← Chapters

တိုက်ပွဲဖြစ်ပွားရန် လက်တစ်ကမ်းအလို

Vol. 96 Ch. 1005

တိုက်ပွဲဖြစ်ပွားရန် လက်တစ်ကမ်းအလို

Vol. 96 Ch. 1005

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေက လျှို့ဝှက်ဆန်းကြယ် အစီအမံတစ်ခုက အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို သီးခြားခွဲထုတ်လိုက်တယ်ဆိုတာ ခံစားမိပါတယ်။ သူတို့တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း “ဆက်ကြည့်နေ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း စိတ်လေးလံမှုကို ဖိနှိပ်ပြီး တိုက်ပွဲကိုသာ ဆက်ကြည့်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ သူတို့ငယ်သားတွေကို တိတ်တဆိတ် အသံလွှင့်ပြီး အခြေအနေကို စုံစမ်းခိုင်းပါတယ်။ မကြာခင်မှာပဲ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက ကျင့်ကြံသူတွေဟာ တစ်ခုခုမှားနေတယ် ဆိုတာကို အာရုံခံမိသွားကြပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ၊ ငါ ဘာဖြစ်လို့ မြို့ထဲကနေ ထွက်သွားလို့ မရတာလဲ”

“ငါတို့တွေ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို နှောင့်ယှက်မှာစိုးလို့ မြို့ကို ပိတ်ထားတာများလား”

“မဟုတ်ဘူး... ငါ စစ်မြေပြင် ရောင်ဝါကို လုံးဝ အာရုံမခံမိဘူး၊ အဲဒီနေရာက ပဋိပက္ခအောက်ခြေ မဟုတ်ဘူး”

“အန္တိမဒဏ်ခတ်နတ်မင်းက ဘာမှ မပြောဘူး၊ ဘာမှတော့ မဖြစ်လောက်ပါဘူးနော်”

“ကြောက်စရာမလိုဘူး... ပဋိပက္ခရဲ့ အဓိကအင်အားစု ၉၀ ရာခိုင်နှုန်းက ဒီမှာ စုဝေးနေကြတာ၊ ဘာဖြစ်နိုင်မှာလဲ”

ခြံဝင်းထဲက တိတ်ဆိတ်ဂိုဏ်း ပါရမီရှင်တွေလည်း ဒီကိစ္စကို စပြီးတော့ ဆွေးနွေးကြပါတယ်။

ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ဘာကြောက်စရာ ရှိလို့လဲ၊ သခင်ရှိနေတာ ကောင်းကင်ပြိုကျရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး”

ဟန်ထော်နဲ့ ဒဏ်ခတ်သမားလေးဖော်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ကြပါတယ်။ ဒါက တိုက်ပွဲပေါင်းရာထောင်ချီ တိုက်ခိုက်ပြီးနောက် ရရှိလာခဲ့တဲ့ ဆဋ္ဌမအာရုံပါ။

လီရွှမ်အောက်က ပြောလိုက်ပါတယ် “အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ပွဲက ဆက်တိုက်နေတုန်း... ဘာမှမဖြစ်လောက်ပါဘူး၊ မဟုတ်ရင် ဒီတိုက်ပွဲက ရပ်သွားမှာ” တခြားလူတွေလည်း ခေါင်းညိတ်ပြီး တိုက်ပွဲကိုသာ ဆက်ကြည့်ကြပါတယ်။

ဝူရှင်းရှစ်ကျဲ့၊ ဟန်ဟွမ်၊ ဟွမ်ဇွမ်တျန်၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ မဟာကောင်းကင် နတ်ဘုရားဘုရင်တို့ဟာ ဆက်တိုက်နေတုန်းပါ။ မရေမတွက်နိုင်တဲ့ ဆန်းကြယ်စွမ်းအားမျိုးစုံဟာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ တော်တော်လေးကိုမှ ဝရုန်းသုန်းကား ဖြစ်လွန်းပါတယ်။ ဒါပေမဲ့ ကြည့်တဲ့လူတွေအတွက်တော့ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။

ဒီဖရိုဖရဲတိုက်ပွဲဟာ စိတ်လှုပ်ရှားစရာ ကောင်းလွန်းပြီး အတော်လေးကိုမှ ကြည့်လို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ တစ်ဦးချင်း တိုက်ပွဲတွေထက် အများကြီး သာပါတယ်။

တစ်ချိန်တည်းမှာပဲ နံပါတ်တစ်နတ်မင်း ဝင်ပူးထားတဲ့ ဝေ့လန်ရှန်မိဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ရှေ့ကို ရောက်လာပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါ လက်ဝါးပြင်ကနေ အဆုံးမဲ့ ရောင်ဝါနက်တွေ တဟုန်ထိုး ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးတက်သွားပါတယ်။ အဲဒီနောက် အာကာသအလွှာတွေကို ထိုးဖောက်ပြီး ပဋိပက္ခဟင်းလင်းပြင်ဆီ ရောက်ရှိသွားပါတယ်။ ဒီရောင်ဝါနက်တွေဟာ မဟာတာအိုသုံးထောင်ကို ကျော်လွန်ပြီး အထွတ်အထိပ်နိယာမ ခုနစ်ပါးအောက်ကို ရောက်သွားပါတယ်။

ရောင်ဝါနက်တွေဟာ အနက်ရောင် အလင်းတိုင်အဖြစ် ခဲသွားပါတယ်။ အဲဒီနောက် အနက်ရောင် အလင်းတိုင်ထဲကနေ ရုပ်သွင်တွေ ပြေးထွက်လာပါတယ်။ ဒီရုပ်သွင်တွေက ဖျက်ဆီး အာဏာရှင် စစ်သူကြီးတွေပါ။ မကြာခင်မှာ ဖျက်ဆီး အာဏာရှင် စစ်သူကြီး အရေအတွက်က တစ်သိန်းကျော်သွားပါတယ်။ သူတို့တွေဟာ အထွတ်အထိပ်နိယာမ ခုနစ်ပါးကို အပြင်းအထန် တိုက်ခိုက်ကြပါတယ်။

ဖျက်ဆီး အာဏာရှင် စစ်သူကြီးတွေရဲ့ တိုက်ခိုက်မှုအောက်မှာ အထွတ်အထိပ်နိယာမ ခုနစ်ပါးဟာ ပြင်းထန်စွာ တုန်ခါပြီး မဟာတာအိုသုံးထောင်လည်း ဖရိုဖရဲ ဖြစ်သွားပါတယ်။

ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေ တော်တော်များများဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ဖျက်ဆီးအာဏာရှင် စစ်သူကြီးတွေ အထွတ်အထိပ် နိယာမကို တိုက်ခိုက်နေတာ တွေ့ရတဲ့အတွက် အထိတ်တလန့် ဖြစ်သွားကြပါတယ်။

သူတို့တွေရဲ့ စွမ်းအားက ပဋိပက္ခအပေါ် အခြေတည်ထားတာပါ။ အဲဒါကြောင့် ပဋိပက္ခပြိုလဲသွားရင် သူတို့ အသက်ဆက်ရှင်နေရင်တောင် စွမ်းအားနဲ့ အဆင့်အတန်းကို ဆုံးရှုံးသွားမှာပါ။

“အန္တိမနတ်ဘုရား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... အထွတ်အထိပ်နိယာမကို ကြည့်ပါဦး”

“ပဋိပက္ခအောက်ခြေမှာရှိတဲ့ ကမ္ဘာက စလှုပ်ရှားပြီလားမသိဘူး”

“ကျွန်‌တော်တို့တွေ ဘာလုပ်ကြမလဲ”

“အန္တိမနတ်ဘုရား... ဘာလို့ ဘာမှမလုပ်သေးတာလဲ”

“အဲဒီကောင်တွေကို ငါ မြင်ဖူးသလိုပဲ... အဲဒါ တာအိုအရှင်သခင်ရဲ့ ဆန်းကြယ်စွမ်းအား မဟုတ်ဘူးလား”

မဟာတာအိုပညာရှိတွေဟာ မဟာတာအိုသုံးထောင်အထက်ကို မမြင်နိုင်ပေမဲ့ စပြီးတော့ ထိတ်လန့်လာကြပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားက ပြောလိုက်ပါတယ် “အထွတ်အထိပ်နိယာမကို သွားကာကွယ်ချည်”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားကို ကြားတာနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော် အထက်မှာ ရပ်တန့်လိုက်ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီအမံအရံအတားကို မချိုးဖျက်နိုင်တာကြောင့်ပါ။

မဟာတာအိုပညာရှိချုပ်တွေဟာ ပိုထိတ်လန့်လာပြီး အစွမ်းကုန်သုံးကာ အစီအမံကို ချိုးဖျက်ပါတယ်။ အဲဒါကြောင့် အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခုလုံး သိမ့်သိမ့်တုန်သွားပါတယ်။ သက်ရှိအားလုံးလည်း မော့ကြည့်လိုက်တဲ့အခါ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အစီအမံကို ချိုးဖျက်နေတာ တွေ့လိုက်ရတဲ့အတွက် အစီအမံက တစ်ခုခုမှားနေတယ်ဆိုတာကို သဘောပေါက်သွားကြပါတယ်။

ဒါကြောင့် အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ ခန့်မှန်းချက်မျိုးစုံ ပေါ်လာပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက သူတို့ကို ဒုက္ခပေးချင်တယ်လို့တောင် တချို့က တွေးကြပါတယ်။

တာအိုအရှင်သခင်တို့ လေးယောက်ကတော့ တိတ်ဆိတ်နေပါတယ်။ သူတို့တွေဟာ တခြား ပညာသင်ညီအစ်ကိုတွေကို မရှင်းပြဘဲ အခြေအနေကိုသာ စောင့်ကြည့်နေပါတယ်။

မဟာတာအိုပညာရှိချုပ်တစ်ပါးဟာ ခန်းမထဲကို ပြန်လာပြီး အလောတကြီး ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... အန္တိမနတ်ဘုရား... ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပါ၊ မဟုတ်ရင် ကျွန်တော်တို့တွေ ဒီအစီအမံကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါက ကိုယ်ပွား... ငါ့ဆီမှာ စွမ်းအားများများစားစား ရှိတာ မဟုတ်ဘူး၊ အရင်ဆုံး ငါ မင်းနောက်ကို လိုက်ခဲ့မယ်”

ဟန်ကျွယ်လည်း ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ လှုပ်ရှားသင့်လား... ဒါပေမဲ့ ငါက ဒီအစီအမံကို မချိုးဖျက်နိုင်ရင် သရုပ်ဆောင်လွန်းရာ ရောက်မသွားဘူးလား’

နဝမပဋိပက္ခက ဟန်ကျွယ်ရဲ့ စွမ်းအားကို သိပါတယ်။ ဒီအစီအမံက အားကောင်းတယ်ဆိုပေမဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်တောင် အသာလေး ချိုးဖျက်နိုင်ပါတယ်။

‘မဟုတ်သေးဘူး... နဝမပဋိပက္ခရဲ့ မျက်စိထဲမှာ ငါက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “လင်အာ... ဒီမှာပဲနေ၊ လျှောက်မသွားနဲ့”

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့အတူ အကြွင်းမဲ့ဆယ်ပါး မြို့တော် အထက်ကို တက်လိုက်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အတူပူးပေါင်းပြီး အစီအမံကို ချိုးဖျက်ပေမဲ့ အစီအမံက လှုပ်တောင် မလှုပ်ပါဘူး။

ဒီအစီအမံက တကယ် အထင်ကြီးဖို့ ကောင်းတယ်ဆိုတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ မဟာတာအိုပညာရှိချုပ် စွမ်းအားနဲ့ ဒီအစီအမံကို ချိုးဖျက်ဖို့က မဖြစ်နိုင်သလောက်နီးပါး ခက်ခဲပါတယ်။ အနည်းဆုံး တာအိုဖန်တီးရှင် အဆင့်ထဲကို ခြေလှမ်းတစ်ဝက်‌ ရောက်နေမှပဲ ဒီအစီအမံကို ချိုးဖျက်ဖို့ မျှော်လင့်ချက် ရှိမှာပါ။

ဟန်ကျွယ်ဟာ သူ့ဓမ္မစွမ်းအားကို ဂရုတစိုက် ထိန်းချုပ်ပြီး လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။

တခြားတစ်ဖက်က သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာတော့ ဟွမ်ဇွမ်တျန်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက လျင်မြန်စွာ လွင့်ပါး ပျောက်ကွယ်သွားလို့ပါပဲ။ အကျိုးဆက်အနေနဲ့ ဟွမ်ဇွမ်တျန်ရဲ့ ဓမ္မစွမ်းအားဟာ လျော့ကျသွားပါတယ်။

မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ အခွင့်အရေးရှာပြီး အရိုးလှံကို ပစ်လွှတ်လိုက်ပါတယ်။ ဒီအရိုးလှံက ဟွမ်ဇွမ်တျန်ရဲ့ ရင်ဘက်ကို ထိုးဖောက်ပြီး မြေပြင်မှာ သံမှိုရိုက်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အရိုးလှံထဲကနေ အရိုးလက်နက်တွေ ထွက်ပေါ်လာပြီး ဟွမ်ဇွမ်တျန်ကို ဝိုင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီလက်နက်တွေဟာ မြေပြင်မှာ စိုက်သွားပြီး ချိပ်ပိတ် အစီအမံ ဖြစ်ကာ ဟွမ်ဇွမ်တျန်ကို မလှုပ်နိုင်အောင် ချိပ်ပိတ်လိုက်ပါတယ်။

“သေစမ်း... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ” ဟွမ်ဇွမ်တျန်ဟာ အံကြိတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ သူ့ရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ဘာဖြစ်လို့ ရုတ်တရက်ကြီး အလုပ်မလုပ်တော့လဲဆိုတာကို နားမလည်နိုင်ပါဘူး။

မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ဟွမ်ဇွမ်တျန်ကို တစ်ချက်ကလေးတောင် မသနားပါဘူး။ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အထက်မှာ ပေါ်လာပြီး သူ့ရဲ့ ဓမ္မစွမ်းအား အကုန်လုံးကို စုစည်းကာ ဟွမ်ဇွမ်တျန်ကို အဆုံးသတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။

ဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟွမ်ဇွမ်တျန်ကို ချက်ချင်း အကြွင်းမဲ့ဆယ်ပါးမြို့တော်ဆီ ပြန်ပို့လိုက်ပါတယ်။

ဒီအချိန်မှာ အားလုံးရဲ့ အာရုံက အစီအမံကို ချိုးဖျက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဆီ ရောက်နေတာမလို့ ဟွမ်ဇွမ်တျန်ကို သတိမပြုအားကြပါဘူး။ ဟွမ်ဇွမ်တျန် ထွက်သွားရတာကို ဟွမ်ဇွမ်တျန်ရဲ့ ထောက်ခံသူတွေပဲ နှမြောတသ ဖြစ်ကြပါတယ်။

ဝေ့လန်ရှန်မိဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ရဲ့ အပြင်မှာ ရပ်ရင်း အစီအမံကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို သရော်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဝေ့လန့်ရှန်မိဟာ ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် “အားလုံးပဲ... ကိုယ်ထင်ပြကြတော့...”

စကားအဆုံးမှာ မိုးကြိုးတိမ်တိုက်တွေ ပေါ်လာပြီး ပဋိပက္ခ အောက်ခြေတစ်ခုလုံးကို ဖုံးအုပ်သွားပါတယ်။ အကြွင်းမဲ့ဆယ်ပါး မြို့တော်အထက်က စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ရပ်တန့်လိုက်ကြပါတယ်။ ဟန်ကျွယ်လည်း ဒီထဲမှာ ပါပါတယ်။

သူတို့တွေ မော့ကြည့်လိုက်တဲ့အခါ တိမ်တိုက်တွေကြားထဲမှာ မထင်မရှား စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီမထင်မရှားရုပ်သွင်က အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခုလုံးထက်တောင် ကြီးမားပါတယ်။ ဒီရုပ်သွင်ရဲ့ ပေါ်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့တင် လူတွေကို မျှော်လင့်ချက် ကင်းမဲ့စေပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါတယ်။

[သဏ္ဍာန်မဲ့နတ်မင်း: တာအိုဖန်တီးရှင် ကနဦးအဆင့်၊ ပဋိပက္ခ နတ်မင်း၊ ဖွဲ့စည်းမှုအထက်၊ အရာအားလုံးထက် သာလွန်သည်။]

‘သူပဲ... မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ခံ...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းက ထုတ်လွှတ်နေတဲ့ ရောင်ဝါက အလွန်တရာမှ ကြောက်ဖို့ကောင်းပါတယ်။ အနည်းဆုံး ဟန်ကျွယ်က သူ့ပြိုင်ဘက် မဟုတ်ပါဘူး။

“ပွင့်စေ”

အလွန်တရာ ခံ့ညားထည်ဝါတဲ့ အသံတစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ချက်ချင်းဆိုသလို ပဋိပက္ခ အောက်ခြေတစ်ခုလုံး စတင်တုန်လှုပ်လာပြီး ကောင်းကင်က ပိုပိုမြင့်သွားပါတယ်။ တိတိကျကျ ပြောရရင် ပဋိပက္ခ အောက်ခြေက လျော့ကျသွားတာပါ။

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားဟာ နှလုံးလှုပ်သွားပြီး အပြင်ဘက်က ဝေ့လန်ရှန်မိကို လှမ်းကြည့်ကာ အသံလွှင့်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်း... ဘာလုပ်နေတာလဲ၊ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိတွေကို ဒုက္ခမပေးဘူးလို့ ပြောထားတယ်မလား”

ဝေ့လန်ရှန်မိက ပြန်ဖြေပါတယ် “တောင်းပန်ပါတယ်၊ ငါ ပဋိပက္ခကို တကယ် ဖျက်ဆီးချင်ရင် သက်ရှိအကုန်လုံးကို ရှင်းပစ်ရလိမ့်မယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဝေ့လန်ရှန်မိကို ဘာမှ ထပ်မပြောတော့ဘဲ ဟန်ကျွယ်ဆီ အသံလွှင့်ပြီး အကျိုးအကြောင်း ပြောပြပါတယ်။

ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်း မရှိပါဘူး ‘အရမ်းကောင်းတယ်... မင်းက ဒီလောက် ရက်စက်မှတော့ ငါ့ကိုလည်း နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့’

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို နှစ်သိမ့်ပေးပြီး အကြွင်းမဲ့ဆယ်ပါးမြို့တော်ကို ဂရုစိုက်ခိုင်းပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခ လှုပ်ရှားတာကို စောင့်ဆိုင်းပါတယ်။

တာအိုဖန်တီးရှင်ချင်း တိုက်ခိုက်နေချိန်မှာ ဟန်ကျွယ်က လျှို့ဝှက်ဆန်းကြယ် နံပါတ်တစ်နတ်မင်းကို ရင်ဆိုင်မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters