← Chapters

တစ်ချက်ကလေးတောင် မခံနိုင်ခြင်း

Vol. 96 Ch. 1006

တစ်ချက်ကလေးတောင် မခံနိုင်ခြင်း

Vol. 96 Ch. 1006

ပဋိပက္ခအောက်ခြေဟာ ဆက်ပြီးတော့ ပြိုလဲပါတယ်။ လျှို့ဝှက်ဆန်းကြယ် အစီအမံ အရံအတားကို မချိုးဖျက်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ လုံးဝ တုန်လှုပ်ချောက်ချားသွားကြပါတယ်။

“အဲဒါ ဘာလဲ”

“တော်တော်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါပဲ... ငါ ပဋိပက္ခ ဖန်တီးမှုပြီးကတည်းက မွေးဖွားခဲ့တာ၊ ဒီလိုမျိုး တည်ရှိမှုကို တစ်ခါမှ မမြင်ဖူးဘူး”

“ငါ ရုတ်တရက်ကြီး ပဋိပက္ခအကြောင်းကို ကောင်းကောင်း မသိသေးဘူးလို့ ခံစားလိုက်ရတယ်”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ”

“ပဋိပက္ခအောက်ခြေမှာရှိတဲ့ ကမ္ဘာက ဒီလောက်မြန်မြန် လှုပ်ရှားလိမ့်မယ်လို့ မထင်ထားဘူး”

ပတ်ဝန်းကျင်က စကားတွေကို ကြားပြီး အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာဟာ ဘီလူးမသံပရာသီး ကိုက်ထားသလို ဖြစ်သွားပါတယ်။ ကစားခံရတာကို ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ် “မင်းရဲ့ ပင်မခန္ဓာကိုယ်က ပါရမီရှင်တွေကို ဆက်ကာကွယ်ချည်၊ သူတို့ကို လှန့်စရာ မလိုဘူး”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် လက်မြှောက်ပြီး တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ တစ်ချက်တည်းနဲ့ အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို ဖုံးအုပ်ထားတဲ့ အစီအမံဟာ ကွဲကြေထွက်ပြီး ဘက်ပေါင်းစုံကို လေပြင်းထန်သွားပါတယ်။

အကြွင်းမဲ့ဆယ်ပါး မြို့တော် အပြင်ဘက်က ဝေ့လန်ရှန်မိဟာ နှလုံးလှုပ်သွားပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။ မျက်မှောင်လည်း ကြုတ်သွားပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ဘာတွေ ဖြစ်ကုန်တာလဲ”

ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်စွမ်းအားကြောင့် လန့်လည်း လန့်သွားသလို ဝမ်းလည်း ဝမ်းသာသွားကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူပြီး အထွတ်အထိပ် နိယာမကို ကာကွယ်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရုပ်သွင်က ကောင်းကင်ပြင်ကို ကာဆီးထားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဆန်းကြယ်စွမ်းအား ဘယ်လောက်ပဲ ထုတ်သုံး ထုတ်သုံး ဒီရုပ်သွင်ကို မကျော်နိုင်ပါဘူး။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ဘာလုပ်နေတာလဲ”

အသံတစ်သံဟာ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။

ပဋိပက္ခသိစိတ်ပါ။

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ် သေချာပေါက် ရှုံးမယ်ဆိုတာကို သိနေတဲ့အတွက် အကြောက်အရွံ့ မရှိပါဘူး။ တကယ်လို့ ဒီနေရာမှာ သူ သေသွားခဲ့ရင်လည်း တာအိုစက်ကွင်းထဲက ဝိညာဉ်အပိုင်းအစနဲ့ အသက်ပြန်ရှင်နိုင်ပါသေးတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကို ဂရုမစိုက်ဘဲ ဝေ့လန်ရှန်မိကို ကြည့်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဝေ့လန်ရှန်မိဟာ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ငွေ့ကို ခံစားမိပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားပါတယ်။

“ဟန်ကျွယ်... ငါ မင်းကို လွှတ်ပေးထားတာက မင်း ဒီအထိ ရောက်လာအောင် ကျင့်ကြံအားထုတ်ဖို့ မလွယ်မှန်း သိလို့ပဲ၊ မင်း ဘာဖြစ်လို့ ထွက်မသွားတာလဲ”

ခမ်းနားထည်ဝါတဲ့ အသံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒီအသံကျယ်ကြီးက နားကွဲမတတ် ကျယ်လောင်လွန်းပြီး အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိအားလုံးကို ရင်ထိတ်သွားစေပါတယ်။ သူ့လေသံက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိထက် စွမ်းအားကြီးပုံ ပေါ်နေတယ် မဟုတ်ပါလား။

အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိအကုန်လုံး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဟန်ကျွယ်ဆိုတာကို သိကြပါတယ်။

ဟန်ထော်လည်း မျက်နှာ နည်းနည်း ပျက်သွားပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီအသံ... ငါ ဒီအသံကို တစ်နေရာရာမှာ ကြားဖူးပါတယ်... နေပါဦး... ဟိုအမျိုးအမည်မသိ တည်ရှိမှုရဲ့ အသံပဲ’

ဟန်ထော်ဟာ ဟိုတစ်ချိန်တုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ် သူ့ကို ခေါ်ပြီး တွေ့ဆုံပေးခဲ့တဲ့ သာလွန်တည်ရှိမှုကို တွေးမိလိုက်ပါတယ်။ ဒီအတွေးကြောင့် ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။

ယီတျန်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

ဟန်ထော်ဟာ ခေါင်းခါပြီး ဘာမှ မပြောပါဘူး။ ဒီအချိန်မှာ ဘာပြောပြော အသုံးမဝင်ပါဘူး။ လက်ရှိ အခြေအနေက သူ ဝင်ပါလို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဟန်ထော်ဟာ သူ့အဖေကို မော့ကြည့်လိုက်ပါတယ် ‘အဖေ... အဖေ ဘာလုပ်မှာလဲ’

ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ ခြိမ်းခြောက်စကားကို ကြားလိုက်ရတဲ့အခါ နားမလည်ချင်ယောင်ဆောင်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ နာမည် ပြောပါ”

“ငါ့နာမည်ကို ကြားတဲ့သူတိုင်း မဟာကံဝန်ကို ထမ်းဆောင်ရလိမ့်မယ်၊ မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိချုပ်တွေလည်း အတူတူပဲ”

‘တော်တော် လေလုံးထွားတာပဲ... ဒီကောင်က ငါ့ထက်တောင် ဟိတ်ဟန်များတာပဲ’

ဟန်ကျွယ်ဟာ ဟိတ်ဟန်ထုတ်တဲ့နေရာမှာ ကြီးလူတွေကို မမီသေးဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နားမလည်ချင်ယောင် ဆောင်ထားတာမလို့ ဆက်ပြီးတော့ သရုပ်ဆောင်ဖို့ လိုပါတယ်။

“သက်ရှိအားလုံးက ငါ့ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ ခေါ်တယ်၊ ငါ့ရဲ့ တာအိုရောင်းရင်း အကုန်လုံးကလည်း ငါ့ကို လေးစားကြည်ညိုကြတယ်၊ မင်းက ဘယ်သူပဲဖြစ်ဖြစ် ပဋိပက္ခကို ဒုက္ခပေးချင်တယ် သက်ရှိအားလုံးကို ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် ငါ ဟန်ကျွယ်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”

ဟန်ကျွယ်ရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ အကောင်းစား ရတနာတွေဟာ နတ်အလင်းရောင်တွေ ဖြာထွက်လာပါတယ်။

‘မင်းက တာအိုဖန်တီးရှင် ဖြစ်တော့ရော ဘာဖြစ်လဲ... ငါ့ရဲ့ ရတနာတွေနဲ့ မင်းကို အချိန်တစ်ခုအထိတော့ ဆွဲထားနိုင်ပါတယ်’

ဟန်ကျွယ်ဟာ နဝမပဋိပက္ခ တိုက်ခိုက်တာကို စောင့်ပါတယ်။

အားပေးကြွေးကြော်သံတွေဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ ဆူညံသွားပါတယ်။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို သံပြိုင်ရွတ်ဆိုကြပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ သွေးပွက်ပွက်ဆူပြီး ဟန်ကျွယ်ကို လေးစားအားကျစွာ ကြည့်လိုက်ကြပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်စကားကို ကြားရတဲ့အခါ ရင်ထဲက အလုံးကြီး ကျသွားပြီး ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ကြပါတယ်။

အရင်တုန်းက သူတို့တွေဟာ ဟန်ကျွယ်ရဲ့ စွမ်းအားကို ကြောက်လန့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ဓာတ်နဲ့ သစ္စာတရားကို လေးစားသွားကြပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ကို ပဋိပက္ခက လေးငါးဆယ်ကြိမ် နှိပ်ကွပ်ခဲ့တယ်ဆိုတာကို သူတို့တွေ သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဘယ်တော့မှ အပြစ်မဲ့သူကို ဒုက္ခမပေးခဲ့ပါဘူး။ ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့လည်း အကြီးမားဆုံး တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒီလိုလူကိုမှ မလေးစားရင် လေးစားစရာလူ ရှိတော့မှာ မဟုတ်ပါဘူး။

ဒီအချိန်မှာပဲ ပဋိပက္ခသိစိတ်ရဲ့ အသံဟာ ဟန်ကျွယ် နားထဲကို ဝင်လာပါတယ် “မင်းက ငါ့ရန်သူ လုပ်ချင်တာလား”

ဝေ့လန်ရှန်မိက ပဋိပက္ခသိစိတ် စီစဉ်ထားတဲ့ နယ်ရုပ်တစ်ရုပ်မလို့ နံပါတ်တစ်နတ်မင်းက ဝေ့လန်ရှန်မိကို အလွယ်လေး ဝင်ပူးနိုင်တာပါ။

ဟန်ကျွယ်က စိတ်ထဲကနေ ပြန်ဖြေလိုက်ပါတယ် “စဉ်းစားတုန်းပဲ... ဒါပေမဲ့ ခင်ဗျားက ကျုပ်နာမည်ကို သုံးပြီး လူတကာကို လျှောက်လိမ်ရုံမက အန္တိမဒဏ်ခတ်နတ်မင်းကိုပါ ညာလိုက်သေးတယ်၊ နောက်ပြီး ခင်ဗျားက ဒီနေ့ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို သတ်ဖြတ်ချင်တယ်၊ အခုတောင် ဒီလိုဖြစ်နေရင် နောက်ကျ ခင်ဗျားက ကောင်းကင်တာအိုကို သည်းခံနိုင်မှာလား”

ပဋိပက္ခသိစိတ်ဟာ ပြန်မဖြေပါဘူး။

“ဝုန်း...”

ကမ္ဘာပျက်မတတ် အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဝေ့လန်ရှန်မိဟာ ဟန်ကျွယ်ကို ခုန်ပျံ တိုက်ခိုက်လိုက်ပါတယ်။ ဝေ့လန်ရှန်မိဟာ ငွေရောင်သင်္ကေတတွေ တောက်ပနေတဲ့ လှံတစ်စင်းကို ဘယ်လက်မှာကိုင်ပြီး အကြွင်းမဲ့ဆယ်ပါးမြို့တော်ဆီ အလွန်တရာ လျင်မြန်တဲ့အလျင်နဲ့ ဆင်းသက်လာပါတယ်။

ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး လက်ညှိုးနဲ့ ဝေ့လန်ရှန်မိရဲ့လှံကို တားဆီးလိုက်ပါတယ်။ ဒီအဖြစ်ကြောင့် ဝေ့လန်ရှန်မိဟာ မျက်လုံးပြူးသွားပြီး သူ့မျက်လုံးကို မယုံနိုင်လောက်အောင် ဖြစ်သွားပါတယ်။

“မင်းက အတော်လေး စွမ်းအားကြီးတယ်၊ မဟာတာအိုပညာရှိချုပ်က မင်းကို မယှဉ်နိုင်ဘူး၊ မင်းရဲ့ စွမ်းအားက မဟာတာအိုသုံးထောင် အထက်ကို ရောက်နေပြီ၊ ဒါပေမဲ့ မင်းငါ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်က လက်ချောင်းနဲ့ တောက်ချလိုက်တဲ့အခါ ဝေ့လန်ရှန်မိဟာ တိမ်တွေကို ဥက္ကာခဲလို ဖြတ်သန်းပြီး ပဋိပက္ခအောက်ခြေဆီ ပြုတ်ကျသွားပါတယ်။

ဝေ့လန်ရှန်မိဟာ ဟန်ကျွယ်ရဲ့ လက်ညှိုးတောက်ချက် တစ်ချက်ကိုတောင် မခံနိုင်ရှာပါဘူး။

ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို ပြန်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ ရုပ်သွင်ကို ကြည့်တိုင်း ရင်ထဲမှာ မတုန်လှုပ်ဘဲ မနေနိုင်ပါဘူး။ ဒါပေမဲ့ သဏ္ဍာန်မဲ့နတ်မင်းက ဟန်ကျွယ်ကို မတိုက်ခိုက်ပါဘူး။ တစ်စုံတစ်ခုကို တွေးနေသလိုမျိုး ရပ်တန့်နေပါတယ်။

တကယ်တော့ နဝမပဋိပက္ခ ရောက်လာတာကြောင့်ပါ။ ဒါပေမဲ့ သူတို့တွေဟာ နဝမပဋိပက္ခကို မမြင်နိုင်ပါဘူး။ တာအိုဖန်တီးရှင်ပဲ တာအိုဖန်တီးရှင်ကို မြင်နိုင်ပါတယ်။

ပဋိပက္ခသိစိတ်လည်း တိတ်ဆိတ်သွားပါတယ်။

အဲဒီနောက် သဏ္ဍာန်မဲ့နတ်မင်းလည်း ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ ပဋိပက္ခအောက်ခြေဟာ ဆက်ပြီးတော့ မပြိုလဲတော့ပါဘူး။ လောကတစ်ခုလုံး ပြန်ငြိမ်းချမ်းသွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခအောက်ခြေမှာ သူ့ထက် စွမ်းအားကြီးတဲ့ ရောင်ဝါ မရှိတော့တာကို ခံစားမိလိုက်ပါတယ်။ ဒါကြောင့် “သွား... အထွတ်အထိပ် နိယာမကို သွားကာကွယ်ချည်”

ဟန်ကျွယ်ရဲ့ စကားကို ကြားတာနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ ပထမဆုံး ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် မဟာတာအိုပညာရှိတွေလည်း နောက်ကနေ လိုက်သွားကြပါတယ်။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်ပြီး “အကြွင်းမဲ့ ဆယ်ပါးမြို့တော်ကို အရင်ဆုံး ထိန်းသိမ်းချည်၊ သူတို့ကို လျှောက်မသွားစေနဲ့... တော်ကြာ တစ်ခုခု ဖြစ်နေဦးမယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းညိတ်လိုက်ပြီး အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိတွေကို နှစ်သိမ့်ပါတယ်။

အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေရဲ့ သောင်းကျန်းမှုကြောင့် အက်ကြောင်းတွေတောင် ပေါ်နေပါပြီ။

မဟာတာအိုပညာရှိချုပ်တွေဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေရဲ့ ရောင်ဝါကို ကြောက်လန့်ပြီး အနားမကပ်ရဲကြပါဘူး။

“မြန်မြန်... အထွတ်အထိပ် နိယာမ ဖျက်ဆီးခံရရင် ပဋိပက္ခ အဆုံးသတ်သွားလိမ့်မယ်၊ အဲဒီအချိန်ကျ ငါတို့တွေ အသက်ရှင်နိုင်ဦးမှာလား” ဓားရူးတာအိုပညာရှိက ဒေါသတကြီး ပြောလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ ဓားတာအိုပေါ် တက်နင်းပြီး ပထမဆုံး တိုက်ခိုက်ပါတယ်။ ဖျက်ဆီး အာဏာရှင်စစ်သူကြီး နှစ်ပါးဟာ ဓားရူးတာအိုပညာရှိရဲ့ ဓားတာအိုကို တားဆီးလိုက်ပါတယ်။

ဝေ့လန်ရှန်မိ ဖန်တီးထားတဲ့ အနက်ရောင် အလင်းတိုင်ထဲကနေ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေ ထွက်လာနေတုန်းပါ။ ဒီအနက်ရောင် အလင်းတိုင်ကို ဖျက်ဆီး အာဏာရှင်စစ်သူကြီး လေးငါးရာက စောင့်ကြပ်နေကြပါတယ်။

မဟာတာအိုပညာရှိချုပ် ဒါဇင်ကျော် ပူးပေါင်းတိုက်ခိုက်ပေမဲ့ သူတို့တွေ အနက်ရောင် အလင်းတိုင်နားကို မကပ်နိုင်ပါဘူး။ ဒီဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေက စွမ်းအားကြီးလွန်းပါတယ်။

ဖျက်ဆီး အာဏာရှင်စစ်သူကြီးတိုင်းက မဟာတာအိုပညာရှိတစ်ပါးကို အသာလေး အနိုင်ယူနိုင်ပါတယ်။ ဒီလိုမျိုး ဖျက်ဆီး အာဏာရှင်စစ်သူကြီးက သိန်းချီဆိုတော့ ဘယ်လောက် စွမ်းအားကြီးမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ အံကြိတ်ပြီး ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ် ‘ဟန်ကျွယ်က နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်လိုရင်ဆိုင်ခဲ့တာလဲ... သေစမ်း... ငါ ဒီကောင်တွေကိုတောင် မဖြေရှင်းနိုင်ရင် ဟန်ကျွယ်ကို ဘယ်လိုလုပ်ပြီး စိန်ခေါ်နိုင်မှာလဲ’

ဓားရူးတာအိုပညာရှိဟာ ‌ဒေါသတကြီး အော်ဟစ်ပြီး သူ့ခန္ဓာကိုယ်ကို ကောင်းကင်ဓားအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ အဲဒီနောက် တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေကို တိုက်ခိုက်တာကြောင့် ဓားအလင်းရောင်တွေ တလက်လက် တောက်ပသွားပါတယ်။

ဖျက်ဆီး အာဏာရှင်စစ်သူကြီး ဆယ်ပါးဟာ နောက်လှည့်လာပြီး ပြိုင်တူ လက်သီးနဲ့ ထိုးလိုက်ပါတယ်။ ကြောက်မက်ဖွယ် ဓမ္မစွမ်းအားဟာ အတူစုစည်းပြီး ဓားရူးတာအိုပညာရှိရဲ့ ဓားတာအိုထက် ပိုကြီးမားတဲ့ ဓမ္မစွမ်းအားစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီစွမ်းအားက ဓားရူးတာအိုပညာရှိရဲ့ ဓားတာအိုကို တစ်ချက်တည်း လွင့်ပါးပျောက်ကွယ်စေပြီး ဓားရူးတာအိုပညာရှိကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters