← Chapters

အရာအားလုံး ဆင့်ကဲပြောင်းလဲခြင်း

Vol. 94 Ch. 985

အရာအားလုံး ဆင့်ကဲပြောင်းလဲခြင်း

Vol. 94 Ch. 985

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ ရုပ်ပုံလွှာကို စစ်ဆေးလိုက်ပါတယ်။ တာအိုဘိုးဘေးရဲ့ ရုပ်ပုံက ဟုန်ကျွင်း ဖြစ်မသွားသေးပါဘူး။ မည်းနက်နေပြီး ဘယ်လိုပုံစံရှိတယ်ဆိုတာကို အခုထိ မမြင်နိုင်သေးပါဘူး။

ဒါကြောင့် ဟုန်ကျွင်းက တာအိုဘိုးဘေး ပြန်‌မွေးဖွားတာဆိုပေမဲ့ တာအိုဘိုးဘေး ဖြစ်မလာသေးဘူးလို့ ဟန်ကျွယ် ‌ကောက်ချက် ချလိုက်ပါတယ်။ တာအိုဘိုးဘေးက အမြဲတမ်း ပြောင်းလဲနေပြီး မရေမတွက်နိုင်တဲ့ ဓမ္မရုပ်တုတွေ ရှိပါတယ်။ ဟုန်ကျွင်းလိုမျိုး လူဝင်စားတွေ အများကြီး ရှိနေနိုင်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုဘိုးဘေးက ဘာဖြစ်လို့ ဟုန်ကျွင်းအဖြစ် ပြန်ဝင်စားတာလဲ”

[ထိုကဲ့သို့ ကံရေစက်မရှိသဖြင့် တွက်ချက်မရပါ။]

‘ဟင်... တွက်မရဘူး...’

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို နည်းနည်း ကြောက်သွားပါတယ်။ နဝမပဋိပက္ခကိုကျ တွက်ချက်လို့ရပြီး တာအိုဘိုးဘေးကိုကျတော့ တွက်ချက်လို့မရဘူး မဟုတ်ပါလား။

‘တာအိုဘိုးဘေးက နဝမပဋိပက္ခထက် စွမ်းအားကြီးနေတာလား... မဟုတ်သေးပါဘူး... ဒီလိုဆိုရင် တာအိုဘိုးဘေးက ဘာဖြစ်လို့ ကောင်းကင်တာအိုရဲ့ တိုးတက်မှုကို ကန့်သတ်ထားမှာလဲ... ဒီအတိုင်းဆို ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်၊ တာအိုဘိုးဘေးမှာ ထူးခြားဖန်တီးမှု ရှိရင်ရှိ မဟုတ်ရင် ကံရေစက်နဲ့ ပတ်သက်တဲ့ အကောင်းစား ရတနာတစ်ပါး ရှိနေတာ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို တာအိုဘိုးဘေး ပေါ်လာမဲ့ မြင်ကွင်းကို မျှော်လင့်မိလိုက်ပါတယ်။ အဲဒီအချိန်ကျရင် တာအိုဘိုးဘေးက သေချာပေါက် တာအိုဖန်တီးရှင်ကို စိန်ခေါ်နိုင်တဲ့ စွမ်းအား ရှိနေမှာပါ။

ဟန်ကျွယ်ဟာ ဟုန်ကျွင်းကို ထပ်ကြည့်လိုက်ပါတယ် ‘မင်း ကြယ်စကြဝဠာထဲမှာရှိတဲ့ သက်ရှိတွေကို ကျင့်ကြံအားထုတ်လာအောင် ဦးဆောင်နိုင်ရင် ငါ မင်းရဲ့နောက်ခံကို မသိချင်ယောင် ဆောင်ပေးမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တိတ်လေး တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘိုးဘေးနဲ့ ဘာရန်ငြိုးရန်စမှ မရှိတဲ့အတွက် ဟုန်ကျွင်းကို ဘာမှမလုပ်တာပါ။

နှစ်ဆယ်သန်းကျော် အသက်ရှင်ပြီးနောက် ဟန်ကျွယ်ရဲ့ စည်းမျဉ်းက ဘယ်သူ့ကိုမှ ရန်မစဖို့ပါ။ ဒါပေမဲ့ နှစ်ဖက်စလုံး အဆင်ပြေဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ သူ့ကို ခြိမ်းခြောက်လာမယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ ဘာနောက်ခံပဲရှိရှိ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ညှာတာနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

နှစ်တစ်သိန်းကြာတဲ့အခါ အန္တိမမူလကမ္ဘာထဲက အန္တိမမူလချီဟာ တိုးပွားလာပါတယ်။ တဖြည်းဖြည်းနဲ့ အန္တိမမူလကမ္ဘာထဲက ပဋိပက္ခနတ်ဘီလူးတစ်ပါးဟာ အန္တိမမူလချီကို ရှာတွေ့သွားပါတယ်။ ဒီနတ်ဘီလူးက အာကာသ နတ်ဘီလူးပါ။

ဟင်းလင်းပြင်ထဲမှာ အာကာသ နတ်ဘီလူးဟာ ရှေ့က ကျယ်ပြောလှတဲ့ အနီရောင်မြူခိုးတွေကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေပါတယ်။ ဒီအာကာသ နတ်ဘီလူးက လူသားခန္ဓာကိုယ်ရှိပြီး သူ့ခန္ဓာကိုယ်ထက် ပိုရှည်လျားတဲ့ ဆံပင်ဖြူတွေ ရှိပါတယ်။ ဒါ့အပြင် အရိုးတွေကနေ ဖြစ်တည်လာတဲ့ ချပ်ဝတ်ရှိပြီး ဒေါင်လိုက် မျက်လုံးလေးလုံးနဲ့ ထက်မြက်တဲ့သွားတွေ ရှိပါတယ်။ နဖူးမှာလည်း ရှေ့ကို ကောက်နေတဲ့ ဦးချိုနှစ်ချောင်း ရှိပါသေးတယ်။

အာကာသ နတ်ဘီလူးဟာ တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချကာ အနီရောင်မြူခိုးထဲ ပြေးဝင်လိုက်ပါတယ်။ အာကာသ နတ်ဘီလူး အနီရောင်မြူခိုးထဲ နစ်ဝင်သွားတဲ့အခါ ဘေးနားဝန်းကျင်က အာကာသဟာ ပြင်းထန်စွာ ရှုံ့တွလာပါတယ်။

နှစ်တစ်သောင်း ကြာသွားတဲ့အခါမှာတော့ အနီရောင်မြူခိုးတွေထဲကနေ ကြောက်မက်ဖွယ် ရုပ်သွင်တစ်သွင်ဟာ တစ်လှမ်းချင်း လှမ်းထွက်လာပါတယ်။ ဒီရုပ်သွင်က အာကာသ နတ်ဘီလူးကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

အာကာသ နတ်ဘီလူးတွေရဲ့ အရိုးတွေဟာ အနီရောင် ပြောင်းသွားပါတယ်။ စူးရှတဲ့ အရိုးချွန်တွေဟာ အာကာသနတ်ဘီလူးရဲ့ အဆစ်အမြစ်တွေကနေ ကြီးထွားလာပါတယ်။ အဖြူရောင် ဆံပင်တွေထဲမှာလည်း အနီရောင် ဆံပင်တွေ ကျိုးတိုးကျဲတဲ ပေါ်လာပါတယ်။ မျက်နှာကလည်း လူသားနဲ့ ပိုတူလာပါတယ်။ မျက်နှာသွင်ပြင်ကတော့ အေးစက်ပြီး ထောင့်ချွန်းများပါတယ်။ အရင် မျက်လုံးလေးလုံးက အခုနှစ်လုံးပဲ ရှိပါတော့တယ်။

အာကာသ နတ်ဘီလူးဟာ သူ့လက်ကို မြှောက်ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အင်အားလဲ... ဒါ ဘယ်လို စိတ်ဝိညာဉ်ချီမျိုးလဲ... ဝိုးတိုးဝါးတား လောကဦးချီထက်တောင် ပိုအားကောင်းနေတယ်”

“အဲဒါ အန္တိမမူလချီ... လောကဦးချီထက် အဆင့်ပိုမြင့်တယ်”

စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် အာကာသ နတ်ဘီလူးဟာ ထိတ်လန့်သွားပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပါတယ်။ အာကာသ နတ်ဘီလူးရဲ့ တာအိုပညာရှိ‌ အာရုံဟာ အရပ်ဆယ်မျက်နှာကို ဖြတ်သန်းသွားပေမဲ့ တခြားသက်ရှိတွေ တခြားနတ်ဘီလူးတွေရဲ့ ရောင်ဝါကို အနီးအနားက ဂလက်ဆီတွေထဲမှာ မတွေ့ရပါဘူး။

ဒါကြောင့် အာကာသ နတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပြီး မတိုးမကျယ် မေးလိုက်ပါတယ် “ဘယ်သူလဲ... ကိုယ်ထင်ပြစမ်း”

“ငါက မင်းနဲ့ မင်းမြင်သမျှ အရာအားလုံးကို ဖန်တီးထားတဲ့လူပဲ”

ဟန်ကျွယ်ရဲ့အသံဟာ အာကာသ နတ်ဘီလူးရဲ့ စိတ်ထဲမှာ ထပ်ပြီးတော့ ပေါ်လာပါတယ်။ အာကာသ နတ်ဘီလူးဟာ နှလုံးလှုပ်သွားပြီး တုန်တုန်ယင်ယင်နဲ့ ဘေးဘီဝန်းကျင်ကို စိတ်လှုပ်တရှား လိုက်ကြည့်ပါတယ်။

“အန္တိမမူလချီက ဝိုးတိုးဝါးတား လောကဦးချီကို အစားထိုးပြီးရင် ငါ မင်းနဲ့ တွေ့မယ်၊ အခုတော့ ခံစားလိုက်ဦး၊ မင်း တခြား နတ်ဘီလူးတွေကို အန္တိမမူလချီ လက်ခံလာအောင် ကူညီပြီး အတူတူ စွမ်းအားကြီးလာအောင် ကျင့်ကြံအားထုတ်ဖို့ ငါ မျှော်လင့်တယ်”

အာကာသ နတ်ဘီလူးဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပြီး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ချက်ချင်း ကတိပေးပါတယ်။ အဲဒီနောက် အာကာသ နတ်ဘီလူး ဘယ်လောက်ပဲမေးမေး ဟန်ကျွယ်ရဲ့ အသံက ထပ်ပြီးတော့ ပေါ်မလာတော့ပါဘူး။

ဒါပေမဲ့ ဒီကိစ္စက အာကာသနတ်ဘီလူးရဲ့ အထီးကျန် နှလုံးသားကို လှိုင်းထန်သွားစေပါတယ်။

‘ဖန်တီးရှင်က တကယ်ပဲ ရှိနေတာကိုး... ငါက နောက်ခံမရှိတာ မဟုတ်ဘူးပဲ... အဲဒီအထွတ်အထိပ် တည်ရှိမှုက ငါ့ကို အမြဲတမ်း စိုက်ကြည့်နေတာပဲ’

အာကာသ နတ်ဘီလူးဟာ စိတ်လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်က အန္တိမမူလချီကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်ပါတယ်။

နှစ်ငါးသိန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ထိုးတက်လာတဲ့ အန္တိမမူလစွမ်းအားကို ခံစားမိလိုက်ပါတယ်။

လက်ရှိမှာ အန္တိမမူလကမ္ဘာထဲက အန္တိမမူလချီဟာ နောက်ဆုံးတော့ တစ်ရာခိုင်နှုန်းကို ရောက်ရှိသွားပါပြီ။ အဆင့်တစ်ခုကို ထိုးဖောက်လိုက်သလိုမျိုး အန္တိမမူလချီ တိုးပွားနှုန်းက ပိုပိုမြန်လာပါတယ်။ ဒါက ဟန်ကျွယ်အတွက်တော့ ကောင်းတဲ့နိမိတ်ပါ။

ဒါ့အပြင် အန္တိမမူလချီကို စုပ်ယူပြီးနောက် အာကာသ နတ်ဘီလူးရဲ့ အသွင်ပြောင်းလဲမှုက ဟန်ကျွယ်ကို ဖြစ်နိုင်ခြေတစ်ခု မြင်သွားစေပါတယ်။ နတ်ဘီလူးသုံးထောင်က ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေပါ။

အန္တိမမူလကမ္ဘာထဲက နတ်ဘီလူးသုံးထောင် ဆင့်ကဲပြောင်းလဲသွားတာနဲ့ သူတို့က ပဋိပက္ခနတ်ဘီလူးတွေ မဟုတ်တော့ပါဘူး။ သူတို့တွေ ပဋိပက္ခထဲကို ဝင်ရင်လည်း ပဋိပက္ခနတ်ဘီလူးတွေနဲ့ ကံရေစက် အရှုပ်အရှင်းလည်း မရှိနိုင်တော့ပါဘူး။

ဟန်ကျွယ်က တွေးရုံပဲ တွေးလိုက်တာပါ။ ဟန်ကျွယ်ဟာ အတတ်နိုင်ဆုံး သူ့အန္တိမမူလကမ္ဘာကို လူသိခံမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီကိစ္စက အချက်တစ်ချက်ကို ပြနေပါတယ်။ အဲဒါက အန္တိမမူလကမ္ဘာဟာ စိတ်ဝိညာဉ်ချီတစ်ခုပဲ ဆင့်ကဲပြောင်းလဲတာ မဟုတ်ဘဲ အရာအားလုံး ဆင့်ကဲပြောင်းလဲတယ်ဆိုတဲ့ အချက်ပါ။ အာကာသ နတ်ဘီလူးရဲ့ အသွင်ပြောင်းလဲမှုက အကောင်းဆုံး သက်သေပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ တိုးတက်မှုကို ပိုပြီးတော့တောင် မျှော်လင့်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘေးနားက ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်လာပါတယ်။ ဟန်လင်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ အလှမ်းဝေးနေသေးတယ် ဆိုပေမဲ့ ဒီကျင့်ကြံမှုအလျင်က ဟန်လင်ကို ကျင့်ကြံမှုထဲ ပိုနှစ်မြုပ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကလေး ထပ်ယူပြီး သူ့ဘေးနားမှာ ပျိုးထောင်ချင်စိတ် ပေါက်သွားပါတယ်။ နောက်ကျရင် သူတို့တွေက သူ့အစောင့်အရှောက်တွေ ဖြစ်လာပြီး သူ့အတွက် ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်မယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဒါကိုတွေးပြီး မပြုံးဘဲ မနေနိုင်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ်အတွက် အချိန်ကုန်တာ မြန်ဆန်လွန်းပေမဲ့ ပဋိပက္ခ သက်ရှိတွေအတွက်တော့ နှစ်ငါးသိန်းက အလွန်တရာ ကြာညောင်းပါတယ်။

ဒီအတောအတွင်း ဒုတိယ တာအိုစက်ကွင်းထဲက နတ်ဘီလူးတွေဟာ အလွန်တရာမှ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။ သူတို့တွေဟာ အခွင့်အရေးတွေ ဆက်တိုက် ရရှိသလို တိုက်ခိုက်ခံရတာလည်း အဆက်မပြတ်ပါပဲ။

မုရုံချီနဲ့ ကောင်းကင်နက္ခနတ်ဘီလူးတို့ဟာ အဆင့်လေးတစ်ဆင့် တက်သွားကြပြီး ရှေ့ကို အလွန် လျင်မြန်စွာ ဆက်သွားနေကြပါတယ်။ ဒုတိယ တာအိုစက်ကွင်းထဲက နတ်ဘီလူးတွေကလွဲရင် နောက်ထပ် လူတစ်ယောက်က ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

ဒီလူကတော့ ချူရှီရန်ပါ။

[သင့်‌မြေးတပည့် ချူရှီရန်သည် ဗုဒ္ဓဂိုဏ်းတပည့် ဆယ်ဘီလီယံ၏ ယုံကြည်သက်ဝင်မှုကို ရရှိပြီး မဟာတာအိုအဆင့်သို့ တက်လှမ်းသွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် မဟာတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် ပဋိပက္ခ အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်။]

[သင့်မြေးတပည့် ချူရှီရန်သည် ရှေးဟောင်း အမွေအနှစ်ကို ရရှိပြီး ဝိညာဉ် အသွင်ပြောင်းလဲသွား၏။]

[သင့်မြေးတပည့် ချူရှီရန်သည် ကောင်းကင်မိစ္ဆာများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၀၃၉၇၂၀၈၂

ဒါတွေက လွန်ခဲ့တဲ့ နှစ်ငါးသိန်းအတွင်း ချူရှီရန်ရဲ့ လှုပ်ရှားမှုတွေပါ။ စာစောင်တွေ ဖတ်ကြည့်ရုံနဲ့ ချူရှီရန်ရဲ့ ဘဝက ဘယ်လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

ချူရှီရန်က ဗုဒ္ဓကမ္ဘာကို ကောင်းကင်တာအိုနား ရွှေ့ပြီးကတည်းက ဂူအောင်းကျင့်ကြံနေခဲ့တာပါ။ အခုဗုဒ္ဓကမ္ဘာကို သူ့မြေးတပည့်က ထိန်းချုပ်နေပြီး ချူရှီရန်က ရှေးဟောင်းဒဏ္ဍာရီတစ်ပုဒ်တောင် ဖြစ်နေပါပြီ။ သက်ရှိအားလုံးက သူ့နာမည်ကိုပဲ ကြားဖူးပြီး တစ်ခါမှ ခန္ဓာစစ်ကို မမြင်ဖူးကြပါဘူး။

ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ဖို့ ကြိုးစားနေတယ်လို့ ကောက်ချက် ချလိုက်ပါတယ်။ ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ဖို့ မဟုတ်ရင် အခုလိုမျိုး အခွင့်အရေးတွေကို တကူးတက လိုက်ရှာနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက သူ့ကာကွယ်မှုကို လိုအပ်ခဲ့တဲ့ တပည့်တွေက အခုတော့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်တဲ့အထိ ကြီးပြင်းသွားကြပြီ မဟုတ်ပါလား။ မဟာတာအိုပညာရှိ ဖြစ်သွားရင် သူတို့တွေဟာ ပဋိပက္ခမှာ နေရာတစ်ခုရပြီး နယ်မြေတစ်ခုကို စိုးမိုးနိုင်သွားပါပြီ။

ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ်တစ်သန်းကျော် လိုပါသေးတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခအစည်းအဝေးကို ပိုပြီးတော့ မျှော်လင့်မိလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

နှစ်တစ်သိန်း။

နှစ်သုံးသိန်း။

နှစ်ငါးသိန်း။

နှစ်ရှစ်သိန်း။

နှစ်တစ်သန်း။

ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာ နှစ်တစ်သန်း ပြည့်သွားပါတယ်။ ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ် လေးငါးခြောက်သိန်းပဲ လိုပါတော့တယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံမှုက ဟန်ကျွယ်ရဲ့ စွမ်းအားကို လေးငါးဆယ်ဆ တိုးသွားစေပါတယ်။ အခုဆိုရင် အန္တိမမူလချီက အန္တိမမူလကမ္ဘာရဲ့ ၁၀ ရာခိုင်နှုန်းကို ရောက်ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ အန္တိမမူလနတ်ဘီလူးပဲ အသုံးပြုနိုင်တဲ့ သီးသန့် ဆန်းကြယ်စွမ်းအားကိုလည်း သုံးသပ်နားလည်နိုင်ခဲ့ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထက် မနိမ့်ကျပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters