နေရာမလောက်ပါ
Vol. 93 Ch. 980
“ကောင်းပြီ... အဲဒီအတိုင်းပဲ လုပ်ကြရအောင်၊ အသေးစိတ်ကိုတော့ မင်းဘာသာ ကြည့်စီစဉ်လိုက်” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းကလည်း ချက်ချင်း သဘောတူပါတယ်။
အဲဒီနောက် အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခအစည်းအဝေးကို ကြည့်ချင်သွားပါတယ်။ ပဋိပက္ခအစည်းအဝေးက ဟန်ကျွယ်အတွက် အဓိပ္ပာယ်ရှိပေမဲ့ ပျော်စရာတော့ ကောင်းမှာပါ။ နှစ်ပေါင်းဆယ်သန်းကျော် ကျင့်ကြံပြီးတဲ့နောက်မှာတော့ လှုပ်လှုပ်ရှားရှားနေရမဲ့အချိန်ကို ရောက်ပါပြီ။ သူဦးဆောင်တဲ့ ပဋိပက္ခအစည်းအဝေးက ပဋိပက္ခရဲ့ သမိုင်းမှာ အစည်ကားဆုံး ပွဲတော်တစ်ခု သေချာပေါက် ဖြစ်လာမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
နောက်နှစ်တစ်သောင်းအတွင်း ပဋိပက္ခအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကောလဟာလမျိုးစုံ ထွက်ပေါ်လာတာကြောင့် ပဋိပက္ခဟာ စည်စည်ကားကား ဖြစ်လာပါတယ်။
ကောင်းကင်ရုံးတော်၊ ပျက်သုန်းနတ်နန်းတော်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်နေပါတယ်။
ဟန်ဟွမ်ရဲ့ ရှေ့မှာတော့ စုချီနဲ့ ဟန်ယွီပါ။ စုချီက ကျောက်ရွှမ်ချွမ်အတွက် ရောက်လာတာ ဖြစ်ပြီး ဟန်ယွီက ဝေ့လန်ရှန်မိအတွက် ရောက်လာတာပါ။
ဝေ့လန်ရှန်မိက ကောင်းကင်တာအိုကို ကိုယ်စားပြုတာကြောင့် ဂျိရှင်းရှန်ဟာ သံသယကို ရှောင်ရှားတဲ့အနေနဲ့ ဒီကိစ္စမှာ ဝင်မပါပါဘူး။ တခြားတာအိုပညာရှိတွေကလည်း သူတို့မျက်နှာက သုံးစားမရမှန်း သိတဲ့အတွက် ဟန်ယွီကို လွှတ်လိုက်တာပါ။ ဟန်ယွီက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျိုးဆက်ဆိုပေမဲ့ သူ့ဆရာသခင်က လီတောက်ခုံးကို သစ္စာဖောက်သွားပြီမလို့ တိတ်ဆိတ်ဂိုဏ်း တပည့်မဟုတ်တော့ဘူးလို့ ပြောလို့ရပါတယ်။
စုချီဟာ ပြုံးလိုက်ပါတယ် “ညီလေးဟွမ်... မင်းငြင်းလို့ရပါတယ်၊ ကိစ္စမရှိပါဘူး”
ဟန်ယွီကလည်း ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ ငြင်းချင်ပေမဲ့ ဂိုဏ်းတူညီနောင်တွေက ပထမဆုံးအကြိမ် အကူအညီ လာတောင်းတာ ဖြစ်နေပါတယ်။ စုချီက သူ့ရဲ့ ကြီးလူဖြစ်သလို ဟန်ယွီကလည်း သူ့ရဲ့ငယ်လူ ဖြစ်နေပါတယ်။ ဘိုးဘေးတစ်ပါးအနေနဲ့ ငယ်လူတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ။
ဟန်ဟွမ်ဟာ ဟန်ယွီကို စတွေ့တုန်းက သူ့အဖေကို မြင်လိုက်ရသလိုမျိုး ခံစားခဲ့ရပါတယ်။
‘ထားလိုက်ပါတော့...’
“ကောင်းပြီ... သူတို့နှစ်ယောက်လုံးကို ခေါ်လာခဲ့ချည်၊ ငါ သူတို့ကို သေချာပေါက် ကာကွယ်ပေးယ်” ဟန်ဟွမ်က ကတိပေးလိုက်ပါတယ်။
စုချီ “အဲဒီလောက်ကြီး မလိုပါဘူး... သူတို့ကို တိုက်ခိုက်ခွင့်ပေးရုံနဲ့တင် ရတယ်၊ သူတို့တွေ ဒါလေးကိုတောင် မကျော်ဖြတ်နိုင်ရင် ဘာလို့ ပါရမီရှင်လုပ်နေမှာလဲ”
ဟန်ယွီကလည်း စုချီရဲ့ စကားကို ခေါင်းညိတ် ထောက်ခံပါတယ်။
ဟန်ဟွမ်ဟာ အရင်တုန်းကလိုမျိုး ဘာမှမသိတဲ့ ကောင်လေးတစ်ယောက် မဟုတ်တော့ပါဘူး။ လောကကြီးအကြောင်းကို နားလည်စ ပြုနေပါပြီ။ သူ့အနေနဲ့ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ သူတို့တွေ ဒဏ်ရာ ဘယ်လောက်ရရ ကိစ္စမရှိပါဘူး။ အဓိကက မသေဖို့ပါ။
စုချီနဲ့ ဟန်ယွီဟာ ကိစ္စပြီးတာနဲ့ ခပ်သုတ်သုတ် ထွက်ခွာသွားကြပါတယ်။
ဟန်ဟွမ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ရှာပြီး ဒီအကြောင်း ပြောပြလိုက်ပါတယ်။ ဟန်ဟွမ်မှာ ပါရမီရှင်နှစ်ပါးကို နေရာတကာ လျှောက်ခေါ်သွားဖို့ အချိန်မရှိပါဘူး။ ဟန်ဟွမ်ဟာ အချိန်အများစုကို ဂူအောင်း ကျင့်ကြံနေတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို မိစ္ဆာ ကောင်းကင်ဧကရာဇ်လက်ထဲ အပ်လိုက်တာ ဖြစ်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပါရမီရှင်ဆိုတာကို ကြားတာနဲ့ ချက်ချင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။
“ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိ... သူတို့နှစ်ယောက်ကို ငါ ကြားဖူးတယ်၊ ဒါ သတင်းကောင်းပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ဟွမ်ဟာ မျက်လုံး ပင့်တက်သွားပြီး သတိပေးလိုက်ပါတယ် “အရှင်မင်းကြီး... ဒီနှစ်ယောက်က ကောင်းကင်တာအိုရဲ့ ရတနာတွေပဲ၊ သူတို့နှစ်ယောက် ကောင်းကင်တာအိုမှာ ခဏပဲနေမှာ၊ ဒီအတောအတွင်း သူတို့တွေ ဘာမှဖြစ်လို့မရဘူး၊ ဒါကို အရှင်မင်းကြီးက ကျွန်တော်ထက် နားလည်မှာပါ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ငါ သိပါတယ်ကွာ... ငါ ပါရမီရှင်တွေကို မြတ်နိုးတယ်ဆိုပေမဲ့ ငါ့အကြောင်းကို မင်း မသိတာလည်း မဟုတ်ဘဲနဲ့... သူတို့တွေ ငါ့ဆီမှာ မနေချင်ရင် ငါက အတင်းမခေါ်ထားပါဘူး၊ မိတ်ဆွေဖွဲ့ရလည်း မဆိုးပါဘူး၊ ရန်သူတစ်ယောက် တိုးတာက အလားအလာရှိတဲ့ ရန်သူတစ်ယောက် လျော့သွားတာပါ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဒီစကားကိုတော့ ဟန်ဟွမ်ဟာ သဘောတူပါတယ်။
.....
သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ အဆုံးမဲ့ သဲကန္တာရတစ်ခုမှာ တာအိုအရှင်သခင်တို့ လေးယောက်ဟာ ရေပူစမ်းအစပ်နား ခွဲထိုင်နေကြပါတယ်။
ကျောက်ရွှမ်ယွမ်က ရုတ်တရက် မော့ကြည့်ပြီး အော်ပြောလိုက်ပါတယ် “ညီကိုတို့... ငါ အဆင့်လေးတစ်ဆင့် တက်တော့မယ်”
ကျန်းယီ “သူများတွေက အကြာကြီးကတည်းက အဆင့်တက်သွားပြီ”
တာအိုအရှင်သခင် “ကျင့်ကြံတာက ဘာမှမဟုတ်ဘူး၊ ငါ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဆုပ်ကိုင်နိုင်တော့မယ်၊ ဒီတစ်ခါ အနှိုင်းမဲ့ထိပ်ဆုံးနေရာက ငါ့အတွက်ပဲ”
ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “ပညာသင်ညီလေးဟွမ်ကို အနိုင်ယူနိုင်ပြီလား၊ ပညာသင်ညီလေးထော်ကလည်း အတော်စွမ်းတယ်နော်၊ သူက ဒဏ်ခတ်သမားငါးဖော်ထဲမှာ တစ်ပါးအပါအဝင်နော်၊ အခု ဒဏ်ခတ်သမားငါးဖော်က ပါရမီရှင် နတ်စိတ်ဝိညာဉ် ထိပ်သီးကျင့်ကြံသူတွေ ဖြစ်နေကြပြီ”
တာအိုအရှင်သခင်ဟာ မျက်ခုံးပင့်တင်လိုက်ပါတယ် “အဲဒီလိုဆိုတော့ မင်းက လက်လျှော့လိုက်မလို့လား၊ အဲဒီလိုသာ လက်လျှော့လိုက်ရင် အနှိုင်းမဲ့ထိပ်ဆုံးနေရာ မပြောနဲ့၊ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါး နေရာတောင် လောက်မှာ မဟုတ်ဘူး၊ ငါတို့တိတ်ဆိတ်ဂိုဏ်းမှာက ပါရမီရှင်တွေ အများကြီးပဲ”
လောင်တန်ဟာ ဘေးကနေ နားထောင်ပြီး မျက်လုံးပင့်တက်သွားပါတယ် ‘တော်တော် အကြွားသန်တဲ့ကောင်တွေ’ လောင်တန်ဟာ စန့်ချွမ်အဂ္ဂကမ္ဘာကို မတွေးမိဘဲ မနေနိုင်ပါဘူး ‘စန့်ချွမ်အဂ္ဂကမ္ဘာမှာ ဒီလိုမျိုး ပါရမီရှင်တွေ ရှိလာနိုင်လား...’
ကျန်းယီဟာ သက်ပြင်းချလိုက်ပါတယ် “ဟန်ထော်၊ ဟန်ဟွမ်၊ ကျန်းကျွယ်ရှီ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေ အကုန်လုံးပေါင်းလိုက်ရင် နေရာမလောက်ဘူး”
ကျောက်ရွှမ်ယွမ်က စပ်စုလိုက်ပါတယ် “ငရဲကြက်နက်တို့ကရော ဝင်မပြိုင်ဘူးလား”
ကျန်းယီ “ငါလည်း သေချာမသိဘူး၊ ဒါနဲ့ ဂိုဏ်းချုပ်မှာ နောက်ထပ် သမီးလေး မွေးတယ်၊ သူ့မှာလည်း မွေးရာပါ မဟာတာအိုဖန်တီးမှု ရှိတယ်၊ ဘာအစွမ်းအစလဲတော့ ငါလည်း သေချာမသိဘူး၊ သူလည်း ဝင်ပြိုင်ရင်...”
ကျောက်ရွှမ်ယွမ်ဟာ တအံ့တဩ ဖြစ်သွားပါတယ် “နှစ်သုံးသန်းပဲ ကျန်တော့တာမလား၊ သူ ဝင်ပြိုင်ဖို့ နောက်ကျနေပြီလို့ မထင်ဘူးလား”
ကျန်းယီ “သူက ဂိုဏ်းချုပ်နောက်ကို လိုက်နေတာ၊ သာမန်လူတွေလို ခန့်မှန်းလို့မရဘူး၊ ဂိုဏ်းချုပ်ရဲ့ အတွေ့အကြုံကို မင်း မေ့သွားပြီလား၊ နှစ်လေးငါးဆယ်သန်းနဲ့ ဂိုဏ်းချုပ်က ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ”
ကျောက်ရွှမ်ယွမ်ဟာ တိတ်ဆိတ်သွားပါတယ်။
တာအိုအရှင်သခင်လည်း အတူတူပါပဲ။
လောင်တန်ဟာ ဘယ်လိုမှ မခံစားနိုင်တော့တာကြောင့် တစ်ဖက်လှည့်သွားပါတယ်။
ဒီအချိန်မှာ သူတို့ရှေ့ကို ရုပ်သွင်တစ်သွင် ဆင်းသက်လာပါတယ်။ ဒီရုပ်သွင်က ဆံပင်ဖြူရုပ်သွင် နံပါတ်တစ်နတ်မင်းပါ။
နံပါတ်တစ်နတ်မင်းဟာ တာအိုအရှင်သခင်တို့ လေးယောက်ကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “သိစိတ်မဲ့ မဟာတာအိုကမ္ဘာထဲမှာ တာအိုလက်နက်လေးပါး ပေါ်လာတယ်၊ ဒီလက်နက်လေးပါးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ အကွက်အလပ်မရှိ ပေါင်းစပ်နိုင်တယ်၊ မင်းတို့တွေ လိုချင်လား”
တာအိုအရှင်သခင်တို့ လေးယောက်ဟာ ချက်ချင်း မော့ကြည့်လိုက်ကြပါတယ်။
.....
နှစ်ငါးသိန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက တိုးတက်သွားပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ တန်းဝင်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို စိန်ခေါ်လိုက်ပါတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် တတိယ တာအိုစက်ကွင်းကို တိုက်ခိုက်တုန်းက ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ အချက်အလက်ကို ပုံတူကူးထားခဲ့ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ နောင်တရတဲ့မျက်နှာ ဖြစ်သွားပါတယ်။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က တကယ်ကို စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို သတ်ပစ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ထိပ်သီးကျင့်ကြံသူကို နဝမပဋိပက္ခက သေမျိုးအဖြစ် ရာထူးချလိုက်တာက တကယ်ကို ဖြုန်းတီးမှုကြီးပါ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ အကြိမ်ဒါဇင်ကျော် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ငါးမိနစ်အတွင်း သတ်နိုင်သွားပါတယ်။
နောက်ကျရင် ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို သူ့တိုက်ခိုက်နိုင်စွမ်း အတိုင်းအတာ အဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ဟာ မဟာတာအို ရရှိသွားခဲ့ပြီး သူ့ကိုယ်နေကိုယ်ဟန်က လုံးဝကို ပြောင်းလဲသွားပါတယ်။
ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ် “ဖေဖေ... သမီး အဆင့်ထိုးဖောက်သွားပြီ၊ သမီး မဟာတာအိုတံခါးဝမှာ အစ်ကိုနှစ်ကိုလည်း တွေ့ခဲ့တယ်၊ အစ်ကိုနှစ်က သမီးကို ကာကွယ်ပေးတယ်၊ အဲဒီမှာ မဟာတာအိုပညာရှိတွေ အများကြီးပဲ၊ ဒါပေမဲ့ အစ်ကိုနှစ်ကိုလည်းတွေ့ရော ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ပြေးကြတော့တာပဲ၊ အစ်ကိုနှစ်က တကယ်ကို စွမ်းအားကြီးတာပဲ”
ဟန်ဟွမ်အကြောင်း ပြောတဲ့အခါ ဟန်လင်ဟာ အတော်လေး ဝမ်းသာအားရ ဖြစ်နေပါတယ်။
“သမီးရဲ့အစ်ကိုက မဟာတာအိုပညာရှိချုပ် ဖြစ်နေပြီလေ၊ သူက ပဋိပက္ခထဲမှာ ထိပ်တန်းတည်ရှိမှုလို့ ပြောလို့ရတယ်”
ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဖေဖေ... ထပ်ပြီး လက်ရည်စမ်းကြရအောင်... သမီးမှာ ဧကရာဇ်စစ်သား တစ်သန်းရှိသွားပြီ”
ဟန်ကျွယ်ဟာ ဟန်လင်က ဂုဏ်မောက်လာတာကို တွေ့ရတဲ့အတွက် ချက်ချင်း သဘောတူပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ အသက်ရှူကြိမ် သုံးကြိမ်အကြာမှာပဲ တိုက်ပွဲက အဆုံးသတ်သွားပါတယ်။
ဟန်လင်ဟာ မှင်တက်သွားပါတယ်။
“ဧကရာဇ်စစ်သား တစ်သန်းက ကြောက်ဖို့ကောင်းတယ်လို့ ထင်ရပေမဲ့ သူတို့တွေက ဘာဆန်းကြယ်စွမ်းအားမှ မတတ်ဘူး၊ သမီး သူတို့ကို အစီအရင် ချနိုင်ရင် ကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်နိုင်ကောင်း ထုတ်လွှတ်နိုင်လိမ့်မယ်”
ဟန်လင်ဟာ မှင်တက်ရာက နိုးလာပြီး မေးလိုက်ပါတယ် “ဖေဖေ.. ဖေဖေ ဆင့်ခေါ်လိုက်တဲ့ ဓမ္မရုပ်တုသုံးထောင်က ဘာတွေလဲ၊ ပဋိပက္ခနတ်ဘီလူး သုံးထောင်လား”
ဟန်လင်ဟာ သူ့အဖေက ပဋိပက္ခနတ်ဘီလူးဆိုတာနဲ့ ပဋိပက္ခနတ်ဘီလူးက သုံးထောင်ရှိတယ် ဆိုတာကို ကြားထားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီသတင်းကို တခြားသူတွေ မသိစေနဲ့”
ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပြီး စပြီးတော့ စဉ်းစားခန်းဝင်ပါတယ်။ ဟန်ကျွယ်လည်း အတူတူပါပဲ ‘ဒီကောင်မလေးရဲ့ ကျင့်ကြံမှုအလျင်က ဟန်ဟွမ်ထက် မနိမ့်ဘူး... ငါ သူ့ကို ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်ခိုင်းရင် ကောင်းမလား...’
ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ်သုံးသန်း လိုပါသေးတယ်။ ဟန်လင်အနေနဲ့ ဟန်ဟွမ်ကို လိုက်မမီဘူးဆိုရင်တောင် အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးနေရာကို အရယူဖို့က မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပါဘူး။
“လင်အာ... သမီး ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ချင်လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟန်လင်ဟာ ချက်ချင်း ခေါင်းခါပြီး ပြန်ဖြေပါတယ် “မပြိုင်ချင်ပါဘူး”
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် “ဘာဖြစ်လို့လဲ”
“အဲဒီမှာဝင်ပြိုင်ရင် သမီးစွမ်းအားကို လူတွေ သိကုန်မှာပေါ့၊ သမီးက ဖေဖေလို ဘယ်သူမှ သမီး ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာကို မခန့်မှန်းနိုင်စေချင်ဘူး” ဟန်လင် ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။