← Chapters

ကျန်းကျွယ်ရှီနှင့် တာအိုအရှင်သခင်

Vol. 95 Ch. 995

ကျန်းကျွယ်ရှီနှင့် တာအိုအရှင်သခင်

Vol. 95 Ch. 995

ဟင်းလင်းပြင် စစ်မြေပြင်။

ဝတ်ရုံနက် ဟန်မင်ဟာ ဓားပျံတစ်ချောင်းကို ထုတ်ယူပြီး လက်ဝါးပြင်ပေါ်မှာ လှည့်လိုက်ပါတယ်။ မဟာတာအိုပညာရှိတစ်ပါးဟာ ဟန်မင်ရှေ့က မိုင်တစ်ထောင် အကွာမှာ ရပ်နေပါတယ်။ ဒီမဟာတာအိုပညာရှိဟာ နတ်ဆိုးငှက်ခေါင်းနဲ့ လူသားအသွင်ရှိပြီး ငှက်မွေးစိမ်း တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။

“လွတ်လပ်မှုအဆင့်... အရှုံးပေးလိုက်တာက ပိုပြီးတော့ ကျက်သရေရှိလိမ့်မယ်၊ ငါ မင်းကို သိတယ်၊ မင်းက တိတ်ဆိတ်ဂိုဏ်းကမလား၊ မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ညီလေးလို့ ပြောကြတယ်” ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိက တည်ငြိမ်စွာ ပြောလိုက်ပါတယ်။ သူ့လေသံထဲမှာ အထင်သေးမှုလည်း မရှိသလို ကြောက်ရွံ့မှုလည်း မရှိပါဘူး။

ဟန်မင်ဟာ ပြုံးလိုက်ပါတယ် “ငါ့နာမည်က ဟန်မင်၊ ငါ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုပြီး ပဋိပက္ခအစည်းအဝေးထဲ ဝင်ပြိုင်တာ၊ ငါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကိုယ်စားပြုဖို့ အရည်အချင်း မရှိဘူး၊ လာစမ်းပါ... ငါ ရှုံးတယ်ဆိုရင်တောင် မင်း ငါ့ရဲ့ ရုပ်နာမ်နှစ်ပါးကို ဖျက်ဆီးပစ်ရလိမ့်မယ်၊ ဒါမှ ငါ နောင်တမရမှာ”

ဒီအာကာသမှာက ထူးခြား အစီအမံတစ်ခု စီရင်ထားပါတယ်။ သေဆုံးတော့မဲ့အချိန်ကို ရောက်ရင် ဒီထူးခြား အစီအမံက ပါရမီရှင်ရဲ့ လက်ကျန်ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပါတယ်။

ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ စကားတွေ အပိုမပြောတော့ဘဲ ဟန်မင်နဲ့ စပြီးတော့ တိုက်ခိုက်ပါတယ်။

ဟန်မင်ဟာ ဝိညာဉ်ချီအဖြစ် ပြောင်းလဲပြီး ဓားပျံထဲ ဝင်လိုက်ပါတယ်။ ဟန်မင်ဟာ ဝိညာဉ်နတ်ဘီလူးပါ။ မဟာတာအိုပညာရှိကို ရင်ဆိုင်ရတာ ဖြစ်တဲ့အတွက် ဟန်မင်ဟာ ဝိညာဉ် မဟာတာအိုကိုပဲ အသုံးပြုနိုင်ပါတယ်။

ဓားပျံဟာ မရေမတွက်နိုင်တဲ့ ဓားပျံတွေ ခွဲထွက်ပြီး ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ပါတယ်။

ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ အလန့်တကြားမဖြစ်ဘဲ လက်မြှောက်ကာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို စတင်အသုံးပြုပါတယ်။ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ ညာလက်နဲ့ သူ့ရှေ့မှာ စက်ဝိုင်းတစ်ဝိုင်း ဆွဲလိုက်တဲ့အခါ ‌ရွှေရောင်စက်ဝိုင်းတစ်ဝိုင်း ပေါ်လာပါတယ်။

ဓားပျံအဖြစ် အသွင်ပြောင်းထဲထားတဲ့ ဟန်မင်ဟာ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိက ရုတ်တရက် ပျောက်ကွယ်သွားပြီး ရွှေရောင်စက်ဝိုင်းတစ်ဝိုင်းပဲ ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်။

မရေမတွက်နိုင်တဲ့ ဓားပျံတွေဟာ ရွှေရောင်စက်ဝိုင်းကို လှည့်ပတ်ပြီး ငှက်‌မွေးစိမ်း ဝတ်ရုံနဲ့ မဟာတာအိုပညာရှိကို ရှာဖွေပါတယ်။

‘မဟုတ်ဘူး... သူက ပုန်းနေတာ မဟုတ်ဘူး’ ဟန်မင်ဟာ ရုတ်တရက် နိုးသွားပြီး ဓားပျံအကုန်လုံးကို ထိန်းချုပ်ကာ ရွှေရောင်စက်ဝိုင်းဆီ တစ်ဟုန်ထိုး ပြေးသွားပါတယ်။ ဒီအချိန်မှာပဲ ရွှေရောင်စက်ဝိုင်းဟာ ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။

တခြားအာကာသတစ်ခုမှာ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ အင်္ကျီလက်စကို ရုပ်သိမ်းလိုက်ပါတယ်။ တကယ်တော့ သူက ပုန်းနေတာ မဟုတ်ပါဘူး။ ကောင်းကင်ကို ရုတ်တရက် ပြောင်းလဲပြီး ဟန်မင်ကို သူ့ဆန်းကြယ်စွမ်းအား အာကာသထဲ ရွှေ့လိုက်တာပါ။

“ဒီလောက်နဲ့ အဆုံးသတ်လိုက်ကြရအောင်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျက်နှာကိုလည်း ထောက်ရာ ရောက်တာပေါ့” ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ သာမန်ကာလျှံကာ လေသံနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘ဘယ်လောက်တောင် သရုပ်ဆောင်ကောင်းလိုက်လဲ... တစ်ခါမကဘူး၊ နှစ်ခါတောင် ပြောတယ်’

အောက်မှာရှိတဲ့ မဟာတာအိုပညာရှိချုပ်တစ်ပါးက ပြုံးလိုက်ပါတယ် “ဘယ်မိသားစုရဲ့ ကလေးက ဒီလောက်တောင် မသိတတ်ရတာလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဒီကလေးကို သင်ခန်းစာပေးလိုက်ရမလား”

တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ဝိုင်းပြောကြပါတယ်။ သူတို့က ဟာသအဖြစ် ပြောနေတယ်လို့ ထင်ရပေမဲ့ ဟန်ကျွယ် ခေါင်းညိတ်လိုက်တာနဲ့ တကယ်လုပ်မှာပါ။

ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိရဲ့ အကြီးအကဲဟာ ထိုင်မနေနိုင်တော့ပါဘူး “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... သူ့ကို အပြစ်မမြင်ပါနဲ့၊ ကျွန်တော်တပည့်က ဂူအောင်းကျင့်ကြံတာများလို့ မရင့်ကျက်သေးတာပါ၊ ပြီးရင် ကျွန်တော် သူ့ကို သေချာလေး သွန်သင်လိုက်ပါမယ်”

ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှမပြောပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ပြင်ကို ကြည့်လိုက်ပါတယ်။ ဟန်မင်တို့ရဲ့ တိုက်ပွဲက အခုထိ မပြီးသေးပါဘူး။

ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ အဆုံးသတ်ကို စောင့်နေစဉ်မှာပဲ သူ့အင်္ကျီလက်စထဲကနေ အခိုးနက်တွေ ရုတ်တရက် ထိုးထွက်လာပါတယ်။ ဒီအခိုးနက်တွေက ဟန်မင်ရဲ့ ဝိညာဉ်အတွေးကနေ ဖြစ်ပေါ်လာတာပါ။ အခိုးနက်တွေဟာ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိရဲ့ ခန္ဓာကိုယ်ကို လောက်ကောင်တွေလိုမျိုး ဖုံးအုပ်သွားပါတယ်။ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိဟာ လန့်သွားပြီး ဓမ္မစွမ်းအားကို လှည့်ပတ်ကာ အခိုးနက်တွေ လွင့်ပါး ပျောက်ကွယ်သွားအောင် ကြိုးစားပါတယ်။

ဒီအချိန်မှာပဲ ဝိညာဉ် မဟာတာအိုက သူ့ဝိညာဉ်ထဲကို တိုက်ရိုက်ဝင်လာပါတယ်။ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိရဲ့ မျက်ဆံတွေဟာ ဟန်မင်ရဲ့ ရုပ်သွင် ပေါ်လာသလိုမျိုး ဖျစ်ညှစ်သွားပါတယ်။

“အဲဒီလောက်ထိ ရိုးရှင်းမယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း မဟာတာအိုပညာရှိဆိုပြီး ဘဝင်တွေ မြင့်နေတာလား၊ ငါ မဟာတာအိုပညာရှိ ဘယ်နှပါးနဲ့ တိုက်ခဲ့ဖူးလဲဆိုတာ မင်းသိလား” ဟန်မင်ရဲ့အသံဟာ ငှက်မွေးစိမ်း တာအိုဝတ်ရုံနဲ့ မဟာတာအိုပညာရှိရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး ဒီတိုက်ပွဲကို ကြည့်မိလိုက်ကြပါတယ်။ လွတ်လပ် တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိရဲ့ တိုက်ပွဲက ပုံမှန်ဆို ချက်ချင်း အဆုံးသတ်တာပါ။ ဒီတိုက်ပွဲကျမှ မသိကိန်းတစ်ကိန်း ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ သူ့သမီးကို ညင်သာစွာ မေးလိုက်ပါတယ် “လင်အာ... ဒီတိုက်ပွဲရလဒ်က ဘာထွက်မယ်လို့ထင်လဲ”

“ဦးလေး... ဦးလေး ရှုံးလိမ့်မယ်၊ ကျင့်ကြံမှုချင်းက ကွာခြားလွန်းတယ်၊ မဟာတာအိုပညာရှိရဲ့ ဆန်းကြယ်စွမ်းအားကို ဖိနှိပ်နိုင်ဖို့က မလွယ်ဘူး”

ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ အမြင်ကို သဘောတူတာကြောင့် ဘာမှ ပြန်မပြောပါဘူး။

ဒီအချိန်မှာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့အသံ ထွက်ပေါ်လာပါတယ် “သူ ရှုံးခဲ့တယ်ဆိုရင်တောင် သူ့အရည်အချင်းကို ထုတ်ပြနိုင်ခဲ့တာပဲ၊ ကျင့်ကြံမှု အရည်အချင်းကလွဲရင် တိုက်ရေးခိုက်ရေးမှာလည်း မဆိုးဘူး၊ သူက ခြောက်ယောက်မြောက် ဒဏ်ခတ်သမား ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားက ခန်းမထဲမှာရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နှလုံးလှုပ်သွားစေပါတယ်။

ဒဏ်ခတ်သမားဆိုတာက မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက် အဆင့်အတန်း ပိုမြင့်ပါတယ်။ ဒါပေမဲ့ သူ့အာဏာက မဟာတာအို နတ်စိတ်ဝိညာဉ်ကိုတော့ မမီပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက နယ်မြေတစ်ခုစီကို ထိန်းချုပ်ထားတာကြောင့်ပါ။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ မနာလို ဖြစ်သွားပေမဲ့ ဘာမှ မပြောရဲပါဘူး။ ဟန်မင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ညီငယ် မဟုတ်ပါလား။ နောက်ပြီး ဟန်မင်ရဲ့ အရည်အချင်းကလည်း ဒီနေရာအတွက် တကယ်ကို အရည်အချင်း ပြည့်မှီပါတယ်။

တိုက်ပွဲဟာ တစ်နာရီ ကြာညောင်းသွားပြီး နောက်ဆုံးမှာတော့ ဟန်မင် ရှုံးနိမ့်သွားပါတယ်။ လက်တွေ့က သိပ်တော့ အံ့ဩစရာ မရှိပါဘူး။ ဟန်မင်ရဲ့ ပြိုင်ဘက်က သာမန် မဟာတာအိုပညာရှိတစ်ပါး မဟုတ်ပါဘူး။ ဒီလိုနေ့မျိုးကို ရောက်လာဖို့ မရေမတွက်နိုင်တဲ့ အရိုးတွေအပေါ် လျှောက်လှမ်းခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ပါးပါ။

တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်ဆီ ပြန်ပို့ခံရတဲ့ ဟန်မင်ကို သွားကြိုကြပါတယ်။ တိုက်ပွဲရလဒ်ကို သိရှိပြီးနောက် သူတို့တွေဟာ ဟန်မင်ကို မနှစ်သိမ့်ကြတဲ့အပြင် ဝမ်းတောင်သာနေပါသေးတယ်။ ဟန်မင်ကလည်း ဒီလိုကြုံတွေ့ရလို့ ဘာဖိအားမှ မရှိပါဘူး။

ဟန်မင်ကို အလှောင်ဆုံးကတော့ ငရဲကြက်နက်ပါ။ ငရဲကြက်နက်ဟာ ဟန်မင်က သူ့ကို စောစောစီးစီး အဖော်မပြုလို့ မကျေမနပ် ဖြစ်နေတာပါ။

အစွမ်းအထက်ဆုံး အယောက်တစ်ရာ ထွက်ပေါ်လာဖို့က တဖြည်းဖြည်း နီးကပ်လာပါပြီ။

ဒီလိုနဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ဘုရင်တစ်ရာကို အောင်မြင်စွာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ တိတ်ဆိတ်ဂိုဏ်းထဲက မဟာတာအိုပညာရှိ မှန်သမျှ ဘုရင်တစ်ရာစာရင်းထဲမှာ နေရာယူခဲ့နိုင်ကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေထဲမှာ မဟာတာအိုပညာရှိ ဖြစ်တဲ့လူ အကုန်လုံးနီးပါးက မဟာဖန်တီးမှုစွမ်းအား မရှိရင် ပဋိပက္ခ နတ်ဘီလူးတွေချည်းပါ။ ဘယ်လိုလုပ်ပြီး အဆင့်တူထဲမှာ ရှုံးနိမ့်နိုင်မှာလဲ။

ဘုရင်တစ်ရာ ဆုံးဖြတ်ပြီးတဲ့အခါ သူတို့နာမည်တွေက အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို တုန်လှုပ်သွားစေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နောက်တစ်ဆင့် မဆက်ခင် သူတို့တွေကို တစ်လ အနားပေးပါတယ်။

နောက်တစ်ဆင့်မှာလည်း တစ်ဦးချင်း တိုက်ခိုက်ရမှာဖြစ်ပြီး ရှုံးထွက်ပါပဲ။ အလယ်မှာ တစ်ယောက်က မတိုက်ခိုက်ရဘဲ ရှေ့ဆက်တက်နိုင်မှာပါ။ ဒါပေမဲ့ ဒီလူက တန်းပြီးတော့ အကြွင်းမဲ့ဆယ်ပါးစာရင်းထဲ မဝင်နိုင်ပါဘူး။ အနိုင်ရတဲ့လူတစ်ယောက်ကို ပြန်ပြီးတော့ စိန်ခေါ်ရမှာပါ။

ဒီအဆင့်မှာ ပဋိပက္ခအစည်းအဝေးရဲ့ တိုက်ပွဲက ကမ္ဘာပျက်မတတ် ကြမ်းတမ်းမှာပါ။ ဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ ပါရမီရှင်တွေ စစ်ခင်းဖို့ တိုက်ပွဲဟင်းလင်းပြင် တစ်ခုတည်းကိုသာ ဖန်တီးပါတယ်။ ပါရမီရှင်တစ်ရာရဲ့ ဂုဏ်ကျက်သရေကို အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိတိုင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်မှာပါ။

ပထမဆုံးတိုက်ပွဲက ဟန်‌ထော်ပါ။ ဟန်ထော်ရဲ့ ပြိုင်ဘက်က ဒဏ်ခတ်သမားငါးဖော်ထဲက နောက်တစ်ပါး ဖြစ်နေပါတယ်။ ပြိုင်ဘက်နှစ်ယောက်ရဲ့ သရုပ်မှန်က ပွဲကြည့်ပရိသတ်တွေကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပြီး အန္တိမဒဏ်ခတ်နတ်မင်းက တမင်စီစဉ်တာလို့ သံသယဝင်သွားစေပါတယ်။

‘အန္တိမဒဏ်ခတ်နတ်မင်းက နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ အပြောမခံချင်တာကြောင့် ဒီလိုစီစဉ်လိုက်တာလား... ဒါပေမဲ့ ဒါက ရက်စက်လွန်းတယ်’

ဒဏ်ခတ်သမားနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တွေ့လိုက်ရတဲ့အခါ မှင်တက်သွားကြပါတယ်။

ဟန်ထော်ဟာ ရယ်မောလိုက်ပါတယ် “ညီ,လေး... ငါတို့တွေ ဒီအခြေအနေကို ကြိုတွေးထားပြီးပြီပဲ... လာ... ရပ်မနေနဲ့... မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ ပိုပျော်ရလိမ့်မယ်”

ဟေးဖာကလည်း စိတ်လှုပ်တရှား ပြန်ပြောပါတယ် “ကောင်းပါပြီ... ကျွန်တော်တို့တွေ အကြိမ်အများကြီး လက်ရည်စမ်းဖူးတယ်ဆိုပေမဲ့ ကျွန်တော် အစ်ကိုကြီးကို အမြဲတမ်း အနိုင်ယူချင်ခဲ့တာ”

ဟန်ထော်ဟာ ပထမဆုံး စတိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘက်က စပြီးတော့ မတိုက်ခိုက်ရင် ‌ဟေးဖာကလည်း တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာကို သိနေလို့ပါ။ ဒဏ်ခတ်သမားငါးဖော်က အထက်တန်းစားတွေပါ။ ပြိုင်ပွဲမှာ မတိုက်ခိုက်ဘဲ စကားပဲ ပြောနေမှာ မဟုတ်ပါဘူး။

ဟန်ထော်နဲ့ ဟေးဖာရဲ့ စွမ်းအားက သိပ်အကွာကြီးတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဟန်ထော်ထက် ဟန်ဟွမ်၊ ဟွမ်ဇွမ်တျန်၊ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိကို ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ်။ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိရဲ့ ကျင့်ကြံမှုက ထိပ်တန်းမဟုတ်ပေမဲ့ သူတို့နောက်မှာက တာအိုဖန်တီးရှင်တွေ ရှိနေပါတယ်။ သူတို့တွေက ဝူရှင်းရှစ်ကျဲ့ထက် ပိုပြီးတော့ ကြမ်းပါတယ်။ အထူးသဖြင့် ကျောက်ရွှမ်ချွမ်ပါ။

လေးငါးရက် အကြာမှာတော့ ခုနစ်ပွဲပြီးလို့ ရှစ်ပွဲမြောက်ကို ရောက်လာပါတယ်။

ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်။

ဒီတိုက်ပွဲက လူအများကြီးရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဒီလို ဆွဲဆောင်ခံရတဲ့ လူတွေထဲမှာ ဟန်ကျွယ်လည်း ပါပါတယ်။

“နှစ်ယောက်လုံးက စွမ်းအားကြီးတယ်” ဟန်လင်က ရေရွတ်လိုက်ပါတယ်။ ဟန်လင်ဟာ ကျန်းကျွယ်ရှီကို အရင်တုန်းက တွေ့ဖူးပေမဲ့ တာအိုအရှင်သခင်ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။

ဟန်ကျွယ်လည်း ဒီတိုက်ပွဲကို မျှော်လင့်ထားပါတယ်။

တာအိုအရှင်သခင်က ဒီအ‌တောအတွင်း သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာ ကျင့်ကြံအားထုတ်နေခဲ့တာပါ။ သေချာပေါက် တစ်စုံတစ်ခု အောင်မြင်ခဲ့မှာပါ။

မဟာတာအို ကံတရား အ‌ထောက်အပံ့ နတ်အခွင့်အာဏာနဲ့ မွေးရာပါ မဟာဖန်တီးမှု။

ဟင်းလင်းပြင် စစ်မြေပြင်။

ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပါတယ်။ ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ဟာ ဆုံပြီးပါပြီ။ ဒါပေမဲ့ စကားပြောခဲလှပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီလောက်မြန်မြန် ယှဉ်ပြိုင်ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ညီလေးကျန်း... ဒီနှစ်တွေမှာ မင်းနာမည်က ပဋိပက္ခမှာ တော်တော်လေး ကျော်ကြားလာတယ်၊ ငါ့ကို စိတ်မပျက်စေနဲ့၊ ငါလည်း ဟန်ထော်လိုပဲ၊ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ ပိုပြီးတော့ ပျော်ရွှင်နိုင်မှာ”

ကျန်းကျွယ်ရှီဟာ ညာလက်ကိုမြှောက်ပြီး ပြုံးလိုက်ပါတယ် “အစ်ကိုတာအို... ကျွန်တော်တို့တွေက ပညာသင်ညီအစ်ကိုတွေပဲ၊ ကျွန်တော် ယဉ်ကျေးမနေတော့ဘူး၊ ဘယ်သူပဲနိုင်နိုင် ညီလေးဟွမ်ကို ဖိအားတချို့ ပေးရလိမ့်မယ်၊ အနှိုင်းမဲ့ထိပ်ဆုံးနေရာက လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်လို့ ထင်မသွားစေနဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters