← Chapters

ဝူရှင်းရှစ်ကျဲ့

Vol. 94 Ch. 989

ဝူရှင်းရှစ်ကျဲ့

Vol. 94 Ch. 989

“ဟန်ဟွမ်က တကယ်ကို စွမ်းအားကြီးတာ၊ ဒါပေမဲ့ ငါကလည်း ဒီနှစ်တွေမှာ အတော်လေး စွမ်းအားကြီးလာတယ်၊ အားလုံးပဲ... ပဋိပက္ခ အစည်းအဝေးမှာ ငါက မင်းတို့ကို အလျှော့ပေးမှာ မဟုတ်ဘူး၊ အဲဒါကြောင့် မင်းတို့တွေ ငါ့ကိုတွေ့ရင် အသနားခံတာ ပိုကောင်းလိမ့်မယ်”

ကွမ်းပုပိုင်ရဲ့ ဂုဏ်ယူစွာ ပြောလိုက်တဲ့ စကားက လူတိုင်းရဲ့ မျက်လုံးတွေကို ပင့်တက်သွားစေပါတယ်။

ငရဲကြက်နက်ဟာ ဟန်မင်ကို ကြည့်လိုက်ပါတယ် “မင်းကရော... မင်းရဲ့ ပန်းတိုင်က ဘာလဲ၊ ဒီနှစ်တွေမှာ မင်း ဘယ်ရောက်နေတာလဲ”

ဟန်မင်ဟာ အရင်ကထက် ပိုပြီးတော့ တည်ငြိမ်လာပါတယ်။ ဟန်မင်ဟာ နွေးထွေးစွာ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် “ငါက အပျော်ပါ”

အားလုံးဟာ ပြုံးလိုက်ပြီး အများကြီး မတွေးကြပါဘူး။ ဒုတိယ တာအိုစက်ကွင်းထဲမှာ ဟန်မင်ရဲ့ စွမ်းဆောင်ရည်က အမြဲတမ်း သာမန်ပဲရှိခဲ့တာ မဟုတ်ပါလား။

ချန်ယွီအာဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “မောင်လေးဟန်က ဘာဖြစ်လို့ ကျွန်မတို့နဲ့အတူ ရှိမနေတာလဲ”

နတ်မိမယ်ရှီရွှမ်ဟာ ချန်ယွီအာကို ကောက်ဆွဲလိုက်ပါတယ် “ဘာတွေ ပြောနေတာလဲ၊ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်နေပြီ၊ ဘယ်လိုလုပ်ပြီး ငါတို့နဲ့အတူ နေနိုင်မှာလဲ၊ သူက ပဋိပက္ခ အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တစ်ယောက်ယောက်နဲ့ စီမံနေတာ ဖြစ်လိမ့်မယ်”

ထူလင်းအာဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်... ဆရာသခင်က သေချာပေါက် အလုပ်များနေမှာ၊ အကောင်ကြီးကြီးတွေက ဆရာသခင်နဲ့ တွေ့ရဖို့ တန်းစီနေကြမှာ”

တခြားလူတွေကလည်း ဒီအကြောင်းကို ဆွေးနွေးကြပါတယ်။ ပဋိပက္ခ အစည်းအဝေး ဒီလိုမျိုး နာမည်ကြီးနေတာကလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ လွှမ်းမိုးမှုကြောင့်ပါ။ ပါရမီရှင်တိုင်းက ပဋိပက္ခ အစွမ်းအထက်ဆုံးကို မြင်တွေ့ချင်ကြပါတယ်။ အစွမ်းအထက်ဆုံးက ဦးစီးတဲ့ ပွဲတော် မဟုတ်ရင် ပါရမီရှင်တွေဟာ ဒီပွဲကို အထင်ကြီးကြမှာ မဟုတ်ပါဘူး။

မကြာခင်မှာပဲ ကျိုးဖန်ဟာ သူ့သားနဲ့ မော့ဖူချိုကို ခေါ်ပြီး ရောက်လာပါတယ်။ ပဋိပက္ခ ကောင်းကင်ခွေးကတော့ ဘယ်နား ရောက်သွားမှန်း မသိပါဘူး။

“ကျိုးဖန်... ငါ့ခွေးသားလေး ဘယ်မှာလဲ” ငရဲကြက်နက်က မကျေနပ်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။

ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “တခြားလူတွေကို သွားခေါ်တယ်၊ လုံဟောင်လည်း ရောက်လာပြီ၊ ဒါပေမဲ့ သူက နာမည်မကြီးတော့ မြို့စောင့်က မကြော်ငြာဘူး... ဟားဟား...”

ချန်ယွီအာဟာ မော့ဖူချိုကို စိုက်ကြည့်ပြီး တအံ့တဩ မေးလိုက်ပါတယ် “အစ်ကိုမော့... အစ်ကိုမော့ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”

မော့ဖူချိုဟာ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပြီး မိတ်ဟောင်းဆွေဟောင်းတွေမလို့ စကား စပြောကြပါတော့တယ်။

လူတိုင်းဟာ သူ့အစုနဲ့သူ စကားပြောနေကြပါတယ်။ တစ်ဂိုဏ်းတည်းသားတွေ ဆိုပေမဲ့ ဆက်ဆံရေးတွေက မတူပါဘူး။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ သူ့တပည့်တွေ ထင်သလို အလုပ်များမနေဘဲ မိန်းမတွေနဲ့ သမီးတွေကိုခေါ်ကာ မထင်မရှားအသွင်နဲ့ အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို ပတ်ပါတယ်။

အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ ဥပ‌ဒေက တော်တော်လေးကိုမှ ကောင်းမွန်ပါတယ်။ အနိုင်ကျင့်တာတွေ ဘာတွေ မရှိပါဘူး။ ဆိုင်တွေကလည်း မျိုးစုံပါပဲ။ လမ်းသွားလမ်းလာတွေရဲ့ ကျင့်ကြံမှုကို အာရုံခံနိုင်တာကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကို ပြန်ရောက်သွားတယ်လို့ တွေးမိမှာပါ။

ဆိုင်ထဲမှာ ဝယ်ယူလို့ရတဲ့ ပစ္စည်းတွေက အင်မော်တယ်၊ တာအိုပညာရှိတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပါ။ ပဋိပက္ခ စိတ်ဝိညာဉ်ရတနာတွေလည်း ပါပါတယ်။ မဟာတာအိုပညာရှိ အသုံးပြုနိုင်တဲ့ ဓမ္မရတနာတွေကိုတောင် ရောင်းချကြပါတယ်။

ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်း၊ ချင်းလွမ်အာ၊ လီယောင်၊ ဝူတောက်ကျန့်၊ ဟန်ချင်းအာနဲ့ ဟန်လင်တို့ဟာ ဟန်ကျွယ်ကို ဝန်းရံထားကြတဲ့အတွက် နည်းနည်းတော့ အာရုံစိုက်ခံရပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေကို အကြွင်းမဲ့ဆယ်ပါး မြို့တော်မှာ မမြင်တွေ့ရတာတော့ မဟုတ်ပါဘူး။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်‌ အများကြီးကလည်း ဒီလိုပါပဲ။

ဟန်ချင်းအာဟာ အလွန်တရာမှ ပျော်ရွှင်နေပါတယ်။ ဟန်ချင်းအာဟာ ဝူတောက်ကျန့်လက်ကို ဆွဲပြီး ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ထိပ်သီးကျင့်ကြံသူလို့ ထင်စရာအကြောင်း တစ်စက်မှကို မရှိတာပါ။

တခြားအမျိုးသမီးတွေကတော့ စကားတပြောပြာနဲ့ လျှောက်လာကြပါတယ်။ ဟန်လင်ကတော့ ဟန်ကျွယ်နောက်က လိုက်ပါတယ်။

“ဒဏ်ခတ်သမား ဟန်ထော် ရောက်ရှိလာပါပြီ”

“ဒဏ်ခတ်သမား ယီတျန် ရောက်ရှိလာပါပြီ”

“ဒဏ်ခတ်သမား ချီဖား ရောက်ရှိလာပါပြီ”

မြို့‌စောင့်ရဲ့ ကြော်ငြာသံက မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။

ချင်းလွမ်အာရဲ့ မျက်လုံးတွေလည်း အရောင်တောက်သွားပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ထော်အာ ရောက်လာပြီ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “‌နောက်ကျရင် သားနဲ့တွေ့ဖို့ အခွင့်အရေး အများကြီး ရမှာပါ”

ချင်းလွမ်အာဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ချင်းအာ “အစ်ကိုကြီးကို ဂရုမစိုက်နဲ့၊ သူ့မှာ ညီအစ်ကိုတွေရှိတယ်၊ အဲဒီညီအစ်ကိုတွေက သူ့အတွက် လုံလောက်တယ်”

ဟန်ချင်းအာဟာ နှုတ်ခမ်းစူပြီး ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက် တစ်ခုခု ဖြစ်ထားတာ သိသာလှပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။ ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့ကလည်း တစ်စတစ်စ နီးကပ်လာပါတယ်။

ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့ တစ်နှစ်အလိုမှာ ဟန်ကျွယ်ဟာ သမီးနှစ်ယောက်နဲ့ ထွက်ခွာသွားပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ တခြားလူတွေကတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေနဲ့ တွေ့ဆုံပြီး တိုက်ပွဲကို အတူတူ ကြည့်ကြမှာပါ။

ဟန်ကျွယ်ဟာ ဟန်လင် တစ်ယောက်တည်းကို ခေါ်ချင်တာပါ။ ဒါပေမဲ့ ဟန်ချင်းအာက နောက်ကနေ တစိုက်မတ်မတ် လိုက်နေတဲ့အတွက် ဟန်ကျွယ်လည်း မတတ်သာဘဲ ဟန်ချင်းအာကိုပဲ ခေါ်သွားရတာပါ။

အကြွင်းမဲ့ဆယ်ပါးမြို့တော် အထက်က နက်ရှိင်းတဲ့အာကာသ အလွန်တရာ တောက်ပတဲ့ နန်းတော် တစ်ဆောင် တည်ရှိနေပါတယ်။ ရုပ်သွင်သောင်းချီဟာ ဒီထဲမှာ စုဝေးနေကြပါတယ်။ ဒီရုပ်သွင်တွေထဲမှာ အားအနည်းဆုံးက လွတ်လပ် တာအိုပညာရှိအဆင့် ရှိပါတယ်။

ခန်းမထဲမှာ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေထိုင်ဖို့ ကော်ဇောတွေ ရှိပါတယ်။ ကျင့်ကြံမှုကလွဲရင် သူတို့ဆီမှာ ကြီးမားတဲ့ ကံတရား အထောက်အပံ့နဲ့ နယ်မြေတွေ ရှိကြပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ဒီထဲမှာ ပါပါတယ်။ အချင်းချင်း စကားပြောဆိုကြတဲ့အတွက် ခန်းမက စည်စည်ကားကား ရှိလှပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း ပေါ်မလာခင်အထိပါ။

ခန်းမအထက်မှာ ဧရာမပလ္လင်ကြီး နှစ်ပလ္လင်ဟာ ယှဉ်လျက် ရှိနေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပလ္လင်တစ်ခုပေါ်မှာ ဆင်းသက်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာတာနဲ့ အကုန်လုံး တိတ်ဆိတ်သွားကြပြီး အန္တိမဒဏ်ခတ်နတ်မင်းကို တလေးတစား ကြည့်ကြပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်လည်း ပလ္လင်ပေါ်မှာ ပေါ်လာပါတယ်။ ဟန်လင်နဲ့ ဟန်ချင်းအာကတော့ ဘေးတစ်ဖက် တစ်ချပ်စီမှာပါ။

ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။ သူတို့တွေဟာ ဟန်လင်နဲ့ ဟန်ချင်းအာရဲ့ သွေးစည်းရောင်ဝါက ဟန်ကျွယ်နဲ့ ဆင်တူနေတဲ့အတွက် သိပ်အများကြီး မတွေးကြပါဘူး။ သူတို့တွေဟာ ဟန်ချင်းအာနဲ့ ဟန်လင်ရဲ့ မျက်နှာကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားလိုက်ကြပါတယ်။ နောက်ကျလို့ တွေ့ခဲ့ရင် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့ပါ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို မဆိုစလောက် ခေါင်းညိတ်ပြပြီး ပြောလိုက်ပါတယ် “ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့က တစ်နှစ်လိုသေးတယ်၊ အားလုံးပဲ... စကား ဆက်ပြောကြပါ၊ ပါရမီရှင်တွေကို ပဋိပက္ခ အစည်းအဝေးနဲ့ ရင်းနှီးအောင် လုပ်ခိုင်းတာအပြင် အင်အားစု အသီးသီးကိုလည်း အချင်းချင်း ရင်းနှီးအောင် လုပ်ခိုင်းရမယ်၊ ဒါမှ ငါတို့တွေ အေးချမ်းတဲ့ အခြေအနေကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မှာ”

စွမ်းအားကြီး ပုဂ္ဂိုလ် အကုန်လုံးဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကျေးဇူးတင်စကား ဆိုကြပါတယ်။

ဟန်ချင်းအာနဲ့ ဟန်လင်တို့ဟာ အသံလွှင့်ပြီး စကားပြောကြပါတယ်။

“ညီမလေး... ရင်ခုန်လား”

“ဘာမှမဖြစ်ပါဘူး”

“အဲဒါလည်း ဟုတ်တာပဲ၊ ညီမလေးက မဟာတာအိုပညာရှိ ဖြစ်နေပြီ၊ အစ်မ တကယ်ပဲ အားကျမိတယ်”

“အစ်မလည်း မကြာခင် မဟာတာအိုပညာရှိ ဖြစ်လာမှာပါ”

“ညီမလေးက ဘာဖြစ်လို့ ဝင်မပြိုင်တာလဲ၊ ညီမလေးရဲ့ ကျင့်ကြံမှုနဲ့ သခင်တစ်ထောင်ထဲတော့ ဝင်နိုင်တယ်မလား”

“ထားလိုက်ပါတော့... ညီမလေးက တိုက်ခိုက်ရတာ မကြိုက်ဘူး”

ဟန်ကျွယ်ဟာ ဟန်လင်နဲ့ ဟန်ချင်းအာရဲ့ အသံလွှင့်စကားကို ကြားနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်လင်ကို အတော်လေး ကျေနပ်အားရသွားပါတယ်။ ဟန်လင်က သန်မာတဲ့စရိုက်ရှိပေမဲ့ ဘယ်သူမှ မသိအောင် ဝှက်ထားတယ် မဟုတ်ပါလား။ ဒါက သူနဲ့ တော်တော်လေး ဆင်တူပါတယ်။

ဒါပေမဲ့ ဟန်ချင်းအာကတော့ စိတ်ထင်တိုင်း လုပ်တတ်ပြီး မိုးမြေက ဘယ်လောက်ကြီးတယ်ဆိုတာကို မသိပါဘူး။ ဒါပေမဲ့ ဟန်ချင်းအာမှာက အစ်ကိုနှစ်ယောက်နဲ့ ဂိုဏ်းတူတပည့်တွေ ရှိနေတာကြောင့် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ဒီအတိုင်း ပျော်ပါစေဆိုပြီး လွှတ်ထားတာပါ။

နောက်နှစ်မှာ မြို့စောင့်ရဲ့ ကြော်ငြာသံက နေ့တိုင်းပါပဲ။

မကြာခင်မှာပဲ ဟွမ်ဇွမ်တျန်၊ ဟန်ဟွမ်၊ မုရုံချီ၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ဝေ့လန်ရှန်မိ၊ ကျောက်ရွှမ်ချွမ်နဲ့ တခြားလူတွေ ရောက်ရှိလာကြပါတယ်။

ပြောစရာရှိတာဆိုလို့ ဒီခန်းမထဲမှာ ရှုံဟွာအင်အားစုကို ကိုယ်စားပြုပြီး ရောက်လာတာက ဘိုးဘေးရှီတျန် ဖြစ်နေတာပါ။ ဟွမ်ဇွမ်တျန်က ဝင်ပြိုင်ချင်လို့နဲ့ တူပါတယ်။

ဟန်ဟွမ် ရောက်လာတာက စွမ်းအားကြီးပုဂ္ဂိုလ်တွေက စကားပြောစရာအကြောင်း ရသွားစေပါတယ်။ ဟန်ဟွမ်က လွတ်လပ် တာအိုပညာရှိအနေနဲ့ မွေးဖွားလာပြီး ကောင်းကင်ရုံးတော်ရဲ့ စစ်နတ်ဘုရားပါ။ သူ့နာမည်က ပဋိပက္ခမှာ မသိတဲ့လူ မရှိသလောက်ပါပဲ။

သူတို့တွေဟာ ဟန်ဟွမ်အကြောင်းကို ကောင်းကြောင်းချည်းပဲ ပြောကြပါတယ်။ ဟန်ကျွယ်ကို မျက်နှာလုပ်ချင်လို့ဆိုတာ အသိသာကြီးပါ။

လီတောက်ခုံးဟာ ဟန်ကျွယ်ကို လှမ်းကြည့်ပြီး တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ရုတ်တရက် ပြုံးပြီး ပြောလိုက်ပါတယ် “ဟန်ဟွမ်က အနှိုင်းမဲ့ထိပ်ဆုံး နေရာအတွက် တိုက်ခိုက်နိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ လွယ်ကူမှာ မဟုတ်ဘူး၊ နောက်ထပ် ပါရမီရှင်တစ်ပါးကလည်း အရမ်းကို ထူးချွန်ထက်မြက်တယ်၊ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို လေးစားအားကျတယ်”

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြန်မေးလိုက်ပါတယ် “ဘယ်သူလဲ”

သူတို့နှစ်ယောက် စကားပြောတာနဲ့ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး တိတ်ဆိတ်သွားကြပြီး ဂရုတစိုက် နားထောင်ကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “နတ်ဘုရားကျဆုံး နယ်မြေက ဝူရှင်းရှစ်ကျဲ့ပဲ၊ သူက နှစ်သန်း ၈၀ ကျင့်ကြံအားထုတ်ပြီး မဟာတာအိုပညာရှိအဆင့်ကို ကျော်တက်သွားပြီ၊ သူက မဟာတာအိုသုံးထောင်ရဲ့ သိမ်မွေ့နက်နဲမှုတွေ ပါဝင်တဲ့ မဟာဆန်းကြယ်စွမ်းအား တစ်မျိုးကို ကျင့်ကြံအားထုတ်ထားတယ်”

‘တစ်ခါမှ မကြားမိပါဘူး...’ ဟန်ကျွယ်ဟာ စိတ်ထဲကနေ လှောင်လိုက်ပါတယ်။

“အဲဒါဆို စိတ်ဝင်စားဖို့ ကောင်းမယ်၊ အဲဒီလိုမျိုး ပါရမီရှင်တွေ ပိုရှိလေ ပိုကောင်းလေပဲ၊ အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်နိုင်မဲ့ နောက်တစ်ယောက် ပေါ်လာရင် ပိုကောင်းမယ်”

အောက်က နတ်ဘုရားကျဆုံးနယ်မြေကို ကိုယ်စားပြုတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဟာ ပြုံးလိုက်ပါတယ်။ အနီးအနားက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူ့ကို မနာလိုဝန်တိုတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို ကျန်တဲ့ပါရမီရှင်တွေနဲ့ စပြီးတော့ မိတ်ဆက်ပေးပါတယ်။ တကယ်တော့ ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဂုဏ်ယူရတဲ့ ပါရမီရှင်တွေကို ဂရုစိုက်ကြောင်း အန္တိမဒဏ်ခတ်နတ်မင်းက ပြသတာပါ။ စိတ်နှလုံးကို သိမ်းပိုက်တာလို့ ပြောလို့ရပါတယ်။

ဒီလိုနဲ့ ပဋိပက္ခ အစည်းအဝေး ကျင်းပတဲ့နေ့ကို လျင်မြန်စွာ ရောက်ရှိသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters