မယုံနိုင်စရာ စွမ်းအား
Vol. 96 Ch. 1007
ဓားရူးတာအိုပညာရှိတင် မဟုတ်ပါဘူး။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တစ်ပါးပြီးတစ်ပါး အသတ်ခံရပါတယ်။ ဒါပေမဲ့ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးက သက်ကယ် နည်းလမ်းတွေရှိပါတယ်။ ဒါကြောင့် အသက်မပြန်ရှင်မှာကို စိတ်ပူစရာ မလိုပါဘူး။
မကြာခင်မှာပဲ ဓားရူးတာအိုပညာရှိ ပြန်ရောက်လာပါတယ်။ ဓားရူးတာအိုပညာရှိဟာ များပြားလှတဲ့ ဖျက်ဆီး အာဏာရှင် စစ်သူကြီးတွေကို ကြည့်ရင်း စိတ်လေးသွားပါတယ်။
မဟာတာအိုပညာရှိချုပ် အကုန်လုံး တိတ်ဆိတ်သွားကြပြီး ဘယ်သူမှ ရှေ့မတက်ရဲကြပါဘူး။
“ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဖိတ်ခေါ်ရမယ်” တစ်ယောက်က ရုတ်တရက် ထပြောလိုက်တဲ့အတွက် မျှော်လင့်ချက် ကင်းမဲ့နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သတိပြန်ဝင်လာကြပါတယ်။ အခုအချိန် သူတို့ဆီမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အကူအညီ တောင်းရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး။
“ငါ ဒီမှာ”
ညင်သာတဲ့ အသံကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေ လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်က ဓားရူတာအိုပညာရှိနောက်မှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဓားရူးတာအိုပညာရှိဟာ နောက်လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် မှင်တက်သွားပြီးနောက် သက်ပြင်းချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ ပခုံးပေါ် ညာလက်တင်ပြီး အသာ နောက်ဆွဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီး သိန်းချီဆီ လျှောက်သွားပါတယ်။
ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပြီး ရုတ်တရက်ဆိုသလို စိတ်ထဲမှာ သက်သာရာ ရသွားပါတယ် ‘ငါတို့ကို အနိုင်ကျင့်နိုင်တာ ဘာလုပ်ရမှာလဲ... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရှေ့မှာ အရေအတွက်က အဓိပ္ပာယ်မရှိဘူး’
ဟန်ကျွယ်ဟာ လမ်းလျှောက်ရင်း အလင်းဓားခုနစ်ပါးကို ဘေးပတ်လည်မှာ ခဲလိုက်ပါတယ်။ ဒီဓားခုနစ်ပါးက လူသားခန္ဓာကိုယ်လို ရှည်လျားပြီး မတူကွဲပြားတဲ့ ပုံစံတွေ ရှိပါတယ်။ ဒါက လက်ရှိမှာ ဟန်ကျွယ်ရဲ့ အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအား အန္တိမဝိညာဉ်ချွေဓားပါ။
ဝေ့လန်ရှန်မိက အော်ပြောလိုက်ပါတယ် “ရပ်လိုက်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ဘာလုပ်နေတယ်ဆိုတာကို မင်း သိလား”
ဟန်ကျွယ်ဟာ ဒီကောင်ကို ဂရုမစိုက်ပါဘူး။
‘နောက်ဆုံးတော့ ငါ့ရဲ့ ဆန်းကြယ်စွမ်းအား အသစ်ကို စမ်းသပ်လို့ရပြီ’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အန္တိမဝိညာဉ်ချွေဓားဟာ ချက်ချင်း ပေါက်ကွဲထွက်ပြီး နားကွဲမတတ် စူးရှတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဒီအသံက မဟာတာအိုပညာရှိချုပ်တွေရဲ့ ဝိညာဉ်ကို တဆတ်ဆတ် တုန်ယင်သွားစေပါတယ်။ ပဋိပက္ခထဲက သက်ရှိအကုန်လုံးလည်း ဒီအသံကို မသဲမကွဲ ကြားလိုက်ကြရပါတယ်။
“အလင်းဓားခုနစ်ပါးဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီး သိန်းချီကို အလွန်တရာမှ လျင်မြန်တဲ့ အလျင်နဲ့ တိုက်ခိုက်ပါတယ်၊ တောက်ပတဲ့အလင်းရောင် ရှေ့ဆက်တာနဲ့ အလင်းဓားက ခန္ဓာကိုယ်တွေ တစ်ခုပြီး တစ်ခု လှီးဖြတ်တဲ့အသံ ထွက်ပေါ်လာပါတယ်၊ ဒီကနေ ဖြစ်ပေါ်လာတဲ့ လေပြင်းဟာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နောက်ဆုတ်သွားစေပါတယ်၊ အနက်ရောင် အလင်းတိုင်ဟာ လေပြင်းကြောင့် တစ်ခါတည်း လွင့်ပါးပျောက်ကွယ်သွားပါတယ်”
ဝေ့လန်ရှန်မိဟာ ဒါတွေကိုကြည့်ပြီး သူ့မျက်စိကို သူမယုံနိုင်အောင် ဖြစ်သွားပါတယ်။
ဖျက်ဆီး အာဏာရှင် စစ်သူကြီးတွေရဲ့ ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ဟာ ဝိညာဉ်ချွေဓားရှေ့မှာ စက္ကူပါးတစ်ရွက်လိုပါပဲ။ အလင်းဓားနဲ့ ထိမိတာနဲ့ သူတို့ရဲ့ ဓမ္မစွမ်းအားတွေက ပြာအတိ ကျကုန်ပါတယ်။ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေဟာ တစ်ချက်ကလေးတောင် မခံနိုင်ပါဘူး။ ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တွေ ခံစားလိုက်ရတာပါ။
စောစောက တိုက်ပွဲကြောင့်သာ မဟုတ်ရင် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေကို ဟန်ပဲရှိတာလို့ ထင်မိမှာပါ။
ဖျက်ဆီး အာဏာရှင်စစ်သူကြီး သိန်းချီဟာ ရူးသွပ်စွာ အော်ဟစ်လိုက်ပါတယ်။ သူတို့တွေဟာ အထွတ်အထိပ် နိယာမခုနစ်ပါးကို မတိုက်ခိုက်တော့ဘဲ နောက်လှည့်ပြီး ဟန်ကျွယ်ကို ဝိုင်းတိုက်ကြပါတယ်။
ဒါပေမဲ့ အလင်းဓားခုနစ်ပါးဟာ မဟာတာအိုပညာရှိချုပ်တွေတောင် နားမလည်နိုင်တဲ့ အလျင်နဲ့ အရူးအမူး တိုက်ခိုက်ပါတယ်။ သွေးစသွေးနတွေဟာ နေရာတကာကို လွှင့်စဉ်ကုန်ပါတယ်။ ဓမ္မစွမ်းအားတွေက မီးခိုးဖြစ်ပြီး လွင့်ပါး ပျောက်ကွယ်ကုန်ပါတယ်။ ကျယ်ပြောလှတဲ့ မြူခိုးတွေက အထွတ်အထိပ် နိယာမခုနစ်ပါးကို ဖုံးအုပ်ပြီး မဟာတာအိုသုံးထောင်ကို နှစ်မြှုပ်ထားသလိုပါပဲ။
အသက်ရှူကြိမ် နှစ်ကြိမ်တောင် မပြည့်တဲ့ အချိန်လေးအတွင်းမှာ...
ဖျက်ဆီး အာဏာရှင်စစ်သူကြီး သိန်းချီဟာ အကုန်လုံး ဖျက်ဆီးခံလိုက်ရပါတယ်။
အဲဒီနောက် အလင်းဓားခုနစ်ပါးဟာ ဟန်ကျွယ်ဆီ ပြန်ရောက်လာပါတယ်။ အလင်းဓားခုနစ်ပါးဟာ အဝေးတစ်နေရာမှာရှိတဲ့ အထွတ်အထိပ် နိယာမခုနစ်ပါးလိုမျိုး တောက်ပပြီး အနှိုင်းမဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်းမှာ တခြား ဘာအကွက်တွေ ရှိသေးလဲ”
ဓားရူးတာအိုပညာရှိနဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အံ့ဩတုန်လှုပ်တဲ့ အခြေအနေကနေ နာလန်ပြန်မထူနိုင်ကြသေးပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ ဒီလောက် စွမ်းအားကြီးလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးပါဘူး။
တကယ်ကို စိတ်ကူးမယဉ်နိုင်လောက်တဲ့ စွမ်းအားပါ။ ဒီစွမ်းအားက သေချာပေါက် မဟာတာအို အထွတ်အထိပ်အဆင့်ထက် ကျော်လွန်ပါတယ်။
ဝေ့လန်ရှန်မိဟာ တဆတ်ဆတ် တုန်သွားပါတယ်။ သူ အမြဲတမ်း ဂုဏ်ယူခဲ့ရတဲ့ ဆန်းကြယ်စွမ်းအားက ဒီလိုမျိုး အဆုံးသတ်သွားတယ် မဟုတ်ပါလား။
ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေ မွေးဖွားလာတာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ နတ်အာဏာရှင်စစ်သူကြီးတွေရဲ့ တိုက်ပွဲကို သူ သုံးသပ်နားလည်ခဲ့လို့ပါ။ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်ရှေ့မှာ ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပါဘူး။
ဝေ့လန်ရှန်မိက မတိုးမကျယ် ပြောလိုက်ပါတယ် “ဟန်ကျွယ်... မင်း ပဋိပက္ခကို ကူညီရင် အဲဒီအဆင့်ကို မင်း ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး”
“မင်းနောက်က တည်ရှိမှုကို ကူညီတော့ရော ငါ အဲဒီနေရာကို ရောက်နိုင်မှာလား၊ မင်းက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးအပေါ် အကြင်နာတရား တစ်စက်မှ မရှိဘူး၊ မင်းကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုနဲ့ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နေနိုင်မှာလဲ”
ဝေ့လန်ရှန်မိဟာ တိတ်ဆိတ်သွားပါတယ်။ ဝေ့လန်ရှန်မိဟာ ဟန်ကျွယ်ကို စကားနဲ့ သိမ်းသွင်းလို့ မရမှန်း သိပါတယ်။ အခုအချိန်မှာ အရေးကြီးဆုံးက အဲဒီသာလွန် တည်ရှိမှုတွေပါ။
‘သူတို့တွေ ဘာဖြစ်လို့ ပေါ်မလာတာလဲ’
ဒီအချိန်မှာပဲ မင်လင်းမယ်တော်ဟာ ဟန်ကျွယ်ဘေးနားမှာ ပေါ်လာပြီး ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ကျွန်မ အထွတ်အထိပ်နိယာမတွေကို ပြန်ပြင်လိုက်မယ်၊ ဒီကပ်ဘေးက ပြီးဆုံးသွားပြီ”
ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို တစ်ချက်ကြည့်ပြီး အသာ ခေါင်းညိတ်လိုက်ပါတယ်။ မင်လင်းမယ်တော်ဟာ ဒီမတိုင်ခင် တစ်ခါမှ ပေါ်မလာခဲ့ပါဘူး။ ဒါပေမဲ့ မင်လင်းမယ်တော်က လောကဦးထောင်ထဲက ထွက်လာတဲ့လူမလို့ ဟန်ကျွယ်ဟာ သူ့စကားကိုတော့ ယုံကြည်ပါတယ်။ မင်လင်းမယ်တော်ရဲ့ စကားအရ နဝမပဋိပက္ခက သူ့ကို ဆက်သွယ်ပုံပါပဲ။
ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ပဋိပက္ခသိစိတ်ကို သနားမိသွားပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိရှေ့ကို ရုတ်တရက် ရောက်သွားပြီး ရင်ဘက်ကို ရိုက်ချလိုက်ပါတယ်။ ဒီရိုက်ချက်က နံပါတ်တစ်နတ်မင်းရဲ့ ဝိညာဉ်ကို ဝေ့လန်ရှန်မိရဲ့ ခန္ဓာကိုယ်ထဲကနေ ရိုက်ထုတ်လိုက်တာပါ။
ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို အင်္ကျီလက်အိုးထဲ ထည့်သိမ်းလိုက်ပါတယ်။ နံပါတ်တစ်နတ်မင်းကိုတော့ ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနံပါတ်တစ်နတ်မင်းက ပင်မခန္ဓာကိုယ် မဟုတ်လို့ပါပဲ။
ဟန်ကျွယ် ပျောက်ကွယ်သွားတာနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ နံပါတ်တစ်နတ်မင်းကို ဝိုင်းလိုက်ကြပါတယ်။
“ဟီးဟီး... အဲဒီကောင်တွေက မင်းရဲ့ ဆန်းကြယ်စွမ်းအားလား... ထပ်ပြီးတော့ ဆင့်ခေါ်လေ... အဲဒီကောင်တွေက အဆုံးမရှိဘူးဆိုတာကို ငါ မယုံဘူး” ဓားရူးတာအိုပညာရှိဟာ ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ်။ မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ်။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း အတူတူပါပဲ။
နံပါတ်တစ်နတ်မင်းဟာ ဒေါသထွက်သွားပြီး ဆဲဆိုလိုက်ပါတယ် “ပုရွက်ဆိတ်တစ်စုကများ... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မှီခိုပြီးမှ လေကျယ်ရဲတာကိုများ...”
ဟန်ကျွယ်ဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ဆီ ပြန်ပြီး တိတ်ဆိတ်ဂိုဏ်းသားတွေနေတဲ့ ခြံဝင်းထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်လင်ကို သူ့ဘေးနား ရွှေ့လိုက်ပါတယ်။ ဟန်လင်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်သာရာ ရသွားပါတယ်။ တခြားလူတွေကလည်း ဟန်ကျွယ်ကို ဝန်းရံပြီး မေးခွန်းတွေ စမေးကြပါတယ်။
“ဆရာသခင် အခြေအနေ ဘယ်လိုလဲ”
“သခင်... ခုနက ဘာဖြစ်သွားတာလဲ”
“ကပ်ဘေးက ပြီးသွားပြီလား”
“ငယ်လူဟန်... ခုနကရုပ်သွင်က ဘယ်သူလဲ၊ အရမ်းကြောက်ဖို့ကောင်းတယ်နော်”
“ဖေဖေ”
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ငြိမ်ငြိမ်နေဖို့ အချက်ပြလိုက်ပါတယ်။ အကုန်လုံး ပါးစပ်ပိတ်သွားပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ အဖြစ်အပျက် အလုံးစုံကို အကျဉ်းချုံးပြီး ရှင်းပြလိုက်ပါတယ်။ အကုန်လုံး လန့်သွားကြပါတယ်။
‘မဟာတာအိုပညာရှိတွေထက် စွမ်းအားကြီးတဲ့ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေက ဒီလိုနဲ့ ဇာတ်သိမ်းသွားတာလား...’
နောက်ကွယ်ကနေ ကြိုးကိုင်တဲ့လူကိုတော့ သူတို့တွေ ဂရုမစိုက်အားပါဘူး။
ဟန်လင်ဟာ သူ့ရဲ့ ဧကရာဇ်စစ်သားတွေကို မတွေးဘဲ မနေနိုင်ပါဘူး ‘ကြည့်ရတာ ငါ မဟာတာအိုပညာရှိချုပ် ဖြစ်ရင်တောင် ဖေဖေကို မယှဉ်နိုင်မဲ့ပုံပဲ’
တာအိုအရှင်သခင်တို့ လေးယောက်ကတော့ ခံစားချက် အရှုပ်ထွေးဆုံးပါ။ သူတို့တွေဟာ နံပါတ်တစ်နတ်မင်းရဲ့ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတွေကို အကြောက်ဆုံးပါ။ ဒါပေမဲ့ အခုတော့...။
“အို... ငါတို့ အစိုးရိမ်ရဆုံးက ဒီလိုနဲ့ ဇာတ်သိမ်းသွားတာလား...” လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ်။
လောင်တန်ရဲ့ စကားက တခြားလူတွေရဲ့ အာရုံကို ဆွဲဆောင်မိသွားတာကြောင့် ကျောက်ရွှမ်ယွမ်ဟာ လက်ဖြန့်ပြီး သူတို့နဲ့ နံပါတ်တစ်နတ်မင်းရဲ့ ဆက်ဆံမှု အကြောင်းတွေကို ပြန်ပြောင်း ပြောပြပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
ကွမ်းပုပိုင် “မင်းတို့တွေ ဒီလောက် စွမ်းအားကြီးတာ အံ့ဩစရာ မရှိတော့ပါဘူး၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ရထားတာတောင် ငါတို့ကို ဘာမှ မပြောဘူး”
ကျိုးဖန်လည်း မခံမရပ်နိုင် ဖြစ်သွားပါတယ်။ ကျိုးဖန်ဟာ ဒီပြိုင်ပွဲမှာ အစောကြီး ထွက်သွားခဲ့ရပါတယ်။ သူဟာ အရင်တုန်းက တာအိုအရှင်သခင်နဲ့ သူမသာ ကိုယ်မသာ ရှိခဲ့တာပါ။ ဒါပေမဲ့ ပဋိပက္ခအစည်းအဝေးမှာတော့ မိုးနဲ့မြေလို ကွာခြားသွားခဲ့ပါတယ်။ ဒီလိုရလဒ်ကြောင့် ကျိုးဖန်ဟာ တာအိုအရှင်သခင်ကိုတောင် စကားမပြောရဲ ဖြစ်သွားခဲ့ပါတယ်။
ကျိုးဖန်ရဲ့သား ဝတ်ရုံနက်အမျိုးသားဟာ ဟန်ကျွယ်ကို တလက်လက် တောက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ် ‘အရမ်းစွမ်းတာပဲ... ငါ့အဖေရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့ ဆရာဘိုးဘိုးလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာအောင် ကြိုးစားရမယ်’
“နောက်ထပ် ပါရမီရှင်တစ်ပါး ထွက်သွားရပြီ”
အော်သံတစ်သံဟာ ခြံဝင်းအပြင်ကနေ ထွက်ပေါ်လာတဲ့အတွက် အားလုံးဟာ မော့ကြည့်လိုက်ပါတယ်။
တာအိုအရှင်သခင်နဲ့ ဟွမ်ဇွမ်တျန် ပြီးတဲ့နောက် ကောင်းကင်နက္ခ နတ်ဘီလူး ထွက်သွားရပါတယ်။ ဒီရလဒ်က ဟန်ကျွယ်ကို အံ့အားသင့်သွားစေပါတယ်။ ဒုတိယ တာအိုစက်ကွင်းထဲမှာ ကောင်းကင်နက္ခ နတ်ဘီလူးက အမြဲတမ်း နံပါတ်တစ် နတ်ဘီလူး ဖြစ်ခဲ့တာပါ။ သူက မုရုံချီကိုတောင် မကြာမကြာ ကျော်လွန်နိုင်ခဲ့ပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးကို ရှင်းထုတ်လိုက်တဲ့လူက မဟာကောင်းကင် နတ်ဘုရားဘုရင်ပါ။ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ကောင်းကင်မှာ ပေါလောမျောပြီး လက်ဖြန့်ထားပါတယ်။ သူ့နောက်မှာ ကမ္ဘာတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားနှစ်ပါးဟာ သူ့ခန္ဓာကိုယ်ထဲမှာ ရောယှက်ပြီး တည်နေပါတယ်။
“အရမ်းကောင်းတယ်... ငါ အနှိုင်းမဲ့ထိပ်ဆုံးနေရာနဲ့ ပိုပိုနီးလာပြီ၊ ဟန်ဟွမ် ဝူရှင်းရှစ်ကျဲ့ မုရုံချီ တိုက်ခိုက်နေတာ ရပ်တော့... မင်းတို့အကုန်လုံး အတူတူ လာအသေခံကြစမ်း”
မြန်မာပြည် ငြိမ်းချမ်းပါစေ။