နံပါတ်တစ်နတ်မင်းရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ
Vol. 94 Ch. 983
ဟုန်ကျွင်း ရောက်လာတာက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မသက်ရောက်ပါဘူး။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အရင်အတိုင်း ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါက တာအိုဖန်တီးရှင် ဖြစ်လာဖို့ပါ။
တခြားတစ်ဖက်မှာတော့ လျူပေ့ဟာ ဟုန်ကျွင်းကို တာအိုဟောကြားနေပါတယ်။
ကြယ်စကြဝဠာမှာလည်း သက်ရှိတွေ ရှိပါတယ်။ လျူပေ့ကလည်း ကြယ်စကြဝဠာထဲက သက်ရှိတချို့ကို တပည့်အဖြစ် လက်ခံထားပါတယ်။ ဒါပေမဲ့ ဒီသက်ရှိတွေက အများကြီး မတွေ့ကြုံရသေးတဲ့အတွက် သူတို့ရဲ့ သုံးသပ်နားလည်နိုင်စွမ်းက ကြမ်းခင်းအဆင့်တောင် မရောက်တဲ့အပြင် တာအိုနားထောင်ရမှာကိုတောင် စိတ်မဝင်စားကြပါဘူး။
ဟုန်ကျွင်းကတော့ ဒီလိုမဟုတ်ပါဘူး။ ဟုန်ကျွင်းဟာ ပဋိပက္ခမှာ နှစ်တစ်သောင်းကြာအောင် လျှောက်သွားခဲ့တဲ့အတွက် အတွေ့အကြုံများစွာ ရှိပါတယ်။ ဒါကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ တပည့်ဖြစ်လာပြီး နောက်ပိုင်း ဟုန်ကျွင်းဟာ သတိကြီးကြီးထားသလို စိတ်လည်း မပျံ့လွင့်ရဲပါဘူး။
လျူပေ့ဟာ ဟုန်ကျွင်းရဲ့ သဘောထားကို ကြည့်ပြီး အတော်လေး ကျေနပ်အားရသွားပါတယ်။ နောက်ဆုံးတော့ ဆရာသခင်တစ်ယောက်လို ခံစားလိုက်ရပြီ မဟုတ်ပါလား။
‘သခင်က တပည့်တွေ ဒီလောက်လက်ခံချင်တာ အံ့ဩစရာ မရှိတော့ပါဘူး’ လျူပေ့ဟာ ဟုန်ကျွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... တကယ်လို့သာ မင်း နှစ်ဆယ်သန်းစောပြီး ရောက်လာခဲ့ရင် ငါ မင်းကို ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်နိုင်အောင် ပျိုးထောင်နိုင်သေးတယ်’
ရုတ်တရက်ဆိုသလို လျူပေ့ဟာ နည်းနည်း နောင်တရသလို ခံစားသွားရပါတယ်။ လျူပေ့ဟာ ဟုန်ကျွင်းရဲ့ အရည်အချင်းကို နားလည်ပြီးပါပြီ။ ဟုန်ကျွင်းက ပါရမီရှင်တစ်ပါးဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ ဟုန်ကျွင်းသာ ပဋိပက္ခ အစည်းအဝေးမှာ နာမည်ကြီးခဲ့ရင် သူလည်း အတော်လေး လေးစားခံရမှာပါ။
လျူပေ့ဟာ တွေးကြည့်ရုံနဲ့တင် ပြုံးပျော်သွားပါတယ်။
နှစ်ငါးသိန်း ကြာပြီးနောက်။
ဟန်ကျွယ်ဟာ အသက် ၁၃ သန်း ပြည့်သွားပါပြီ။ ကောင်းကင်တာအို မပြောနဲ့၊ ပဋိပက္ခတောင် အသစ်နီးပါး ဖြစ်နေပါပြီ။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုနားက ဟင်းလင်းပြင်မှာ မြို့တွေ ကျွန်းပျံတွေ တခြား အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။ တခြားနယ်မြေတွေလည်း အတူတူပါပဲ။ ပဋိပက္ခက မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ကြီးကြပ်မှုအောက်မှာ အေးချမ်းနေတယ်လို့ ပြောလို့ရပါတယ်။ ရှုံဟွာအင်အားစုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ တိုက်ခိုက်မှုက ပဋိပက္ခထဲမှာ ဘာမှမဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပဋိပက္ခသက်ရှိ အရေအတွက်က အဆတစ်ရာလောက် တိုးသွားပြီလို့ ခန့်မှန်းလိုက်ပါတယ်။
ပဋိပက္ခမှာ နှစ်တစ်သောင်းတိုင်း မဟာတာအိုပညာရှိတစ်ပါး မွေးဖွားလာပါတယ်။ လွတ်လပ် တာအိုပညာရှိကတော့ ပြောမနေပါနဲ့။
ပဋိပက္ခအစည်းအဝေးရဲ့ အရှိန်အဟုန်ကို အမြင့်ဆုံးကို ရောက်နေပါတယ်။ ပဋိပက္ခနယ်မြေတိုင်းမှာ ပါရမီရှင်တွေ အများကြီး ရှိနေပါတယ်။ ဒီပါရမီရှင်ခေတ်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရှေးဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားပါပြီ။ လက်တစ်ဆုပ်စာ လူတွေပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို ပြောဆိုကြပါတော့တယ်။
ပါရမီရှင်တွေနဲ့ ပတ်သက်တဲ့ အဆင့်မျိုးစုံဟာ ပဋိပက္ခအစည်းအဝေး မစခင်ကပဲ ပဋိပက္ခအနှံ့ ပျံ့နှံ့နေပါပြီ။ ဟန်ဟွမ်တောင် ဒဏ္ဍာရီဖြစ်သွားပြီး မျိုးဆက်သစ် ပါရမီရှင်တွေရဲ့ အစားထိုးခြင်းကို ခံလိုက်ရပါတယ်။ ဥပမာပေးရရင် ကောင်းကင်ရုံးတော်မှာ နာမည်အကြီးဆုံးက ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိတို့ ဖြစ်လာပါတယ်။ သူတို့နှစ်ယောက်က ကောင်းကင်ရုံးတော်ရဲ့ ပါရမီရှင်နှစ်ပါးဆိုပြီး နာမည်ကျော်ကြားပါတယ်။
ပါရမီရှင်တွေ ပိုပိုပြီး ပေါ်ထွန်းလာတဲ့အတွက် ပဋိပက္ခဟာ အလွန်တရာမှ စည်ကားလာပါတယ်။ မဟာတာအိုတံခါးတောင် မဟာတာအိုပညာရှိတွေ စုဝေးပြီး သတင်းဖလှယ်ရာ နေရာတစ်ခု ဖြစ်လာပါတယ်။
ပဋိပက္ခအောက်ခြေမှာတော့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စီစဉ်မှုအရ အကြွင်းမဲ့မြို့တော် ဆယ်မြို့တော်ကို တည်ဆောက်ပြီးပါပြီ။ ဒီသတင်းကလည်း ပဋိပက္ခမှာ လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အတွက် အင်အားစုအသီးသီးဟာ ပဋိပက္ခ အစည်းအဝေးက ပဋိပက္ခအောက်ခြေမှာ စကျင်းပမယ်ဆိုတာ သိသွားကြပါတယ်။ ဒါကြောင့် ပဋိပက္ခအောက်ခြေဟာ စည်စည်ကားကား ဖြစ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက တာအိုအရှင်သခင်တို့ လေးဦးမှာ ခန့်ညားထည်ဝါတဲ့ ရောင်ဝါတွေ ရှိလာပါတယ်။ သူတို့လေးယောက်ဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်တဲ့ ကြောက်မက်ဖွယ် ချီတိုင်ကြီး လေးတိုင်ကို ဖြစ်ပေါ်စေပါတယ်။ ချီတိုင်လုံးရဲ့ အချင်းဝက် ဆက်ပြီးတော့ တိုးလာတဲ့အတွက် ကောင်းကင်တစ်ခုလုံး ကွဲမတတ်ပါပဲ။ သူတို့လေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီး ထိုင်နေတာပါ။ သူတို့နားမှာရှိတဲ့ ရေပူစမ်းတွေ အကုန်လုံး စုပ်ယူခံရပြီး အရွယ်အစားမျိုးစုံရှိတဲ့ တွင်းတွေသာ ကျန်ရစ်နေခဲ့ပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးဖွင့်ပြီး ကျန်တဲ့သုံးယောက်ကို လှမ်းကြည့်ကာ ပြုံးလိုက်ပါတယ် “ညီကိုတို့... ငါ အရမ်းစွမ်းတယ်လို့ ခံစားရတယ်၊ ငါ မဟာတာအိုပညာရှိအဆင့်မှာ ပြိုင်ဘက်ကင်းပြီ”
ကျန်းယီဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “အဲဒါဆို မင်း ငါ့ကို အနိုင်ယူနိုင်လား”
“မင်းကို အနိုင်ယူရမယ်”
“လာစမ်းပါ... ဘယ်သူက ကြောက်လို့လဲ”
သူတို့နှစ်ယောက်ဟာ မတ်တတ်ရပ်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ မျက်လုံးဖွင့်ပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “မင်းတို့တွေ ဘာအတွက် တိုက်ခိုက်ကြမှာလဲ၊ အေးဆေး ကျင့်ကြံကြစမ်းပါ၊ ပဋိပက္ခအစည်းအဝေးကျရင် မင်းတို့တွေ တိုက်ခိုက်ဖို့ အခွင့်အရေး အများကြီးရလိမ့်မယ်”
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီလည်း ရွေးချယ်စရာမရှိဘဲ ပြန်ထိုင်လိုက်ရပါတယ်။
လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက တကယ်ကို စွမ်းအားကြီးတယ်၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာတောင် ဒီလောက် စွမ်းအားကြီးနေပြီ၊ တာအိုအရှင်သခင်... မင်းရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ပဋိပက္ခနေ လာတာဆိုတော့ ဒီထက် ပိုစွမ်းအားကြီးတယ်မလား”
တာအိုအရှင်သခင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ စွမ်းအားက မတူဘူး၊ ငါ့ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ စွမ်းအားက နတ်အာဏာစစ်သူကြီးတွေနဲ့ ဆန့်ကျင်ဖက်နဲ့ တူတယ်၊ နတ်အာဏာရှင် စစ်သူကြီးတွေက တိုက်ခိုက်မှုကို ကိုယ်စားပြုရင် ငါ့ဟာက အန္တိမခံစစ်ပဲ၊ ဘာလဲဆိုတာတော့ ပဋိပက္ခအစည်းအဝေးကျမှ ကြည့်တော့”
တာအိုအရှင်သခင်ရဲ့ မျက်နှာဟာ ဂုဏ်ယူသွားပါတယ်။
လောင်တန်ဟာ တာအိုအရှင်သခင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်တဲ့အခါ တကယ်ပဲ အရင်နဲ့မတူတာကို ရှာတွေ့သွားပါတယ်။ တာအိုအရှင်သခင်ရဲ့ မျက်လုံးတွေဟာ ကြည့်တဲ့လူကို အသည်းယားစေတဲ့ အားကောင်းတဲ့ အင်အားတစ်မျိုး ပါဝင်နေပါတယ်။
“မင်း ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ချင်တာလား” အသံတစ်သံ ထွက်ပေါ်လာပြီး လောင်တန်နောက်မှာ နံပါတ်တစ် နတ်မင်း ပေါ်လာပါတယ်။
လောင်တန်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘မြန်လှချည်လား... ငါ လုံးဝ အာရုံမခံမိဘူး’
နံပါတ်တစ်နတ်မင်း မျက်နှာက သားမွေးဖြူတွေဟာ ကွာကျသွားပြီဆိုပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ သားမွေးဖြူတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ နံပါတ်တစ်နတ်မင်းဟာ လူသားတစ်ယောက်နဲ့ ပိုပိုပြီးတော့ တူလာပါတယ်။ သူ့ခန္ဓာကိုယ် အောက်ပိုင်းကလည်း ပြောင်းလဲလာတယ်ဆိုပေမဲ့ အခုလောလောဆယ်တော့ ပုံပျက်နေတုန်းပါ။
တာအိုအရှင်သခင်ဟာ နံပါတ်တစ်နတ်မင်းကို ကြည့်ပြီး မေးလိုက်ပါတယ် “ပြိုင်လို့မရဘူးလား၊ ဒါက ကျွန်တော်တို့ရဲ့ ရေရှည်အစီစဉ်ပဲ”
နံပါတစ်နတ်မင်း “ပဋိပက္ခအစည်းအဝေးက ပဋိပက္ခအောက်ခြေမှာ ကျင်းပမှာ၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ နီးတယ်၊ မင်းသာ ပဋိပက္ခအစည်းအဝေးမှာ ခေါင်းဆောင်နေရာရပြီး ပါရမီရှင်အကုန်လုံးကို စေစားနိုင်ရင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာ အင်အားကြီးလာဖို့ အခွင့်အရေးတစ်ခု ရလာလိမ့်မယ်”
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခ ပါရမီရှင်တွေကို ခေါင်းဆောင်ဖို့က လွယ်တာ မဟုတ်ဘူး၊ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရရင်တောင် အလုပ်ဖြစ်ချင်မှ ဖြစ်မှာ၊ နောက်ပြီး ခင်ဗျားရဲ့ စကားအရ ပဋိပက္ခနဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ပေါင်းစပ်လို့မရဘူး၊ ဆန့်ကျင်ဘက် တည်ရှိမှုနှစ်ခုဆို... ပဋိပက္ခ ပါရမီရှင်တွေက ဘယ်လိုလုပ်ပြီး သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို ကူညီမှာလဲ”
နံပါတ်တစ်နတ်မင်းက ပြန်ဖြေပါတယ် “ငါ့မှာ ပဋိပက္ခ ပါရမီရှင်တွေကို သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ ပါရမီရှင်ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ နည်းလမ်းရှိတယ်၊ ပဋိပက္ခစိတ်ဆန္ဒ ပျောက်သွားပြီးနောက်ပိုင်း ပဋိပက္ခက ခေတ္တပိုင်ရှင်မဲ့နေတယ်၊ သူ့ဖန်တီးရှင်ကလည်း ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို အသက်ပြန်ရှင်အောင် လုပ်လိုက်တာက သူ့မူလစွမ်းအားကို တော်တော်လေး သုံးလိုက်ရပုံပဲ၊ နှစ်ဆယ်သန်းမပြောနဲ့... နှစ်တစ်ဘီလီယံ ကြာရင်တောင် ဂူအောင်းကျင့်ကြံရာက မထွက်လာလောက်ဘူး”
“ပဋိပက္ခ ဖျက်ဆီးမခံရရင် သူ လှုပ်ရှားမှာ မဟုတ်ဘူး၊ သူက အရမ်း ဘဝင်မြင့်တယ်၊ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ ကောင်းကင်တာအိုရဲ့ အခွင့်အရေးဆိုရင်လည်း မမှားဘူး”
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပေမဲ့ ဘာမှမပြောပါဘူး။ သူတို့တွေဟာ တာအိုအရှင်သခင် ဘာပဲရွေးချယ် ရွေးချယ် ထောက်ခံမှာပါ။
တာအိုအရှင်သခင်က မတိုးမကျယ် ပြောလိုက်ပါတယ် “ငါတို့တွေ စဉ်းစားပေးမယ်”
“ခုနက မင်း နတ်အာဏာရှင် စစ်သူကြီးတွေအကြောင်း ပြောသံ ကြားတယ်၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာလည်း အဲဒါနဲ့ ဆင်တူတဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ရှိတယ်၊ အစွမ်းအထက်ဆုံး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာဆိုရင်လည်း မမှားဘူး၊ မင်းတို့ မလာခင်ကတည်းက ဒီဟာကို ငါ တတ်မြောက်ပြီးပြီ၊ မင်းတို့ သူ့အစွမ်းကို ကြည့်ချင်လား”
နံပါတ်တစ်နတ်မင်းရဲ့ စကားကြောင့် တာအိုအရှင်သခင်တို့ လေးယောက်ဟာ စိတ်ဝင်စားသွားပါတယ်။ ကျောက်ရွှမ်ယွမ်က နံပါတ်တစ်နတ်မင်းကို မြန်မြန်ပြဖို့ တိုက်တွန်းပါတယ်။
နံပါတ်တစ်နတ်မင်းဟာ ကောင်းကင်ပေါ် ပျံတက်ပြီး လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြောက်လိုက်ပါတယ်။
“ဝုန်း...”
မြေပြင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး မရေမတွက်နိုင်တဲ့ မီးတောင်တွေ ပေါက်ကွဲထွက်သလို ကြောက်မက်ဖွယ် ရောင်ဝါတွေဟာ မြေကြီးထဲကနေ ထွက်ပေါ်လာပါတယ်။ တာအိုအရှင်သခင်တို့ လေးယောက်ဟာ လန့်သွားပါတယ်။
ကျယ်လောင်တဲ့အသံနဲ့အတူ အနက်ရောင် ရုပ်သွင်တစ်သွင်ဟာ မြေကြီးကိုး ထိုးဖောက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားပါတယ်။
တာအိုအရှင်သခင်တို့ လေးယောက်လည်း လှမ်းကြည့်လိုက်ပါတယ်။ ဒီအနက်ရောင် ရောင်သွင်က ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိပြီး တစ်ကိုယ်လုံး ချပ်ဝတ်တွေ ဝတ်ဆင်ထားကာ ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
ဒီအနက်ရောင်ရုပ်သွင် ရပ်တန့်လိုက်တယ်ဆိုရင်ပဲ ဘေးနားဝန်းကျင်က အာကာသဟာ စပြီးတော့ ရှုံ့တွကာ ကြောက်မက်ဖွယ် ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
တာအိုအရှင်သခင်တို့ လေးယောက်ဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။
ကျောက်ရွှမ်ယွမ် “ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ရောင်ဝါလဲ၊ ဒါ မဟာတာအိုပညာရှိအဆင့်ကို သေချာပေါက် ဖိနှိပ်နိုင်တယ်၊ ဟိုနတ်အာဏာရှင် စစ်သူကြီးတွေထက်လည်း ပိုစွမ်းအားကြီးတယ်”
ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေက အရေအတွက် ပိုများတယ်၊ နှစ်သောင်းတောင်...”
ကျန်းယီရဲ့ စကားကို တုံ့ပြန်သလိုမျိုး ရုပ်သွင်တွေဟာ မြေကြီးထဲကနေ ထိုးဖောက်ထွက်လာပြီး ကောင်းကင်ပေါ် ပျံတက်သွားကြပါတယ်။
နံပါတ်တစ်နတ်မင်းဟာ အောက်ကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “ပဋိပက္ခမှာ နတ်အာဏာရှင် စစ်သူကြီးတွေ ရှိထားပြီးပြီဆိုတော့ ငါ သူတို့ကို ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေလို့ နာမည်ပေးထားတယ်၊ နတ်အာဏာရှင် စစ်သူကြီးက နှစ်သောင်းရှိသလို ငါ့မှာလည်း ဖျက်ဆီး အာဏာရှင်စစ်သူကြီးက တစ်သိန်းရှိတယ်၊ ငါ စွမ်းအားပိုကြီးလာတာနဲ့အမျှ ဒီအရေအတွက် တိုးလာမှာ၊ အယောက်တစ်သိန်းက အကန့်အသတ် မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။