နံပါတ်တစ်နတ်မင်းရဲ့ အကြံအစည်
Vol. 96 Ch. 1004
တာအိုအရှင်သခင်တို့ လေးယောက်ဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်ကနေ ထွက်မသွားဖို့ ဆုံးဖြတ်ပြီးနောက် တိုက်ပွဲကို ဆက်ကြည့်ပါတယ်။ သူတို့တွေဟာ အန္တရာယ်ကျရောက်မှာကို တစ်စက်ကလေးတောင် မစိုးရိမ်ပါဘူး။
နံပါတ်တစ်နတ်မင်းရဲ့ အကြံအစည်က ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ အကြွင်းမဲ့ဆယ်ပါး မြို့တော်ကိုတော့ တစ်ချက်တည်း ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခတစ်ခုလုံးရဲ့ ထိပ်တန်း အင်အားစုတွေက ဒီမှာ စုဝေးနေတာပါ။ နံပါတ်တစ်နတ်မင်းက ဖျက်ဆီး အာဏာရှင် စစ်သူကြီးတွေ ခေါ်လာရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
တာအိုအရှင်သခင် ရှုံးပြီးနောက် စကြဝဠာဘုရင်လည်း ရှုံးသွားပါတယ်။ အခြေအနေက ပိုပိုပြီးတော့ ပြင်းထန်လာပါတယ်။ ပွဲကြည့်ပရိသတ် အကုန်လုံး ဘယ်သူက အနှိုင်းမဲ့ထိပ်ဆုံးနေရာ ရမလဲဆိုတာကို မခန့်မှန်းတတ်ကြတော့ပါဘူး။
ဝူရှင်းရှစ်ကျဲ့နဲ့ ဟန်ဟွမ်ရဲ့ တိုက်ပွဲက အချေအတင် ဖြစ်နေတုန်းပါ။ နှစ်ဖက်စလုံးက အားကုန် ထုတ်တိုက်တဲ့အတွက် နှစ်ယောက်စလုံး အတူပျက်စီးလိမ့်မယ်လို့ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေက ခန့်မှန်းကြပါတယ်။
တာအိုအရှင်သခင်ကို အနိုင်ယူလိုက်တဲ့ ဟွမ်ဇွမ်တျန်ကတော့ အနားယူနေပါတယ်။ စကြဝဠာဘုရင်ကို အနိုင်ယူလိုက်တဲ့ မုရုံချီကလည်း တိုက်ခိုက်ဖို့ အလျင် မလိုပါဘူး။
ဝူရှင်းရှစ်ကျဲ့ဟာ သဏ္ဍာန်မဲ့ သာလွန်ပညာရပ်ကို အသုံးပြုတာကြောင့် အမြဲတမ်း အသာစီးရနေပေမဲ့ ဟန်ဟွမ်ကိုတော့ အနိုင်မယူနိုင်ပါဘူး။ ဒီအခြေအနေက ဝူရှင်းရှစ်ကျဲ့ကို အားပေးတဲ့ ပရိသတ်တွေကို ချွေးပျံသွားစေပါတယ်။
မြေပြင်လေပြင်တွေ ပြိုလဲပြီး ကမ္ဘာကြီး တုန်ဟည်းသွားပါတယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ကို ထပ်ပြီးတော့ တိုက်ထုတ်လိုက်နိုင်ပေမဲ့ သိသိသာသာ အနိုင်မယူနိုင်သေးပါဘူး။ ဟန်ဟွမ်က ဒဏ်ရာတွေ ရထားတာတောင် သူ့မျက်လုံးတွေက ပိုပိုပြီးတော့ စိတ်လှုပ်ရှားပါတယ်။ ဒါက ဝူရှင်းရှစ်ကျဲ့ကို တော်တော်လေး ပဟေဠိ ဖြစ်စေပြီး ကစားခံရတယ်လို့တောင် ခံစားသွားရစေပါတယ်။
ဝူရှင်းရှစ်ကျဲ့ဟာ ပိုပြီးတော့ ဒေါသထွက်သွားတဲ့အတွက် အနက်ရောင် သင်္ကေတတွေကို တိုးလိုက်တဲ့အခါ မထင်မရှားမျက်နှာကလည်း ပိုပြီးတော့ ကြီးလာပါတယ်။ သူ့ရောင်ဝါကလည်း တဖြည်းဖြည်းနဲ့ ပုံမှန် တိုးလာပါတယ်။
နောက်နေ့မှာ ကောင်းကင်နက္ခ နတ်ဘီလူးဟာ ကျိုးစုန်ကို အနိုင်ယူလိုက်ပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့အတွက် အချိန်တိုအတွင်း နာလန်ပြန်ထူနိုင်မှာ မဟုတ်ပါဘူး။ အဲဒီနေ့မှာပဲ ကွမ်းပုပိုင်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို ရှုံးနိမ့်သွားတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းက သူ့ကို အကြွင်းမဲ့ဆယ်ပါး မြို့တော်ဆီ ပြန်ပို့လိုက်ပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးလိုပဲ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလိုက်တဲ့အတွက် တရားထိုင်ကာ နာလန်ပြန်ထူပါတယ်။
ဝူရှင်းရှစ်ကျဲ့နဲ့ ဟန်ဟွမ်ကတော့ ဆက်ပြီးတော့ တိုက်ခိုက်နေတုန်းပါ။
ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပေမဲ့ သူတို့တိုက်ပွဲက ရလဒ်မပေါ်သေးပါဘူး။
ဝူရှင်းရှစ်ကျဲ့နဲ့ ဟန်ဟွမ်ဟာ စစ်မြေပြင်မှာ ဆက်တိုက် ရွှေ့လျားရင်း လမ်းတစ်လျှောက်မှာရှိတဲ့ အရာမှန်သမျှကို အကြီးအကျယ် ဖျက်ဆီးပစ်ပါတယ်။ ဒီအတိုင်းဆက်သွားရင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာ ပြိုလဲတာတောင် သူတို့တိုက်ပွဲက ရလဒ်ထွက်လာမဲ့ပုံ မပေါ်ပါဘူး။
ဟွမ်ဇွမ်တျန်၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ မဟာကောင်းကင် နတ်ဘုရားဘုရင်တို့ဟာ တိုက်ပွဲရလဒ်ကို စောင့်နေကြပါတယ်။
မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မတ်တတ်ရပ်လိုက်ကြပါတယ်။
ဒီအချိန်မှာပဲ မဟာကောင်းကင် နတ်ဘုရားဘုရင်ဆီကနေ အသံထွက်လာပါတယ် “မင်းတို့သုံးယောက် ဘာဖြစ်လို့ တိုက်ပွဲထဲဝင်ပြီး ဝူရှင်းရှစ်ကျဲ့ကို အနိုင်မယူတာလဲ၊ ဟန်ဟွမ်က သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ငါ ပြောနိုင်တယ်၊ ဒီအခြေအနေမှာ ငါတို့တွေ ထပ်တိုက်ရင် ငါတို့ထဲက တစ်ယောက်က ဟန်ဟွမ် ဒါမှမဟုတ် ဝူရှင်းရှစ်ကျဲ့ကို ယှဉ်နိုင်မှာလား”
“ငါတို့တွေတိုက်နေတုန်း ဟန်ဟွမ်ရှုံးပြီး ဝူရှင်းရှစ်ကျဲ့က အနားရသွားရင် ပိုပြီးတော့ အခြေအနေ ဆိုးမသွားဘူးလား”
မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ တိတ်ဆိတ်သွားပါတယ်။ မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ ပန်းတိုင်ဟာ ဝူရှင်းရှစ်ကျဲ့ပါ။ သူတို့ကလည်း ဟန်ဟွမ်နဲ့ မရင်ဆိုင်ပါဘူး။ ဒီအခြေအနေမှာ ဟန်ဟွမ်က ဝူရှင်းရှစ်ကျဲ့ကို မယှဉ်နိုင်ဘူးဆိုတာ ပြောနိုင်ပါတယ်။ သူတို့တွေ တစ်ဦးချင်း ဆက်တိုက်တုန်း ဟန်ဟွမ် ရှုံးသွားရင် သူတို့တွေအတွက် အခြေအနေကောင်းမှာ မဟုတ်ပါဘူး။
ဟွမ်ဇွမ်တျန်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “တကယ်တော့ တစ်ဦးချင်း တိုက်ခိုက်တာနဲ့ မလုံလောက်ဘူး၊ ပဋိပက္ခမှာ တစ်ဦးချင်း တိုက်ခိုက်ပြီး အမြဲတမ်း ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ များသောအားဖြင့် ဖရိုဖရဲ တိုက်ခိုက်ကြတာ ဒါမှမဟုတ် လူနည်းစုနဲ့ လူများစု တိုက်ခိုက်တာချည်းပဲ၊ ဒီနေရာမှာ အချိန်ကုန်ခံပြီး စဉ်းစားနေမဲ့အစား အကုန်လုံး တိုက်ပွဲထဲ ဝင်ကြရအောင်၊ အကြွင်းမဲ့ဆယ်ပါး မြို့တော်က ဒီလိုမြင်ကွင်းမျိုးကို မြင်ချင်နေလောက်တယ်”
မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ယောက် မျက်လုံးထဲက ရည်ရွယ်ချက်ကို တွေ့မြင်လိုက်ရပါတယ်။
ဒီလိုနဲ့ပဲ ပြိုင်ဘက်ကင်းပါရမီရှင် လေးပါးဟာ ကောင်းကင်ပေါ် ထိုးတက်ပြီး ဟန်ဟွမ်နဲ့ ဝူရှင်းရှစ်ကျဲ့ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ တိုက်ပွဲကို အဝေးကနေ ကြည့်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကို စုပ်ယူနေဆဲဖြစ်တဲ့ ဝေ့လန်ရှန်မိကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ ရောင်ဝါက ပိုပြီးတော့ အားကောင်းလာပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ စောစောက ကြားလိုက်ရတဲ့ စကားတွေကို ပြန်တွေးပြီး တော်တော်လေးကိုမှ ဝေခွဲမရ ဖြစ်သွားပါတယ်။
အကြွင်းမဲ့ပါရမီရှင် ခြောက်ပါး စတိုက်ခိုက်တဲ့အတွက် အကြွင်းမဲ့ဆယ်ပါး မြို့တော်မှာ အံ့ဩသံတွေ ဆူညံသွားပါတယ်။
“ဒါက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်”
“ဒီလိုမျိုး အစောကြီးကတည်းက ဖြစ်ရမှာ... တစ်ယောက်ချင်းတိုက်တာ ပျင်းစရာကြီး”
“ခုန ဘယ်သူက တိတ်ဆိတ်ဂိုဏ်းကို ဖိအားပေးခဲ့တာလဲ”
“အနှိုင်းမဲ့ထိပ်ဆုံးပါရမီရှင်က အရေအတွက်မမျှလို့ အန္တရာယ်ကြားထဲ ရောက်နေရင်တောင် အနိုင်ယူနိုင်ရမယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလိုမျိုးပေါ့”
“ဝူရှင်းရှစ်ကျဲ့တော့ ဘေးတွေ့ပြီ”
အကြွင်းမဲ့ပါရမီရှင် ခြောက်ပါးဟာ အတူတကွရော ခွဲပြီးတော့ရော တိုက်ခိုက်ပါတယ်။ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေက ပြင်းထန်လွန်းပြီး မဲမဲမြင်ရာ တိုက်ခိုက်ကြတော့ မြင်ကွင်းက အလွန်တရာမှ ဝရုန်းသုန်းကား နိုင်လွန်းပါတယ်။
ဝူရှင်းရှစ်ကျဲ့တောင် အငိုက်မိသွားပါတယ်။ သဏ္ဍာန်မဲ့ သာလွန်ပညာရပ်ကြောင့်သာ ခံသာသွားတာပါ။
မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးက တဲ့ပါပဲ။ သူတို့တွေက ဟန်ဟွမ်ကိုတောင် တိုက်ခိုက်ကြပါတယ်။ ဒီလိုတိုက်ခိုက်ခံရလို့ ဟန်ဟွမ်ဟာ စိတ်မဆိုးတဲ့အပြင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာပါတယ်။
“အတော်ကောင်းတယ်... အရမ်းကောင်းတယ်... ဟားဟား...”
ဟန်ဟွမ်ဟာ အရူးပမာ ရယ်မောပြီး နတ်လက်နက်ကို ထုတ်ယူကာ တိုက်ပွဲဗဟိုကို တိုက်ခိုက်ပါတော့တယ်။
ပါရမီရှင်ဆယ်ပါး အချင်းချင်း တိုက်ခိုက်နေတုန်းမှာ နံပါတ်တစ်နတ်မင်းက ဝေ့လန်ရှန်မိနောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ချက်သာ လှမ်းကြည့်ပြီး ဘာမှမလုပ်ပါဘူး။
နံပါတ်တစ်နတ်မင်းဟာ ဝေ့လန်ရှန်မိနဲ့ တစ်ခါတည်း ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်း မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်ကာ ပဋိပက္ခဝင်ပေါက်ဆီ လျှောက်သွားပါတယ်။
“ခြိမ်း.. ခြိမ်း...” ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ ဆူညံသွားပါတယ်။
မကြာခင်မှာပဲ သူဟာ တွင်းနက်ထဲ ခုန်ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
တခြားတစ်ဖက်မှာတော့...
ခန်းမထဲက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားဟာ ဟန်ကျွယ်ဆီ အသံလွှင့်ပြီး သူနဲ့ နံပါတ်တစ်နတ်မင်းရဲ့ သဘောတူညီမှုအကြောင်း ပြောပြလိုက်ပါတယ်။
စောစောတုန်းက နံပါတ်တစ်နတ်မင်းဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီ အသံလွှင့်ပြီး သူက ပဋိပက္ခကို တော်လှန်ချင်ရုံသာ ဖြစ်ကြောင်း ပဋိပက္ခကို ထိခိုက်အောင်လုပ်မှာ မဟုတ်တဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းကို မသိချင်ယောင် ဆောင်နေဖို့ ပြောခဲ့ပါတယ်။
ဒါကို ကြားပြီး ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘ဒီကောင် ဘာဖြစ်လို့ ဒီလောက်တောင် အယုံလွယ်ရတာလဲ’
ဟန်ကျွယ်ဟာ တစ်ခဏ နားထောင်ပြီးနောက် နံပါတ်တစ်နတ်မင်းက လောကဦး ဘိုးဘေးနတ်ဘုရား အကြောင်းပါ ထည့်ပြောတယ်ဆိုတာကို သိလိုက်ရပါတယ်။ အရင်တုန်းက လောကဦး ဘိုးဘေးနတ်ဘုရားဟာ နံပါတ်တစ်နတ်မင်းကိုလည်း ဖိနှိပ်ခဲ့ပါတယ်။ ဒီအချက်ကနေ နှစ်ယောက်သား ရင်ဘတ်ချင်း တူသွားကြပြီး ပဋိပက္ခစိတ်ဆန္ဒနောက်မှာ မြင့်မားတဲ့ တည်ရှိမှုတစ်ခု ရှိနေတယ်ဆိုတာကို အန္တိမဒဏ်ခတ်နတ်မင်း သိလိုက်ရပါတယ်။
ဒီအခါမှာတော့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ထိုင်မနေနိုင်တော့ပါဘူး။ ဒါ့အပြင် နံပါတ်တစ်နတ်မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ၊ လောင်ဇီနဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေက မဟာမိတ်တောင် ဖွဲ့ထားပြီး အပြန်အလှန် နားလည်တဲ့အကြောင်းလည်း ထည့်ပြောပါတယ်။
ဒါတင် မကသေးပါဘူး။ နံပါတ်တစ်နတ်မင်းဟာ တာအိုအရှင်သခင်နဲ့ ဝေ့လန်ရှန်မိအကြောင်းကိုပါ ထည့်ပြောပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သဘောတူလို့ သူတို့လေးယောက်ကို ပညာအမွေပေးနိုင်တယ်ပေါ့။
ဒီလိုစကားတွေကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ နံပါတ်တစ်နတ်မင်းကို ယုံသွားခဲ့ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း ဟန်ကျွယ်ကို မေးပြီး အတည်မပြုတာက ဟန်ကျွယ်ရဲ့ အစီအစဉ် နှောင့်နှေးသွားမှာစိုးလို့ပါ။
“ဒီကိစ္စအောင်မြင်ရင် သခင် ဘာမှမသိဘူးလို့ ကျွန်တော် ပြောလိုက်မယ်၊ အကုန်လုံး ကျွန်တော် ခေါင်းခံမယ်၊ တကယ်လို့ အောင်မြင်ခဲ့ရင် သခင် အေးဆေး ကျင့်ကြံအားထုတ်လို့ရပြီ၊ သခင်ခေါင်းထက်မှာ တိမ်မည်းတွေရှိတော့မှာ မဟုတ်ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံလွှင့်စကားကို ကြားလိုက်ရတဲ့အခါ ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ပိုပြီးတော့ အမြင်ကြည်သွားပါတယ် ‘တော်တော် သိတတ်တာပဲ’
အန္တိမဒဏ်ခတ်နတ်မင်းက နံပါတ်တစ်နတ်မင်းရဲ့ စကားကို အကုန်မယုံတာ သိသာလှပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက စမ်းကြည့်တာပါ။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နံပါတ်တစ်နတ်မင်းရဲ့ စကားကို ငြင်းလိုက်ရင် လောင်ဇီ၊ သဏ္ဍာန်မဲ့နတ်မင်း၊ ပဋိပက္ခသိစိတ်နဲ့ တခြားသာလွန်တည်ရှိမှုတွေကို အပြစ်ပြုမိမယ်ဆိုတာ သိပါတယ်။ ဒါက တကယ်ကို ဘေးကျပ်နံကျပ် အခြေအနေပါ။ အဲဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ နံပါတ်တစ်နတ်မင်းကို မသိချင်ယောင် ဆောင်လိုက်တာပါ။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “မင်းရဲ့ ဝိညာဉ်တစ်စ ငါ့ကို ပေးထားချည်”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားဟာ ချက်ချင်း သူ့ဝိညာဉ်ကို ခွဲထုတ်လိုက်ပါတယ်။ နှစ်ယောက်စလုံးက လျင်မြန်စွာ လှုပ်ရှားလိုက်တဲ့အတွက် ခန်းမထဲက ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ သတိမထားမိလိုက်ကြပါဘူး။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ဝိညာဉ်ကို သိမ်းပြီးနောက် တိုက်ပွဲကို ဆက်ကြည့်ပါတယ်။ နောက်နေ့မှာတော့ ဟန်ကျွယ်ဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော် အစွန်းကနေ အာကာသလှိုင်း တုန်ခါမှုကို ခံစားမိလိုက်ပါတယ်။ တစ်ယောက်ယောက်က မြို့တစ်ခုလုံးကို ပိတ်လှောင်ဖို့ အစီအမံသုံးနေတာပါ။
နံပါတ်တစ်နတ်မင်းရဲ့ ပန်းတိုင်က အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို ပိတ်လှောင်ပြီး အထွတ်အထိပ် နိယာမတွေကို ဖြတ်တောက်ပစ်ဖို့ပါ။
အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ ပဋိပက္ခရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ၉၀ ရာခိုင်နှုန်း စုစည်းနေတာ ဖြစ်တဲ့အတွက် သူတို့တွေသာ ပိတ်မိနေရင် နံပါတ်တစ်နတ်မင်း အထွတ်အထိပ် နိယာမတွေကို တိုက်ခိုက်တဲ့အခါ အခက်အခဲရှိတော့မှာ မဟုတ်ပါဘူး။
နဝမပဋိပက္ခ ပေါ်လာရင်တော့ သာလွန်တည်ရှိမှုနှစ်ပါးက တားဆီးမှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။