ဟန်ကျွယ်ရဲ့ အတွေး
Vol. 96 Ch. 1001
ခန်းမထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးနဲ့ အကြွင်းမဲ့ ပါရမီရှင် ဆယ်ပါးစလုံးဟာ ပဋိပက္ခ အောက်ခြေမှာရှိတဲ့ မဟာကမ္ဘာက ပဋိပက္ခကို ခြိမ်းခြောက်လာနိုင်တယ်လို့ အန္တိမဒဏ်ခတ်နတ်မင်း ပြောနေတာဆိုတာ နားလည်သွားကြပါတယ်။
ပဋိပက္ခက အေးချမ်းတယ်လို့ ထင်ရပေမဲ့ အောက်ခြေမှာ ဧရာမရန်စွယ်ကြီး ပုန်းအောင်းနေပါတယ်။
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တာအိုအရှင်သခင်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ တည်ရှိမှုကို သိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ နံပါတ်တစ်နတ်မင်း ပဋိပက္ခ ပါရမီရှင်တွေကို စည်းရုံးသိမ်းသွင်းချင်တာက အရူးအိပ်မက်ပါ။
အန္တိမဒဏ်ခတ်နတ်မင်း ဒီသတင်းကိုဖြန့်တာက ပဋိပက္ခရဲ့ ပါရမီရှင်တွေ စည်လုံးစေချင်တာကြောင့်ပါ။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဆက်ပြောပါတယ် “ဒီမြေအောက်အင်အားစုက အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲ ထိုးဖောက် ဝင်ရောက်လာတာကို ငါ ရှာတွေ့ထားတယ်၊ အဲဒါကြောင့် အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ပွဲမှာ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါး မြေအောက်သွားပြီး တိုက်ခိုက်ဖို့ ငါ မျှော်လင့်တယ်၊ ပထမရည်ရွယ်ချက်က ရလဒ်ထွက်အောင်လို့၊ ဒုတိယရည်ရွယ်ချက်က သူတို့ကို ဒေါသထွက်လာအောင် ရန်စတာ၊ ငါတို့တွေ သူတို့ကို အပြင်ထွက်လာအောင် ဖြားယောင်းကောင်း ဖြားယောင်းနိုင်လောက်တယ်”
ခန်းမထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တီးတိုးတီးတိုး ဖြစ်သွားကြပါတယ်။
“ပဋိပက္ခအောက်ခြေက တစ်ချိန်တုန်းက အကျဉ်းထောင်တစ်ခုလို့ ငါ ကြားဖူးတယ်”
“အောက်ခြေမှာရှိတဲ့ကမ္ဘာက ပဋိပက္ခထက် မသေးဘူးဆိုတော့ အဲဒီမှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီး ပုန်းနေတာလား”
“မင်းက ဘာကြောက်နေတာလဲ၊ ပဋိပက္ခဖိနှိပ်တာကို ခံရမှတော့ ပဋိပက္ခထက် အများကြီး အားနည်းတယ်ဆိုတာ အသိသာကြီး”
“ဟုတ်တယ်... တကယ်တော့ အန္တိမဒဏ်ခတ်နတ်မင်း ဆိုလိုတာကို ပြဿနာမတက်အောင် ကာကွယ်တာ”
“ဒါက ကောင်းတယ်လို့ ငါထင်တယ်၊ ပဋိပက္ခက အကျယ်ကြီး၊ ငါတို့တွေ တိုက်ခိုက်စရာ မလိုဘူး၊ ရင်းမြစ်အတွက် တိုက်ခိုက်ချင်ရင် မြေအောက်သွားပြီး တိုက်ခိုက်လို့ ရတယ်”
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီသတင်းကို ကြားလိုက်ရလို့ ကြောက်ရွံ့ခြင်းမရှိဘဲ အန္တိမဒဏ်ခတ်နတ်မင်းကို စပြီးတော့ ချီးကျူးကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စည်းကမ်းသတ်မှတ်ချက်က အဓိပ္ပာယ်ရှိပြီး ပဋိပက္ခ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်စေတယ် မဟုတ်ပါလား။
ဟန်ဟွမ်ဟာ တခြားပါရမီရှင်ကိုးပါးကို ကြည့်ပြီး ပြောလိုက်ပါတယ် “အဲဒီအချိန်ကျရင် ငါတို့တွေ တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်၊ ငါတို့တွေက တခြားလူကို အရေအတွက်နဲ့ အနိုင်မကျင့်ဘူး”
တာအိုအရှင်သခင်၊ မုရုံချီ၊ ကွမ်းပုပိုင်နဲ့ ကောင်းကင်နက္ခ နတ်ဘီလူးတို့ဟာ ခေါင်းညိတ်ပြီး လူရှေ့မှာ သူတို့ရပ်တည်ချက်ကို ဖော်ပြပါတယ်။ တခြားပါရမီရှင်ငါးပါးလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီအခြေအနေအရောက်မှာ သူတို့တွေဟာ တခြားလူရဲ့ စွမ်းအားကို နားလည်နေပါပြီ။ ဒါကြောင့် မာနကြီးဟန်ဆောင်ပြီး ပြဿနာကို အိမ်ထဲ ဆွဲမသွင်းကြပါဘူး။
စွမ်းအားကြီးပါတယ်ဆိုတဲ့ ဝူရှင်းရှစ်ကျဲ့တောင် တိတ်ဆိတ်ဂိုဏ်း ပါရမီရှင်ငါးပါးရဲ့ ပူးပေါင်းအင်အားကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိပါဘူး။
ဒါကြောင့် ခန်းမထဲက လေထုဟာ ညင်သာသွားပါတယ်။ ပါရမီရှင်တွေတောင် တစ်ယောက်နဲ့ တစ်ယောက် အမြင်ကြည်သွားကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက သူတို့အတွက် ဘုံရန်သူ သတ်မှတ်ပေးလိုက်တယ် မဟုတ်ပါလား။
အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးအတွက် ဒီတိုက်ပွဲက ပါရမီရှင်ချင်း ယှဉ်ပြိုင်တဲ့ တိုက်ပွဲပဲ မဟုတ်တော့ပါဘူး။ အောက်ခြေကမ္ဘာက ထိပ်သီးကျင့်ကြံသူတွေကိုတောင် ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဆွေးနွေးနေတုန်းမှာ အန္တိမဒဏ်ခတ်နတ်မင်းက ဟန်ကျွယ်ဆီ အသံလွှင့်ပြီး ရှင်းပြပါတယ်။
တကယ်တော့ ဒီစည်းကမ်းက တိတ်ဆိတ်ဂိုဏ်းအတွက် အကျိုးအမြတ် ရှိပါသေးတယ်။ အန္တိဒဏ်ခတ်နတ်မင်းက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။ ဟန်ကျွယ်ကို မျက်နှာသာပေးရာ ရောက်တဲ့အပြင် မြေအောက်ကမ္ဘာကိုလည်း ဆန့်ကျင်ပြီးသား ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဘာကန့်ကွက်မှုမှ မရှိပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်လည်း သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ အုတ်မြစ်ကို မြင်ချင်နေတာပါ။
“သခင် ခံစားမိလား...” အန္တိမဒဏ်ခတ်နတ်မင်းက အသံလွှင့်ပြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပေမဲ့ ဘာမှမမေးဘဲ ပဋိပက္ခအောက်ခြေကို လှမ်းကြည့်လိုက်ပါတယ်။ မကြာခင်မှာပဲ အစွန်းတစ်နေရာမှာ ထူးဆန်းတဲ့ စိတ်ဝိညာဉ်ချီတစ်မျိုးရှိနေတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒီဟာက ပဋိပက္ခချီနဲ့ မတူပါဘူး။ မြေကြီးထဲက တရစပ်လျှံထွက်လာပြီး ပဋိပက္ခချီနဲ့ အစေးမကပ်ပါဘူး။ မီးနဲ့ရေလိုပါပဲ။
‘သိစိတ်မဲ့ မဟာတာအိုကမ္ဘာကလား... ပဋိပက္ခသိစိတ်က ထိုင်မနေနိုင်တော့ဘူးလား...’ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်နဲ့ နဝမပဋိပက္ခရဲ့ တိုက်ပွဲကို မျှော်လင့်မိလိုက်ပါတယ်။ ပဋိပက္ခအတွက်တော့ ဟန်ကျွယ်က မစိုးရိမ်ပါဘူး။
နဝမပဋိပက္ခနဲ့ ပဋိပက္ခသိစိတ်နဲ့ တန်ဖိုးက အဆတစ်ရာ ကွာတာပါ။ ပဋိပက္ခသိစိတ်က ဘယ်လိုလုပ်ပြီး နဝမပဋိပက္ခကို အနိုင်ယူနိုင်မှာလဲ။ နဝမပဋိပက္ခ မသေရင် ပဋိပက္ခကလည်း သေမှာ မဟုတ်ပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အသံလွှင့်လာပါတယ် “အောက်ခြေမှာ ကျွန်တော်တို့တွေ အနိုင်မယူနိုင်တဲ့ တည်ရှိမှုတစ်ခု တကယ်ပဲ ရှိနေခဲ့ရင်...”
ဟန်ကျွယ်ဟာ ခေါင်းအသာညိတ်လိုက်ပေမဲ့ ဘာမှမပြောပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ် ခေါင်းညိတ်တာကို ကြည့်ပြီး သဘောတူတယ် အဓိပ္ပာယ်ကောက်လိုက်ပါတယ်။ ဒါကြောင့် ဝန်ပေါ့သွားပြီး ချက်ချင်း ပြုံးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကိုတော့ ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခသိစိတ်အောက်က တည်ရှိမှုဆိုရင်တော့ ပဋိပက္ခ မဖြေရှင်းနိုင်ရင် ဟန်ကျွယ်က ဝင်ဖြေရှင်းပေးမှာပါ။ ပဋိပက္ခသိစိတ်က သူ့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့တယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ပိုကြိုက်ပါတယ်။
နဝမပဋိပက္ခက စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်နဲ့ တူပါတယ်။ ပဋိပက္ခကို ဂရုမစိုက်ဘဲ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေပါတယ်။ နောက်ပြီး နဝမပဋိပက္ခက အစောဆုံးနဲ့ အတွေ့အကြုံအများဆုံး တာအိုဖန်တီးရှင်ပါ။ ဒီအချက်တွေနဲ့တင် ပဋိပက္ခသိစိတ်က နဝမပဋိပက္ခကို မမီတာ အသိသာကြီးပါ။
နဝမပဋိပက္ခကိုတော့ ဟန်ကျွယ်က တကယ် မယုံပါဘူး။ တာအိုစက်ကွင်းကြောင့် မဟုတ်ရင် နဝမပဋိပက္ခက သူ့ကို သေချာပေါက် ရှင်းပစ်မှာပါ။
အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်ကာ နာလန်ပြန်ထူပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ လျှို့ဝှက်ဆန်းကြယ် စိတ်ဝိညာဉ်ချီကို ဂရုမစိုက်ပါဘူး။ သိစိတ်မဲ့ မဟာတာအိုကမ္ဘာ ငါးစာလာဟပ်မဲ့အချိန်ကို စောင့်နေသလိုပါပဲ။ ကံဆိုးစွာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ ဘာကိုရင်ဆိုင်နေရလဲဆိုတာ မသိရှာပါဘူး။
ဟန်ကျွယ်ကလည်း သတိပေးပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းသာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာနောက်မှာ ဘယ်သူရှိနေလဲဆိုတာ သိသွားရင် ဒီလိုလုပ်ရဲမှာ မဟုတ်ပါဘူး။
ကိစ္စတွေအများကြီးကို လျှောက်ပြောဖို့ မလိုပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အခန်းကဏ္ဍက ပဋိပက္ခကို တည်ငြိမ်အောင်လုပ်ပြီး သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို အချိန်ဆွဲဖို့ပါ။ ဟန်ကျွယ် မျက်လုံးထဲမှာ ပဋိပက္ခနဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ဖွဲဆန်ကွဲပါ။ ဟန်ကျွယ် တကယ်ဂရုစိုက်တာက အန္တိမမူလကမ္ဘာပဲ ရှိပါတယ်။
တစ်လကြာတဲ့အခါ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးနဲ့ ထွက်ခွာသွားပါတယ်။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကတော့ ခန်းမထဲမှာ ဆက်ပြီးတော့ စောင့်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားကလည်း ခန်းမထဲမှာရှိတဲ့အတွက် မန္တန်သုံးပြီး အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို တိုက်ပွဲကြည့်စေပါတယ်။
လမ်းမှာ တာအိုအရှင်သခင်ဟာ အတော်လေး ရင်ထိတ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ်နတ်မင်းဆီက မျက်နှာသာပေးမှုကို ရယူခဲ့ပြီး ကတိတုလည်း ပေးခဲ့တယ် မဟုတ်ပါလား ‘ငါ သူနဲ့တိုးရင် ငါလုပ်ထားတာတွေ ပေါ်သွားမလား...’
ကွမ်းပုပိုင်ကတော့ မျှော်တလင့်လင့် ဖြစ်နေပါတယ်။ ကွမ်းပုပိုင်ဟာ သွားပေါ်အောင်ပြုံးပြီး မေးလိုက်ပါတယ် “ငါတို့တွေ မြေအောက်ကမ္ဘာရဲ့ ပါရမီရှင်တွေနဲ့ တွေ့နိုင်တယ်လို့ ထင်လား”
မဟာကောင်းကင် နတ်ဘုရားဘုရင်က ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “ဖုန်းဆိုးမြေမှာ ဘယ်လိုလုပ်ပြီး ပါရမီရှင်တွေ ရှိနိုင်မှာလဲ၊ သူတို့တွေ အရည်အချင်း ရှိတယ်ဆိုရင်တောင် ပိုးကောင်သာသာလောက်ပဲ ရှိမှာ၊ အံ့ဩစရာကောင်းမှာ မဟုတ်ဘူး”
တာအိုအရှင်သခင်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘ပါရမီရှင် မရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါ ပိုးကောင်တစ်ကောင်မှ မမြင်ဘူး’
တာအိုအရှင်သခင်တို့ လေးယောက်ဟာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာ နှစ်သန်းချီအောင် နေထိုင်ခဲ့ပါတယ်။ အငြိုးစိတ်ဝိညာဉ်တွေနဲ့ နံပါတ်တစ်နတ်မင်းကလွဲရင် တာအိုအရှင်သခင်တို့တွေဟာ တခြား ဘယ်သက်ရှိကိုမှ မတွေ့ကြုံခဲ့ရပါဘူး။
ဒါကြောင့် တာအိုအရှင်သခင်ဟာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ခြောက်ကပ်ပြီး သက်ရှိတစ်ယောက်မှ မရှိဘူးလို့ တွေးခဲ့ပါတယ်။ ဒါပေမဲ့ နံပါတ်တစ်နတ်မင်း ပဋိပက္ခကို တော်လှန်ချင်တာကတော့ အမှန်ပါ။
ပါရမီရှင်ဆယ်ပါးဟာ စကားစမြည် ပြောဆိုရင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသွားကြပါတယ်။ ဒီမတိုင်ခင်မှာ သူတို့မျက်နှာတွေက အေးစက်နေပြီး တစ်ယောက်ကို တစ်ယောက် ရန်သူလို သဘောထားတာပါ။
မကြာခင်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းက ပါရမီရှင်ဆယ်ပါးကို မြေအောက်ဆီ ခေါ်ဆောင်သွားပါတယ်။ သူတို့ရှေ့မှာကတော့ အဆုံးမဲ့တွင်းနက်ကြီးပါ။ အဲဒီနောက် သူတို့တွေဟာ တွင်းနက်ထဲ ခုန်ဝင်လိုက်ကြပါတယ်။
တာအိုအရှင်သခင်ဟာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန္တိမဒဏ်ခတ်နတ်မင်းက သိစိတ်မဲ့ မဟာတာအိုကမ္ဘာ ဝင်ပေါက်ကို တကယ်ရှာတွေ့ထားလို့ပါပဲ။ ဒီမတိုင်ခင် တာအိုအရှင်သခင်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက သိစိတ်မဲ့ မဟာတာအိုကမ္ဘာ အစစ်ကို ရှာတွေ့တာ မဟုတ်ဖို့ မျှော်လင့်နေပါသေးတယ်။
အောက်ခြေကမ္ဘာထဲ ဝင်ရောက်ပြီးနောက် ပါရမီရှင်ဆယ်ပါးဟာ ဘေးဘီဝန်းကျင်ကို ကြည့်ကာ တာအိုပညာရှိ အာရုံကို ဖြန့်ကြက်လိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ တိမ်ထက်မှာရပ်ပြီး ခန်းမထဲက ကိုယ်ပွားနဲ့ တစ်ချိန်တည်း မန္တန်သုံးကာ သူ့ရှေ့က မြင်ကွင်းကို ခန်းမဆီ ပို့လိုက်ပါတယ်။ ခန်းမထဲတင် မဟုတ်ပါဘူး။ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထက်မှာလည်း ဒီမြင်ကွင်း ပေါ်လာပါတယ်။
မြို့ထဲက သက်ရှိအားလုံးဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်တော့မယ် ဆိုတာကို သိတဲ့အတွက် စိတ်လှုပ်ရှားသွားကြပါတယ်။
“သူတို့တွေ တကယ်ပဲ အဲဒီအတိုင်း တိုက်မှာလား”
“အဲဒါဆို တိတ်ဆိတ်ဂိုဏ်း နိုင်တော့မှာ”
“ကျွတ်..ကျွတ်... ဘာဖြစ်လို့ တခြားအင်အားစုတွေက သဘောတူရတာလဲ၊ သူတို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တကယ်ကြီး ကြောက်တာလား”
“ဟုတ်တယ်၊ သူတို့တွေ အခု သည်းခံလိုက်ရင် နောက်ကျ ပဋိပက္ခ အစည်းအဝေးရဲ့ အနှိုင်းမဲ့ ထိပ်ဆုံးနေရာကို တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေချည်းပဲ ယူလိမ့်မယ်”
“ယုတ္တိမရှိဘူး... လုံးဝ ယုတ္တိမရှိဘူး”
“ဒီမှာ ပွစိပွစိ လာပြောမနေနဲ့၊ မင်း မကြိုက်တော့ရော ဘာဖြစ်လဲ၊ မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ရန်သူ လုပ်ရဲလို့လား”
.....
သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ မြေပြင်ဟာ ပျက်စီးယိုယွင်းပြီး အဆုံးမဲ့ပါတယ်။ ကောင်းကင်ပြင်ကို တိမ်မည်းတွေက ဖုံးအုပ်ထားတဲ့ ခပ်အုပ်အုပ် မိုးခြိမ်းသံကို ကြားနိုင်ပါတယ်။
အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးဟာ အချိန်မဆွဲဘဲ ချက်ချင်း လူစုခွဲလိုက်ကြပါတယ်။
ကွမ်းပုပိုင် “တိုက်ခိုက်ဖို့ အချိန်ကျပြီ၊ ဘယ်သူနိုင်မလဲသိရအောင် အရင်ဆုံး တိုက်ခိုက်ကြမယ်၊ ပိုးကောင်တွေ တိုက်ခိုက်ရဲရင် အကုန်လုံးကို သတ်ပစ်မယ်”
ဟန်ဟွမ်ဟာ ဝူရှင်းရှစ်ကျဲ့ကို ကြည့်လိုက်ပါတယ် “လာ... ငါ မင်းကို အရင်ဆုံး အနိုင်ယူမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။