← Chapters

ပဋိပက္ခရဲ့ နံပါတ်တစ် လမ်းမှန်ဂိုဏ်း

Vol. 95 Ch. 994

ပဋိပက္ခရဲ့ နံပါတ်တစ် လမ်းမှန်ဂိုဏ်း

Vol. 95 Ch. 994

“ဖေဖေ... အဲဒီကြက်က ဘာလုပ်နေတာလဲ၊ ပြိုင်ဘက်က သူ့ရန်သူ မဟုတ်ဘဲနဲ့၊ စိတ်တိုဖို့ ကောင်းလိုက်တာ...” ဟန်လင်က မတတ်နိုင်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ် “အဲဒီကြက်စုတ်က ဖေဖေရဲ့ တာအိုစက်ကွင်းထဲကနေ တစ်ခါမှ ထွက်မသွားဖူးဘူး၊ သူ့ပြိုင်ဘက်က အားနည်းလွန်းလို့ စိတ်လှုပ်ရှားသွားတာ၊ ကြိုးစားနားလည်ပေးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီကြက်စုတ်က စကားများလွန်းရုံပါ”

‘စကားများလွန်းတယ်...’ ဟန်လင်ဟာ မှင်တက်သွားပြီး သေချာစဉ်းစား ကြည့်လိုက်ပါတယ်။

ငရဲကြက်နက်ရဲ့ စွမ်းဆောင်ရည်က ခန်းမထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံကို မဆွဲဆောင်နိုင်ပါဘူး။ တိုက်ပွဲနေရာက တစ်ရာကျော်ရှိတဲ့အပြင် လွတ်လပ် တာအိုပညာရှိအဆင့် တိုက်ပွဲက ဘယ်လိုလုပ်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာလဲ။ ဒါပေမဲ့ တော်တော်လေး မပျော်တဲ့ လူတစ်ယောက်ကတော့ ရှိနေပါတယ်။

အဲဒီလူကတော့ ငရဲကြက်နက် ပြိုင်ဘက်ရဲ့ အကြီးအကဲပါ။ ဒါပေမဲ့ ငရဲကြက်နက်က တိတ်ဆိတ်ဂိုဏ်းသားမလို့ ဒီအကြီးအကဲဟာ ဘာမှ မပြောရဲပါဘူး။

လွတ်လပ် တာအိုပညာရှိတွေရဲ့ တိုက်ပွဲက ဟန်ကျွယ်လိုမျိုး တစ်ချက်တည်း သတ်ပစ်နိုင်တာ မရှိပါဘူး။ တစ်ယောက် တိုက်ကွက်ကို တစ်ယောက်က အသာလေး ဖြေရှင်းနိုင်ကြပါတယ်။ တချို့ တိုက်ပွဲတွေဆိုရင် လေးငါးဆယ်ရက်တောင် ကြာပြီး အရှုံးအနိုင်ထွက်ဖို့ ခက်ခဲပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ပါဘူး။ ဒါကြောင့် ထိပ်တန်းတစ်သောင်းကနေ ထိပ်တန်းတစ်ထောင် ထွက်လာဖို့က အချိန်နည်းနည်းကြာမှာပါ။

ဟန်ကျွယ်ကလည်း အလျင်မလိုပါဘူး။ တိုက်ပွဲတွေကို စိတ်အေးလက်အေး ထိုင်ကြည့်ပါတယ်။

နောက်နေ့မှာတော့ ဟန်ကျွယ်ရဲ့ အာရုံကို ဟန်မင်က ဖမ်းစားသွားပါတယ်။ ဟန်ကျွယ်ဟာ သွေးသားရင်းဖြစ်တဲ့ သူ့ညီလေးကို ဒီဘဝမှာ ဂရုစိုက်တယ်ဆိုပေမဲ့ သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ခါမှ စကား ကောင်းကောင်း မပြောဖြစ်ခဲ့ပါဘူး။ ဟန်မင်ဟာ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီးနောက်ပိုင်း ကြိုးစား ကျင့်ကြံခဲ့တာမလို့ မဟာတာအိုပညာရှိအဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

ဒီတိုက်ပွဲမှာ ဟန်မင် ဘယ်လို ပြောင်းလဲလာတယ်ဆိုတာကို ဟန်ကျွယ် တွေ့မြင်လိုက်ရပါတယ်။ ဟန်မင် အလေးအနက် တိုက်ခိုက်တာကို ဟန်ကျွယ် ပထမဆုံးအကြိမ် မြင်ဖူးတယ်လို့လည်း ပြောလို့ရပါတယ်။ ဟန်မင်က ဟန်ကျွယ်ကို ပြဿနာပေးမဲ့အစား သေပြီး ပြန်လည်မွေးဖွားတဲ့အထိ ခေါင်းမာတဲ့လူ မဟုတ်ပါလား။

နှစ်နာရီကြာတဲ့အခါ တိုက်ပွဲ ပြီးသွားပါတယ်။ ဟန်မင်ဟာ ပဋိပက္ခ နတ်ဘီလူးရဲ့ မဟာတာအို စွမ်းအားကို သုံးပြီး ပြိုင်ဘက်ကို အတင်း အနိုင်ယူနိုင်ခဲ့ပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေက လွတ်လပ်မှု အဆင့်မှာ ပြိုင်ဘက်ကင်းလုနီးပါးပဲ။ ကျင့်ကြံသူတစ်ယောက်က မဟာတာအို စွမ်းအားကို ဆုပ်ကိုင်မိရင် မဟာတာအိုကို ရယူနိုင်တယ် မဟုတ်ပါလား။

ဟန်ကျွယ်ရဲ့ အမြင်မှာ ဟန်မင်က ငရဲကြက်နက်ထက် သခင်တစ်ထောင်ထဲဝင်ဖို့ အလားအလာ အများကြီး ရှိပါတယ်။

ဟန်ချင်းအာကတော့ အန္တရာယ် နည်းနည်း တွေ့နေပါတယ်။ ဟန်ချင်းအာဟာ ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရသူမလို့ တိုက်ခိုက်ရေး အတွေ့အကြုံ သိပ်မရှိပါဘူး။ ပထမပွဲကိုတောင် နိုင်ရုံပဲ ရှိပါတယ်။ ဟန်ချင်းအာသာ သခင်တစ်ထောင်ထဲ ဝင်ချင်တယ်ဆိုရင် နောက်ထပ် သုံးလေးပွဲ နိုင်မှ ဖြစ်မှာပါ။

ထိပ်တန်းတစ်သောင်း ပါရမီရှင်တွေထဲမှာ မဟာတာအို ပါရမီရှင်တွေက တစ်ထောင် မပြည့်ပါဘူး။ ဟန်ကျွယ်ဟာ ပါရမီရှင်တွေကို အကဲခတ်လိုက်တဲ့အခါ မဟာတာအိုပညာရှိ ရောက်နေတဲ့ ပါရမီရှင်တွေက နှစ်ရာကျော်ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်။

တကယ်တော့ ဒီအရေအတွက် တော်တော်လေး များနေပါပြီ။ နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခမှာ မသောင်းကျန်းခင်တုန်းက ပဋိပက္ခ တစ်ခုလုံးမှာ မဟာတာအိုပညာရှိ တစ်ရာကျော်ပဲ ရှိခဲ့တာပါ။ ဒီအချက်နဲ့တင် ဒီပါရမီရှင်တွေ အကုန်လုံးက ခေသူတွေ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

အဓိက အကျိုးဆောင်သူကတော့ အန္တိမဒဏ်ခတ်နတ်မင်းပါ။ အရင်တုန်းက မျိုးဆက်ဟောင်းတွေဟာ မျိုးဆက်သစ် ပါရမီရှင်တွေကို ခက်ခဲအောင် လုပ်ပါတယ်။ နတ်ဒေါင်းအရှင်နဲ့ ကွမ်းပုပိုင်ရဲ့ ဘဝဟောင်း စတာတွေက သက်သေပါပဲ။ သူတို့တွေဟာ မဟာတာအို မရယူနိုင်အောင် တားဆီးခံခဲ့ရပါတယ်။

‘ပတ်ဝန်းကျင်ကို ပြောင်းလဲချင်ရင် တကယ်ကို စွမ်းအားရှိဖို့ လိုပါလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းက ကောင်းကင်အရှင်ရွှမ်တုထက် ပိုပြီးတော့ ရက်စက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက လူသားလမ်းစဉ်ကို လျှောက်လှမ်းတာ ဖြစ်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကတော့ ဗိုလ်ကျတဲ့လမ်းကို လျှောက်လှမ်းတာပါ။

‘ဘာပဲဖြစ်ဖြစ် သူတို့တွေ အကုန်လုံးက ငါ့အတွက် အလုပ်လုပ်ပေးနေကြတာပဲ’ ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။

ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားကို မသတ်ခဲ့ဘူးဆိုရင် အန္တိမဒဏ်ခတ်နတ်မင်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နေရာကို တက်လှမ်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပဋိပက္ခကလည်း ဒီနေ့လိုမျိုး ငြိမ်းချမ်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဆုံး တွက်ကြည့်ရင် တကယ် အကျိုးဆောင်တဲ့လူက ဟန်ကျွယ် ဖြစ်နေတုန်းပါ။

‘ငါ အောင်မြင်မှုတွေ ကျော်ကြားမှုတွေကို မမက်မောဘူး’ ဟန်ကျွယ်ဟာ တိုက်ပွဲကို ကြည့်ရင်း စိတ်ထဲမှာ တွေးလိုက်ပါတယ်။

သုံးလကြာတဲ့အခါမှာတော့ ပြိုင်ပွဲထဲကို မဟာတာအိုပညာရှိတွေ ဝင်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ မဟာတာအိုပညာရှိတွေထဲမှာ ကျန်းကျွယ်ရှီက ပထမဆုံး ဝင်ပြိုင်ပါတယ်။

ကျန်းကျွယ်ရှီဟာ တိုက်ပွဲစတာနဲ့ မဟာဖန်တီးမှုကို သုံးပြီး မိုင်တစ်သောင်းပတ်လည်က အာကာသကို ချိပ်ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ အမျိုးကောင်းသားဆန်ပြီး တစ်ဖက်လူရဲ့ ရုပ်နာမ်နှစ်ပါးကို မဖျက်ဆီးပါဘူး။ ကျန်းကျွယ်ရှီဟာ တစ်ဖက်လူ မသေခင် လက်သီးဆုပ်ပြီး ဦးတောင် ညွှတ်လိုက်ပါသေးတယ်။

“ဒီကျန်းကျွယ်ရှီက တကယ်ကို မဟာတာအိုပညာရှိတစ်ပါးရဲ့ သွင်ပြင်လက္ခဏာ ရှိတာပဲ၊ ပါရမီရှင် တော်တော်များများက အရည်အချင်းရှိကြပေမဲ့ သူတို့စရိုက်တွေက သေမျိုးအတိုင်းပဲ” အန္တိမဒဏ်ခတ်နတ်မင်းက သက်ပြင်းချရင်း ပြောလိုက်ပါတယ်။

ခန်းမထဲက စွမ်းအားကြီး ပုဂ္ဂိုလ်တော်တော်များများဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားကို ‌ခေါင်းညိတ် ထောက်ခံကြပါတယ်။ သူတို့တွေဟာ ကျန်းကျွယ်ရှီကို မှတ်မိပါတယ်။

ကျန်းကျွယ်ရှီ ပြီးတာနဲ့ ဟန်ဟွမ်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ကြက်သွေးရောင် မြေခွေးနီ၊ တစုန်ကောင်းကင်၊ ကာလနတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူး၊ ကွမ်းပုပိုင်နဲ့ တိတ်ဆိတ်ဂိုဏ်းက တခြား မဟာတာအိုပညာရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ကြပါတယ်။ သူတို့အကုန်လုံးဟာ ပွဲတိုင်းမှာ အပြတ်အသတ် အနိုင်ရတဲ့အတွက် အင်အားစု အသီးသီးကို အလွန်တရာမှ အားကျသွားစေပြီး မနာလိုဝန်တိုလည်း ဖြစ်သွားစေပါတယ်။

‘တကယ်ကို နက်နဲတဲ့ အုတ်မြစ်ပဲ’

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ တမင်တကာ စီစဉ်မှုအောက်မှာ မဟာတာအိုပညာရှိတွေဟာ လောလလောဆယ်တော့ အချင်းချင်း မတွေ့ကြသေးပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ဒီအချက်ကို နားလည်ကြပါတယ်။

ဟန်ကျွယ်ဟာ ဝူရှင်းရှစ်ကျဲ့ကို သတိပိုထားပြီး အာရုံစိုက်ပါတယ်။ ဝူရှင်းရှစ်ကျဲ့က တကယ်ကို စွမ်းအားကြီးပါတယ်။ ဝူရှင်းရှစ်ကျဲ့က သူ့ရောင်ဝါကို ဝှက်ထားပေမဲ့ ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ရုံနဲ့ အကုန်လုံးကို မြင်နိုင်ပါတယ်။ ကျင့်ကြံမှုအရာမှာ ဝူရှင်းရှစ်ကျဲ့က ဟန်ဟွမ်ထက် စွမ်းအားပိုကြီးပါတယ်။

ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ ဝူရှင်းရှစ်ကျဲ့ရဲ့ နာမည်ကြောင့် ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို တွေးမိလိုက်ပါတယ်။ အဓိပ္ပာယ်က ဆင်တူနေတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တွက်ချက်လို့ မရတဲ့အတွက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “သဏ္ဍာန်မဲ့နတ်မင်းနဲ့ ဝူရှင်းရှစ်ကျဲ့က ဘယ်လို ပတ်သက်နေတာလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမွေအနှစ် တစ်စိတ်တစ်ပိုင်းအား ရရှိထားသည်။]

‘အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရရှိထားတယ်...’

အမွေအနှစ် ရထားတယ် ဆိုကတည်းက နည်းနည်းများများ ပတ်သက် ဆက်နွှယ်မှု ရှိနေပါပြီ။

‘အံဩစရာမရှိတော့ပါဘူး... ငါက ဒီလောက်အထင်ကြီးဖို့ကောင်းတဲ့ ပါရမီရှင်က ဘယ်ကလာလဲ မှတ်နေတာ၊ လက်စသတ်တော့ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ပတ်သက်နေတာကိုး’

မဟာတာအို အထွတ်အထိပ်အဆင့်ကို နှစ်သန်းတစ်ရာအတွင်း အရောက်လှမ်းနိုင်တာက သူတို့လက်ချက်ကလွဲပြီး ဘယ်သူ့လက်ချက်များ ဖြစ်နိုင်ဦးမှာလဲ။ တကယ်လို့ ရှိခဲ့တယ်ဆိုရင်တောင် သူ့လိုမျိုး စနစ် ဒါမှမဟုတ် ခိုးဆော့နိုင်တဲ့ အရာတစ်ခုခု ရှိမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

တစ်လကြာတဲ့အခါမှာတော့ သခင်တစ်ထောင် ထွက်ပေါ်လာပါတယ်။ သူတို့ရဲ့ နာမည်နဲ့ ဇာစ်မြစ်တွေက လေထဲမှာ ပေါ်လာပါတယ်။ ဥပမာပေးရရင် ကောင်းကင်ရုံးတော် ဟန်ဟွမ်၊ ဒဏ်ခတ်သမား ဟန်ထော် စတဲ့ပုံစံပါ။

သူတို့တွေ သခင်တစ်ထောင် ဖြစ်လာတဲ့ သတင်းက သူတို့ရဲ့ အင်အားစု အသီးသီးနဲ့ နယ်မြေတွေဆီ ပျံ့နှံ့သွားတဲ့အတွက် ဒီသခင်တစ်ထောင်ထဲဝင်တဲ့ ပါရမီရှင်တွေဟာ အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သခင်တစ်ထောင်က စင်မြင့်ပဲ ရှိပါသေးတယ်။ တကယ့်ပြိုင်ဆိုင်မှုက နောက်ဘုရင်တစ်ရာမှာ စမှာပါ။

ဘုရင်တစ်ရာစာရင်းထဲ ဝင်တာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းဆီကနေ ဘွဲ့နာမနဲ့ နယ်မြေကို ရရှိမှာပါ။ အကြွင်းမဲ့ဆယ်ပါး ဖြစ်သွားရင်တော့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာမှာပါ။ ဒါက အဆင့်အတန်းကို ဆုပေးတာပါ။ ရလာမဲ့ ရင်းမြစ်တွေကလည်း အနန္တပါ။ တစ်ယောက်တည်း ဆိုရင်တောင် အရှင်သခင် ဖြစ်နိုင်ပါတယ်။

သခင်တစ်ထောင်အတွက် ယှဉ်ပြိုင်တုန်းက ပါရမီရှင် တစ်သောင်း ရှိတဲ့အတွက် မဟာတာအိုပညာရှိ နှစ်ရာကျော်ဟာ အချင်းချင်း မတွေ့ကြပါဘူး။ ဒါပေမဲ့ အခု ဘုရင်တစ်ရာအတွက် ယှဉ်ပြိုင်ရာမှာတော့ သေချာပေါက် အချင်းချင်း တွေ့ကြမှာပါ။

တိတ်ဆိတ်ဂိုဏ်းထဲမှာ ပထမဆုံး ထွက်သွားရတဲ့လူက ငရဲကြက်နက်ပါ။ ဟန်ချင်းအာနဲ့ ပဋိပက္ခ ကောင်းကင်ခွေးကတော့ သခင်တစ်ထောင် မပေါ်ခင်ကတည်းက ထွက်သွားရတာပါ။

ဟန်ကျွယ်ဟာ ငရဲကြက်နက်က အကြွင်းမဲ့ဆယ်ပါး မြို့တော်ရဲ့ ခြံဝင်းတစ်ခြံထဲမှာ ဒေါသူပုန် ထနေတာကို တွေ့လိုက်ရပါတယ်။ ငရဲကြက်နက်က သူ့မိဘတွေကိုတောင် ဆဲဆိုတာကြောင့် ဟန်ကျွယ်ဟာ ရယ်လုနီး ဖြစ်သွားပေမဲ့ ကံကောင်းထောက်စွာပဲ အချိန်မီ ထိန်းသိမ်းလိုက်နိုင်ပါတယ်။

ထူးတော့ ထူးဆန်းပါတယ်။ တခြားလူတွေ ထွက်သွားရရင် ဟန်ကျွယ်က နည်းနည်း ကရုဏာသက်မှာ ဖြစ်ပေမဲ့ ငရဲကြက်နက် ထွက်သွားရတာကျတော့ ပျော်နေပါတယ်။ ရယ်စရာ ကောင်းလွန်းလို့ ဖြစ်ပါလိမ့်မယ်။

လွတ်လပ် တာအိုပညာရှိတွေဟာ တစ်ပါးပြီးတစ်ပါး ရှင်းထုတ်ခံလိုက်ရပါတယ်။ တစ်လကြာတဲ့အခါမှာတော့ လွတ်လပ် တာအိုပညာရှိ ဒါဇင်ကျော်ပဲ ကျန်ရှိပါတော့တယ်။ တိတ်ဆိတ်ဂိုဏ်းကို ကိုယ်စားပြုတဲ့ လွတ်လပ် တာအိုပညာရှိက ဟန်မင် တစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ တခြား မဟာတာအိုပညာရှိ မဟုတ်တဲ့လူတွေကတော့ ရှင်းထုတ်ခံလိုက်ရပါပြီ။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို စိတ်ထဲမှာ သက်သာရာ ရသွားပါတယ်။ သူ့ညီငယ်လေးက တကယ်ကို ကြီးပြင်းလာခဲ့ပြီ မဟုတ်ပါလား။

အရင်တုန်းက ဟန်မင်ရဲ့ တည်ရှိမှုကို ဟန်ကျွယ် သိလိုက်ရတုန်းက အလွန်တရာ ပြဿနာများတယ်လို့ ခံစားခဲ့ရပါတယ်။ ဟန်ကျွယ်ဟာ ဟန်မင်က သူ့အတွက် ပြဿနာရှာမှာကို ကြောက်နေခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဟန်ကျွယ်ဟာ ဟန်မင်ကို ကြည့်တဲ့အခါ အငယ်တစ်ယောက်ကို ကြည့်နေသလိုမျိုး ခံစားရပါတယ်။

‘ကြည့်ရတာ ငါ အသက်ကြီးလာပြီနဲ့ တူပါတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တော်တော်လေး ငယ်ရွယ်တယ်လို့ အမြဲတမ်း ခံစားခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း ဂူအောင်းကျင့်ကြံနေပြီး ပြင်ပ အတွေ့အကြုံ သိပ်မရှိတာကြောင့်ပါ။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နောက်ဆုံး စင်မြင့်မှာ ပါရမီရှင်နှစ်ရာပဲ ကျန်ရှိပါတော့တယ်။

တိတ်ဆိတ်ဂိုဏ်းက ဒီပါရမီရှင် ၂၀၀ မှာ ၁၀ ရာခိုင်နှုန်းကို နေရာယူထားပါတယ်။ ဒီသတင်းက အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ ပျံ့နှံ့သွားပြီး ပဋိပက္ခရဲ့ နံပါတ်တစ်လမ်းမှန်ဂိုဏ်းဆိုတဲ့ ဘွဲ့ကို တိတ်ဆိတ်ဂိုဏ်းက ရရှိသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters