ဆရာသခင်ရဲ့ စွမ်းအားကြီးမှုကြောင့်သာ မဟုတ်ရင်...”

တာအိုအရှင်သခင်နဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။

ဆံပင်ဖြူတွေနဲ့ ရုပ်သွင် “သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို ကူညီတာက ကောင်းကင်တာအိုကို ကူညီတာပဲ”

“ခင်ဗျားက ဘယ်သူလဲ” ကျောက်ရွှမ်ယွမ်က မေးလိုက်ပါတယ်။

ဆံပင်ဖြူတွေနဲ့ ရုပ်သွင်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ အဖြေပြန်ပေးပါတယ် “ငါက သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာ ပထမဆုံးသက်ရှိပဲ၊ မင်းတို့တွေ ငါ့ကို နံပါတ်တစ် နတ်မင်းလို့ ခေါ်လို့ရတယ်”

‘နံပါတ်တစ် နတ်မင်း... မောက်မာလှချည်လား...’

ကျန်းယီက မေးလိုက်ပါတယ် “ငါတို့တွေ မင်းကို ဘယ်လိုယုံကြည်ရမှာလဲ၊ မင်းက သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ခြေဆော့လက်ဆော့ လုပ်ထားရင်ရော...”

နံပါတ်တစ်နတ်မင်းက ပြန်ဖြေပါတယ် “ငါ့မှာ အကောက်ကြံနိုင်တဲ့ အင်အား မရှိတော့ဘူး၊ ငါက အသက်ဆက်ရှင်ချင်ရုံပဲ၊ မင်းတို့တွေ ငါ့ကို မယုံဘူးဆိုရင် မင်းတို့ထဲက တစ်ယောက် ငါ့ကို လာစမ်းသပ်လို့ ရတယ်”

တာအိုအရှင်သခင်တို့ လေးယောက်ဟာ တိတ်ဆိတ်သွားကြပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ တာအိုအရှင်သခင်ကို ကြည့်ပြီး “ညီကို... ဆုံးဖြတ်ပါ”

ကျန်းယီ “ငါတို့တွေ အတူတူ လုပ်ကြရအောင်”

လောင်တန်ဟာ ဆွံ့အသွားပြီး ရင်ဘက်ကို ဖမ်းဆုပ်လိုက်ရာ နည်းနည်း နာကျင်သွားပါတယ်။

တာအိုအရှင်သခင်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့တွေ ဒီကံရေစက်ကြောင့်သာ မဟုတ်ရင် ပဋိပက္ခထဲမှာ ဘယ်အချိန်ထိ လျှောက်သွားပြီး အခွင့်အရေးတွေကို လိုက်ရှာနေရမလဲ မသိဘူး၊ နောက်ပြီး သိစိတ်မဲ့ မဟာတာအိုကမ္ဘာ တိုးတက်လာရင် ပဋိပက္ခကို ခုခံဖို့ ကောင်းကင်တာအိုမှာ မဟာမိတ်ရတာပေါ့၊ ညီကိုတို့ မမေ့ကြနဲ့... ငါတို့က ကောင်းကင်တာအိုရဲ့ သက်ရှိတွေ... ပဋိပက္ခရဲ့ သက်ရှိတွေ မဟုတ်ဘူး”

ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ ပြတ်သားစွာ ပြုံးလိုက်ပါတယ်။

.....

နှစ်တစ်သိန်းကြာလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ချောမောလှပတဲ့ ဟန်လင်ရဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဟန်လင်ကို စိန်းစိန်းဝါးဝါး ကြည့်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ကိုယ်အဖေရဲ့ မျက်နှာကို ဆက်တိုက် စိုက်ကြည့်ရဲတာလဲ”

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေ...”

ဟန်လင်ရဲ့ အပြုံးက ချွဲတဲ့အပြုံးဆိုတာ အသိသာကြီးပါ။ ဒီအပြုံးကို မြင်တာနဲ့ ဟန်ကျွယ် ရင်ထဲက ဒေါသဟာ ဘယ်နားရောက်သွားမှန်း မသိတော့ပါဘူး။

“ပြော... ဘာကိစ္စလဲ”

“သမီး ဖေဖေပေးတဲ့ ရတနာကို ကိုယ်တွယ်နိုင်သွားပြီ၊ သမီးတို့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းကြရအောင်” ဟန်လင်ဟာ ပါးစပ်ကိုကာပြီး ရယ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်မလေးက ခြေစုံကန်ချင်လာတာလား... ဒင်းက ကိုယ့်အဖေကို စိန်ခေါ်ချင်နေတယ်... ကောင်းတယ်... ငါ့ရဲ့ ရန်သူတွေ ဘယ်လိုခံစားသွားရတယ် ဆိုတာကို ပြပေးရသေးတာပေါ့’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters