အစွမ်းအထက်ဆုံး
Vol. 94 Ch. 986
ဒီဆန်းကြယ်စွမ်းအားက အန္တိမမူလဝိညာဉ်ချွေဓားလို့ ခေါ်ပါတယ်။ အန္တိမမူလ ဝိညာဉ်ချွေဓားက နတ်ဝိညာဉ် အလင်းဓား ခုနစ်ပါးကို ခဲပြီး ရန်သူတွေကို တိုက်ခိုက်တာပါ။ ဟန်ကျွယ်ဟာ အထွတ်အထိပ်နိယာမ ခုနစ်ပါးကို အခြေခံပြီး ဒီဆန်းကြယ်စွမ်းအားကို တွေးမိလိုက်တာပါ။ အန္တိမမူလ ဝိညာဉ်ချွေဓားရဲ့ အစွမ်းကိုတော့ တကယ် တိုက်ခိုက်ကြည့်မှပဲ သိမှာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်ပါတယ်။ အသက်ရှူကြိမ် တစ်ကြိမ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို သတ်ပစ်လိုက်ပါတယ်။
ဒါပေမဲ့ ဒါက အန္တိမမူလဝိညာဉ်ချွေဓားရဲ့ စွမ်းအားကို မပေါ်လွင်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှုက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ထက် သာနေတာကြောင့်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် တစ်ရာကို စိန်ခေါ်ပြီး အန္တိမမူလ ဝိညာဉ်ချွေဓားနဲ့ တိုက်ခိုက်လိုက်ပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ် မျက်လုံး ပွင့်လာပါတယ် ‘မဆိုးဘူး... အန္တိမမူလ တံဆိပ်တော်ထက်စာရင် ဒီအန္တိမမူလ ဝိညာဉ်ချွေဓားက အန္တိမမူလနတ်ဘီလူးရဲ့ ဖျက်ဆီးနိုင်စွမ်းကို ပိုပြနိုင်တယ်’
ဟန်ကျွယ် တွေးတာက မှားတော့ မမှားပါဘူး။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ဘက်စုံသုံးပါ။ တိုက်ခိုက်လို့လည်း ရသလို ခုခံလို့လည်း ရပါတယ်။ ထိန်းချုပ်လို့လည်း ရသလို ချိပ်ပိတ်လို့လည်း ရပါတယ်။ ဒါပေမဲ့ အန္တိမမူလစွမ်းအားရဲ့ အကောင်းဆုံး ဖျက်ဆီးနိုင်စွမ်းကိုတော့ မပြနိုင်ပါဘူး။
အန္တိမမူလ ဝိညာဉ်ချွေဓားက အပြင်းထန်ဆုံး စွမ်းအားပါ။ ဖျက်ဆီးတာကလွဲပြီး တခြား ဘာမှလုပ်လို့မရပါဘူး။ တန်ခိုးကြီးမား မဟာလက်ဝါးထက်လည်း စွမ်းအားပိုကြီးပါတယ်။
ဘုန်းတန်ခိုးကြီးမား မဟာလက်ဝါးက အရာအားလုံးကို ဖျက်ဆီးနိုင်တယ်ဆိုပေမဲ့ ပေါ့ပါးသွက်လက်မှု သိပ်မရှိပါဘူး။ ဒါပေမဲ့ အန္တိမမူလ ဝိညာဉ်ချွေဓားကတော့ ဒီလိုမဟုတ်ပါဘူး။ နတ်ဝိညာဉ် အလင်းဓားခုနစ်ပါးဟာ ဆက်ပြီးတော့ တည်ရှိပြီး ရန်သူတွေကို အဆုံးမဲ့ ဖျက်ဆီးနိုင်ပါတယ်။
အန္တိမမူလ ဝိညာဉ်ချွေဓားကို ရင်ဆိုင်ရတဲ့အခါ စွမ်းအားကြီးမားတဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်တောင် ဘာမှမလုပ်နိုင်ဘဲ တစ်ချိန်လုံး ခုခံနေရပါတယ်။
အန္တိမမူလ ဝိညာဉ်ချွေဓားဟာ နိယာမတွေ၊ အစီအရင် အရံအတားတွေ အပါအဝင် အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။ အလွန့်အလွန် အားကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းတွေ ပါဝင်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
နဝမပဋိပက္ခသာ မရှိရင် ဟန်ကျွယ်ဟာ အန္တိမမူလ ဝိညာဉ်ချွေဓားကို အားပြုပြီး ပဋိပက္ခကို တစ်ခါတည်း ဖျက်ဆီးပစ်လို့ရပါတယ်။ ဟုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားက ပဋိပက္ခအာကာသရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်နိုင်စွမ်း ရှိပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အကြိမ်ဒါဇင်ကျော် တိုက်ခိုက်ပြီးနောက် ဟန်ကျွယ်ရဲ့ အန္တိမမူလ ဝိညာဉ်ချွေဓားက ထိပ်ဆုံးအခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်မဲ့ ပြိုင်ဘက်ကို ရှာဖွေချင်စိတ် ပေါ်လာပါတယ်။
ကံမကောင်းတာက နဝမပဋိပက္ခဟာ အိပ်မက်ထဲမှာပဲ ပေါ်လာတာပါ။ မဟုတ်ရင် ဟန်ကျွယ်ဟာ နဝမပပဋိပက္ခရဲ့ အချက်အလက်ကို ပုံတူကူးထားလိုက်မှာပါ။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် စွမ်းအားကို မျှော်လင့်နေမိပါတယ်။
“ဖေဖေ... သမီး စွမ်းအားပိုကြီးလာပြီ၊ ဖေဖေ အကြံပေးတဲ့အတိုင်း သမီးရဲ့ ဧကရာဇ်စစ်သား တစ်သန်းကို ပုံစံ စီရင်လိုက်တာ သမီးရဲ့ စွမ်းအားက အများကြီး တိုးတက်သွားတယ်၊ လက်ရည် ထပ်စမ်းကြရအောင်” ဟန်လင်ရဲ့ စကားသံက ဟန်ကျွယ်ရဲ့ အတွေးတွေကို ပြတ်တောက်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ကိုယ့်သမီးနဲ့ ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အန္တိမမူလဝိညာဉ်ချွေဓားကို သုံးမှာ မဟုတ်ပါဘူး။ အန္တိမမူလ ဝိညာဉ်ချွေဓားကိုသာ သုံးလိုက်ရင် ဟန်လင်ရဲ့ တာအိုနှလုံးသား ကွဲကြေသွားဖို့က သေချာသလောက် ရှိပါတယ်။
အရင်လိုပဲ ဟန်ကျွယ်ဟာ မတ်မတ်ရပ်ပြီး ဟန်လင်ရဲ့ တိုက်ခိုက်မှုတွေကို ခံပါတယ်။ ဒီတစ်ခါလည်း ဟန်လင်ဟာ သူ့အဖေရဲ့ ခံစစ်ကို မထိုးဖောက်နိုင်တာကြောင့် အရှုံးပေးလိုက်ရပါတယ်။
ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ ဝတ်ရုံကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ဖေဖေ... ဖေဖေရဲ့ ဓမ္မရတနာက ဘယ်အဆင့်မှာလဲ”
ဟန်လင်ဟာ သူ့အဖေက တကယ်ကြီး မတိုက်ခိုက်ဘဲ ဓမ္မရတနာ အစွမ်းနဲ့ သူ့ဧကရာဇ်စစ်သား တစ်သန်းရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံတယ်ဆိုတာ အာရုံခံနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “လျှို့ဝှက်ချက်”
ဟန်ကျွယ်ဟာ ဟန်လင်ကို မယုံလို့ မဟုတ်ပါဘူး။ မတော်တဆ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားမှာစိုးတဲ့အတွက် မပြောတာပါ။
ဟန်လင်ဟာ နှုတ်ခမ်းမဲ့သွားပါတယ် “ဖေဖေ... ပဋိပက္ခထဲမှာ ဖေဖေ့လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ် ဘယ်နှယောက်ရှိလဲ၊ ဘယ်လောက်များများ တည်ရှိမှုတွေက ဖေဖေထက် စွမ်းအားပိုကြီးလဲ”
“အများကြီးပဲ... ဖေဖေတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ အများစုက သူတို့နယ်မြေမှာ သူတို့ ဂူအောင်း ကျင့်ကြံ အားထုတ်နေကြတာ၊ ဘာပဲဖြစ်ဖြစ် ဖေဖေက အစွမ်းအထက်ဆုံးပုဂ္ဂိုလ် မဟုတ်ဘူး၊ ဖေဖေ အခုလို ကြိုးစားကျင့်ကြံနေတာကလည်း အစွမ်းအထက်ဆုံး အဆင့်ကို တက်နိုင်သလောက် မြန်မြန် ရောက်ရှိဖို့ပဲ”
ဟန်လင်ရဲ့ မျက်နှာဟာ လေးနက်သွားပြီး မျက်လုံးတွေက ပိုပြီးတော့ ပြတ်သားသွားပါတယ်။
“ဖေဖေ... သမီးလည်း အေးဆေး ကျင့်ကြံမယ်၊ ဖေဖေက အစွမ်းအထက်ဆုံး ဖြစ်လာရင် သမီးကလည်း ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်လာစေရမယ်” ဟန်လင်က လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “အို... ဒုတိယ အစွမ်းအထက်ဆုံးပဲလား... သမီးက ဖေဖေကို မကျော်တက်ချင်တော့ဘူးလား”
ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “သမီးက ဖေဖေကို သေချာပေါက် ကျော်တက်ချင်တာပေါ့၊ ဒါပေမဲ့ သမီး အဲဒါကို နေ့တိုင်း မပြောနိုင်ဘူးလေ”
ဟန်ကျွယ်ဟာ မရယ်ဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ် လောကဦး ကောင်းကင်ထောင်ကို သုံးမှပဲ သူ့သားသမီးတွေက သူ့ကို မကျော်တက်ချင်ပဲ နေမှာပါ။ တကယ်လို့ ဟန်ကျွယ်မှာလည်း စွမ်းအားကြီးတဲ့ အဖေတစ်ယောက် ရှိခဲ့မယ်ဆိုရင် သူ့အဖေကို ဘယ်လောက်ပဲ လေးစားလေးစား သေချာပေါက် ကျော်တက်ချင်မှာပါ။
ဘယ်ထိပ်သီးကျင့်ကြံသူမဆို အစွမ်းအထက်ဆုံး ဖြစ်လာဖို့ မျှော်လင့်ကြတာချည်းပါပဲ။
ဒါကြောင့်လည်း ဟန်ကျွယ်က သူ့မျိုးဆက်တွေနဲ့ မြေးတပည့်တွေကို ကာကွယ်တာတောင် သူတို့က အပြင်ထွက်ပြီး စွန့်စားကြတာပါ။ သူတို့အကုန်လုံးက ပိုပြီးတော့ စွမ်းအားကြီးချင်ကြပြီး အစွမ်းအထက်ဆုံးတောင် ဖြစ်ချင်ကြတဲ့အတွက် ငြိမ်ငြိမ်မနေနိုင်ကြတာပါ။
ဟန်လင်ကို ကြည့်တဲ့ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ပျော့ပျောင်းသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့သမီးကို တာအိုဟောကြားပါတယ်။ ဟန်လင်က သူ့ကို အဖော်ပြုပြီး ကျင့်ကြံအားထုတ်တယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ဟန်လင်ကို တာအိုဟောကြားခဲပါတယ်။ အဓိက အကြောင်းရင်းကတော့ ဟန်လင်ရဲ့ အရည်အချင်းက ထက်မြက်လွန်းပြီး ကျင့်ကြံရာမှာ အပိတ်အဆို့ မရှိတာကြောင့်ပါ။
.....
ကောင်းကင်ပြာအောက်မှာ မရေမတွက်နိုင်တဲ့ ဓားတွေဟာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပါတယ်။ ဓားအမျိုးအစုံ စုံလင်လှတဲ့အတွက် အတော်လေးလည်း ခမ်းနားထည်ဝါပါတယ်။ တိမ်တွေရဲ့ အထက်မှာတော့ ဇရပ်လေးတစ်ဆောင် တည်ရှိနေပါတယ်။
လောင်ဇီဟာ ဒီဇရပ်လေးထဲမှာ ထိုင်နေပြီး စားပွဲခုံပေါ်မှာတော့ အစိမ်းရောင် ကျောက်စိမ်း အပိုင်းအစတွေ ရှိနေပါတယ်။ လောင်ဇီဟာ ဒီအစိမ်းရောင် ကျောက်စိမ်း အပိုင်းအစတွေကို လေ့လာနေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ လောင်ဇီဘေးမှာ ရုပ်သွင်တစ်သွင် ပေါ်လာပြီး စားပွဲဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။
လောင်ဇီဟာ လှည့်မကြည့်ပါဘူး။ လောင်ဇီဟာ နောက်ရောက်လာတဲ့လူကို ဂရုမစိုက်ဘဲ စားပွဲပေါ်က အစိမ်းရောင် ကျောက်စိမ်း အပိုင်းအစတွေကိုသာ ဆက်ပြီးတော့ လေ့လာနေပါတယ်။
“ပဋိပက္ခအောက်ခြေမှာ မဟာတာအိုကမ္ဘာ ရှိနေတာ အမှန်ပဲ၊ ဒီမဟာတာအိုကမ္ဘာက ပဋိပက္ခထက် မသေးဘူး၊ ဒါပေမဲ့ ပဋိပက္ခ နိယာမတွေရဲ့ ဖိနှိပ်မှုကြောင့် ဒီမဟာတာအိုကမ္ဘာက နှစ်ခြမ်းကွဲနေတယ်၊ ပဋိပက္ခရဲ့ စွမ်းအားက မြေပြင်အသွင် ပြောင်းလဲပြီး မဟာတာအိုကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားတယ်” နောက်ရောက်လာတဲ့ ရုပ်သွင်က အချိန်နဲ့ မဟာတာအိုကို ကြည့်ပြီး သက်ပြင်းချသလိုမျိုး ရှေးကျတဲ့အသံနဲ့ ပြောလိုက်ပါတယ်။
ဒီတော့မှ လောင်ဇီဟာ ဒီရုပ်သွင်ကို တစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘာပြောချင်တာလဲ”
“ဒါ အခွင့်အရေးပဲ”
လောင်ဇီဟာ တိတ်ဆိတ်သွားပါတယ်။
“မင်းရဲ့ မဟာတာအိုကမ္ဘာကို အမြဲတမ်း ဝှက်ထားရတယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာအောင် ဝှက်ထားနိုင်မှာလဲ၊ မင်း နောက်တစ်ဆင့်ကို ထိုးဖောက်ရင် သေချာပေါက် ပေါ်သွားလိမ့်မယ်၊ အဲဒီအချိန်ကျမှာဆိုရင် ကပ်ဘေးဆိုက်လိမ့်မယ်၊ ဒါပေမဲ့ မင်း တခြားမဟာတာအိုကမ္ဘာတွေနဲ့ ပူးပေါင်းမယ်ဆိုရင် ရှင်သန်ဖို့ အခွင့်အရေး ရှိသေးတယ်” နောက်မှရောက်လာတဲ့ ရုပ်သွင်က ဆက်ပြောပါတယ်။
လောင်ဇီဟာ နောက်မှာရောက်လာတဲ့ ရုပ်သွင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဆရာ... ဆရာရဲ့ မဟာတာအိုကမ္ဘာက ဘယ်မှာလဲ”
ဆရာ။ လောင်ဇီ ဆရာလို့ခေါ်ရတဲ့လူက တစ်ယောက်ပဲ ရှိပါတယ်။ တာအိုဘိုးဘေးပါ။ ဟုတ်ပါတယ်။ ဒီနောက်မှ ရောက်လာတဲ့ ရုပ်သွင်က တာအိုဘိုးဘေးပါ။
တာအိုဘိုးဘေးက ပြန်ဖြေပါတယ် “ငါ့ရဲ့ မဟာတာအိုကမ္ဘာက ကောင်းကင်တာအိုပဲ”
လောင်ဇီဟာ တစ်ချက်ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
“ကြိုပြီးတော့ စီစဉ်ထားချည်၊ ဒီအတောအတွင်း ပဋိပက္ခမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အဲဒီတည်ရှိမှုက သိပ်ပြီးတော့ စိတ်မရှည်တော့ဘူး၊ သူ့အတွက်က သက်ရှိအားလုံးကို အသက်ပြန်ရှင်အောင် လုပ်နိုင်သလို အကုန်လုံးကို ဖျက်ဆီးပြီး ပဋိပက္ခကို ထပ်ပြီးတော့ ဖန်တီးလို့လည်း ရတယ်၊ သူလိုချင်တာက အရာအားလုံးကို အုပ်ချုပ်ပြီး အခွင့်အာဏာနဲ့ ဘုံဋ္ဌာနရဲ့ အရှင်သခင် ဖြစ်လာဖို့ပဲ” တာအိုဘိုးဘေးဟာ ဒီစကားပြောပြီးတာနဲ့ ပျောက်ကွယ်သွားပါတယ်။
လောင်ဇီဟာ ညလက်ကို မြှောက်ပြီး မသိမသာ ဆုပ်လိုက်ပါတယ်။ စားပွဲပေါ်က အစိမ်းရောင် ကျောက်စိမ်းစတွေဟာ အတူတူခဲပြီး ဓားတစ်ချောင်း ဖြစ်သွားပါတယ်။
“တောင်းပန်ပါတယ် ဆရာ... ဆရာက တစ်ခုခုကို ကြံစည်နေတာပဲဖြစ်ဖြစ် ဂရုစိုက်တာပဲ ဖြစ်ဖြစ် ကျွန်တော် နောက်ထပ် မလိုတော့ဘူး၊ ကျွန်တော်ရဲ့ မဟာတာအိုကမ္ဘာက ဓားအဖြစ် အသွင်ပြောင်းလဲပြီး မဟာတာအို သုံးထောင်နဲ့ ဟောဒီပဋိပက္ခကို ပိုင်းဖြတ်နိုင်တော့မှာ”
“လောကမှာ အမြဲတမ်း အသစ်က အဟောင်းကို အစားထိုးတယ်၊ ပဋိပက္ခက လောကဦးကမ္ဘာကို အစားထိုးခဲ့တယ်၊ ကောင်းကင်တာအိုကလည်း ပဋိပက္ခကို အစားထိုးဖို့ ကြိုးစားနေတယ်၊ ကောင်းကင်တာအိုက အဆုံးသတ် မဟုတ်ဘူး”
.....
လျှို့ဝှက်ဆန်းကြယ်နယ်မြေ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဦးညွှတ်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရှေ့မှာတော့ ခမ်းနားထည်ဝါပြီး မထင်ရှားတဲ့ ရုပ်သွင်တစ်သွင် ရှိနေပါတယ်။ ဒီမထင်ရှားတဲ့ရုပ်သွင်က တာအိုဖြတ်ကျော် ဆရာကြီး၊ သဏ္ဍာန်မဲ့ နတ်မင်းပါ။
“ကြီးလူ... ကျွန်တော်ကို ရှာနေတာ ဘာကိစ္စရှိလို့ပါလဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အပေါ်ကို မော့မကြည့်ဘဲ မေးလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အသင့်အနေထား ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက သူပဲ သဏ္ဍာန်မဲ့ နတ်မင်းကို ရှာခဲ့တာ ဖြစ်ပြီး အခုအကြိမ်က သဏ္ဍာန်မဲ့နတ်မင်း ပထမဆုံးအကြိမ် သူ့ကို လာရှာတာမလို့ပါ။
နောက်ပြီး သဏ္ဍာန်မဲ့နတ်မင်းက ကံရေစက်ကို မထိဘူးလို့ အမြဲတမ်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူ့ကို အရင်ဆုံးလာရှာပါတယ်။ ဒါကြောင့် ကိစ္စတစ်ခုခု ရှိနေတာ သေချာပါတယ်။ ကိစ္စရှိပြီဆိုရင် ကံရေစက်ကို ထိချင်တယ်လို့ သဘော သက်ရောက်သွားပါပြီ။
‘ဒီအဘိုးကြီးက မရိုးသားဘူးပဲ’
“မိစ္ဆာ ကောင်းကင်ဧကရာဇ်... အနာဂတ်အတွက် မင်းဘာတွေ စီစဉ်ထားလဲ၊ ကောင်းကင်ရုံးတော်က လမ်းမှန် မဟုတ်ဘူး၊ ဒါကို မင်းနားလည်သင့်ပြီ” သဏ္ဍာန်မဲ့နတ်မင်းရဲ့ အသံဟာ သိမ်မွေ့ပြီး လေသံက တည်ငြိမ်လွန်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်လည်း မသေချာသေးဘူး၊ မီးစင်ကြည့်ကရမှာပဲ”
တကယ်တော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဝေခွဲမရဖြစ်နေတာ အတော်ကြာပါပြီ။ ကောင်းကင်ရုံးတော်ရဲ့ တိုးတက်မှုက အပိတ်အဆို့တစ်ခုကို ရောက်သွားပါပြီ။ ဆက်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် အင်အားကြီးတစ်စုကို အလွယ်လေး ရန်စမိပြီး ပဋိပက္ခနယ်မြေထဲမှာ ဝရုန်းသုန်းကား ဖြစ်စေမှာပါ။ ဒီလိုဆိုရင် မဟာတာအိုနတ်စိတ်ဝိညာဉ်တွေရဲ့ အာရုံစိုက်တာ ခံရပြီး အပြစ်ပေးခံရမှာပါ။
ဟန်ဟွမ်၊ ကျောက်ရွှမ်ချွမ်နဲ့ ဝေလန့်ရှန်မိ စတဲ့ ပါရမီရှင်တွေနဲ့ မတူတာက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျင့်ကြံတဲ့နေရာမှာ ပန်းတိုင်ပျောက်တာ ကြာပါပြီ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ လက်ရှိ စိတ်ဓာတ်က ရှုပ်ထွေးပါတယ်။ သူကိုယ်တိုင်လည်း ရေရေရာရာ မရှိပါဘူး။ သေချာတာ တစ်ခုကတော့ ပါရမီရှင်တွေ ပိုပြီး လက်ခံနိုင်ရင် ပျော်စရာကောင်းမယ်ဆိုတဲ့ အချက်ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။