မဟာတာအိုအရှင်သခင်
Vol. 95 Ch. 998
ဟန်ကျွယ် ဆက်တွက်ဖို့ ရွေးချယ်လိုက်တဲ့အခါ သူ့သိစိတ်က ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ချောက်ကမ်းပါးစွန်း တစ်စွန်းကို တွေ့လိုက်ရပါတယ်။ ချောက်ကမ်းပါးစွန်းရဲ့ တစ်ခြားတစ်ဖက်မှာတော့ အကြွင်းမဲ့ မှောင်မိုက်နေပါတယ်။ ကမ္ဘာရဲ့ အဆုံးသတ်လိုမျိုး အလင်းရောင်မရှိဘဲ လုံးဝ မှောင်မဲနေတာပါ။
ဟန်ကျွယ်ဟာ နောက်လှည့်ကြည့်လိုက်တဲ့အခါ အဆုံးမရှိတဲ့ မြေပြန့်ကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ တာအိုရှာဖွေသူတွေဟာ မြေကြီးပေါ်မှာ ဒူးထောက်ပြီး နဖူးနဲ့ မြေကြီးထိထားကြပါတယ်။ သူတို့တွေဟာ ကမ္ဘာမြေအဆုံးအထိ ပျံ့နှံ့တည်ရှိနေပြီး အဆုံးမဲ့ ပဋိပက္ခချီတွေကြား နစ်မြုပ်နေပါတယ်။
တစ်ချက်ကြည့်လိုက်ရင် မျိုးနွယ်စုပေါင်းစုံက ကျင့်ကြံသူပေါင်း အနည်းဆုံး ဆယ်သန်းရှိပါတယ်။ သူတို့တွေ အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူထားပြီး ဗလာနယ်မြေကို ရှိခိုးနေကြပါတယ်။
‘ဒီကောင်တွေ ဘာတွေလုပ်နေတာလဲ... အနာဂတ် တာအိုအရှင်သခင် ပေါ်လာတာကို စောင့်နေကြတာလား...’ ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
ဒီအချိန်မှာ ချောက်ကမ်းပါးနဲ့ အနီးဆုံး ကျင့်ကြံသူက ရုတ်တရက် ခေါင်းမော့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကျင့်ကြံသူက အရင်က မြင်ဖူးပါတယ်။ အရင်တုန်းက ဟန်ကျွယ်ကို မဟာတာအိုပညာရှိ တစ်သန်း ဝိုင်းတိုက်တုန်းက ဒီလူလည်း ပါပါတယ်။ ဒီလူက မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါး ဖြစ်ပြီး သူ့ကျင့်ကြံမှုက မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ မလှမ်းတော့ပါဘူး။
“ရှေးဟောင်း မဟာတာအိုအရှင်သခင်... အရှင် ရှိနေသေးရင် ကျေးဇူးပြုပြီး နတ်စွမ်းအားကို ပြသတော်မူပါ၊ ပျက်စီးယိုယွင်းနေတဲ့ ပဋိပက္ခက ထပ်ပြီးတော့ အန္တရာယ်တွေ့နေပါပြီ၊ ကျွန်တော်တို့ မဟာတာအိုပညာရှိတွေ ဒီဘေးအန္တရာယ်ကို မဖြေရှင်းနိုင်လို့ ရှက်ရွံ့မိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးတော်မူပါ...”
မဟာတာအို နတ်စိတ်ဝိညာဉ်ဟာ ဒူးထောက်ရင်း ဝမ်းနည်းတပန်း မြည်တမ်းပါတယ်။
ဟန်ကျွယ်ဟာ ပိုပြီးတော့ ထူးဆန်းသွားပါတယ် ‘မဟာတာအို နတ်စိတ်ဝိညာဉ်က ဘာဖြစ်လို့ ဒီလို ပြုမူနေရတာလဲ... ကျိုးပဲ့နေတဲ့ ပဋိပက္ခ... ဒါက ပဋိပက္ခ တော်လှန်ခံရပြီး အနာဂတ်လား... တာအိုအရှင်သခင်က ဘယ်လိုလုပ်ပြီး ပဋိပက္ခရဲ့ အစောင့်အရှောက် ဖြစ်သွားတာလဲ...’
ဒီအချိန်မှာပဲ ဗိုလ်ကျလွန်းတဲ့ ရောင်ဝါနှစ်ဝါဟာ ဗလာနယ်မြေနက်ထဲကနေ ထွက်ပေါ်လာပါတယ်။ ဒီရောင်ဝါက မဟာတာအိုပညာရှိချုပ်ထက် အများကြီး သာလွန်ပါတယ်။
ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ ကြောက်မက်ဖွယ် ရုပ်သွင်တစ်သွင်က ချောက်ကမ်းပါးစွန်းကနေ မြင့်တက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်က ငွေရောင်တွေ တလက်လက် တောက်ပနေတဲ့ ရုပ်သွင်တစ်သွင်ပါ။ ဟန်ကျွယ်နဲ့ ကျင့်ကြံသူဆယ်သန်းကျော်ဟာ ဒီရုပ်သွင်ရှေ့မှာ အလွန်တရာမှ ငေးငယ်လှပါတယ်။ ဖုန်မှုန့်လောက်တောင် မရှိပါဘူး။
ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဒီကြောက်မက်ဖွယ်ရုပ်သွင် အထက်မှာ မျက်လုံးတစ်စုံ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီမျက်လုံးတွေက အလွန်တရာ အေးစက်ပြီး မျက်လုံးဘေးမှာလည်း မီးလျှံတွေ တောက်လောင်နေပါတယ်။ ဒီမျက်လုံးတွေနဲ့ ကြောက်မက်ဖွယ် ရုပ်သွင်ကြားမှာ နေရာတစ်ခု ခြားနေပါတယ်။
အကြောင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ဒီနှစ်ယောက်က ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်နဲ့ တူတယ်လို့ ခံစားလိုက်ရပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်ဟာ ဒီနှစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ စိတ်လှုပ်ရှားသွားပါတယ် “အရှင်နှစ်ပါး... မဟာတာအိုအရှင်သခင် သဘောတူလိုက်ပါပြီလား...”
ရှေးကျပြီး အေးစက်တဲ့အသံ တစ်သံ ထွက်ပေါ်လာပါတယ် “မဟာတာအို အရှင်သခင်က ဆရာသခင်ရှေ့မှာ တာအိုနားထောင်နေတယ်၊ ပဋိပက္ခကိစ္စကို ငါတို့တာဝန်ထားလိုက်”
‘ဆရာသခင်... ဖန်တီးရှင်သခင်... ငါက တာအိုဖန်တီးရှင်သခင် ဖြစ်သွားပြီလား...’ ဟန်ကျွယ်ဟာ ဒီဖြစ်နိုင်ခြေကလွဲပြီး တခြားဖြစ်နိုင်ခြေကို စဉ်းစားလို့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက တာအိုအရှင်သခင်နဲ့တော့ အဆင့်တူမှာ မဟုတ်ပါဘူး။
“ဒါပေမဲ့ တစ်ခြားလူက မဟာတာအိုကမ္ဘာရဲ့ သခင်၊ သူ့ကျင့်ကြံမှုက မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားပြီ၊ သူက မဟာတာအိုပညာရှိချုပ်တွေကို စိန်ခေါ်တယ်၊ စိန်ခေါ်မှုကို လက်မခံရင် ပဋိပက္ခကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တယ်” မဟာတာအို နတ်စိတ်ဝိညာဉ်က စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။ သူ့လေသံက တောင်းပန်တိုးလျှိုးမှုနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ နှိမ့်ချမှုကိုကြည့်ပြီး ရင်ထဲမှာ တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ်။ သူ့ခေတ်မှာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အထင်ကြီးဖို့ ကောင်းနေသေးတယ် မဟုတ်ပါလား။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဒီလိုဖြစ်သွားရတာက ပဋိပက္ခ ဖျက်ဆီးခံရပြီး မဟာတာအို ကမ္ဘာတွေ အများကြီးပေါ်လာတာကြောင့် ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။
‘ကျွတ်..ကျွတ်... ငါက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ... ပဋိပက္ခရဲ့ အထက် ကန့်သတ်စည်းကို တစ်ယောက်တည်း မလိုက်တယ်’
ပဋိပက္ခကို တော်လှန်ချင်ရင် နဝမပဋိပက္ခထက် စွမ်းအားကြီးမှပဲ ရပါလိမ့်မယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံးမှာ နဝမပဋိပက္ခကို ဖိနှိပ်ဖို့ အရည်အချင်းရှိတဲ့လူက သူကလွဲပြီး တခြားလူကို မမြင်ပါဘူး။
ရှေးကျပြီး အေးစက်တဲ့အသံက ထပ်မံထွက်ပေါ်လာပါတယ် “ငါပြောပြီးလေ... ဒီကိစ္စကို ငါတို့တာဝန်ထားလို့၊ မဟာတာအိုကမ္ဘာရဲ့သခင်က စွမ်းအားကြီးတာ အမှန်ပဲ၊ ဒါပေမဲ့ တစ်ချိန်တုန်းက သူက ငါတို့နဲ့ မျိုးဆက်အတူတူပဲ၊ ငါတို့တွေ သူ့ကို အနိုင်ယူနိုင်တယ်”
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဘာလဲဟ... ငါ တာအိုအရှင်သခင်ကိုတောင် မမြင်လိုက်ရဘူး... ဒါက ဘယ်လိုလုပ်ပြီး တာအိုအရှင်သခင်ရဲ့ အစွမ်းအထက်ဆုံး အခြေအနေ ဖြစ်နိုင်မှာလဲ...’ ဟန်ကျွယ်ဟာ အလိမ်ခံရတယ်လို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[တာအိုအရှင်သခင်: တာအိုဖန်တီးရှင် အလယ်အဆင့်၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ သခင်၊ ဖန်တီးရှင်သခင်၏ တပည့်ရင်း၊ မဟာတာအိုအရှင်သခင်။ အဆုံးမဲ့ခေတ်အား များစွာ အကျိုးဆောင်ခဲ့သဖြင့် မဟာတာအိုအရှင်သခင်ဘွဲ့အား ဖန်တီးရှင်သခင်မှ အပ်နှင်းခဲ့သည်။ သူသည် မဟာတာအိုကမ္ဘာ အားလုံးကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်သည်။]
‘အံဖွယ်ပဲ... ဒါ အနာဂတ် တာအိုအရှင်သခင်လား... တော်တော်ကြမ်းတာပဲ’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အဲဒီမှာ ငါက တာအိုအရှင်သခင်လား”
[ကံတရားသည် အချိန်မရွေး ပြောင်းလဲနိုင်သည်။ သင့်အနာဂတ်အား သင် မတွက်ချက်နိုင်ပါ။ ခန့်မှန်း၍သာ ရနိုင်သည်။]
‘ဟွန်း... သုံးစားလို့ကို မရဘူး’
“ဖေဖေ... အစ်ကိုကျန်း ရှုံးသွားတာက ဖေဖေကို မပျော်မရွှင် ဖြစ်စေတာလား” ဟန်လင်က ရုတ်တရက် မေးလိုက်ပါတယ်။
ဒီတော့မှ ဟန်ကျွယ်ဟာ မျက်မှောင်ကို ဖြေလျှော့ပြီး ပြုံးလိုက်ပါတယ် “မဟုတ်ပါဘူး... ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး တစ်ခု တွေးမိလိုက်လို့ပါ”
ဟန်လင်ဟာ နားလည်သွားပါတယ်။
ဒီအချိန် ခန်းမထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တာအိုအရှင်သခင်အကြောင်း ဆွေးနွေးနေကြတုန်းပါ။ တာအိုအရှင်သခင်က ဒီပဋိပက္ခ အစည်းအဝေးမှာ သေချာပေါက် မြင်းနက်ပါ။ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို တာအိုအရှင်သခင် တိုက်ခိုက်နိုင်လောက်တယ်လို့ ထင်ကြေးပေးကြပါတယ်။
ကောင်းကင်ထက်က တိုက်ပွဲနေရာမှာ ပါရမီရှင်တစ်တွဲ ပြောင်းသွားပါတယ်။ ဒီထဲက တစ်ယောက်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ပဋိပက္ခ နတ်ဘီလူးပါ။
အကြွင်းမဲ့ဆယ်ပါး မြို့တော်ရဲ့ ဆွေးနွေးမှုတွေကတော့ တိတ်ဆိတ်ဂိုဏ်းနားမှာပဲ ရစ်ဝဲနေပါတယ်။
“ကျွတ်..ကျွတ်... တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုအရှင်သခင်က တိတ်ဆိတ်ဂိုဏ်းရဲ့ ကျန်းကျွယ်ရှီကို အနိုင်ယူလိုက်တယ်၊ တိတ်ဆိတ်ဂိုဏ်းမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အများကြီးရှိတာပဲ”
“တိတ်ဆိတ်ဂိုဏ်းက အကြွင်းမဲ့ဆယ်ပါး နေရာအကုန်လုံးကို သိမ်းပိုက်သွားမှာလား မသိဘူး”
“မဖြစ်နိုင်လောက်ဘူး... ဝူရှင်းရှစ်ကျဲ့က အနည်းဆုံး တစ်နေရာ ဒါမှမဟုတ် အနှိုင်းမဲ့ထိပ်ဆုံးနေရာကိုတောင် ရနိုင်တယ်၊ သူ အောင်မြင်တာနဲ့ ကျန်တဲ့ကိုးနေရာက တိတ်ဆိတ်ဂိုဏ်းလက်ထဲမှာ ရှိရင်တောင် သူ့ဂုဏ်သတင်းက ဘယ်ဟာမှ လိုက်မီမှာ မဟုတ်ဘူး”
“တိတ်ဆိတ်ဂိုဏ်းက တကယ်ကို စွမ်းအားကြီးတယ်၊ ဘာဖြစ်လို့ ပဋိပက္ခ နတ်ဘီလူးတွေ ဒီလောက်တောင် ရှိနေရတာလဲ မသိဘူး”
“ငယ်လူ... မင်း မသိသေးဘူးနဲ့ တူတယ်၊ ဟိုးတစ်ချိန်တုန်းက ပြီးခဲ့တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ထိန်းချုပ်ပြီး ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်ခဲ့တယ်၊ အဲဒီတုန်းက ပဋိပက္ခ နတ်ဘီလူးတွေကို ကယ်တင်ခဲ့တာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ ဒီတော့ ပဋိပက္ခနတ်ဘီလူးတွေ သူ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုတာ မဆန်းပါဘူး”
“ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ လက်ဝါးတစ်ချက်ကိုတောင် မခံနိုင်တာ တွေးမိတိုင်း ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကြည်ညိုလေးစားမိတယ်”
ဒီတိုက်ပွဲက သူမသာကိုယ်မသာ ဖြစ်နေပါတယ်။ ကြည့်ရတဲ့ မြင်ကွင်းက ခမ်းနားထည်ဝါပေမဲ့ ပြီးခဲ့တဲ့ တိုက်ပွဲနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ အထူးသဖြင့် အချိန်ကြာလာလေလေ ကြည့်ရတာ ရိုးလာလေလေပါပဲ။
ခြံဝင်းထဲမှာ တာအိုအရှင်ဟာ စိတ်ဓာတ် တက်ကြွနေပြီး တပည့်ရောင်းရင်းတွေ ဝန်းရံတာကို ခံနေရပါတယ်။
ကျန်းကျွယ်ရှီဟာ ရှုံးနိမ့်သွားလို့ စိတ်ဓာတ်မကျပါဘူး။ တာအိုအရှင်သခင်ကိုသာ ငေးမောပြီး ကြည့်နေပါတယ်။
ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီဆီ လျှောက်လာပြီး ပခုံးပုတ်လိုက်ပါတယ် “ဘာမှမဖြစ်ဘူး... ကျွန်တော် သူ့ကို အစ်ကိုအတွက် အနိုင်ယူပေးမယ်”
ကျန်းကျွယ်ရှီဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ငါ ဘာမှမဖြစ်ပါဘူး၊ ဆရာသခင်ပြောတဲ့ အရာတစ်ခုကို တွေးမိလိုက်လို့ပါ”
“ဘာကိုတွေးမိတာလဲ” ဟန်ဟွမ်ဟာ သိချင်လို့ စပ်စုလိုက်ပါတယ်။
“ငါက တပည့်တွေထဲမှာ ထိပ်တန်းဆယ်ယောက် စာရင်းထဲ ဝင်ရုံပဲ ရှိတယ်လို့ ဆရာသခင်က ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်၊ အခု ငါ ဆရာသခင် ပြောတာကို ယုံသွားပြီ၊ ညီလေးဟွမ်... မင်းလည်း သူတို့ကို လျှော့တွက်နေတာ ရပ်သင့်ပြီ၊ ငါတို့တွေရဲ့ ရင်းနှီးမှုကြောင့် ငါတို့က သူတို့ရဲ့ စွမ်းအားအမှန်ကို မသိနိုင်တာ”
ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။
ငရဲကြက်နက်က သူတို့ဆီ လျှောက်လာပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်... တကယ်တော့ ငါက ရည်ရွယ်ချက်ရှိရှိ အရှုံးပေးလိုက်တာ၊ ဒီထဲမှာ ငါ့ရဲ့ဝါစဉ်က တော်တော်ကြီးတယ်၊ အဲဒီတော့ ငါ မင်းတို့ကို အနိုင်ယူလိုက်ရင် ကြည့်မကောင်းဘူး၊ အဲဒါကြောင့် မင်းတို့နဲ့ မတွေ့ခင် ငါ တစ်ခါတည်း အရှုံးပေးလိုက်တာ”
နောက်လိုက်လာတဲ့ ပဋိပက္ခ ကောင်းကင်ခွေးကလည်း အော်ပြောလိုက်ပါတ် “အစ်ကိုကြက်က ပြိုင်ဘက်ကင်းတယ်”
ဒါကို ကြားလိုက်ရတဲ့ ကျန်းကျွယ်ရှီဟာ ရယ်မောလိုက်ပြီး ဟန်ဟွမ်ကတော့ ဆွံ့အသွားပါတယ်။
ဟန်ချင်းအာကတော့ ပြုံးလိုက်ပါတယ် “အစ်ကိုကျန်းကလည်း အတော်လေး စွမ်းအားကြီးနေပါပြီ၊ ဒါပေမဲ့ အစ်ကိုတာအိုက ဖေဖေရဲ့ လက်အောက်မှာ အချိန်အကြာကြီး ရှိနေခဲ့တာလေ၊ နောက်ပဋိပက္ခ အစည်းအဝေးကျရင် အစ်ကိုကျန်းက ကျိန်းသေပေါက် အနိုင်ယူနိုင်မှာ”
“အကြွင်းမဲ့ဆယ်ပါးက နောက်ပဋိပက္ခ အစည်းအဝေးမှာ ဝင်မပြိုင်လောက်တော့ဘူး၊ သူတို့ကိုယ်သူတို့ သက်သေပြပြီးလေ”
ပဋိပက္ခ အစည်းအဝေးရဲ့ စည်းကမ်းအရ အနှိုင်းမဲ့ထိပ်ဆုံးနေရာကတော့ နောက်တစ်ခါ လုံးဝ ဝင်ပြိုင်လို့ မရတော့ပါဘူး။
“မင်းတို့ရဲ့ နှစ်သိမ့်ပေးမှုအတွက် ကျေးဇူးပဲ” ကျန်းကျွယ်ရှီဟာ ညင်သာစွာ ပြုံးလိုက်ပါတယ်။
ကောင်းကင်က တိုက်ပွဲဟာ လေးငါးဆယ်နာရီ ကြာသွားပါတယ်။ နောက်ဆုံးမှာတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ ပဋိပက္ခ နတ်ဘီလူး ရှုံးသွားပါတယ်။ ဘုရင်တစ်ရာအတွင်း ယှဉ်ပြိုင်တဲ့ပွဲမှာ တိတ်ဆိတ်ဂိုဏ်းက တစ်ခါမှ မရှုံးဘူးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်မထိန်းထားနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ဒါ သာမန်ပဲလို့ ခံစားလိုက်ရပါတယ်။ ဒီအခြေအနေအထိ ရောက်အောင် လာနိုင်တဲ့လူ အကုန်လုံးက ပါရမီရှင်တွေပါ။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေ အချင်းချင်း မတွေ့ဖို့ပဲ ဆုတောင်းလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဆုတောင်း မပြည့်ပါဘူး။
နောက်ထပ် တိုက်ပွဲက ကျောက်ရွှမ်ယွမ်နဲ့ ချူရှီရန်ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။