← Chapters

ဒုတိယအဆင့် စတင်ခြင်း

Vol. 95 Ch. 992

ဒုတိယအဆင့် စတင်ခြင်း

Vol. 95 Ch. 992

ပါရမီရှင်တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရမယ်လို့ ကြားလိုက်ရတဲ့ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်အကုန်လုံး ထိတ်လန့်သွားကြပါတယ်။ ပဋိပက္ခစိတ်ဆန္ဒက ပျောက်ကွယ်သွားပြီဆိုပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်က စွမ်းအား ဘယ်လောက် ကြီးတယ်ဆိုတာကို သတိရနေကြပါသေးတယ်။

မဟာတာအိုပညာရှိ တစ်သန်း ပူးပေါင်း တိုက်တာတောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မယှဉ်နိုင်တာ။ ဒီပါရမီရှင်တွေက သွားကြားတောင်ညပ်မှာ မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာပဲ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက ပါရမီရှင်နှစ်သောင်းကျော်ဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရမယ်လို့ ကြားလိုက်ရတယ် မဟုတ်ပါလား။ သူတို့အတွက်တော့ ဒါက ရှားရှားပါးပါး အခွင့်အရေးကောင်းပါ။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူတို့ကို သေချာပေါက် သတ်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရှေ့မှာ အစွမ်းပြဖို့ အခွင့်အရေးကောင်းပါ။

“ကောင်းတယ်... ဒီအဆင့်က တော်တော်လေး ကောင်းတယ်”

“ဟားဟား... ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တော်လှန်နိုင်ရင် စိတ်ဝင်စားဖို့ ကောင်းမသွားဘူးလား”

“ငါတို့တွေ ပဋိပက္ခအစည်းအဝေးရဲ့ ပထမအဆင့်မှာလိုမျိုး ကျားကုတ်ကျားခဲ ကြိုးစားကြရလိမ့်မယ်”

“မင်း အတွေးလွန်နေပြီ၊ မင်းက ဘာမှမသိတဲ့ကောင်ပဲ... ဟင်း... ထားလိုက်ပါတော့... ဒီအကြောင်းကို မပြောပဲနေရအောင်... ဒါက ပြန်စဉ်းစားတိုင်း ခါးသီးရတဲ့ သမိုင်းတစ်ခုပဲ”

“ငါတို့တွေ အဆင့်ကို ဘယ်လို သတ်မှတ်မှာလဲ၊ ဒီအဆင့်မှာ ထိပ်တန်းတစ်သောင်းကို သေချာပေါက် သတ်မှတ်မှာမလား”

ပါရမီရှင်တွေ ဆွေးနွေးနေစဉ်မှာ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တိတ်ဆိတ်သွားကြပါတယ်။ သူတို့တွေဟာ မကျေနပ်ပေမဲ့ သိပ်ပြီးတော့လည်း မရိုင်းပြရဲကြပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အန္တိမဒဏ်ခတ်နတ်မင်းက သူတို့ထက် အများကြီး စွမ်းအားပိုကြီးတယ် မဟုတ်ပါလား။ စွမ်းအားရှေ့မှာ မကြောက်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “အားလုံးပဲ... မင်းတို့တွေ ပြောတာ မှန်တယ်၊ ငါတို့တွေ ဒီအဆင့်မှာ ရလဒ်ကို ဘယ်လို သတ်မှတ်ကြမှာလဲ”

ဟန်ကျွယ် “သူတို့အသက်အတွက်တော့ မစိုးရိမ်နဲ့၊ ငါ သူတို့ရဲ့ ဝိညာဉ် တစ်စွန်းတစ်ကို ချန်ထားပေးမယ်၊ ဒီပါရမီရှင်တွေရဲ့ ကျင့်ကြံမှုနဲ့ ဝိညာဉ် တစ်စွန်းတစ်စက အသက်ပြန်ရှင်ဖို့ လုံလောက်ပါတယ်၊ ဒီလိုမဟုတ်ဘူးဆိုရင်လည်း ငါတို့မှာ မဟာတာအိုနတ်စိတ်ဝိညာဉ်တွေ ရှိတာပဲ”

“ရလဒ်ကို သတ်မှတ်ဖို့ကတော့ လွယ်ပါတယ်၊ ဘယ်သူ ကြာကြာခံနိုင်လဲ ကြည့်ကြတာပေါ့”

ဟန်ကျွယ်ဟာ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးကို ဝေ့ကြည့်လိုက်ပါတယ် “ငါ မင်းတို့လူတွေကို တမင်ပစ်မှတ်ထားမှာ စိုးရိမ်နေတာမလား၊ မစိုးရိမ်နဲ့... ဒုတိယအဆင့်စရင် ငါ အကုန်လုံးကို ပစ်မှတ်ထားမှာ”

ဟန်ကျွယ်ရဲ့ အကြည့်က စူးရှသွားတဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးဟာ ဟန်ကျွယ်ကို မျက်နှာချင်းမဆိုင်ရဲကြဘဲ မဟာတာအိုပညာရှိ တစ်သန်းနဲ့ ဟန်ကျွယ် တိုက်ခိုက်တာကို ပြန်တွေးမိလိုက်ကြပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဟန်ကျွယ်အတွက် အရေအတွက်က အဓိပ္ပာယ်မရှိပါဘူး။ တစ်ချက်တည်းက ဒီပါရမီရှင်တွေ အကုန်လုံးကို သတ်ပစ်ဖို့ လုံလောက်ပါတယ်။ နောက်ပြီး ဟန်ကျွယ်က ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေကို ကာကွယ်ချင်တယ်ဆိုရင်တောင် သူတို့က ဒါဇင်ကျော်ပဲ ရှိတာပါ။ ယေဘုယျအခြေအနေကို သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

အင်အားစုကြီးတွေကတော့ သူတို့မျိုးဆက်သစ်တွေ ထိပ်တန်းတစ်သောင်း စာရင်းထဲ ဝင်ဖို့ ယုံကြည်ချက် ရှိကြပါတယ်။ အင်အားစုသေးတွေရဲ့ ခေါင်းဆောင်တွေကတော့ ထိပ်တန်းတစ်သောင်း စာရင်းကို ပစ်မှတ်ထားတာ ဖြစ်ပေမဲ့ ဘာမှ မပြောရဲကြပါဘူး။

အချိန်နှစ်ဝက် ရှိသေးတဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့မျိုးဆက်သစ်တွေကို တိတ်တိတ်လေး သတိပေးကြပါတယ်။ သတိပေးစကားကို အတိုချုပ်ရရင် ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့တဲ့။

ပါရမီရှင် တော်တော်များများက မောက်မာပြီး ဂုဏ်ယူတက်ကြပါတယ်။ သူတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အပြစ်ပြုမိရင် အမှုန့်တောင်ကျန်မှာ မဟုတ်ပါဘူး။

ဟန်လင်ကတော့ ပြုံးလိုက်ပါတယ်။ သူ့အဖေရဲ့ လေးနက်တဲ့ မျက်နှာထားကို နောက်ဆုံးတော့ မြင်လိုက်ရပြီ မဟုတ်ပါလား။

.....

အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ ခြံဝင်းကျယ်ကြီး တစ်ခြံထဲမှာ ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်တွေ စုရုံးပြီး ဒုတိယအဆင့်အကြောင်း ဆွေးနွေးနေကြပါတယ်။

“အဲဒီအချိန်ကျရင် ငါ သခင်ကို ဒူးထောက်ပြီး ရှိခိုးမယ်၊ ငါ အဆုံးအထိ ရှင်သန်နိုင်မယ်လို့ ထင်လား” ပဋိပက္ခ ကောင်းကင်ခွေးဟာ မြေကြီးမှာဝပ်ပြီး ရယ်ကာမောကာ ပြောလိုက်ပါတယ်။

ငရဲကြက်နက်က အထင်အမြင်သေးစွာ ပြန်ပြောပါတယ် “မင်းက ခွေးလို့ မပြောရဘူး၊ တကယ်ကို ခွေးလိုအမူအရာ ရှိတာပဲ”

သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ လူသားအသွင်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ငရဲကြက်နက်က သူ့ပုံစံမှန်ကို ကြိုက်ပါတယ်။ ပဋိပက္ခ ကောင်းကင်ခွေးကတော့ ငရဲကြက်နက်နောက်ကို လိုက်တာပါ။ သူတို့နှစ်ယောက်က ဆက်ဆံရေး အကောင်းဆုံးရှိတယ် မဟုတ်ပါလား။

ကျောက်ရွှမ်ယွမ်ဟာ ဝင့်ကြွားစွာ ပြုံးလိုက်ပါတယ် “မင်းက သခင်ဆီက တစ်ချက်လေးကိုတောင် မခံနိုင်ဘူးလား၊ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ”

တချို့က ရယ်မောကြပေမဲ့ တချို့ကတော့ စိုးရိမ်နေကြပါတယ်။ ဟန်ကျွယ်သာ မသက်ညှာရင် သူတို့ထဲက တချို့ ရှင်းထုတ်ခံရမှာ သေချာသလောက် ရှိနေပါတယ်။

ဖန်းလျန်ဟာ ခေါင်းခါလိုက်ပါတယ် “ဒီအဆင့်မှာ ငါ ထွက်သွားရမယ် ထင်တယ်၊ အားလုံးပဲ ကြိုးစားကြ”

မုရုံချီဟာ ပြုံးပြီး ဖန်းလျန် ပခုံးကို ပုတ်လိုက်ပေမဲ့ ဘာမှတော့ မပြောပါဘူး။

ကျိုးဖန်က ဝင့်ကြွားစွာ ဆိုပါတယ် “ထိပ်တန်းတစ်သောင်း စာရင်းဝင်တာကလည်း တော်ပါတယ်၊ ငါတို့တွေလို ထိပ်တန်းဆယ်နေရာဝင်ဖို့ တိုက်ခိုက်နေစရာ မလိုဘူး”

ဒီလိုနဲ့ သူတို့တွေဟာ ရယ်မောရင်း ငြင်းခုံကြပါတယ်။

ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်က ဘေးမှာထိုင်ပြီး ဘာတစ်လုံးမှ ဝင်မပြောတာကို သတိထားမိလိုက်ပါတယ်။

“မင်း ဟွမ်ဇွမ်တျန်ကို စဉ်းစားနေတာလား” ကျန်းကျွယ်ရှီက မေးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ ယုံကြည်ချက်အပြည့်နဲ့ လာခဲ့ပေမဲ့ ပထမအဆင့်မှာ ရှုံးသွားတဲ့အတွက် တော်တော်လေး မပျော်မရွှင် ဖြစ်နေပါတယ်။

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “လျှောက်မတွေးနဲ့၊ အနှိုင်းမဲ့ထိပ်ဆုံး နေရာအတွက် တိုက်ခိုက်နိုင်မှာက မင်းတို့ နှစ်ယောက်တည်းရှိတာ”

ဟန်ဟွမ်ဟာ ပြုံးပြီး ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “အစ်ကိုကျန်း... ဒါဆို ဟွမ်ဇွမ်တျန်ကို အစ်ကိုကျန်းလက်ထဲ အပ်လိုက်မယ်”

“ကိစ္စမရှိဘူး၊ မင်းသာ ဝူရှင်းရှစ်ကျဲ့ကို ဂရုစိုက်လိုက်”

သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။ ဒါက သူတို့တွေ နှစ်သန်းချီ အတူနေပြီးနောက် မပြောဘဲသိလာတဲ့ နားလည်မှုပါ။

ချန်ယွီအာဟာ သူတို့နား လျှောက်လာပြီး ပြောလိုက်ပါတယ် “ငါ ဟွမ်ဇွမ်တျန်ကို သိတယ်၊ သူက သေမျိုးကမ္ဘာမှာတုန်းက နင့်အဖေကို ရှုံးပြီး အချိန်တစ်ခုအထိ အချုပ်ခံထားရဖူးတယ်၊ အဲဒီတုန်းကသာ ချမ်းသာပေးဖို့ မတောင်းပန်ခဲ့ရင် သေသွားတာ ကြာပြီ”

ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “ဒေါ်လေးချန်... ကျွန်တော်ကို အဲဒီအကြောင်း ပြောပြစမ်းပါ”

ချန်ယွီအာဟာ ဟန်ဟွမ်ရဲ့ နှုတ်ဆက်စကားကြောင့် ဝမ်းသာသွားပြီး ဟန်ဟွမ်ကို ‘တော်တော်သိတတ်တဲ့ ကလေးပဲ’ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်ပြောင်း ပြောပြပါတယ်။

ကျန်းကျွယ်ရှီဟာလည်း စိတ်ဝင်စားတဲ့အတွက် နောက်ကနေ လိုက်နားထောင်ပါတယ်။

ပါရမီရှင်အကုန်လုံးဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ သတင်းအချက်အလက်တွေ လဲလှယ်ကြပါတယ်။ ဒီလိုနဲ့ နှစ်ဝက်က လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

မြို့စောင့်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ပါရမီရှင် နှစ်သောင်းကျော်ဟာ မြို့လယ်မှာ စုစည်းပြီး ဒုတိယအဆင့် စတင်မှာကို စောင့်ဆိုင်းကြပါတယ်။ ပါရမီရှင်တွေဟာ ဒုတိယအဆင့်အတွက် ပြင်ဆင်ထားပြီးပြီဆိုပေမဲ့ ရင်တထိတ်ထိတ် ခုန်တုန်းပါပဲ။

မြို့လယ်ရင်ပြင်ဟာ ပါရမီရှင်တွေနဲ့ ဖရိုဖရဲ ဖြစ်နေပါတယ်။

“ကျွတ်..ကျွတ်... ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တစ်ခါမှ မမြင်ဖူးဘူး”

“ငါ ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကို ရင်ဆိုင်ရတော့မှာပါလား...”

“ငါတို့က ဘာပါရမီရှင်တွေလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကမှ တကယ့်ပါရမီရှင်... သူ့အသိအမှတ်ပြုမှုကိုရမှ ငါတို့တွေ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရောက်နိုင်မှာ”

“ဘယ်သူ့က ရှေ့တန်းမှာ နေမှာလဲ”

“အဲဒီ အဆင့်တူရင် ပြိုင်ဘက်ကင်းတယ်လို့ ခံယူထားတဲ့ ပါရမီရှင်တွေ ရှေ့တန်းမှာနေပြီး တိုက်ခိုက်သင့်တယ်”

ပါရမီရှင်တွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက ဘာမှမပြောတဲ့အတွက် ရင်ပြင်ထဲက ရင်ထိတ်မှုတွေ စိတ်လှုပ်ရှားမှုတွေဟာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ မီးတောင်လိုမျိုး ဖြစ်လာပါတယ်။

နောက်ဆုံးမှာတော့...

“ဒုတိယအဆင့် စတင်တော့မယ်၊ ဒီအဆင့်မှာ ပါရမီရှင်အကုန်လုံး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အတူရင်ဆိုင်ရမယ်၊ မင်းတို့ရဲ့ ကြာကြာရှင်သန်နိုင်မှုအပေါ် မူတည်ပြီး ထိပ်ဆုံးတစ်သောင်းကို သတ်မှတ်မယ်၊ သေတဲ့ ပါရမီရှင်က များလွန်းရင်ပဲ ဖြစ်ဖြစ် နေရာမလောက်ရင်ပဲ ဖြစ်ဖြစ် ပြန်ကောင်းလာတဲ့ ကြာချိန်ပေါ် မူတည်ပြီး ထိပ်တန်းတစ်သောင်းကို ဆုံးဖြတ်မယ်၊ ပထမဆုံး သူတို့ခန္ဓာကိုယ်တွေ ပြန်ရအောင် လုပ်နိုင်တဲ့ ပါရမီရှင်တွေက ထိပ်တန်းတစ်သောင်းပဲ”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားက ပါရမီရှင်တွေဆီ ဖိအားကြီး ဆောင်ယူလာပါတယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ... ခန္ဓာပြန်ရတဲ့ ကြာချိန်ကို ယှဉ်ပြိုင်ရမှာလား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အဲဒီလောက်တောင် ရက်စက်မှာလား...’

ပါရမီရှင်တွေ ဆက်မတွေးနိုင်ခင်မှာပဲ ရင်ပြင်ရဲ့ကြမ်းပြင်ကနေ တောက်ပတဲ့ အလင်းရောင်တစ်ရောင် မြင့်တက်လာပြီး ပါရမီရှင် နှစ်သောင်းကျော်ကို ရွှေ့ပြောင်းပို့ဆောင်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်လည်း ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။

သူတို့တွေဟာ မှောင်မိုက်ပြီး နက်ရှိုင်းတဲ့ အာကာသ ဟင်းလင်းပြင်တစ်ခုဆီ ရောက်ရှိသွားကြပါတယ်။ ပါရမီရှင်နှစ်သောင်းကျော်ဟာ ဟင်းလင်းပြင်ထဲ ပေါလောမျောနေပြီး ဘေးဘီဝန်းကျင်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ပါရမီရှင်တွေ အကုန်လုံးရဲ့ အထက်မှာ ပေါ်လာပါတယ်။ အကုန်လုံးက ဟန်ကျွယ်ကို ဝိုင်းကြည့်ကြတဲ့အတွက် လေထုဟာ ရုတ်ခြည်း လေးနက်သွားပါတယ်။

ဟွမ်ဇွမ်တျန်၊ ဟန်ထော်၊ ဟန်ဟွမ်၊ ယီတျန်၊ ဟန်ချင်းအာ၊ မုရုံချီ၊ ချူရှီရန်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ကျောက်ရွှမ်ချွမ်၊ ဝေ့လန်ရှန်မိ၊ ချင်လင်း၊ ဟန်ယွီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ကွမ်းပုပိုင်၊ ငရဲကြက်နက် စတဲ့လူတွေရဲ့ မျက်လုံးထဲမှာ လေးစားကြည်ညိုမှုတွေ ပြည့်လျှံနေပါတယ်။

ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းက ပါရမီရှင်တွေတင် မဟုတ်ပါဘူး။ ပါရမီရှင်အများစုရဲ့ မျက်လုံးထဲမှာ လေးစားကြည်ညိုမှုတွေ ပြည့်လျှံနေတာပါ။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခရဲ့ ဒဏ္ဍာရီပါ။ ဒီပါရမီရှင်တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အောင်မြင်မှုတွေကို သူတို့လက်နောက်ကျောလိုမျိုး အကုန်သိပါတယ်။

ငယ်ရွယ်တဲ့ ပါရမီရှင်တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဒဏ္ဍာရီတွေကို နားထောင်ပြီး ကြီးပြင်းလာကြတာပါ။

“ဒီပွဲတော်အတွက် ငါ အကောင်းဆုံး လေးလေးနက်နက် လုပ်ဆောင်မယ်၊ မင်းတို့တွေ အဆင်သင့် ဖြစ်ကြပြီလား၊ ပဋိပက္ခက အေးချမ်းနေတယ်ဆိုပေမဲ့ အနာဂတ်က မရေရာဘူး၊ ကျင့်ကြံသူတွေက အမြဲတမ်းက သတိကြီးရလိမ့်မယ်”

ဟန်ကျွယ်ရဲ့ အသံဟာ ဟင်းလင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒီအချိန်မှာ ဒုတိယအဆင့်ရဲ့ ပုံရိပ်ယောင်က အလင်းရောင် မျက်နှာပြင်တွေမှာ ပေါ်လာပါတယ်။ သက်ရှိအားလုံးဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်ကျက်သရေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ခံစားရတော့မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters