လီယောင်နဲ့ ဝူတောက်ကျန့်
Vol. 94 Ch. 984
‘ဖျက်ဆီး အာဏာရှင်စစ်သူကြီး တစ်သိန်း’
တာအိုအရှင်သခင်တို့ လေးယောက်ဟာ နှလုံးလှုပ်သွားကြပါတယ်။ တစ်ယောက်တည်းနဲ့တင် သူတို့ကို ကြက်သီးမွေးညင်းထအောင် လုပ်နိုင်ရင် တစ်သိန်းဆို ဘယ်လောက်စွမ်းမလဲဆိုတာ သူတို့ မခန့်မှန်တတ်တော့ပါဘူး။ ရင်ထဲမှာ ကြောက်ရွံ့မှုပဲ ရှိပါတော့တယ်။
ပထမတော့ တာအိုအရှင်သခင်တို့တွေ နံပါတ်တစ်နတ်မင်းနဲ့ ပူးပေါင်းတာက နံပါတ်တစ်နတ်မင်းဟာ တုံးအလို့ပါ။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ တာအိုအရှင်သခင်တို့တွေဟာ နံပါတ်တစ်နတ်မင်းကို ထိုးဖောက် မမြင်နိုင်တော့ပါဘူး။ အခုလည်း သူတို့ရဲ့ စွမ်းအားက နံပါတ်တစ်နတ်မင်းကို မမီတာ တာအိုအရှင်သခင်တို့တွေ ရှာတွေ့သွားကြပါတယ်။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေရဲ့ စွမ်းအားက ကောင်းကင်ပြင်တစ်ခုလုံးကို လွှမ်းမိုးတဲ့ အမှောင်ထု ဖြစ်ပေါ်လာစေပြီး ကောင်းကင်နဲ့ မြေကြီးကို ကြောက်မက်ဖွယ် အားအဟုန်နဲ့ ဖုံးအုပ်သွားပါတယ်။
နံပါတ်တစ်နတ်မင်းဟာ တာအိုအရှင်သခင်ကို ကြည့်လိုက်ပါတယ် “ငါ့မှာ ဒီလိုစွမ်းအားရှိတယ်၊ မင်းတို့တွေ ပဋိပက္ခထဲမှာရှိတဲ့ ပါရမီရှင်တွေကို စည်းရုံးသိမ်းသွင်းနိုင်ရင် နောက်ကျ ပဋိပက္ခကို ကျိန်းသေပေါက် တော်လှန်နိုင်လိမ့်မယ်၊ ပဋိပက္ခကို တော်လှန်ပြီးရင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ ကောင်းကင်တာအိုက ရန်သူ လုံးဝ ဖြစ်မလာဘူးလို့ ငါ ကတိပေးတယ်၊ မင်းတို့တွေက သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ နယ်မြေသခင်တွေအဖြစ် ဆက်ရှိနေလိမ့်မယ်၊ ငါလိုချင်တာက သိစိတ်မဲ့ မဟာတာအိုကမ္ဘာ လွတ်လပ်ပြီး အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်ဖို့ပဲ”
“ငါ အာဏာကို ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ပဋိပက္ခက သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို ဖိနှိပ်ထားတော့ ငါ့ကျင့်ကြံမှုကို အများကြီး ထိခိုက်စေတယ်၊ ငါက သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ ပထမဆုံး သက်ရှိဆိုတော့ ငါ့ကံကြမ္မာက သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်”
နံပါတ်တစ်နတ်မင်းရဲ့ လေသံက အလွန်တရာမှ တည်ငြိမ်လွန်းပြီး နှလုံးသားထဲကလာတဲ့ လေသံပါ။
ကျောက်ရွှမ်ယွမ်ဟာ လက်ဖြန့်ပြီး ပြုံးလိုက်ပါတယ် “ဟုတ်ပြီ၊ ကျွန်တော်တို့လည်း အဲဒီလိုပဲ တွေးတယ်၊ အရင်ဆုံး ဒီဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေကို ပြန်ခေါ်ပါဦး”
ကျောက်ရွှမ်ယွမ်ဟာ အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ ချွေးပျံနေပါတယ်။
နံပါတ်တစ်နတ်မင်းဟာ ချက်ချင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ဖျက်ဆီး အာဏာရှင်စစ်သူကြီး အကုန်လုံး မြေအောက်ထဲ ပြန်ဝင်ကာ ကောင်းကင်ပြင်မှာ အမှုန့်အမွှားတွေပဲ ချန်ထားခဲ့ပါတယ်။ အဲဒီနောက် နံပါတ်တစ်နတ်မင်းဟာ တာအိုအရှင်သခင်တို့နဲ့ စကားနည်းနည်းပါးပါး ပြောဆိုပြီး ထွက်ခွာသွားပါတယ်။
နံပါတ်တစ်နတ်မင်းရဲ့ ရောင်ဝါ လုံးဝ ပျောက်ကွယ်သွားတဲ့အခါ ကျောက်ရွှမ်ယွမ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ် “ဒီကောင်က ပိုပိုပြီးတော့ နက်နဲလာတယ်”
တာအိုအရှင်သခင်ရဲ့ မျက်နှာလည်း လေးနက်နေပါတယ်။ တာအိုအရှင်သခင်ဟာ သူ့ရဲ့ အန္တိမခံစစ်က ဖျက်ဆီး အာဏာရှင်စစ်သူကြီး တစ်သိန်းကို ရင်ဆိုင်ရရင် အခွင့်အရေးတစ်ခုလောက် ရှိနိုင်မလားဆိုတာ သိချင်သွားပါတယ်။
ကျန်းယီဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ငါ ခံစားနေရတယ်”
လောင်တန်ဟာ ပြုံးလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ငါတို့က သူ့ရဲ့ ကယ်တင်ရှင်ပဲ၊ သူက ငါတို့ကို အကျိုးယုတ်အောင် ဘာမှမလုပ်တဲ့အပြင် ဒီလိုမျိုး ဧရာမအခွင့်အရေးကြီးလည်း ပေးသေးတယ်”
လောင်တန်ဟာ စိတ်ထဲမှာတော့ ဒီလိုမတွေးပါဘူး။ နံပါတ်တစ်နတ်မင်း ချောင်းနားထောင်နေမှာ စိုးတဲ့အတွက် တမင်ကောင်းတဲ့စကား ပြောလိုက်တာပါ။
တာအိုအရှင်သခင်ဟာ ပြန်ထိုင်လိုက်ပါတယ် “ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြမယ်၊ ငါတို့တွေလည်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ထိန်းချုပ်နိုင်တာပဲ၊ ငါတို့တွေ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး”
ကျောက်ရွှမ်ယွမ်ဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီး တစ်သိန်းကို တွေးမိတဲ့အခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ သူ့ကိုယ်သူ အရမ်းစွမ်းအားကြီးနေပြီလို့ ထင်ထားခဲ့တာပါ။ အခုတော့ သူ့စွမ်းအားက နံပါတ်တစ်နတ်မင်းထက် အများကြီး နိမ့်ကျနေတာကို သိလိုက်ရတဲ့အတွက် ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီး တစ်သိန်း ဝန်းရံခံရတာကို တွေးကြည့်ရုံနဲ့တင် ကြက်သီးမွေးညင်း ထသွားပါတယ်။
ဒီအချိန်မှာပဲ ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက်ဆိုသလို သူ့ဆရာသခင် ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘ဆရာသခင် နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းကို ရင်ဆိုင်တုန်းက ဘယ်လိုစိတ်များ ရှိလဲ မသိဘူး’
‘ဟင်း... ဆရာသခင်က အခုဆို ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ မသိဘူး...’
ကျောက်ရွှမ်ယွမ်ဟာ ငေးမောသွားပါတယ်။
.....
ဟန်ကျွယ်ဟာ ပဋိပက္ခကို အကဲခတ်ပြီးတာနဲ့ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ စာစောင်တွေထဲမှာ တာအိုအရှင်သခင်တို့ လေးယောက်ရဲ့ နာမည်က အများဆုံးပါ။ အရင်နဲ့မတူတာက ဒီတစ်ခါ အဆော်ခံရတာချည်း မဟုတ်ဘဲ အခွင့်အရေး ရတာတွေချည်းပါပဲ။ ဒါကိုကြည့်ပြီး တာအိုအရှင်သခင်တို့တွေ မိုးပေါ်ပျံတက်တော့မယ်လို့ ဟန်ကျွယ် ကောက်ချက် ချလိုက်ပါတယ်။
တာအိုအရှင်သခင်တို့ လေးယောက်ကလွဲရင် ဟန်ထော်၊ ဟန်ဟွမ်၊ ကျန်းကျွယ်ရှီ၊ ဟန်ယွီ၊ ချင်လင်း၊ ဟန်ကျွယ်ရဲ့ တခြားမျိုးဆက်နဲ့ တပည့်တွေကလည်း အခွင့်အရေးတွေကို မကြာခဏ ရရှိပြီး ကျင့်ကြံမှုတွေ တိုးလာကြပါတယ်။
ဟန်ကျွယ်ဟာ တဒင်္ဂ တွေးတောပြီးနောက် ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်း သွားလာလိုက်ပါတယ်။ ဝူတောက်ကျန့်နဲ့ လီယောင်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော်လေး ဝမ်းသာပျော်ရွှင်သွားကြပြီး ဟန်ကျွယ်ကို ချက်ချင်း ဝန်းရံလိုက်ကြပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်နဲ့ စကားမပြောဘဲ နတ်ဘီလူး အကုန်လုံးကို တာအိုဘုံကျောင်းရှေ့မှာ စုစည်းလိုက်ပါတယ်။
“ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ချင်တဲ့လူ ရှိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူဦးစီးကျင်းပတဲ့ ပွဲတော်မလို့ ပိုကြီးအောင် လုပ်ချင်နေပါတယ်။
ကွမ်းပုပိုင်က ပထမဆုံး ပြောလိုက်ပါတယ် “ကျွန်တော် ဝင်ပြိုင်ချင်တယ်”
တခြား နတ်ဘီလူးတွေလည်း သဘောတူကြပါတယ်။ သူတို့အကုန်လုံး စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့တွေဟာ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီးနောက်ပိုင်း တိုက်ခိုက်ရတာကို ခုံမင်လာကြပါတယ်။ ဒါ့အပြင် တာအိုစက်ကွင်းထဲမှာ နေ့တိုင်း ကျင့်ကြံနေရတာကလည်း တကယ်ကို ပျင်းစရာ ကောင်းလှပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို အပြင်ထွက်ချင်တဲ့လူ လက်ထောင်၊ ငါ မင်းတို့ကို အခုပဲ အပြင်ဘက် ပို့ပေးမယ်”
ဟန်ကျွယ်ရဲ့ စကားဆုံးတဲ့အခါ ပဋိပက္ခ နတ်ဘီလူး အများစုဟာ လက်ထောင်ကြပါတယ်။ သူတို့တွေဟာ အပြင်ထွက်ဖို့ မစောင့်နိုင်ကြတော့ပါဘူး။
ဟန်ကျွယ်ဟာ သူတို့ကို အပြင်ဘက် ပို့လိုက်ပါတယ်။ ကျန်တာဆိုလို့ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ ကြက်သွေးရောင် မြေခွေးနီနဲ့ တာအိုစက်ကွင်း အစောင့်တို့ပဲ ရှိပါတယ်။ လီယောင်နဲ့ ဝူတောက်ကျန့်ကလည်း အပြင်မထွက်ချင်ကြပါဘူး။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းကရော အပြင်မထွက်ချင်ဘူးလား၊ မင်း တစ်ယောက်တည်း တာအိုစက်ကွင်းထဲကနေ အပြင်မထွက်ဖူးတာ၊ အခု ငါတောင် အပြင်ထွက်နေပြီ၊ မင်းက ဘာဖြစ်လို့ အပြင်မထွက်တာလဲ”
လက်ရှိငရဲကြက်နက်ဟာ ကြက်ဆိုတာထက် အနက်ရောင် ဖီးနစ်နဲ့ ပိုတူပါတယ်။ အလွန်တရာမှ ချစ်စရာကောင်းပြီး သာမန်လူတစ်ယောက်ရဲ့ အရပ်လောက် ရှိပါတယ်။
“အပြင်ထွက်ပြီး ဘာလုပ်ရမှာလဲ၊ ကျွန်တော်ရဲ့ ကျင့်ကြံသူမှုက ဆက်တိုးနေသေးတယ်၊ အပြင်ထွက်ဖို့ မလိုဘူး” ငရဲကြက်နက်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။ ပဋိပက္ခ ကောင်းကင်ခွေးကလည်း နောက်ကနေ သံယောင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်ပို့ရမလား၊ အနက်ရောင်ဖီးနစ်မလေးနဲ့ လက်ထပ်လို့ရအောင်လေ”
“မပို့ပါနဲ့... မပို့ပါနဲ့...”
ငရဲကြက်နက်ဟာ ခေါင်းကို ယမ်းနေအောင် ခါလိုက်ပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေး “သခင်... အဲဒီကောင် အရင်တုန်းက အဲဒီလိုအတွေးမျိုး ရှိခဲ့ဖူးတယ်၊ စွန့်ပစ်ခံရပြီးမှ တာအိုလက်တွဲဖော် မရှာဖို့ ဆုံးဖြတ်လိုက်တာ”
ဟန်ကျွယ်ဟာ မျက်ခုံး ပင့်တက်သွားပါတယ် ‘တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ဒီလိုဇာတ်လမ်း ရှိခဲ့တာလား...’
ငရဲကြက်နက်ဟာ ပဋိပက္ခ ကောင်းကင်ခွေးကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ် “ဘာတွေ လာအော်နေတာလဲ၊ မင်းကို ဘယ်သူက စကားပြောခိုင်းလို့လဲ”
ပဋိပက္ခ ကောင်းကင်ခွေးဟာ ပါးစပ် ပိတ်လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို ကြည့်လိုက်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ ဟန်ကျွယ် သေမျိုးကမ္ဘာကို လေ့ကျင့်ဖို့ ဆင်းသက်တုန်းက တွေ့ခဲ့တဲ့ မြေခွေးလေးပါ။ သူတို့နှစ်ယောက် တွေ့ဆုံခဲ့တဲ့အချိန်က ဟန်ကျွယ် ချင်းလွမ်အာနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်လောက် ကြာသွားပါပြီ။ အဲဒီနောက် ကြက်သွေးရောင် မြေခွေးနီဟာ ဟန်ကျွယ်နဲ့ အတူတူ ကျင့်ကြံအားထုတ်ခဲ့ပြီး ဘာမှ စောဒက မတက်ခဲ့သလို ဘာမှလည်း မတောင်းဆိုခဲ့ပါဘူး။
“ကျွန်မလည်း အပြင်မထွက်ချင်ဘူး၊ ကျွန်မက မဟာတာအိုကို ရယူပြီးရုံပဲ ရှိသေးတာ၊ မဟာတာအိုပညာရှိချုပ် ဖြစ်အောင် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချင်တယ်၊ အပြင်မှာ အချိန်မဖြုန်းချင်ဘူး”
ဒုတိယ တာအိုစက်ကွင်းထဲမှာ မဟာတာအိုပညာရှိ ဆယ်ပါး ရှိပါတယ်။ သူတို့အကုန်လုံးက ပဋိပက္ခ နတ်ဘီလူးတွေ ဖြစ်တာမလို့ ပဋိပက္ခ နတ်ဘီလူးဖြစ်တာ စောလေလေ သူတို့ရဲ့ ကျင့်ကြံမှုက မြင့်မားလေလေပါပဲ။
ကြက်သွေးရောင် မြေခွေးနီက အစောဆုံး ပဋိပက္ခနတ်ဘီလူး ဖြစ်လာတဲ့ အသုတ်ထဲမှာ ပါပါတယ်။
“အဲဒါဆို ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချည်၊ အချိန်ရောက်ရင် ပဋိပက္ခအစည်းအဝေးပွဲ ကြည့်ဖို့ ငါ မင်းတို့ကို ခေါ်သွားပေးမယ်”
ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေးနဲ့ ကြက်သွေးရောင် မြေခွေးနီတို့ဟာ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ပြန်ဝင်သွားတဲ့အခါမှာတော့ တာအိုစက်ကွင်းထဲမှာ ဆူညံသွားပါတယ်။ ငရဲကြက်နက်ဟာဟာ ဒေါသအိုး ပေါက်ကွဲထွက်ပြီး ပဋိပက္ခ ကောင်းကင်ခွေးနဲ့ စာရင်းရှင်းပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း ထွက်မသွားသေးဘဲ လီယောင်၊ ဝူတောက်ကျန်တို့နဲ့ စကားပြောပါတယ်။
ဟန်ကျွယ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ကို သူ့မိန်းမတွေအဖြစ် သတ်မှတ်ပြီးပေမဲ့ တွေ့ဆုံဖို့က မလွယ်ကူပါဘူး။ ဒါကြောင့် ရတဲ့အချိန်လေးမှာ ခံစားချက်တွေကို ပျိုးထောင်တာပါ။ စကားပြောရင်းနဲ့ လီယောင်နဲ့ ဝူတောက်ကျန့်က မူမမှန်တာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။
လီယောင်နဲ့ ဝူတောက်ကျန့်ဟာ စကားပြောတာ စိတ်မပါဘဲ သူ့ကိုသာ တောက်လောင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ လီယောင်နဲ့ ဝူတောက်ကျန့် ဘာလိုချင်လဲဆိုတာကို ခန့်မှန်းဖို့ မခက်ပါဘူး။
“မင်းတို့က စကားမပြောချင်ရင်လည်း ထားလိုက်တော့... ဘယ်သူ အရင်ဆုံး အပြင်ထွက်မလဲ” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်ကာမောကာနဲ့ မေးလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ တခစ်ခစ် ရယ်လိုက်ပါတယ် “မထွက်ချင်ပါဘူး”
လီယောင်ရဲ့ မျက်နှာဟာ ရှက်သွေးဖြာသွားပါတယ်။
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။ အခုအချိန်အထိ ဟန်ကျွယ်ဟာ မိန်းမနှစ်ယောက်နဲ့ အတူတူ မဆက်ဆံဖူးသေးပါဘူး။ ဒါကြောင့် စမ်းကြည့်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီဟာကို အတော်လေး စိတ်ဝင်စားသွားပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ် တတိယ တာအိုစက်ကွင်းဆီ ပြန်ရောက်တဲ့အခါမှာတော့ နှစ် ငါးဆယ် ကြာသွားပါပြီ။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး စိတ်ကောင်း ဝင်နေပါတယ်။
ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဖေဖေ... ဖေဖေဆီမှာ ဘာဖြစ်လို့ ယင်ဓာတ်ရောင်ဝါက နှစ်ခု ဖြစ်နေတာလဲ”
“သမီးရဲ့ မေမေလေးနဲ့ မေမေငါးပေါ့”
ဟန်လင်ဟာ သဘောပေါက်သွားပြီး ဆက်မမေးတော့ပါဘူး။
ဟန်ကျွယ်ဟာ ချင်ချင်း မကျင့်ကြံဘဲ တာအိုစက်ကွင်း အပြင်ဘက်က ဟုန်ကျွင်းကို ကြည့်လိုက်ပါတယ်။ ဟုန်ကျွင်းရဲ့ အရည်အချင်းက ထူးချွန်ထက်မြက်ပါတယ်။ ဒီနှစ်ငါးသိန်း အပြီးမှာ တာအိုကို ရယူနိုင်သွားပါပြီ။
လက်ရှိဟုန်ကျွင်းဟာ ကြယ်စကြဝဠာထဲမှာ မျိုးဆက်ထောင်ပြီး တပည့်တွေ အများကြီး လက်ခံထားပါတယ်။ ကြယ်စကြဝဠာထဲမှာရှိတဲ့ သက်ရှိတွေအကုန်လုံးက ဟုန်ကျွင်းကို တာအိုပညာရှိဘွဲ့ ပေးအပ်ထားကြပါတယ်။ လျူပေ့ကတော့ နောက်ကွယ်ကို ရောက်သွားပြီး ကိစ္စအားလုံးကို ကိုယ်တိုင် လိုက်မလုပ်တော့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။