မဟာတာအို အနန္တကပ်ဘေး၊ လောကဦး နတ်ဘီလူး
Vol. 96 Ch. 1008
မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ မောက်မာလွန်းတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဟန်ဟွမ်၊ မုရုံချီနဲ့ ဝူရှင်းရှစ်ကျဲ့တို့ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို ချက်ချင်း ဝိုင်းလိုက်ကြပါတယ်။
ဝူရှင်းရှစ်ကျဲ့ဟာ မဟာကောင်း ကင်နတ်ဘုရားဘုရင်ကို အကဲခတ်ပြီး “မင်းရဲ့ စွမ်းအားက ပြင်ပအား ဟုတ်တယ်မလား”
ဝူရှင်းရှစ်ကျဲ့ရဲ့ အသံက ကျယ်လောင်လွန်းပါတယ်။ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက ပွဲကြည့်ပရိသတ်တွေ ကြားအောင် တမင်ပြောလိုက်တာပါ။
မဟာကောင်းကင် နတ်ဘုရားဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ် “ဘယ်က ပြင်ပအင်အားလဲ၊ ဒါက ငါဆက်ခံထားတဲ့ စွမ်းအားပဲ၊ နောက်ပြီး ငါတို့လိုအဆင့်မှာ ဘယ်သူက ဒီလိုမျိုးစွမ်းအား မရှိလို့လဲ၊ မင်းတို့ဟာက ငါ့ဟာကို မမီရုံပဲ”
ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်နဲ့ ပြောနေလို့ ဘာမှမထူးဘူး၊ အစတုန်းကတော့ ကြက်လို ကြောက်လွန်းလို့ လိပ်လို ပုန်းနေတာ... အခုမှ အနိုင်ရမဲ့ အခွင့်အရေးလေးတွေ့လို့ အားကြီးဟန် ဆောင်နေတာ၊ သူ့လောက် အရှက်မရှိတဲ့လူ အကြွင်းမဲ့ဆယ်ပါးထဲမှာ မရှိဘူး”
မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ဒေါသချောင်းချောင်း ထွက်သွားပြီး ဟန်ဟွမ်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ် “လာစမ်းပါ... မင်းက ငါ့လောက် စွမ်းအားကြီးလားဆိုတာ ကြည့်ရသေးတာပေါ့”
ဟန်ဟွမ်ဟာ အထင်သေးစွာ ပြုံးလိုက်ပြီး လောကဦး နတ်ဘီလူးအသွင် ပြောင်းလိုက်ပါတယ်။ ဟန်ဟွမ်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို စိုက်ကြည့်ပြီး “မင်းတစ်ယောက်တည်း ဝှက်ဖဲရှိတာ မဟုတ်ဘူး၊ ငါ့မှာလည်း ရှိတယ်”
“ဝုန်း...”
အလွန်အားကောင်းတဲ့ရောင်ဝါ ပေါက်ကွဲ ထွက်လာပါတယ်။ ဒီရောင်ဝါကြောင့် သိစိတ်မဲ့ မဟာတာအိုကမ္ဘာ တုန်ခါသွားပါတယ်။ မြေပြင်ဟာ ပြိုလဲပြီး အာကာသလျှပ်စီးတွေ ရုတ်တရက် ယှက်ဖြာလာပါတယ်။
ဟန်ဟွမ်ရဲ့နောက်မှာ နတ်ဘီလူးဓမ္မရုပ်တုနဲ့ ဆင်တူတဲ့ ဓမ္မရုပ်တု ၁၈ ပါး ခဲသွားပါတယ်။ ဒီဓမ္မရုပ်တု ၁၈ ပါးဟာ ကိုယ်ဟန် အမျိုးမျိုး ရှိကြပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို အားကုန် ထုတ်တိုက်ပါတယ်။ ဓမ္မရုပ်တု ၁၈ ပါးကလည်း ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို ထုတ်သုံးလိုက်ပါတယ်။
နှစ်ယောက် မထိတွေ့ခင်မှာပဲ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ပုံရိပ်ယောင် ဆန်းကြယ်စွမ်းအားရဲ့ သက်ရောက်မှုကို အရင်ဆုံး ခံလိုက်ရပါတယ်။ သူ့ရှေ့က အရာအားလုံးဟာ ကျို့ယိုငရဲအဖြစ် ပြောင်းလဲသွားပြီး နေရာတိုင်းမှာ ကြောက်မက်ဖွယ် ပုံရိပ်ယောင်တွေနဲ့ ပြည့်သွားပါတယ်။
မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ မျက်လုံးထဲမှာ အစိမ်းရောင် ယှက်သမ်းသွားပါတယ်။ ဒီအကြည့်နဲ့ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ပုံရိပ်ယောင် ဆန်းကြယ်စွမ်းအားကို ချိုးဖျက်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကနေ မီးလျှံတွေ ထိုးထွက်လာပြီး ဟန်ဟွမ်နဲ့ ဝင်တိုက်ပါတယ်။
ဝူရှင်းရှစ်ကျဲ့နဲ့ မုရုံချီကလည်း ထိုင်ကြည့်မနေပါဘူး။ တိုက်ပွဲထဲ ခပ်သုတ်သုတ် ဝင်လိုက်ကြပါတယ်။
အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နေတဲ့လူက လေးယောက်ပဲ ကျန်ပါတော့တယ်။
ကပ်ဘေးကို ဖြေရှင်းပြီးပြီ ဖြစ်တဲ့အတွက် အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိတွေဟာ ကောင်းကင်ယံက အလင်းရောင် မျက်နှာပြင်ကို အာရုံပြန်စိုက်ပြီး အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ဘယ်သူရမလဲဆိုတာ စပြီးတော့ ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်နဲ့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကိုယ်ပွားလည်း ခန်းမထဲကို ပြန်ရောက်လာကြပါတယ်။ ဟန်လင်ကတော့ ဟန်ကျွယ်နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါတယ်။
ခန်းမထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ စောစောက ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးနေကြတုန်းပါ။ မဟာတာအိုပညာရှိချုပ်တွေကတော့ ဟန်ကျွယ်ရဲ့ စွမ်းအားအကြောင်းကို ပြောတိုင်း သွေးတွေ ဆူပွက်သွားကြပါတယ်။
ဟန်ကျွယ်ကတော့ နဝမပဋိပက္ခကို စောင့်နေပါတယ်။
ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းက ဟန်ကျွယ် လှုပ်ရှားတာတွေ့လို့ နောက်ဆုတ်သွားမဲ့ လူစားတွေ မဟုတ်ပါဘူး။ သူတို့ကို တည်ရှိမှုတစ်ခုက ကန့်သတ်ထားတာဆိုတော့ သေချာပါတယ်။ ဒီတည်ရှိမှုကလည်း နဝမပဋိပက္ခကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ရောက်လာပါတယ်။
[နဝမပဋိပက္ခသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
‘ငါ ထထင်ထားတဲ့အတိုင်းပဲ’
ဟန်ကျွယ်ဟာ နည်းနည်းတော့ ရင်ထိတ်နေပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခက သူ့ကို ယုံမလားဆိုတာ မပြောတတ်ပါဘူး။ နဝမပဋိပက္ခက သူ့အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ပေမဲ့ သူ့ဘေးနားက လူတွေကိုတော့ သေချာပေါက် ဒုက္ခပေးနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ အိပ်မက်ထဲ ဝင်ရောက်သွားပါတယ်။ အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို တွေ့မြင်လိုက်ရပါတယ်။ နဝမပဋိပက္ခက အရိပ်နက်ကြီးဖြစ်ပြီး သဲသဲကွဲကွဲ မမြင်ရတာကြောင့် ဘယ်လိုပုံစံ ရှိတယ်ဆိုတာကို ခန့်မှန်းလို့ မရပါဘူး။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ရင်ဆိုင်ရတဲ့အခါ တိတ်ဆိတ်နေပြီး အရင်ဆုံး စကား စ,မပြောပါဘူး။ နဝမပဋိပက္ခ ဘာတွေးနေတယ်ဆိုတာကို သူမသိဘူး မဟုတ်ပါလား။
“မင်း ဘာဖြစ်လို့ ပဋိပက္ခသိစိတ်ရဲ့ အကြံပြုချက်ကို ငြင်းလိုက်တာလဲ” နဝမပဋိပက္ခက မေးလိုက်ပါတယ်။
ဟန်ကျွယ်က တအံ့တဩ ပြန်မေးလိုက်ပါတယ် “ပဋိပက္ခသိစိတ်က ဘယ်သူလဲ”
“ငါ့ရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး၊ ငါ မင်းကို ကောင်းကောင်း သိတယ်၊ ငါ ဘယ်သူ့ကို ပြောနေလဲဆိုတာ မင်း သိပါတယ်ကွာ၊ အစတုန်းက မင်း သူ့ကို မငြင်းဘူးဆိုတာလည်း ငါ သိတယ်”
ဟန်ကျွယ်ဟာ ကူကယ်ရာမဲ့တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “သူက ကျွန်တော်ထက် စွမ်းအားကြီးတယ်လေ၊ ကျွန်တော် ဘယ်လို ငြင်းရဲမှာလဲ၊ ကျွန်တော်က ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ဆိုပေမဲ့ ကြီးလူရဲ့ရှေ့မှာ ပုရွက်ဆိတ်သာသာပဲ ရှိတာ၊ ကြီးလူတို့ရဲ့ အရှုပ်အရှင်းက ကျွန်တော်ကို လာသက်ရောက်တော့ ကျွန်တော် ဝင်မပါဖြစ်အောင်ပဲ အတတ်နိုင်ဆုံး ကြိုးစားရတော့တယ်၊ ဒါပေမဲ့ သူက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို သတ်ပစ်ချင်တော့ ကျွန်တော်မှာ သူနဲ့ ရန်သူလုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး”
“မင်းရွေးချယ်မှု မှန်သွားတယ်၊ မင်းက ပဋိပက္ခကို ကာကွယ်ဖို့ အကျိုးဆောင်ခဲ့တော့ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ငါ ပဋိပက္ခနဲ့ သက်ရှိအားလုံးကို ဖန်တီးတာက ပထမတစ်ချက်အနေနဲ့ တာအိုဖန်တီးရှင် ဖြစ်ဖို့ပဲ၊ ဒုတိယတစ်ချက်က ငါ့အရင်လူတွေရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ၊ ပဋိပက္ခက သိစိတ်မဲ့ မဟာတာအိုကမ္ဘာကို ဘာဖြစ်လို့ ဖိနှိပ်ထားလဲဆိုတာ မင်း သိလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဖြေကိုသိပေမဲ့ မပြောရဲပါဘူး။ ဒီအဖြေက ရိုးရှင်းပါတယ်။ နဝမပဋိပက္ခက ပဋိပက္ခ ဖိနှိပ်ခံရမှာကို ကြောက်တာပါ။
“သိစိတ်မဲ့ မဟာတာအိုကမ္ဘာ တည်ရှိပြီး တခြား မဟာတာအိုကမ္ဘာတွေလည်း မွေးဖွားလာမယ်၊ ပဋိပက္ခနဲ့လည်း သဟဇာတ မဖြစ်ဘူးဆိုရင် ငါတို့တွေ ဘာလုပ်ကြမလဲ၊ တစ်ယောက်နဲ့ တစ်ယောက် မနှောင့်ယှက်ဖို့က ဖြစ်နိုင်မယ်လို့ ထင်လား၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အဲဒီအချိန်ကျရင် ရည်မှန်းချက်တွေ ကြီးပြီး မဟာတာအိုကမ္ဘာ စစ်ပွဲတွေ ပေါ်ပေါက်လာလိမ့်မယ်၊ အဲဒီအချိန်ကျ ပဋိပက္ခတစ်ခုပဲ ပြဿနာတက်မှာ မဟုတ်ဘူး၊ မဟာတာအိုကမ္ဘာတိုင်း ပြဿနာတက်မှာ၊ မင်းလည်း အနန္တကပ်ဘေးကို ကြုံဖူးတာပဲ” နဝမပဋိပက္ခက တစ်လုံးချင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ ဒီစကားကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ အဲဒီတော့ရော ဘာဖြစ်လဲ။ မဟာတာအိုကမ္ဘာ ဖန်တီးမှုက မြင့်မားတဲ့အဆင့်ဆီ ဦးတည်နေတယ် မဟုတ်ပါလား။
နဝမပဋိပက္ခက ဆက်ပြောပါတယ် “ငါ မဟာတာအိုကမ္ဘာတွေ တည်ရှိဖို့ကို ခွင့်ပြုဖို့ စီစဉ်ထားပြီးပြီ၊ အဲဒါကြောင့် ငါ သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ ကောင်းကင်တာအိုကို မဖျက်ဆီးတာ၊ မဟုတ်ရင် ငါ့ရဲ့ အတွေးတစ်ချက်က သူတို့ကို ဖျက်ဆီးဖို့ လုံလောက်တယ်၊ ငါက ပဋိပက္ခ နောက်တစ်ဆင့် မြင့်သွားတာကို စောင့်နေတာ၊ အဲဒီတော့မှ မဟာတာအိုကမ္ဘာတွေကို သိမ်းပိုက်မှာ၊ ဒီနည်းနဲ့ ငါ မဟာတာအိုကမ္ဘာသခင်တွေကို ကန့်သတ်ပြီး အရှုပ်အရှင်းတွေကို လျှော့ချနိုင်လိမ့်မယ်၊ ဒီလိုဆို ကမ္ဘာအသီးသီးမှာရှိတဲ့ သက်ရှိတွေလည်း ကမ္ဘာတစ်ခုတည်းကို ပူးပေါင်းသွားလိမ့်မယ်”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီကောင်က ဖန်တီးရှင်သခင်အဆင့်ကို ထိုးဖောက်ခါနီးပြီးလား... မဟုတ်ရင် ပဋိပက္ခက ဘယ်လိုလုပ်ပြီး ဆင့်ကဲတိုးတက်မှာလဲ...’
“ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းကို ငါ ဖိနှိပ်ထားတယ်၊ ဒီနေ့ကစလို့ နောက်နှစ်သန်းတစ်ရာ ကြာရင် မင်း ပဋိပက္ခကို ကြီးကြပ်ပြီး ပဋိပက္ခရဲ့ ဖွဲ့စည်းမှုနည်းစနည်ကို ကာကွယ်ဖို့ ငါမျှော်လင့်တယ်၊ မင်း ဘယ်လို သဘောရလဲ...”
ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ မေးခွန်းကြောင့် အံ့အားသင့်သွားပါတယ် ‘ဒီလိုနဲ့ ပြီးသွားတာလား...’ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်း သေသွားပြီလို့ ထင်နေတာပါ။
‘နဝမပဋိပက္ခက အသည်းပျော့တာလား... ဒီနှစ်ကောင်က ပဋိပက္ခကို စိန်ခေါ်ရဲတာ အံ့ဩစရာ မရှိတော့ပါဘူး...’
‘ဒါမှမဟုတ် သူတို့မှာ ငါ မသိသေးတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာများလား...’
ဟန်ကျွယ် “ဒီတာဝန်ကို မင်လင်းမယ်တော် ဒါမှမဟုတ် အန္တိမဒဏ်ခတ်နတ်မင်းကိုပဲ ပေးလိုက်ပါ၊ ကျွန်တော်က ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာဆိုတော့ ပဋိပက္ခကို စီမံဖို့ အချိန်မရှိဘူး၊ ကြီးလူလည်း ကျွန်တော်ရဲ့ အတိတ်ကို မြင်မှာပါ၊ ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းကိုရော ကောင်းကင်တာအိုကိုရော ဂရုစိုက်တာ မဟုတ်ဘူး၊ တခြားသူတွေကိုပဲ တာဝန်လွှဲထားတာ”
နဝမပဋိပက္ခဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ နှလုံးတဒုတ်ဒုတ် ခုန်သွားပါတယ်။
အတော်ကြာသွားမှာ...
နဝမပဋိပက္ခဟာ သက်ပြင်းချလိုက်ပါတယ် “မင်းက ငါနဲ့ တကယ်တူတာပဲ၊ ဒီလိုဆိုမှတော့ ဒီတာဝန်ကြီးကို အန္တိမဒဏ်ခတ်နတ်မင်းဆီပဲ ပေးလိုက်တော့မယ်၊ ငါ သူ့ကို နတ်အာဏာရှင် စစ်သူကြီးတွေ ထိန်းချုပ်ခိုင်းပြီး နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အစစ် ဖြစ်လာအောင် လုပ်ပေးလိုက်မယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပေမဲ့ ကျေးဇူးတင်စကားတော့ မပြောပါဘူး။ အကျိုးအမြတ် ရသွားတဲ့လူက အန္တိမဒဏ်ခတ်နတ်မင်း မဟုတ်ပါလား။
နဝမပဋိပက္ခက ဆက်ပြောပါတယ် “နောက်တစ်ခု ရှိသေးတယ်၊ မဟာတာအို အနန္တကပ်ဘေးက မပျောက်ကွယ်သေးဘူး၊ ဘယ်အချိန် ပေါ်လာမလဲဆိုတာ ငါလည်း မသိဘူး၊ ဒီကပ်ဘေးက လောကဦး နတ်ဘီလူးနဲ့ ပတ်သက်ကောင်း ပတ်သက်နေနိုင်တယ်၊ ပဋိပက္ခ အခက်အခဲတွေ့ရင် မင်း ကူညီရလိမ့်မယ်၊ ငါက ပဋိပက္ခ ဖျက်ဆီးခံရတာ ဒါမှမဟုတ် မြင့်မားတဲ့ တည်ရှိမှုက ဝင်ပါမှပဲ လှုပ်ရှားမှာ၊ ဒါပေမဲ့ ငါ လောကဦး နတ်ဘီလူးက ပဋိပက္ခကို အုပ်ချုပ်မှာ မမြင်ချင်ဘူး”
ဟန်ကျွယ်ဟာ တအံ့တဩနဲ့ ပြန်မေးလိုက်ပါတယ် “လောကဦး နတ်ဘီလူး... သူက ဘယ်သူလဲ... သူဆိုတာကို ဘယ်လိုမျိုး သိနိုင်လဲ”
“လောကဦးနတ်ဘီလူးက ငါ့အတွက်လည်း ဝိုးတိုးဝါးတား ဒဏ္ဍာရီတစ်ပုဒ်ပဲ၊ ဒါပေမဲ့ လောကဦး နတ်ဘီလူး ပေါ်လာတဲ့အချိန်ကျရင် မင်း နားလည်လိမ့်မယ်၊ သူက လုံးဝစွမ်းအားကြီးတဲ့ အသွင်နဲ့ ပေါ်လာလိမ့်မယ်၊ ဘယ်ပါရမီရှင်မှ သူ့ကို နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး၊ လောကဦး နတ်ဘီလူးက ဒီပဋိပက္ခ အစည်းအဝေးမှာ ပေါ်မလာဘူးဆိုပေမဲ့ ဒါက အရမ်းကောင်းတဲ့ စစ်ဆေးနည်းပဲ၊ မင်း ဒီလိုမျိုး အစည်းအဝေးကို နောက်လည်း ကျင်းပဦး၊ နှစ်သန်း ၅၀ ကို တစ်ခါ ကျင်းပချည်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကူကယ်ရာမဲ့သွားပါတယ်။ ဟန်ဟွမ်က ညံ့သေးတယ် မဟုတ်ပါလား။
ဟန်ဟွမ်က လောကဦး နတ်ဘီလူး အစစ်ပါ။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို လောကဦး နတ်ဘီလူးလို့ သဘောမထားကြပါဘူး။
နဝမပဋိပက္ခက ဆက်ပြောပါတယ် “သိစိတ်မဲ့ မဟာတာအိုကမ္ဘာကိုတော့ မဖျက်ဆီးနဲ့၊ ငါ အောင်မြင်သွားရင် အဆုံးမဲ့ခေတ်ကို ဖန်တီးမှာ၊ အဲဒီအချိန်ကျ ပဋိပက္ခက ကွဲကြေပြီး ဗလာနယ်မြေနဲ့ ပေါင်းစပ်သွားလိမ့်မယ်၊ အဲဒါဆို မဟာတာအိုကမ္ဘာတွေကို ဝင်ဆံ့နိုင်သွားလိမ့်မယ်၊ နောက်ကျ မင်းဖန်တီးမဲ့ မဟာတာအိုကမ္ဘာရောပေါ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။