← Chapters

စစ်သည်တော် တစ်သောင်း၊ သခင်တစ်ထောင်၊ ဘုရင်တစ်ရာ

Vol. 94 Ch. 988

စစ်သည်တော် တစ်သောင်း၊ သခင်တစ်ထောင်၊ ဘုရင်တစ်ရာ

Vol. 94 Ch. 988

ဟန်ကျွယ်ဟာ စကားခဏ ပြောပြီးတာနဲ့ တာအိုဟောကြားပါတယ်။ ဒဏ်ခတ်သမားငါးဖော်ဟာ စိတ်လှုပ်ရှားသွားကြပြီး ဟန်ကျွယ်ရှေ့မှာ ချက်ချင်း ထိုင်လိုက်ပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်သုံးထောင်ကြာပါတယ်။ ဟန်ကျွယ်တို့ သားအဖနှစ်ယောက် ထွက်ခွာသွားချိန်မှာ ဒဏ်ခတ်သမားငါးဖော်က တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။

အချိန်တစ်ခုကြာမှ သူတို့တွေဟာ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပါတယ်။ ယီတျန်က တအံ့တဩ မေးလိုက်ပါတယ် “မွေးစားအဖေက ဘယ်ရောက်သွားတာလဲ”

“ပြန်သွားလောက်ပြီ” ဟန်ထော်က ဖြေလိုက်ပါတယ်။

ဟန်ထော်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး အင်္ကျီလက်စထဲက လက်သီးကို တင်းတင်း ဆုပ်လိုက်ပါတယ်။ ဟန်ထော်ဟာ သူ့အဖေရဲ့ မျှော်လင့်မှုတွေကို ခံစားနိုင်ပါတယ်။ သူကိုယ်တိုင်လည်း ပဋိပက္ခအစည်းအဝေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက် အကြီးကြီး ရှိပါတယ်။

ဟန်ထော်ဟာ အရင်တုန်းက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို မတွေးခဲ့ပါဘူး။ ဒီနေရာကို သူ့ညီနှစ် ရမှာပဲလို့ တွေးထင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဟန်ထော်ဟာ သူ့အဖေရဲ့ ဆိုလိုရင်းကို နားလည်သွားပါတယ်။ သူ့အဖေ သူ့ကို ဟန်ဟွမ်နဲ့ တိုက်ခိုက်ခိုင်းတာက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို လုယူခိုင်းတာ မဟုတ်ပါဘူး။ ဖိအားပေးခိုင်းတာပါ။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ”

“နှစ်သုံးထောင် တာအိုနားထောင်တာက နှစ်တစ်သန်း ကျင့်ကြံတာထက် ပိုကောင်းနေတယ်”

“ညီအစ်ကိုတို့... ကြည့်ရတာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါတို့ကို ခပ်မြင့်မြင့် တွေးထားပုံပဲ၊ ငါတို့တွေ ကောင်းကောင်း စွမ်းဆောင်ပြဖို့ လိုတယ်”

“ဟားဟား... အနှိုင်းမဲ့ထိပ်ဆုံးနေရာက ငါ့အတွက်ပဲ”

ဟန်ထော်ဟာ သူ့ညီအစ်ကိုတွေရဲ့ စကားကို နားထောင်ပြီး ပြုံးလိုက်ပါတယ်။ စိတ်ထဲမှာလည်း အလွန်တရာမှ ပျော်ရွှင်သွားပါတယ်။ သူ့ဆီမှာ သူ့အပေါ် မျှော်လင့်ချက်ကြီးမားတဲ့ အဖေနဲ့ သေအတူရှင်မကွာ ညီအစ်ကိုတွေ ရှိနေတယ် မဟုတ်ပါလား။ ဒီလိုအခြေအနေမှာ သူသာ အဆင့်ကောင်း မရဘူးဆိုရင် သူ့ကို ဂရုစိုက်တဲ့လူတွေကို စိတ်ပျက်စေမှာပါ။

.....

တတိယ တာအိုစက်ကွင်း။

ဟန်လင်က စပ်စုလိုက်ပါတယ် “ဖေဖေ... အစ်ကိုနှစ်နဲ့ အစ်မသုံးဆီ မသွားတော့ဘူးလား”

“သမီးရဲ့ အစ်ကိုနှစ်က ဖေဖေရဲ့ ညွှန်ပြမှုကို မလိုတော့ဘူး၊ ချင်းအာကတော့ ထားလိုက်ပါတော့... သူက အများဆုံး အပျော်ဝင်ပြိုင်ရုံပဲ၊ ဖေဖေ သူ့ကို မျှော်လင့်ချက် မပေးချင်ဘူး”

ဟန်ချင်းအာက လွတ်လပ် တာအိုပညာရှိ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒီအဆင့်နဲ့ ပဋိပက္ခ အစည်းအဝေးမှာ အဆင့်ကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုအချိန်မှာ လွတ်လပ် တာအိုပညာရှိတွေက ဟင်းရွက်ကန်စွန်း မဟုတ်ပေမဲ့ သိပ်ရှားပါးနေတာတော့ မဟုတ်ပါဘူး။

ပဋိပက္ခအစည်းအဝေးက သေချာပေါက် မဟာတာအိုပညာရှိတွေရဲ့ စစ်မြေပြင် ဖြစ်မှာပါ။ မဟာတာအိုပညာရှိချုပ် မဟုတ်ရင် အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ဖို့က အလွန်တရာ ခက်ခဲမှာပါ။

ဟန်လင်ဟာ မျက်တောင် ခတ်လိုက်ပြီး ရင်ထဲမှာ ထိသွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက သူ့ကို အရမ်းချစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်နေတယ် မဟုတ်ပါလား။ ဟန်လင်ဟာ သူ့အစ်မ ဟန်ချင်းအာကို ကရုဏာ မသက်ဘဲ မနေနိုင်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။ ဟန်လင်လည်း ဘာမှ ထပ်မမေးတော့ဘဲ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်က ကျင့်ကြံအားထုတ်တာ မဟုတ်ဘဲ ဟန်ချင်းအာဆီ အိပ်မက်ထဲကနေ သွားလည်တာပါ။ ဘာပဲဖြစ်ဖြစ် ဟန်ချင်းအာက သူ့သမီးဖြစ်ပြီး အချစ်ဆုံးသမီး ဖြစ်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ဂရုစိုက်ပါသေးတယ်။ ဒါကြောင့် အိပ်မက်ထဲမှာ ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးလိုက်ပါတယ်။

ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော်လေး စိတ်လှုပ်ရှားပြီး ဟန်ကျွယ်နဲ့ အချိန်အကြာကြီး စကားပြောပါတယ်။ ဟန်လင်နဲ့ယှဉ်ရင် ဟန်ချင်းအာက အပူအပင်ကင်းပြီး ဟန်ကျွယ်နဲ့ ပိုရင်းနှီးပါတယ်။

ဒီအိပ်မက်က အတော်ကြာပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီတို့ဆီကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။ သူတို့နှစ်ယောက်ကိုတော့ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား မသင်ပေးပါဘူး။ အားပေးစကားပဲ ပြောပါတယ်။

ပဋိပက္ခအစည်းအဝေး ကျင်းပဖို့ နှစ်တစ်သိန်းအလိုမှာ ပဋိပက္ခ တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာပါတယ်။ ပါရမီရှင်တွေ ပိုပို ပေါ်လာပြီး နာမည်ကျော်အောင် ကြိုးစားကြပါတယ်။ အချိန်အကြာကြီး နာမည်ကျော်ကြားနေခဲ့တဲ့ ပါရမီရှင်တွေကတော့ လိမ္မာသွားကြပြီး ဂူအောင်းကျင့်ကြံကာ နောက်ဆုံးအဆင့် ပြင်ဆင်စရာရှိတာကို ပြင်ဆင်ကြပါတယ်။

.....

ပဋိပက္ခအောက်ခြေ။

အကြွင်းမဲ့ဆယ်ပါး မြို့တော်က အလွန်တရာမှ ကြီးမား ကျယ်ပြောပါတယ်။ ဘယ်လောက်တောင် ကြီးလဲဆိုရင် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးထက် ကြီးမားကျယ်ပြောတဲ့ ဧရိယာကို နေရာယူထားတာပါ။ မြို့ထဲမှာ ရွှေ့ပြောင်းအစီအမံတွေ စုဝေးတည်ရှိနေတဲ့ နေရာတစ်ခု ရှိပါတယ်။ လက်ရှိ ဒီနေရာမှာ ရွှေ့ပြောင်းအစီအမံ သန်းတစ်ရာကျော်ရှိပြီး သက်ရှိအများကြီးက ရွှေ့ပြောင်းအစီအမံတွေကို ဆက်ပြီးတော့ ဆောက်နေတုန်းပါ။

အကြွင်းမဲ့ဆယ်ပါးမြို့တော် တည်ဆောက်တဲ့နေရာမှာ ပါဝင်တဲ့ သက်ရှိအကုန်လုံးက သေမျိုးတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျင့်ကြံသူတွေဟာ ဒီအလုပ်ကို စောဒက မတက်ဘဲ အခွင့်အရေးတစ်ခုလို့ သဘောထားကြပါတယ်။

နှစ်ဆယ်သန်း ကြော်ငြာမှုအောက်မှာ ပဋိပက္ခအစည်းအဝေးက မစတင်သေးပေမဲ့ ဒဏ္ဍာရီတစ်ခုဖြစ်ဖို့ လုံလောက်သွားပါပြီ။ ဒီပွဲက ပဋိပက္ခမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပွဲတစ်ခု ဖြစ်သွားမှာပါ။

လက်ရှိ အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို စောင့်ကြပ်နေတဲ့လူတွေ အကုန်လုံးက မဟာတာအို နတ်စိတ်ဝိညာဉ်တွေပါ။ စည်းကမ်းကလည်း တင်းကျပ်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းကလည်း အကြွင်းမဲ့ဆယ်ပါးမြို့တော် ဘာမှဖြစ်လို့ မရဘူးလို့ အမိန့်ပေးပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အန္တိမဒဏ်ခတ်နတ်မင်းက ပဋိပက္ခ အစည်းအဝေးကို ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာ သိနိုင်ပါတယ်။

ပဋိပက္ခအစည်းအဝေး ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ပါရမီရှင်တွေ အင်အားစုတွေဟာ တစ်ယောက်ပြီး တစ်ယောက် တစ်စုပြီး တစ်စု ရောက်ရှိလာကြပါတယ်။ သူတို့တွေဟာ ပဋိပက္ခအစည်းအဝေး ဖွင့်ပွဲကို လွဲချော်သွားမှာ ကြောက်တာရယ် မိတ်ဆွေဖွဲ့ချင်တာရယ်နဲ့ ပါရမီရှင်တွေကို စည်းရုံး သိမ်းသွင်းချင်တာကြောင့် အခုလို အစောကြီး ရောက်လာကြတာ ဖြစ်ပါတယ်။

ပဋိပက္ခ အစည်းအဝေးက ပါရမီရှင်တွေရဲ့ စင်မြင့်ပဲ မဟုတ်တော့ပါဘူး။ အင်အားစုတွေရဲ့ ကစားပွဲတစ်ခုနဲ့ စားသောက်ပွဲတော်လည်း ဖြစ်လာပါတယ်။ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးထဲက တစ်ပါးကို ရှာဖွေနိုင်ရင် မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ပါးကို ရှာဖွေနိုင်တာပဲ မဟုတ်ပါလား။

အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးကလွဲရင် ဘုရင်တစ်ရာ၊ သခင်တစ်ထောင်နဲ့ စစ်သည်တော် တစ်သောင်းလည်း ရှိပါသေးတယ်။ ထိပ်ဆုံးတစ်သောင်းထဲ ဝင်တာနဲ့ သူတို့နာမည်က ပဋိပက္ခကို တုန်လှုပ်စေမှာပါ။ ဒီထိပ်ဆုံးတစ်သောင်းက အင်အားစုတိုင်း အငမ်းမရ လိုချင်နေတဲ့ ပါရမီရှင်တွေဆိုရင်လည်း မှားမယ် မထင်ပါဘူး။

ပဋိပက္ခထဲမှာ နယ်မြေတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ထိပ်ဆုံးတစ်သောင်း စာရင်းဝင်တဲ့ ပါရမီရှင်က နှစ်တစ်သန်းမှာ တစ်ခါ ကြုံတွေ့ခဲရလှတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေလို့ ပြောလို့ရပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာ နှစ်တစ်သိန်းခွဲ ပြည့်သွားပါတယ်။ ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့က နှစ်တစ်ရာပဲ လိုပါတော့တယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “လင်အာ... အဆင်သင့် ဖြစ်ပြီလား”

ဟန်လင်ဟာ ချက်ချင်း မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်လင်ရဲ့ မျက်လုံးတွေက မျှော်လင့်ချက် အပြည့်ပါပဲ။

သားအဖနှစ်ယောက်ဟာ တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ပြီး ရှင်းဟုန်ရွှမ်တို့ သုံးယောက်ကို လိုက်ခေါ်ပါတယ်။ ဒီပဋိပက္ခအစည်းအဝေးက သမိုင်းတစ်ခုမလို့ ဟန်ကျွယ်ဟာ သူ့မိန်းမတွေကိုပါ အပါခေါ်သွားတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲက မထွက်ခွာခင် အကုန်လုံးရဲ့ ဝိညာဉ်စ တစ်စစီကို ချန်ထားခဲ့ပါတယ်။ မတော်လို့ တစ်ခုခု ဖြစ်ခဲ့ရင် အသက်ပြန်ရှင်နိုင်အောင်လို့ပါ။

ဟန်ကျွယ်ဟာ ခြိမ်းခြောက်ခံရတဲ့ အခြေအနေကို လုံးဝ မရင်ဆိုင်ချင်ပါဘူး။ ဟန်ကျွယ်ဟာ အသက်အန္တရာယ်ကို ရင်ဆိုင်ရရင် ဘယ်သူ့ကိုမဆို စွန့်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို သူ့ဘေးနားက လူတွေ ကိုယ်တိုင် သိသွားတာပဲဖြစ်ဖြစ် တွေ့ကြုံရင်ပဲဖြစ်ဖြစ် သေချာပေါက် ဝမ်းနည်းပက်လက် ဖြစ်သွားမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလို အခြေအနေမျိုးကို ရှောင်ရှားပါတယ်။

ဟန်ကျွယ်ဟာ ဘယ်တုန်းကမှ စွန့်စားမှု လုပ်ခဲ့တာ မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာပဲ ပဋိပက္ခအောက်ခြေက အကြွင်းမဲ့ဆယ်ပါး မြို့တော်ဟာ အလွန်တရာမှ စည်ကားနေပါတယ်။ လမ်းတိုင်းမှာ လူတွေကြိတ်ကြိတ် တိုးနေပါတယ်။ လမ်းပေါ်မှာတင် မဟုတ်ပါဘူး။ မြို့အထက်မှာလည်း ဟိုဟိုဒီဒီ လျှောက်သွားတဲ့ လူတွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။

“မြောက်ပိုင်စွန်း နယ်မြေ၊ မဟာကောင်းကင် နတ်ဘုရားဘုရင် ရောက်ရှိလာပါပြီ” နဂါးနက်တစ်ကောင်ပေါ်မှာ ရပ်နေတဲ့ ကျင့်ကြံသူတစ်ဦးက အော်ပြောလိုက်ပါတယ်။ သူ့အသံက အကြွင်းမဲ့ဆယ်ပါး မြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး သက်ရှိအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။

ဒီမဟာကောင်းကင် နတ်ဘုရားဘုရင်က အတော်လေး နာမည်ကြီးတယ်ဆိုတာ သိသာလှပါတယ်။

“ကျွတ်..ကျွတ်... မဟာကောင်းကင် နတ်ဘုရားဘုရင်က တကယ် ရောက်လာပြီပဲ၊ ငါက သူ့အရည်အချင်း မပြည့်မီဘူးလို့ တွက်ထားတာ”

“ဟားဟား... မဟာကောင်းကင် နတ်ဘုရားဘုရင်က သန်းတစ်ရာ ပြည့်ခါနီးနေပြီ”

“မဟာကောင်းကင် နတ်ဘုရားဘုရင်က စွမ်းအားကြီးတဲ့ ပါရမီရှင်လို့ ယူဆလို့ရတယ်မလား”

“သေချာတာပေါ့... သူက နာမည်ကြီးနေတာ ကြာပြီ”

“ဒီနှစ်တွေမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အများကြီး ပေါ်လာတယ်၊ အရင်တုန်းက ငါ ထိပ်တန်းတစ်သောင်းစာရင်းမှာ နာမည်မသိတဲ့လူတွေ သေချာပေါက် ပါလာလိမ့်မယ်လို့ ထင်ထားတာ၊ အခု ကြည့်ရတာတော့ ထိပ်တန်းတစ်သောင်းစာရင်းထဲ ဝင်ဖို့က အတော်လေး ခက်လိမ့်မယ်နဲ့ တူတယ်”

“ငါ လောကဦးပဋိပက္ခ တာအိုပညာရှိက ထိပ်တန်းတစ်သောင်းစာရင်းထဲ ဝင်နိုင်မလား”

ဒီလိုကြော်ငြာမှုမျိုးက လွန်ခဲ့တဲ့နှစ်တစ်သောင်းအတွင်း မကြာခဏ ပေါ်လာပြီး ပဋိပက္ခ အစည်းအဝေးရဲ့ လေထုကို အဆုံးအစွန်ထိ ရောက်ရှိသွားစေပါတယ်။ ဒါကို အန္တိမဒဏ်ခတ်နတ်မင်းက စီစဉ်ထားတာပါ။ သူ့ရည်ရွယ်ချက်က ပါရမီရှင်တွေကို နာမည်ပိုကြီးအောင်လုပ်ပြီး ပဋိပက္ခ အစည်းအဝေးကို လျှို့ဝှက် ဆန်းကြယ်စေချင်တာပါ။

ပါရမီရှင်အများကြီးရဲ့ နာမည်တွေ ပေါ်လာတဲ့အခါ အနှိုင်းမဲ့ထိပ်ဆုံးနေရာ မဆိုထားနဲ့၊ ပဋိပက္ခရဲ့ ထိပ်တန်းတစ်ရာစာရင်းကိုတောင် မခန့်မှန်းနိုင်ကြတော့ပါဘူး။

လေးငါးဆယ်နာရီ အကြာမှာတော့...

“မဟာတာအိုမျှော်စင် ကျိုးဖန် ရောက်ရှိလာပါပြီ”

ကျိုးဖန်ရဲ့ နာမည်က အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို ဂယက်ထသွားစေတယ်ဆိုပေမဲ့ မဟာကောင်းကင် နတ်ဘုရားဘုရင်နဲ့တော့ မယှဉ်နိုင်ပါဘူး။ မဟာတာအိုမျှော်စင်က ဒီနှစ်သုံးလေးသန်းမှာ သိုဝှက်ပြီး နေထိုင်ခဲ့တယ် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပဲ အလွန်ကျယ်ပြောတဲ့ ဝင်းခြံတစ်ခုမှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေ စုဝေးနေကြပါတယ်။

ငရဲကြက်နက် အော်ပြောလိုက်ပါတယ် “ငခွေး... ညီအစ်ကိုဖန်ကို သွားခေါ်ချည်”

ပဋိပက္ခ ကောင်းကင်ခွေးဟာ မကျေမနပ် ဖြစ်သွားပါတယ် “ဘာလို့ ကျွန်တော်ပဲ ဖြစ်ရတာလဲ၊ အစ်ကိုကြက်က ဘာဖြစ်လို့ သွားမခေါ်တာလဲ”

“မင်းက ငါ့ကို “အစ်ကိုကြက်”လို့ အမြဲတမ်း‌ ခေါ်တယ်၊ အစ်ကိုဆိုမှတော့ ဒီလိုကိစ္စတွေအတွက် လျှောက်ပြေးလွှားနေလို့ရမလား”

“မင်း...”

ကွမ်းပုပိုင်ဟာ ပဋိပက္ခ ကောင်းကင်ခွေးကို တစ်ချက်ကြည့်လိုက်ပါတယ် “သွားမှာသာ သွားစမ်းပါကွာ”

တခြားလူတွေကလည်း ပဋိပက္ခ ကောင်းကင်ခွေးကို မြန်မြန် သွားခိုင်းကြပါတယ်။

ပဋိပက္ခ ကောင်းကင်ခွေးဟာ ဒေါသထွက်သွားပေမဲ့ အကုန်လုံးက ဝိုင်းခိုင်းတာလို့ ဘာမှမတတ်နိုင်ဘဲ အပြေးထွက်သွားရပါတယ်။

တစုန့်ကောင်းကင်က ရုတ်တရက် မေးလိုက်ပါတယ် “မုရုံချီ ဘယ်မှာလဲ၊ သူ ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ”

ဖန်းလျန် “ငါ သူ့ကို စာပို့ထားတယ်၊ သူ့ရည်မှန်းချက်က တော်တော်ကြီးတယ်၊ သူက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို လိုချင်တာဆိုတော့ ဧရာမအခွင့်အရေးကြီးကို လိုက်ရှာနေတာ ဖြစ်မယ်၊ မကြာခင် ရောက်လာမှာပါ”

ငရဲကြက်နက်ဟာ ပြုံးလိုက်ပါတယ် “အနှိုင်းမဲ့ထိပ်ဆုံးနေရာ... အဲဒီကောင် ဘယ်လိုလုပ်ပြီး တွေးရဲတာလဲ၊ အဲဒါ ငါတို့ရဲ့ ညီငယ်လေးဟွမ်ရဲ့ နေရာ မဟုတ်ဘူးလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters