← Chapters

မိစ္ဆာနင်းချေလမ်း

Vol. 94 Ch. 990

မိစ္ဆာနင်းချေလမ်း

Vol. 94 Ch. 990

“ပဋိပက္ခ အစည်းအဝေး စတင်တော့မှာ ဖြစ်တဲ့အတွက် ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်မဲ့ ပါရမီရှင်အားလုံး ကျေးဇူးပြုပြီး ဘယ်မြို့တံခါးရှေ့မှာမဆို စောင့်ဆိုင်းပေးကြပါ”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို ပဲ့တင်ထပ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားဆုံးတာနဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေဟာ မြားမိုးလိုမျိုး ခုန်တက်လိုက်ကြပါတယ်။ တကယ်ကို ရှုမငြီးတဲ့ မြင်ကွင်းပါ။

ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ဟန်ဟွမ်ဘေး ပို့လိုက်ပါတယ်။

အောက်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အကုန်လုံး ရင်တထိတ်ထိတ် ခုန်လာကြပါတယ်။ သူတို့တွေဟာ ပဋိပက္ခ အစည်းအဝေးရဲ့ စည်းကမ်းတွေကို အတော်လေး သိချင်နေကြပါပြီ။ ပဋိပက္ခ အစည်းအဝေးက နှစ်ဆယ်သန်းကြာအောင် ပြင်ဆင်ထားတာဆိုတော့ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး သီအိုရီတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ တစ်ခါမှ ဆုံးဖြတ်ချက် မချခဲ့ပါဘူး။

ဟန်ကျွယ်နဲ့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ရှေ့မှာ ဧရာမအလင်းမျက်နှာပြင်တစ်ခု ပေါ်လာပါတယ်။ ဒီမျက်နှာပြင်က ကမ္ဘာတစ်ခုကို ပြသနေပါတယ်။ ဒီကမ္ဘာက ကျယ်ပြောပြီး သုဿန်တစပြင်လို တိတ်ဆိတ်နေပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိတဲ့ ပျက်သုန်းနယ်မြေဆိုတာ သိနိုင်ပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီမျက်နှာပြင်ကို ကြည့်ပြီး တီးတိုးတီးတိုး ဖြစ်သွားကြပါတယ် ‘ဒါက ပဋိပက္ခ အစည်းအဝေးရဲ့ ပထမအဆင့်လား...’

တစ်ချိန်တည်းမှာပဲ ဒီလိုအလင်းရောင် မျက်နှာပြင်ဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ရဲ့ မြို့တံခါးဝအသီးသီး အထက်မှာ ပေါ်လာပါတယ်။ အလင်းရောင် မျက်နှာပြင်ထဲက ပျက်သုန်းကမ္ဘာဟာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

ဒဏ်ခတ်သမားငါးဖော်၊ ဟန်ဟွမ်၊ ကျန်းကျွယ်ရှီ၊ ဟန်ချင်းအာ၊ ချူရှီရန်၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ချင်လင်း၊ ဟန်ယွီ၊ ငရဲကြက်နက်နဲ့ တခြားလူတွေဟာ မြို့တံခါးဝရှေ့မှာ စုစည်းနေကြပါတယ်။

ငရဲကြက်နက်က ကောက်ကာငင်ကာ ထမေးလိုက်ပါတယ် “မြို့တံခါးတိုင်းက စမ်းသပ်မဲ့နေရာလား၊ ငါတို့တွေ အကုန်လုံး စုပြုံဝင်ရင် အချင်းချင်း ပြန်တိုက်ရနိုင်လား”

တခြားလူတွေလည်း မျက်မှောင်ကြုတ်သွားကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ စွမ်းအားကို အသိဆုံးပါ။ သူတို့တွေသာ အချင်းချင်း တကယ်ကြီး တိုက်ခိုက်ရမယ်ဆိုရင် ပထမအဆင့်တောင် ဖြတ်နိုင်မှာ မဟုတ်ပါဘူး။

“မဟုတ်လောက်ဘူး... မြို့တံခါးပေါ်က ပုံရိပ်ယောင်ကို ကြည့်ဦး၊ နောက်ပြီး ငါတို့တွေ စုစည်းတာကို ဆရာဘိုးဘိုးက ဘာမှ သတိမပေးဘူးလေ” မုရုံချီဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ်။

တခြားလူတွေလည်း မုရုံချီစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။

ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိတို့ကတော့ မလှမ်းမကမ်းမှာ ရပ်နေကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို ကြည့်ပြီး လန့်သွားပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်က နက်နဲမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ကြောက်စရာ ကောင်းလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။ ပဋိပက္ခ အစည်းအဝေးထဲ ဝင်ပြိုင်တဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေထဲမှာ မဟာတာအိုပညာရှိက အပါးနှစ်ဆယ်ထက် မနည်းပါဘူး။

ဟန်ဟွမ်ဟာ အတော်လေး အံ့အားသင့်သွားပေမဲ့ မျက်နှာမှာ မပေါ်အောင် ထိန်းထားပါတယ်။

ငရဲကြက်နက်ဟာ ဟန်ဟွမ်ဆီ လျှောက်သွားပြီး ဟန်ဟွမ်ဘေးမှာ ရပ်လိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ငါက ဟန်ဟွမ်နောက်ကို လိုက်မယ်၊ မင်း လုပ်ချင်တာသာလုပ်”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပါပြီ၊ စည်းကမ်းက ခွင့်ပြုထားသမျှ ကာလပတ်လုံး ကျွန်တော် ဆရာကြက်ကို ကာကွယ်ပေးမယ်”

ကွမ်းပုပိုင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ညီလေးဟွမ်... အနှိုင်းမဲ့ထိပ်ဆုံးနေရာက မင်းဟာ မဟုတ်ဘူး၊ ငါ အဲဒီနေရာကို မင်းဆီ မပေးနိုင်ဘူး”

တခြားနတ်ဘီလူးတွေကလည်း အော်ပြောကြပါတယ်။

ကျန်းယီက ဒေါသတကြီး ပြောလိုက်ပါတယ် “မင်း ဘာတွေ လာဟန်ဆောင်နေတာလဲ၊ ငါတို့သုံးယောက်တောင် ဘာမှ မပြောရသေးဘူး၊ ငါတို့သုံးယောက်ကို ထိပ်တိုက်မတွေ့စေနဲ့၊ မဟုတ်ရင် ထိပ်တန်းတစ်သောင်းစာရင်းထဲတောင် မဝင်ဘဲ အထုပ်ပိုက်ပြီး မျက်ရည်စက်လက်နဲ့ အိမ်ပြန်ရလိမ့်မယ်”

ကျောက်ရွှမ်ယွမ်ကလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်းက လူများတဲ့အတွက် အနီးအနားမှာရှိတဲ့ တခြားပါရမီရှင်တွေရဲ့ အာရုံစိုက်တာကို ခံရပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ ပုံစံကိုကြည့်ပြီး ဒီပါရမီရှင်တွေဟာ မပျော်မရွှင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဘာမှမပြောပါဘူး။ တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ စုပေါင်းရောင်ဝါကလည်း အားကောင်းလွန်းတယ် မဟုတ်ပါလား။

ဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းရဲ့အသံဟာ မြို့တော်တစ်ခွင် ဟိန်းထွက်သွားပါတယ်။

“ပဋိပက္ခအစည်းအဝေး ပထမအဆင့်၊ မိစ္ဆာနင်း‌ခြေလမ်း”

“မင်းတို့တွေ အခုတွေ့နေရတာက ပဋိပက္ခအောက်ခြေမှာရှိတဲ့ အငြိုးမိစ္ဆာ အကျဉ်းထောင်ပဲ၊ မင်းတို့အကုန်လုံးက ဒီအငြိုးမိစ္ဆာ အကျဉ်းထောင်ရဲ့ အစွန်းကို ရွှေ့ပြောင်းပို့ဆောင်ခံရလိမ့်မယ်၊ မင်းတို့တွေ ဒီအကျဉ်းထောင်ရဲ့ အလယ်ဗဟိုကို ရောက်အောင်သွားပြီး ရွှေ့ပြောင်းအစီအမံနဲ့ အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို တစ်လအတွင်း ပြန်လာနိုင်ရင် ဒီအဆင့်ကို ကျော်ဖြတ်နိုင်တယ်လို့ ယူဆတယ်၊ အရေအတွက်က အကန့်အသတ် မရှိဘူး”

“ပါရမီရှင်တွေက ကြိုက်တဲ့နည်းလမ်းကို သုံးနိုင်တယ်၊ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင်ပြီးရော၊ ဒါပေမဲ့ တစ်ခုတော့ သတိပေးစရာရှိတယ်၊ အငြိုးမိစ္ဆာ အကျဉ်းထောင်ရဲ့ အလယ်ဗဟိုနဲ့ နီးလေလေ အငြိုးမိစ္ဆာတွေက ပိုများလေလေပဲ၊ သူတို့ရဲ့ ကျင့်ကြံမှုကလည်း တိုးလာလိမ့်မယ်၊ အထိအခိုက် ရှိတယ်ဆိုရင်တောင် ငါတို့က စစ်ဆေးမှုကို ရပ်တန့်မှာ မဟုတ်ဘူး”

“နှစ်နာရီအတွင်း မြို့တံခါးရှေ့မှာ နေတဲ့ ပါရမီရှင် အကုန်လုံး မိစ္ဆာနင်းခြေလမ်းကို ရွှေ့ပြောင်း ပို့ဆောင်ခံရမယ်၊ မင်းတို့မှာ နောက်ပြန်ဆုတ်ချင်ရင် အချိန်ရှိသေးတယ်”

မရေမတွက်နိုင်အောင် များပြားလှတဲ့ ပါရမီရှင်တွေဟာ စပြီးတော့ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ ဘယ်ပါရမီရှင်မှ ထွက်မသွားကြပါဘူး။ ဒီနေရာကို လာနိုင်တဲ့လူတွေက သေမျိုးတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ နှစ်ဆယ်သန်းကြာအောင်တောင် ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် အခုလိုမျိုး ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။

ဒီပါရမီရှင်တွေထဲမှာ အားအနည်းဆုံးလူက လောကဦးပဋိပက္ခ တာအိုပညာရှိပါ။ သူတို့တွေ အကုန်လုံးမှာ သက်ကယ် အာမခံတွေ ရှိတဲ့အတွက် မိစ္ဆာနင်းခြေလမ်းမှာ သေဆုံးသွားရင်တောင် အသက်ပြန်ရှင်နိုင်ပါတယ်။

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာလည်း မိစ္ဆာနင်းခြေလမ်းအကြောင်း ဆွေးနွေးကြပါတယ်။

“ဒီစည်းကမ်းက မဆိုးဘူး၊ ပဋိပက္ခက အကြွင်းမဲ့ မငြိမ်းချမ်းဘူးဆိုတာကို ပါရမီရှင်တွေ သိအောင် ပြလိုက်တာပဲ”

“မိစ္ဆာနင်းခြေလမ်းက လူတစ်ယောက်ရဲ့ စွမ်းအားကိုပဲ စမ်းသပ်တာ မဟုတ်ဘူး၊ ဆက်သွယ်ပြောဆိုမှုနဲ့ ရဲစွမ်းမှုသတ္တိကိုလည်း စမ်းသပ်တယ်”

“ပထမအဆင့်က စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီပွဲမှာ ဘယ်နှဆင့်ရှိလဲ မသိဘူး”

“ကျော်ဖြတ်နိုင်တဲ့ ပါရမီရှင်က တစ်သောင်း မပြည့်ရင်ရော...”

“မစိုးရိမ်ပါနဲ့... ပါရမီရှင်တွေကို လျှော့တွက်လို့မရဘူး၊ ငါတို့တွေ ဒီအဆင့်မှာ ထိပ်တန်းတစ်သောင်းက ဘယ်သူဘယ်ဝါတွေ ဆိုတာကို သေချာပေါက် ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး”

ဟန်လင်ကလည်း ဟန်ကျွယ်ကို တိုးညင်းတဲ့လေသံနဲ့ စကားစပြီး ပြောပါတယ်။ ဟန်လင်ဟာ အငြိုးမိစ္ဆာတွေကို အတော်လေး စိတ်ဝင်စားနေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သမီး နောင်တရနေပြီလား... သမီး ဝင်ပြိုင်သင့်တယ်”

“နောင်တမရပါဘူး”

ဟန်လင်ဟာ ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်လင်ကို တစ်ချက်ကြည့်ပြီး စိတ်ထဲမှာ စပ်စုချင်စိတ် ပေါက်လာပါတယ်။ အကြောင်းတချို့ကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်လင်က အတော်လေး အရည်အချင်းရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ပဋိပက္ခ အစည်းအဝေးထဲမှာ ဝင်ပြိုင်ရင် အနှိုင်းမဲ့ ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်လင်က ဝင်မပြိုင်ပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို တွေးမိသွားပြီး ရုတ်တရက် သဘောပေါက်သွားပါတယ် ‘သခင်က ဝှက်ဖဲတွေကို ဘယ်တော့မှ ထုတ်မပြဘူးပဲ’

နှစ်နာရီဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ မြို့တံခါးတစ်ရာရှေ့မှာ အလင်းရောင်တစ်ရောင် ပေါ်လာပြီး ပါရမီရှင်အကုန်လုံးကို အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အငြိုးမိစ္ဆာ အကျဉ်းထောင်ဆီ ရွှေ့ပြောင်း ပို့ဆောင်လိုက်ပါတယ်။

ပဋိပက္ခ အစည်းအဝေးရဲ့ ပထမအဆင့်က စတင်ပါပြီ။

ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်တွေဟာ အငြိုးမိစ္ဆာ အကျဉ်းထောင်ရဲ့ တစ်နေရာကို ဆင်းသက် ရောက်ရှိသွားပါတယ်။ တိတိကျကျ ပြောရရင် မြို့တံခါးတစ်ခုရှေ့မှာရှိတဲ့ ပါရမီရှင်တိုင်း အတူတူ ရောက်သွားတာပါ။

အကုန်လုံးက ပါရမီရှင်တွေ ဖြစ်တဲ့အတွက် အော်ဟစ်ခြင်းမရှိပါဘူး။ ဒီမြင်ကွင်းက နည်းနည်းတော့ ထူးဆန်းပါတယ်။ ပါရမီရှင်တွေဟာ သူတို့တွေ ဒီအဆင့်ကို တစ်ယောက်တည်း မကျော်ဖြတ်နိုင်မှန်း သိကြပါတယ်။ ဒါပေမဲ့ လူများလေ ပိုကောင်းလေပါပဲ။

တာအိုအရှင်သခင်ဟာ လေပေါ်ပျံတက်ပြီး အော်ပြောလိုက်ပါတယ် “ကောင်းကင်တာအို... တိတ်ဆိတ်ဂိုဏ်း... ငါ့နောက်လိုက်ခဲ့ကြ”

ဟန်ဟွမ်၊ ဟန်ချင်းအာ၊ ချူရှီရန်၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ဟန်လင်၊ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ ကျောက်ရွှမ်ချွမ်၊ ဝေ့လန်ရှန်မိ၊ စစ်ဗုဒ္ဓ၊ ဒဏ်ခတ်သမားငါးဖော်နဲ့ တခြားလူတွေဟာ တာအိုအရှင်သခင် ဦးဆောင်တဲ့နောက်ကို လိုက်ကြတဲ့အတွက် အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

ဒီအဖွဲ့က မဟာတာအိုပညာရှိ ဒါဇင်ကျော် ပါဝင်တဲ့အတွက် တခြားပါရမီရှင်တွေကို ဖိအားကြီး ဖြစ်စေပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တိတ်ဆိတ်ဂိုဏ်းလို့ မပြောရဘူး၊ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ”

“ဒဏ်ခတ်သမားတွေတောင် နောက်ကနေ လိုက်တယ်”

“ဘာတွေ လာပြောနေတာလဲ၊ ဒဏ်ခတ်သမားတွေရဲ့ ခေါင်းဆောင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သွေးသားရင်းဆိုတာကို မသိဘူးလား”

“ဒီအဖွဲ့က... တိတ်ဆိတ်ဂိုဏ်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ ငါတောင် ဝင်ချင်စိတ် ပေါက်တယ်”

“ဟားဟား... မဟုတ်တာတွေ လျှောက်မပြောနဲ့၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အပြင်ကနေ ကြည့်နေတာနော်၊ မင်းရဲ့ အကြီးအကဲတွေက မင်းစကားကြားပြီး စိတ်ဆိုးသွားနိုင်တယ်”

အဲဒီနောက် တခြားပါရမီရှင်တွေဟာလည်း အုပ်စုဖွဲ့ပြီး ချီတက်ကြပါတယ်။ ကျင့်ကြံသူတချို့ကတော့ တစ်ကိုယ်တော် တိုက်ခိုက်ဖို့ ရွေးချယ်ကြပါတယ်။ ရှေ့ဆက် ချီတက်ကြတဲ့အခါ ကောင်းကင်တာအိုသားတွေနဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ အပျော်ခရီးထွက်တဲ့ အတိုင်းပါပဲ။ အချင်းချင်း စကားပြောကြပြီး ဘာဖိအားမှ မရှိကြပါဘူး။

တည်ငြိမ်လှတဲ့ ဖန်းလျန်နဲ့ ချူရှီရန်ရဲ့ မျက်နှာတွေတောင် ပြုံးနေကြပါတယ်။ ဒီလောက်များတဲ့ ရောင်းရင်းတွေ အတူလှုပ်ရှားမှတော့ ဘာတွေများ ဖြစ်ပျက်နိုင်မှာလဲ။

ဟန်ချင်းအာကတော့ စိတ်အလှုပ်ရှားဆုံးပါ။ ဟန်ချင်းအာဟာ ဟန်ထော်ကို ဘယ်လက်ဆွဲပြီး ဟန်ဟွမ်ကို ညာလက်ကဆွဲကာ တရစပ် စကားပြောပါတယ်။ အစ်ကိုနှစ်ယောက်ဟာ ဒီညီမလေးကို အချစ်ပိုကြပါတယ်။

ဟန်ထော်ဟာ ဟန်ဟွမ်ကို ရုတ်တရက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ညီနှစ်... အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရဖို့ ယုံကြည်ချက် ဘယ်လောက်ရှိလဲ”

ဟန်ဟွမ်ဟာ သူ့အစ်ကိုကို ပြန်ကြည့်ကာ ပြုံးပြလိုက်ပါတယ် “ရှိတာပေါ့... ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်၊ ကျွန်တော်က အနိုင်ရဖို့ ဆုံးဖြတ်ပြီးပြီ၊ အစ်ကို အချိန်ကျလာရင် ကျွန်တော်ကို အလျှော့မပေးဘဲ အကောင်းဆုံး ကြိုးစားပါ၊ ကျွန်တော်တို့က ညီအစ်ကိုတွေဆိုတော့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး၊ ကျွန်တော် အစ်ကိုနဲ့ လက်ရည်စမ်းချင်နေတာ ကြာပြီ”

ဝမ်းသာသွားတဲ့ ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “ရတယ်... ဒါပေမဲ့ မင်း သတိမလွတ်စေနဲ့၊ ငါက မင်းကို လွယ်လွယ်လေး အနိုင်ပေးမှာ မဟုတ်ဘူး”

ယီတျန်ဟာ သူတို့နားကို ရောက်လာပြီး ရယ်ကာမောကာ ပြောလိုက်ပါတယ် “ဟန်ဟွမ်... မင်းအစ်ကို မပါရင်တောင် ငါက မင်းအတွက် အကြီးမားဆုံးပြိုင်ဘက်ပဲ”

သူတို့နောက်မှာရှိတဲ့ ချူရှီရန်ဟာ ဟန်ဟွမ်ရဲ့ ကျောပြင်ကို စိုက်ကြည့်နေပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာတော့ သူပဲ သိပါလိမ့်မယ်။

မုရုံချီနဲ့ ဖန်းလျန်ဟာ ချူရှီရန်နားကို ချဉ်းကပ်လာပြီး မုရုံချီက အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာလဲ... မင်းမှာလည်း ရည်မှန်းချက် ရှိတာလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters