← Chapters

အစွမ်းအထက်ဆုံးကို စိန်ခေါ်ခြင်း

Vol. 95 Ch. 991

အစွမ်းအထက်ဆုံးကို စိန်ခေါ်ခြင်း

Vol. 95 Ch. 991

“ရောက်လာမှတော့ အကောင်းဆုံး ကြိုးစားရမှာပေါ့” ချူရှီရန်က အပြုံးနဲ့ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။

မုရုံချီဟာ ရယ်လိုက်ပါတယ် “ဟီးဟီး... မင်း ငါနဲ့စောစော မတွေ့ဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် မင်း အရှုံးကြီး ရှုံးလိမ့်မယ်”

ချူရှီရန်ဟာ အပြုံးမပျက်ပါဘူး။

တစ်ချိန်တည်းမှာပဲ အငြိုးမိစ္ဆာ အကျဉ်းထောင်ရဲ့ တခြားတစ်ဖက်မှာ ဟွမ်ဇွမ်တျန်ဟာ ရှုံဟွာအင်အားစုရဲ့ ပါရမီရှင်ဆယ်ယောက်ကျော်ကို ဦးဆောင် ချီတက်နေပါတယ်။

ပါရမီရှင်တစ်ပါးက မေးလိုက်ပါတယ် “ရှုံဟွာအရှင်... ကျွန်တော်တို့တွေ စောင့်ကြမလား၊ ဒီအဆင့်က နည်းနည်းလေး ရိုးရှင်းလွန်းတယ်လို့ ကျွန်တော် ခံစားရတယ်၊ ရှေ့မှာ မျှော်မှန်းလို့မရတဲ့ အန္တရာယ် ရှိနေလိမ့်မယ်”

ဟွမ်ဇွမ်တျန် “အရင်တုန်းကဆိုရင် ငါ သတိကြီးကြီးထားမှာ၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မလိုဘူး၊ မင်းတို့အကုန်လုံး ငါ့နောက်ကနေ လိုက်ခဲ့ကြ၊ ဒီအဆင့်မှာ ငါပထမဆုံး ကျော်ဖြတ်တဲ့လူ ဖြစ်ချင်တယ်”

ဟွမ်ဇွမ်တျန်ရဲ့ ဆံပင်ရှည်တွေနဲ့ ဝတ်ရုံဟာ လေထဲမှာ လူးလွန့်သွားပါတယ်။ စူးရှပြီး ဗိုလ်ကျလွန်းတဲ့ ရောင်ဝါလည်း ထွက်ပေါ်လာပါတယ်။

ရှုံဟွာအင်အားစုရဲ့ ပါရမီရှင်တွေဟာ မှင်တက်သွားပေမဲ့ မငြင်းဆန်ရဲကြပါဘူး။ ရှုံဟွာအင်အားစုမှာ ဟွမ်ဇွမ်တျန်က အရှေ့သွားလို့ အမိန့်ပေးလိုက်တာနဲ့ ဘယ်သူမှ အနောက် မသွားရဲကြပါဘူး။ ဟွမ်ဇွမ်တျန်တို့ဟာ အရမ်းမြန်ပါတယ်။ သိပ်မကြာခင်မှာပဲ အငြိုးမိစ္ဆာတွေနဲ့ ရင်ဆိုင်တွေ့ကြပါတယ်။

မရေမတွက်နိုင်တဲ့ အငြိုးမိစ္ဆာတွေဟာ မိုးကုပ်စက်ဝိုင်း အဆုံးမှာ စောင့်ဆိုင်းနေကြပါတယ်။ တချို့က လေထဲမှာ ရပ်တန့်နေပြီး တချို့က မြေပြင်မှာ တွားသွားနေကြပါတယ်။ သိပ်သည်းထူထပ်စွာ တည်ရှိနေတဲ့ အငြိုးမိစ္ဆာတွေရဲ့ ဖိအားက သေးတော့ မသေးပါဘူး။

ရှုံဟွာအင်အားစုက ပါရမီရှင်တွေဟာ မျက်ခုံးလှုပ်သွားပါတယ်။

အငြိုးမိစ္ဆာတွေဟာ နီရဲနက်မှောင်ပြီး အရွယ်အစားမျိုးစုံ ပုံစံမျိုးစုံ ရှိပါတယ်။ သူတို့ရဲ့ အငြိုးအတေးတွေနဲ့ သတ်ဖြတ်ငွေ့တွေက လောကကြီးရဲ့ အပူချိန်ကိုတောင် ရေခဲမှတ်ထိ ကျဆင်းသွားစေပြီး လူတွေရဲ့ ဝိညာဉ်ကို တုန်ခါသွားစေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မရပ်ပါဘူး။ ရှေ့ကို ဆက်ချီတက်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာမှာ အနက်ရောင် သင်္ကေတတွေ ပေါ်လာပါတယ်။ ဒါက ကပ်ဘေးထိန်းချုပ်သူရဲ့ စွမ်းအားဖြစ်တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာပါ။

ဟွမ်ဇွမ်တျန်ဟာ ပါရမီရှင်တွေနဲ့ အငြိုးမိစ္ဆာကြားက တိုက်ပွဲကို ပထမဦးဆုံး စတင်လိုက်ပါတယ်။

ဒါကို ကြည့်နေတဲ့ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဆူဆူညံညံ ဖြစ်သွားပါတယ် “သူက ဘယ်သူလဲ၊ စွမ်းလှချည်လား”

“ဟွမ်ဇွမ်တျန်... ရှုံဟွာအရှင်လေ... မင်း သူ့ကို မသိဘူးလား...”

“ရှုံဟွာအရှင်က သန်းတစ်ရာတောင် မပြည့်သေးဘူးလား၊ ဒါ...”

“ဟားဟား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နှစ်ဆယ်သန်းပဲ ရှိသေးတာ၊ သူ ဝင်ပြိုင်ရင် အနှိုင်းမဲ့ထိပ်ဆုံးနေရာက အဓိပ္ပာယ်ရှိဦးမှာလား”

“ဟုတ်တယ်၊ စွမ်းအားကြီးရင် ပါရမီရှင်ဆိုတဲ့ဘွဲ့ရဲ့ အလွန်ကို သွားနိုင်တယ်၊ ဒီပါရမီရှင်တွေကတော့ အခုမှ ကြီးထွားတုန်း ရှိသေးတယ်”

“ဟန်ဟွမ်ကရော... သူက မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်သွားပြီ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့အချင်းချင်း စကားပြောဆိုကြပါတယ်။

ဟွမ်ဇွမ်တျန်ဟာ အသွားထက်တဲ့ ဓားတစ်ချောင်းလိုမျိုး အငြိုးမိစ္ဆာတွေရဲ့ တိုက်စစ်ကို တားဆီးမရတဲ့ အင်အားနဲ့ ဆုတ်ဖြဲပစ်လိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဟွမ်ဇွမ်တျန်ကလည်း ကောင်းကင်တာအိုပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ သူ့ကို သိလား”

ဟန်ကျွယ် “ပြောရရင် ငါသူ့ကို သေမျိုးဘဝကတည်းက သိခဲ့တာ၊ ငါ သူ့ရဲ့ ပြတ်သားမှုကို ခံစားနိုင်တယ်၊ သူ ဒီနေ့ အရင်နဲ့ မတူဘူး၊ ဒီတစ်ကြိမ်တော့ သူ့ဓားကို လောကကြီးရဲ့ ထိပ်ဆုံးဆီ ချိန်ရွယ်ချင်တာနဲ့ တူတယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ အတွေးနက်သွားပါတယ်။

ဟန်လင်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဖေဖေ... သူ့ဆီမှာလည်း အင်အားတစ်ခု ရှိတယ်”

ဟန်ကျွယ်ဟာ ဟန်လင်ကို ဘာမှ ပြန်မပြောပါဘူး။ ဒီအင်အားကို ဟန်ကျွယ်လည်း သိပါတယ်။ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကလွဲပြီး ဘာများ ဖြစ်နိုင်ဦးမှာလဲ။ မဟာတာအို အထက်မှာရှိတဲ့ အထွတ်အထိပ် နိယာမတွေက သေချာပေါက်ကို စွမ်းအားကြီးပါတယ်။

မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ မဟာဖန်တီးမှု ဘယ်ဟာ စွမ်းအား ပိုကြီးလဲ ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ မဟာဖန်တီးမှုတွေက ကွဲပြားခြားနားပြီး ဘုံတူညီချက်ကို ရှာလို့မရပါဘူး။

ရှုံဟွာအင်အားစုရဲ့ ပါရမီရှင်တွေဟာ ဟွမ်ဇွမ်တျန်ရဲ့ ဦးဆောင်မှုအောက်မှာ အတားအဆီး ကင်းပါတယ်။ မကြာခင်မှာပဲ သူတို့တွေဟာ အငြိုးမိစ္ဆာတွေရဲ့ ဝန်းရံမှုကို ထိုးဖောက်ပြီး အငြိုးမိစ္ဆာ အကျဉ်းထောင်ရဲ့ အလယ်ဗဟိုဆီ အပြေးချီတက်သွားပါတယ်။ ပိုများတဲ့ အငြိုးမိစ္ဆာတွေကတော့ သူတို့နောက်မှာ ကျန်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပါရမီရှင်တွေဟာ အငြိုးမိစ္ဆာတွေနဲ့ ပိုပိုပြီးတော့ ရင်ဆိုင်လာရပါတယ်။ တချို့က သူတို့အစွမ်းကို ပြသပြီး အနိုင်ရကြသလို တချို့ကတော့ သတိလက်လွတ်နေတာကြောင့် တစ်ခါတည်း ရှုံးသွားပါတယ်။

တစ်လဆိုတဲ့ အချိန်က နည်းတာတော့ မဟုတ်ပါဘူး။ ပါရမီရှင် အများစုဟာ အခြေအနေကို အကဲခတ်နေတုန်း ဖြစ်ပြီး လှုပ်ရှားဖို့ အလျင်မလိုကြသေးပါဘူး။

ဒါပေမဲ့ နေ့ဝက်အကြာမှာတော့ ပထမဆုံး ကျော်ဖြတ်တဲ့နိုင်တဲ့လူ ပေါ်လာပါတယ်။

ရှုံဟွာအရှင် ဟွမ်ဇွမ်တျန်ပါ။

ဟွမ်ဇွမ်တျန်ဟာ ဒီအဆင့်ကို တစ်ယောက်တည်း ကျော်ဖြတ်တာ မဟုတ်ဘဲ သူ့ပါရမီရှင်တွေကိုပါ ဦးဆောင်ပြီး အတူကျော်ဖြတ်ခဲ့တာပါ။ သူတို့တွေဟာ ပထမအဆင့်ကို ရှင်းလင်းပြီးနောက် ရွှေ့ပြောင်း အစီအမံကနေ အကြွင်းမဲ့ဆယ်ပါး မြို့တော်ဆီ ပြန်ကြပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အဆင့်ကို မှတ်တမ်းတင်ဖို့အတွက် ရွှေ့ပြောင်းအစီအမံရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

ဟွမ်ဇွမ်တျန်ရဲ့ ပထမအဆင့်ကို ကျော်ဖြတ်မှုက စွမ်းအားကြီး ပုဂ္ဂိုလ်တွေကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ ချက်ချင်းဆိုသလို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဟာ သူ့ငယ်သားကို အသံလွှင့်ပြီး ဟွမ်ဇွမ်တျန်ကို စည်းရုံး သိမ်းသွင်းခိုင်းပါတယ်။

ဒုတိယအသုတ်အနေနဲ့ ပထမအဆင့်ကို ကျော်ဖြတ်လာတဲ့ လူတွေကတော့ ကောင်းကင်တာအိုသားတွေနဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေပါ။ သူတို့တွေ ကျော်ဖြတ်နိုင်တာက အံ့ဩစရာမရှိတော့ပါဘူး။ လူများတယ် မဟုတ်ပါလား။ ဒါပေမဲ့ သူတို့က ပထမအဆင့်ကို နောက်တစ်နေ့ကျမှ ရှင်းလင်းနိုင်ခဲ့တာပါ။

“ဟားဟား... ငါတို့က မြန်လွန်းတယ်၊ ဘာတစ်လလဲ၊ တစ်ရက်ကျော်နဲ့ ရှင်းနိုင်တယ်” ငရဲကြက်နက်က ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။

တခြားလူတွေလည်း ရယ်မောလိုက်ကြပါတယ်။ ဒီအဆင့်က လွယ်ကူလွန်းတယ် မဟုတ်ပါလား။ အငြိုးမိစ္ဆာတွေက တကယ်ကို စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့မှာ အငြိုးမိစ္ဆာထက် ရက်စက်တဲ့လူတွေ ပါနေပါတယ်။

ဒီအချိန်မှာပဲ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါး ပျံထွက်လာပြီး အဆင့်ကို ပြောပြတဲ့အခါ သူတို့အကုန်လုံး မှင်တက်သွားကြပါတယ်။

“ဟွမ်ဇွမ်တျန်... ရှုံဟွာအရှင်...”

ဟန်ဟွမ်ရဲ့ မျက်လုံးထဲမှာ တိုက်ခိုက်လိုစိတ်တွေ ယှက်သမ်းသွားပါတယ်။ ပထမအဆင့်ကို ကျော်ဖြတ်တဲ့ လမ်းစဉ် တစ်လျှောက်မှာ ဟန်ဟွမ်က ခန့်ညားထည်ဝါတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်းကြယ်စွမ်းအားမျိုးစုံကို ထုတ်သုံးပြီး အငြိုးမိစ္ဆာတွေကို နှိမ်နင်းတာကြောင့်ပါ။

ဟန်ဟွမ်ဟာ တစ်ယောက်ယောက်က သူ့ထက် မြန်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ပထမအဆင့်ကို သူ့ထက် မြန်အောင် ရှင်းနိုင်တယ်ဆိုတဲ့အချက်က ဟန်ဟွမ်ကို မကျေမချမ်း ဖြစ်သွားစေပါတယ်။

ဒီအချိန်မှာပဲ အဝေးတစ်နေရာက ရွှေ့ပြောင်းအစီအမံဟာ အလင်းတောက်သွားပြီး ကြောက်မက်ဖွယ် ရောင်ဝါတစ်ဝါ ဖြာထွက်လာပါတယ်။ တစ်ဖက်လူက တိုက်ပွဲပြီးခါစမလို့ သတ်ဖြတ်ငွေ့ကို ပြန်မသိမ်းရသေးဘူးဆိုတာ သိသာ ထင်ရှားလှပါတယ်။

လူတိုင်းဟာ ရွှေ့ပြောင်းအစီအမံထဲက ရုပ်သွင်ကို ကြည့်လိုက်တဲ့အခါ ပါရမီရှင်တစ်ပါး ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီပါရမီရှင်က တစ်ကိုယ်တည်းပါ။

ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်တွေဟာ လန့်သွားကြပါတယ်။ ဒီပါရမီရှင်က ပထမအဆင့်ကို တစ်ယောက်တည်းနဲ့ ရှင်းလင်းတာ သူတို့နဲ့ သိပ်မကွာဘူး မဟုတ်ပါလား။

ဒါပေမဲ့ သူတို့တွေ ရွှေ့ပြောင်းအစီအမံထဲ မဝင်ခင်တုန်းက ဒီပါရမီရှင်ကို မမြင်ခဲ့ပါဘူး။ တခြားစကားနဲ့ ပြောရရင် သူတို့တွေ စကားပြောနေတဲ့အချိန်မှာ ဒီပါရမီရှင်က ထူထပ်သိပ်သည်းလှတဲ့ အငြိုးမိစ္ဆာတွေကို သတ်ဖြတ်ပြီး ထိုးဖောက်ထွက်လာခဲ့တာပါ။

မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါး ပျံသန်းလာပြီး ဒီပါရမီရှင်ရဲ့အဆင့်ကို မှတ်တမ်း တင်ပါတယ်။

မဟာကောင်းကင် နတ်ဘုရားဘုရင်။

မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ဟန်ဟွမ်ကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ထွက်ခွာသွားပါတယ်။

“သွားကြရအောင်” တာအိုအရှင်သခင်က နှိုးဆော်လိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို သိပ်မကြည်တော့ပါဘူး။ သူ့ကို ဂရုမစိုက်ဘဲ ထွက်သွားတယ် မဟုတ်ပါလား။

လူတိုင်းဟာ အများကြီး မတွေးဘဲ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ကြပါတယ်။ အငြိုးမိစ္ဆာတွေက စွမ်းအားကြီးပေမဲ့ သူတို့အသိဉာဏ်က သိပ်မြင့်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကျိုးကြောင်း တွေးတောနိုင်စွမ်းကိုလည်း သတ်ဖြတ်ငွေ့တွေက နေရာယူထားတဲ့အတွက် ပါရမီရှင်တွေအဖို့ အငြိုးမိစ္ဆာတွေကို ရင်ဆိုင်ရတာက သိပ်ခက်ခဲတာတော့ မဟုတ်ပါဘူး။ ကျင့်ကြံမှုနဲ့ ရန်သူအရေအတွက်က သိပ်မကွာခြားဘူးဆိုရင် အသာလေး ဖြတ်ကျော်နိုင်ပါတယ်။

အကြွင်းမဲ့ဆယ်ပါးမြို့တော်ဟာ ပြန်ပြီးတော့ စည်စည်ကားကား ဖြစ်သွားပါတယ်။ ပါရမီရှင်တစ်ပါး ပထမအဆင့်ကို ကျော်ဖြတ်တိုင်း သူတို့နာမည်တွေက အကြွင်းမဲ့ဆယ်ပါးမြို့တော်တစ်ခွင် ပျံ့နှံ့သွားပါတယ်။ ဒါတင် မကသေးပါဘူး။ ဒီပါရမီရှင်တွေကို အင်အားစုအသီးသီးက နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းကြပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေ စုစည်းနေတဲ့ နန်းတော်မှာ သဟဇာတ ဖြစ်နေပေမဲ့ အောက်ခြေမှာတော့ ရေစီးကြမ်းလှပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်လှုပ်ရှားမှုတွေသာ ဆက်စပ်သွားရင် အကြွင်းမဲ့ဆယ်ပါး မြို့တော်က ပိုပြီးတော့ စည်ကားသွားမှာပါ။

ဟန်ကျွယ်ဟာ အကုန်လုံးကို မြင်ရ ကြားနေရတာမလို့ တစ်ခါတစ်ခါ ရယ်ချင်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေက လေးနက်တည်ကြည်တဲ့ မျက်နှာထားတွေ ရှိနေပေမဲ့ ကိုယ်ပိုင်အချိန်ကျရင် အော်ဟစ်ကြုံးဝါးကြတယ် မဟုတ်ပါလား။

လူတော်တော်များများကလည်း သူ့တပည့်တွေကို ပစ်မှတ်ထားကြပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မပျော်မရွှင်တော့ မဖြစ်ပါဘူး။ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို လုံလုံလောက်လောက် ဂရုမစိုက်ပေးနိုင်သလို အခွင့်အာဏာလည်း မပေးနိုင်ပါဘူး။ အဲဒါကြောင့် သူတို့ကိုယ်ပိုင် အင်အားစုနဲ့ အဆက်အသွယ်ကို တည်ထောင်ဖို့ ခွင့်ပြုထားပါတယ်။

ဒါကလည်း မျက်နှာသာပေးမှုအပေါ် မူတည်ပါတယ်။ တကယ်လို့ တပည့်တစ်ယောက်ယောက်ရဲ့ မျက်နှာသာပေးမှုက သူ မကျေနပ်လောက်တဲ့အထိ လျော့ကျသွားမယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ အဲဒီတပည့်ကို သင်ခန်းစာကောင်းကောင်း ပေးရင်ပေး မဟုတ်ရင်လည်း ပြန်ပြီးတော့ အာရုံစိုက်မှာပါ။

ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေက ဟန်ကျွယ်ကို စိတ်မပျက်စေပါဘူး။

ပထမအဆင့် ပြီးဆုံးသွားပြီမလို့ ဒုတိယအဆင့်က မကြာခင် စတင်မှာပါ။ အကြွင်းမဲ့ဆယ်ပါး မြို့တော် တစ်ခုလုံးကလည်း ဒုတိယအဆင့်ကို မျှော်လင့်နေကြပါတယ်။ စစ်သည်တော် တစ်သောင်း၊ သခင်တစ်ထောင်၊ ဘုရင်တစ်ရာ၊ အကြွင်းမဲ့ဆယ်ပါးက သေချာပေါက် ပိုပိုပြီးတော့ လူကြိုက်များလာမှာပါ။

“ပထမအဆင့် မိစ္ဆာနင်းခြေလမ်းက ပြီးသွားပြီ၊ စုစုပေါင်း ပါရမီရှင် ၂၇၄၂၈ ယောက် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်”

“ဒုတိယအဆင့်က နှစ်ဝက်ကြာရင် စတင်မယ်၊ ပါရမီရှင်အကုန်လုံး ကြိုတင် ပြင်ဆင်ထားကြပါ”

“ဒုတိယအဆင့်က အစွမ်းအထက်ဆုံး စိန်ခေါ်ခြင်းပဲ၊ ပါရမီရှင်အကုန်လုံး ပူးပေါင်းပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရမယ်”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံက အကြွင်းမဲ့ဆယ်ပါးမြို့တော် တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ နောက်တစ်စက္ကန့်မှာပဲ မြို့တော်တစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။

သက်ရှိအားလုံးဟာ နားကြားမှားတယ်လို့ ခံစားလိုက်ကြရပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရမယ်... ဘာကြီးလဲဟ...’

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း မှင်တက်သွားပြီးနောက် ပေါက်ကွဲထွက်သွားကြပါတယ်။

ရင်မအေးနိုင်တဲ့ မဟာတာအိုပညာရှိချုပ်တစ်ပါးက ထမေးပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရမယ်၊ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ နောက်ပြီး ကျွန်တော်တို့တွေ အဆင့်ကို ဘယ်လို သတ်မှတ်မှာလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters