← Chapters

တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အား

Vol. 95 Ch. 999

တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အား

Vol. 95 Ch. 999

ချူရှီရန်ဟာ ကျောက်ရွှမ်ယွမ်နဲ့ တိုက်ခိုက်ပါတယ်။ ယုတ္တိကျကျ ပြောရရင် ကျောက်ရွှမ်ယွမ်က ချူရှီရန်ထက် စွမ်းအားပိုကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ယွမ်က ဒီအတောအတွင်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးသပ်နားလည်နေခဲ့လို့ပါပဲ။

ဒါပေမဲ့ အမှန်တရားက ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။ ချူရှီရန်ဟာ ကျောက်ရွှမ်ယွမ်ကို အနိုင်ရသွားပါတယ်။

ကျောက်ရွှမ်ယွမ်ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ အာဏာက တာအိုအရှင်သခင်ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာထက် သိသိသာသာ နိမ့်ကျနေပြီး ချူရှီရန်ရဲ့ ဗုဒ္ဓဓမ္မက မဟာတာအိုပညာရှိချုပ်အဆင့်ကို ရောက်နေပါပြီ။ ချူရှီရန်က မဟာတာအိုပညာရှိ ကနဦးအဆင့်မှာပဲ ရှိနေသေးပေမဲ့ သူ့ဓမ္မစွမ်းအားက မဟာတာအိုပညာရှိ နောက်ဆုံးအဆင့်ကို ရောက်နေသလိုပါပဲ။ တကယ်ကို မှော်ဆန်ပါတယ်။

ဒါပေမဲ့ ကျောက်ရွှမ်ယွမ်က နာမည်သိပ်မကြီးတဲ့အတွက် ချူရှီရန်ဟာ တာအိုအရှင်သခင်လိုမျိုး ရုတ်ရုတ်သဲသဲတော့ မဖြစ်စေပါဘူး။ သက်ရှိအများစုဟာ ချူရှီရန်ကို အကြွင်းမဲ့ဆယ်ပါးအတွက် ယှဉ်ပြိုင်နိုင်တဲ့ စာရင်းထဲတောင် မထည့်ကြပါဘူး။

တိုက်ပွဲက ဆက်လက် ဖြစ်ပွားပါတယ်။

တိတ်ဆိတ်ဂိုဏ်းတပည့်တွေက အများဆုံး နှစ်ပွဲပြီးတိုင်း ပေါ်လာတဲ့အတွက် အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက ပွဲကြည့်ပရိသတ်တွေကို သက်ပြင်းချသွားစေပါတယ် ‘ပဋိပက္ခအစည်းအဝေးသာ မကျင်းပဖြစ်ခဲ့ရင် တိတ်ဆိတ်ဂိုဏ်းက ဘယ်အချိန်အထိ သူ့အင်အားကို ဝှက်ထားဦးမှာလဲ’

ဟန်လင်လည်း အံ့ဩတုန်လှုပ်သွားပါတယ်။ ဟန်လင်ဟာ သူ့အဖေလက်အောက်မှာ ဒီလောက်များတဲ့ ပါရမီရှင်တွေ ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက ပဋိပက္ခရဲ့ထိပ်တန်း ပါရမီရှင်တစ်ရာကျော်ထဲမှာ နေရာနှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားပါတယ်။

ဟန်လင်ဟာ သူ့အဖေကို ကြည့်လိုက်တဲ့အခါ သူ့အဖေရဲ့ မျက်နှာက ဘာအပြောင်းအလဲမှ မရှိဘဲ တည်ငြိမ်နေတာကို တွေ့လိုက်ရပါတယ်။

လဝက်ကြာပြီးနောက်...

ပါရမီရှင် ၂၅ ပါးပဲ ကျန်ပါတော့တယ်။ ဒီထဲမှာ တစ်ယောက်က မတိုက်ခိုက်ဘဲ ကျော်ဖြတ်နိုင်မှာပါ။ ကံကောင်းစွာပဲ ဒီအခွင့်အရေးကို ကျောက်ရွှမ်ချွမ်က ရရှိသွားပါတယ်။ အဲဒီနောက် တိတ်ဆိတ်ဂိုဏ်းသား အချင်းချင်း ရင်ဆိုင်တွေ့တာက တိုးလာပါတယ်။

ကွမ်းပုပိုင်ဟာ သွေးသားနတ်ဘီလူးနဲ့ တိုက်ခိုက်ပြီး အနိုင်ရသွားပါတယ်။

လီယောင်က ကျို့ယင်နတ်ဘီလူးနဲ့ တိုက်ခိုက်ပြီး အနိုင်ရသွားပါတယ်။

ကောင်းကင်နက္ခ နတ်ဘီလူးက ကျန်းယီနဲ့ တိုက်ခိုက်ပြီး အနိုင်ရသွားပါတယ်။

အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ ခြံဝင်းထဲမှာ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်ဟာ တာအိုအရှင်သခင်ကို ဝန်းရံနေကြပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာတော့ တခြား တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ တိုက်ပွဲကို မော့ကြည့်နေကြပါတယ်။

“ကျွတ်..ကျွတ်... ညီအစ်ကိုသုံးယောက်မှ မင်းတစ်ယောက်ပဲ အကြွင်းမဲ့ဆယ်ပါးအထိ ကျန်နေခဲ့လိမ့်မယ်လို့ ထင်မထားဘူး” လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ်။ လောင်တန်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ကို နှစ်ပေါင်းဆယ်သန်းကြာအောင် အဖော်ပြုခဲ့တာကြောင့် သူတို့ရဲ့ အရည်အချင်းကို အသိဆုံးပါ။ လောင်တန်ဟာ ပထမတော့ တာအိုအရှင်သခင်တို့ သုံးယောက်စလုံး အကြွင်းမဲ့ဆယ်ပါးစာရင်းထဲ ဝင်လိမ့်မယ်လို့ တွေးထားခဲ့တာပါ။

အခုတော့...။

ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ဒါက ပုံမှန်ပဲ၊ ဆရာသခင်က သူ့တပည့်တွေကို အမြဲတမ်း ဂရုစိုက်တယ်၊ ဆရာသခင်ရဲ့ ကျင့်ကြံမှု ဆက်တိုးတာနဲ့ တာအိုစက်ကွင်းထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီကလည်း တိုးလာတယ်၊ တစ်ခါတစ်လေကျရင် ဆရာသခင်က တာအိုဟောကြားတယ်၊ ဒီလိုအခြေအနေအောက်မှာ ခွေးတွေကြောင်တွေတောင် ဘုံပျံတက်နိုင်တယ်”

မျက်လုံးနှစ်စုံက တာအိုအရှင်သခင်ဆီ ရောက်လာပါတယ်။ တာအိုအရှင်သခင်ဟာ သိပေမဲ့ ဂရုမစိုက် လျစ်လျူရှုထားလိုက်ပါတယ်။

လောင်တန်ဟာ တိတ်ဆိတ်ဂိုဏ်းက မဟာတာအိုပညာရှိတွေကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ဒီအကြွင်းမဲ့ဆယ်ပါးမှာ တိတ်ဆိတ်ဂိုဏ်းက ထက်ဝက်လောက် နေရာယူလိမ့်မယ်”

လောင်တန်ဟာ ရုတ်တရက်ဆိုသလို ကောင်းကင်အရှင်ရွှမ်တုက ပညာတကယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်လိုမျိုး နောက်ခံရှိတာက ရွမ်လိန့်ကျောင်းတော်မှာ နေတာထက်စာရင် အများကြီး အလားအလာ ပိုကောင်းပါတယ်။

အကြွင်းမဲ့ဆယ်ပါးအတွက် တိုက်ပွဲက ဆက်လက် ဖြစ်ပွားပါတယ်။

အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲက ပွဲကြည့်ပရိသတ်တွေဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်မျိုးစုံ ထုတ်ကြပါတယ်။ လောင်းကြေးလည်း ထပ်ကြပါတယ်။ ဒီထဲမှာ ပြောစရာရှိတာက ဟန်ဟွမ်ရဲ့ ထောက်ပံ့နှုန်းဟာ အမြင့်ဆုံး မဟုတ်ပါဘူး။ အမြင့်ဆုံး ထောက်ပံ့နှုန်းက ဝူရှင်းရှစ်ကျဲ့ပါ။

ဝူရှင်းရှစ်ကျဲ့က စွမ်းအားကြီးလွန်းပါတယ်။ တိုက်ပွဲတိုင်းက ခပ်မြန်မြန် အဆုံးသတ်ပစ်တာချည်းပါပဲ။ အရေးအကြီးဆုံးကတော့ ပြိုင်ဘက်တွေ သူ့ကို ထိတောင် မထိနိုင်တာပါ။

ဟန်ဟွမ်နဲ့ တာအိုအရှင်သခင်က ဒုတိယနဲ့ တတိယ နေရာမှာပါ။

.....

ပဋိပက္ခရဲ့ အစွန်းမှာ အတိုင်းမသိ မြူခိုးတွေကြား ရောင်ဝါနက်တွေ လိမ့်ထွက်လာပါတယ်။ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် ဒီရောင်ဝါနက်တွေက မြေကြီးပေါ်မှာရှိတဲ့ တွင်းနက် ဒါဇင်ကျော်ကနေ ထွက်ပေါ်လာတယ် ဆိုတာကို တွေ့မြင်နိုင်မှာပါ။

ရောင်ဝါနက်ဟာ ပြင်းထန်စွာ လိမ့်ထွက်လာပြီး ဒီထဲမှာ ပေါလောမျောနေတဲ့ ရုပ်သွင်တစ်သွင်ကို ဝိုးတိုးဝါးတား တွေမြင်နိုင်ပါတယ်။ ဒီရုပ်သွင်ဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ကျယ်ပြန့်သွားပြီး မကြာခင်မှာပဲ ရောင်ဝါနက်ထဲ ပုန်းအောင်းနေတဲ့ တောင်ဘီလူးကြီးလို ဖြစ်သွားပါတယ်။

“ပဋိပက္ခ... တော်လှန်ဖို့ အချိန်တန်ပြီ...” အသံဩဩကြီးဟာ တစ်လုံးချင်း ထွက်ပေါ်လာပါတယ်။ သူ့အသံက ကမ္ဘာမကျေရန်ငြိုးတွေ ပြည့်နှက်နေပါတယ်။

.....

ခန်းမထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ မုရုံချီအကြောင်းကို ဆွေးနွေးနေကြပါတယ်။ မုရုံချီက တိတ်ဆိတ်ဂိုဏ်းရဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးကို အနိုင်ပြီးရုံပဲ ရှိပါသေးတယ်။ သူက နောက်တိုက်ပွဲတစ်ပွဲကို နိုင်တာနဲ့ အကြွင်းမဲ့ဆယ်ပါးစာရင်းထဲ ဝင်မှာပါ။

ဟန်ကျွယ်ရဲ့ မုရုံချီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်အားရသွားပါတယ်။ ဟန်ကျွယ်ဟာ တပည့်တော်တော်များများက သူ့ကို အံ့အားသင့်စေတာကို ရှာတွေ့သွားပါတယ်။

နောက်ထပ် တိုက်ပွဲပြီးတဲ့အခါ ပဋိပက္ခအစည်းအဝေးမှာ ၁၃ ယောက်ပဲ ကျန်ရှိပါတော့တယ်။ ဒီထဲမှာ ကျောက်ရွှမ်ချွမ်က လွတ်ငြိမ်းခွင့် ရထားခဲ့ပါတယ်။

နောက်ဆုံးတိုက်ပွဲက တိတ်ဆိတ်ဂိုဏ်းသား အချင်းချင်း ပြိုင်တိုက်တာ မဟုတ်ဘဲ နေ့ဝက် ကြာပါတယ်။ အခု အနိုင်ရသူ ၁၂ ယောက်ထဲမှာ ၇ ယောက်က တိတ်ဆိတ်ဂိုဏ်းကပါ။ ဟန်ဟွမ်၊ တာအိုအရှင်သခင်၊ ကွမ်းပုပိုင်၊ ချူရှီရန်၊ လီယောင်၊ မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးတို့ ဖြစ်ပါတယ်။ လွတ်ငြိမ်းခွင့်ရထားတဲ့ ကျောက်ရွှမ်ချွမ်ကိုပါ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ရှစ်ယောက်ပါ။

ဒီလိုကြောက်မက်ဖွယ် လွှမ်းမိုးနိုင်မှုက အင်အားစုအသီးသီးကို တုန်ယင်သွားစေပါတယ်။ သူတို့တွေဟာ တိုက်ပွဲတိုင်းကို စောင့်ကြည့်ခဲ့တာမလို့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရှစ်ယောက်က ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက တိတ်ဆိတ်ဂိုဏ်းကို တမင် မျက်နှာသာ မပေးပါဘူး။ မဟုတ်ရင် တိတ်ဆိတ်ဂိုဏ်းသား အချင်းချင်း တွေ့တာက ဒီထက် အများကြီး လျော့ကျသွားမှာပါ။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရှစ်ယောက်စလုံးက သူတို့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို တက်နင်းပြီး ဒီအဆင့်ထိ ရောက်လာနိုင်ခဲ့တာပါ။

“လက်ရှိမှာ ပါရမီရှင် ၁၃ ပါးက အကြွင်းမဲ့ဆယ်ပါးနေရာအတွက် ယှဉ်ပြိုင်နေတယ်၊ ကျောက်ရွှမ်ချွမ်၊ လီယောင်နဲ့ ချူရှီရန်က ကျင့်ကြံမှု အနိမ့်ဆုံးဆိုတော့ နှစ်သက်ရာ ပြိုင်ဘက်ကို ရွေးချယ်ကြပါ၊ အနိုင်ရတဲ့လူက အကြွင်းမဲ့ဆယ်ပါးစာရင်းထဲဝင်ပြီး မဟာတာအို နတ်စိတ်ဝိညာဉ် အဖြစ် အပ်နှင်းခံရမယ်၊ ရှုံးနိမ့်တဲ့လူကတော့ ပြိုင်ပွဲကထွက်ရပြီး ဘုရင်တစ်ရာစာရင်းထဲ ဝင်လိမ့်မယ်” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ မြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားပြီး သက်ရှိတွေကို စိတ်ဝင်တစား ဆွေးနွေးသွားစေပါတယ်။

ဒီသုံးယောက်စလုံးက တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေပါ။ သူတို့သာ တိတ်ဆိတ်ဂိုဏ်း မဟုတ်တဲ့ တခြားပါရမီရှင်လေးပါးကို စိန်ခေါ်ပြီး အနိုင်ရသွားမယ်ဆိုရင် အကြွင်းမဲ့ဆယ်ပါးမှာ ကိုးပါးက တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေ ဖြစ်သွားမှာပါ။

ဒီအချိန်မှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ အံ့ဩတုန်လှုပ်သွားကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ လက်ဝှေ့ယမ်းပြီး ပါရမီရှင် ၁၃ ပါးကို ခန်းမထဲ ရွှေ့လိုက်ပါတယ်။

ပါရမီရှင် ၁၃ ပါးဟာ မှင်တက်သွားကြပြီး ဘက်ပေါင်းစုံကလာနေတဲ့ ကြောက်မက်ဖွယ် ရောင်ဝါတွေကို ခံစားမိလိုက်ကြပါတယ်။ သူတို့တွေ မော့ကြည့်လိုက်တဲ့အခါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အန္တိမဒဏ်ခတ်နတ်မင်းက အထက်စီးကနေ သူတို့ကို ငုံ့ကြည့်နေတာ တွေ့လိုက်ရပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း “ကျောက်ရွှမ်ချွမ်၊ လီယောင်၊ ချူရှီရန်... မင်းတို့သုံးယောက် ကိုယ့်ပြိုင်ဘက် ကိုယ်ရွေးကြ”

သူတို့သုံးယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တုံ့ဆိုင်းသွားကြပါတယ်။ တစ်ဂိုဏ်းတည်းသားချင်း စိန်မခေါ်သင့်ပေမဲ့ ကျန်တဲ့လေးယောက်ရဲ့ ကျင့်ကြံမှုတွေက သူတို့ထက် အများကြီး မြင့်မားနေပါတယ်။ ကျန်တဲ့လေးယောက်မှာ အားအနည်းဆုံးက မဟာတာအိုပညာရှိ နောက်ဆုံးအဆင့်ပါ။ ဒီထဲမှာ နှစ်ယောက်က မဟာတာအိုပညာရှိချုပ်တွေပါ။ ဘယ်သူပဲရင်ဆိုင် ရင်ဆိုင် သေမဲ့ကိန်းပါ။

ဟန်ကျွယ် “မင်းတို့ စိတ်ထဲရှိတဲ့အတိုင်း ရွေးချယ်ကြ၊ ဒီအထိရောက်လာမှတော့ မင်းတို့တွေ ကိုယ့်အတွက် ကိုယ်တွေးသင့်တယ်”

ဒီတော့မှ ကျောက်ရွှမ်ချွမ်၊ လီယောင်နဲ့ ချူရှီရန်တို့ဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တိတ်ဆိတ်သွားကြပါတယ်။ သူတို့တွေ ဘာတွေးနေတယ်ဆိုတာတော့ သူတို့ပဲ သိပါလိမ့်မယ်။

“အစ်ကိုကွမ်း... ကျွန်တော် အစ်ကိုကွမ်းကို စိန်ခေါ်တယ်” ကျောက်ရွှမ်ချွမ်ဟာ ရှေ့တစ်လှမ်းတိုးပြီး ကွမ်းပုပိုင်ကို လက်ညှိုးထိုးလိုက်ပါတယ်။

ကွမ်းပုပိုင်ဟာ မျက်ခုံးပင့်တက်သွားပြီး စိတ်ထဲမှာ မပျော်မရွှင် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ချွမ်က သူ့ကို အားအနည်းဆုံးလို့ သဘောထားတာကြောင့်ပါ။ ဒါပေမဲ့ ကွမ်းပုပိုင်ဟာ ဘာမှမပြောဘဲ ခေါင်းညိတ် လက်ခံလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ချက်ချင်းပဲ သူတို့နှစ်ယောက်ကို တိုက်ခိုက်ရမဲ့နေရာဆီ ပို့လိုက်ပါတယ်။

တိုက်ပွဲက စတင်ပါတော့မယ်။

ဟန်လင်က မေးလိုက်ပါတယ် “ဖေဖေ... ဘယ်သူနိုင်မယ်လို့ထင်လဲ”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ဘာမှ မပြောပါဘူး။ ကျင့်ကြံမှုနဲ့ စွမ်းဆောင်ရည်အရ ကွမ်းပုပိုင်ဟာ ကျောက်ရွှမ်ချွမ်ထက် စွမ်းအား နည်းနည်း ပိုကြီးပါတယ်။ ဒါပေမဲ့ ကျောက်ရွှမ်ချွမ် ခိုးဆော့တာကို တားနိုင်မှာ မဟုတ်ပါဘူး။

ကျောက်ရွှမ်ချွမ်ရဲ့ ကျင့်ကြံမှုက မဟာတာအို ရယူပြီးခါစပဲ ရှိသေးတာပါ။ ဒါပေမဲ့ ဒီကျင့်ကြံမှုအဆင့်နဲ့ ဒီလောက်ထိ ရောက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကျောက်ရွှမ်ချွမ်က အမြဲတမ်း စကားပွဲကို ပြောင်းပြန်လှန်ပစ်ပြီး ဒီအထိရောက်လာနိုင်ခဲ့တယ် မဟုတ်ပါလား။ တခြားလူတွေက ကျောက်ရွှမ်ချွမ်ရဲ့ နောက်ခံကို မသိပေမဲ့ ဟန်ကျွယ်ကတော့ သိပါတယ်။

တိုက်ပွဲစစချင်းပဲ ကျောက်ရွှမ်ချွမ်ဟာ ကွမ်းပုပိုင် ဖိနှိပ်တာကို ခံရပါတယ်။ ကွမ်းပုပိုင်က အနိုင်ယူမရ နတ်ဘီလူးပါ။ ကွမ်းပုပိုင်ဟာ အနိုင်ယူမရ တာအိုနှလုံးသားကို အမှီပြုပြီး အစွမ်းကုန် ထုတ်တိုက်ပါတယ်။

ကျောက်ရွှမ်ချွမ်ရဲ့ ဆန်းကြယ်စွမ်းအားက အထင်ကြီးဖို့ကောင်းပြီး ထက်မြက်ပေမဲ့ ကံဆိုးစွာပဲ ကွမ်းပုပိုင်ကို အနိုင်မယူနိုင်ပါဘူး။ ငါးမိနစ်ကြာတဲ့အခါမှာတော့ ကျောက်ရွှမ်ချွမ်ဟာ လုံးဝ ရှုံးနိမ့်သွားပါတယ်။

ကွမ်းပုပိုင်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ကွမ်းပုပိုင်ဟာ ကျောက်ရွှမ်ချွမ်ရဲ့ စိတ်တိုနေတဲ့ အကြည့်ကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲကြောင့် နောက်ကျရင် ကျောက်ရွှမ်ချွမ်က သူ့နောက်ကို တကောက်‌ကောက်လိုက်ပြီး အနှောင့်အယှက် ပေးတော့မယ်ဆိုတာ ကွမ်းပုပိုင် မသိရှာပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters