← Chapters

သန်း ၂၀ ပြည့်၊ ဟန်ယွင်ကျင်း

Vol. 96 Ch. 1010

သန်း ၂၀ ပြည့်၊ ဟန်ယွင်ကျင်း

Vol. 96 Ch. 1010

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်ကို အထွတ်အထိပ် နိယာမ ခုနစ်ပါးအောက်ဆီ ခေါ်သွားပါတယ်။

“ဒါက အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် ဆုလာဘ်ပဲ၊ အထွတ်အထိပ် နိယာမ ခုနစ်ပါးရဲ့ ကောင်းချီပေးတာကို ခံစားချည်” အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ်။

ဟန်ဟွမ်ဟာ မျှော်လင့်တဲ့မျက်နှာ ဖြစ်သွားပါတယ်။ ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမအကြောင်းကို ကြားပြီးပါပြီ။ ဟွမ်ဇွမ်တျန်နဲ့ တာအိုအရှင်သခင်တို့ရဲ့ မဟာကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ဟန်ဟွမ်ရဲ့ စိတ်ထဲမှာ စွဲနေတုန်းပါ။

အထူးသဖြင့် ဟွမ်ဇွမ်တျန်ပါ။ အကြောင်းတချို့ကြောင့် စွမ်းအားကျဆင်ပြီး တစ်ချက်တည်း ပွဲပြတ်သွားခဲ့ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ အထွတ်အထိပ် နိယာမစွမ်းအားကို စုစည်းလိုက်ပါတယ်။ အဲဒီနောက် အလင်းတန်းတစ်တန်း ထိုးဆင်းလာပြီး ဟန်ဟွမ်ပေါ် ကျသွားပါတယ်။ ဟန်ဟွမ်ဟာ အလင်းတန်းထဲမှာချိုးရင်း ဓမ္မစွမ်းအားက ဆူလာတာကို ခံစားမိလိုက်ပါတယ်။ နေရထိုင်ရတာကလည်း တော်တော်လေးလည်း သက်သောင့်သက်သာ ရှိသွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ အထွတ်အထိပ် နိယာမတွေကို ကြည့်လိုက်ပါတယ်။ အထွတ်အထိပ် နိယာမတစ်ပါးဟာ အလင်းတိုင်တစ်တိုင် ထုတ်လွှတ်ပြီး အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ခန္ဓာကိုယ်နဲ့ လာဆက်သွယ်ပါတယ်။

‘ဒါက အထွတ်အထိပ် နိယာမလား...’ အန္တိမဒဏ်ခတ်နတ်မင်းဟာ စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဉာဏ်ပြေးတဲ့အတွက် ဟန်ကျွယ်ကြောင့် မဟုတ်ရင် ပဋိပက္ခအရှင်က သူ့ကို ဒီလိုမျိုး ဆုမချဘူးဆိုတာ သိပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အစစ် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် အတော်လေးကိုမှ စိတ်လှုပ်ရှားနေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နောက်ဆုံးတော့ သူ့ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ပြီလို့ ခံစားလိုက်ရပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းမှာ ပဋိပက္ခကို တည်ဆောက်တာနဲ့ ပတ်သက်ပြီး အကြံတွေ အများကြီး ရှိပါတယ်။ ပဋိပက္ခအစည်းအဝေးက ဒီအကြံတွေထဲက တစ်ခုပါ။ ဒါက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အစီအစဉ်ကြီးထဲက အစပဲ ရှိပါသေးတယ်။

နောက်နှစ်တစ်ထောင်အတွင်း အကြွင်းမဲ့ဆယ်ပါးနဲ့ အနှိုင်းမဲ့ပါရမီရှင်တွေရဲ့ နာမည်တွေက ပဋိပက္ခရဲ့ ချောင်ကြိုချောင်ကြားတိုင်းကို ပျံ့နှံ့သွားပါတယ်။ စစ်သည်တော် တစ်သောင်း၊ သခင်တစ်ထောင်နဲ့ ဘုရင်တစ်ရာတောင် နယ်မြေတစ်နယ်ကို တုန်လှုပ်စေပါတယ်။ ပဋိပက္ခအစည်းအဝေးရဲ့ အောင်မြင်မှုကြောင့် သက်ရှိတွေဟာ နောက်လာမဲ့ ပဋိပက္ခ အစည်းအဝေးကို ပိုပိုပြီးတော့ မျှော်လင့်လာကြပါတယ်။

အဆုံးမဲ့တဲ့ ပဋိပက္ခမှာ စည်ပင်သာယာဝပြောပြီး ငြိမ်းချမ်းနေပါတယ်။

ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းကို နဝမပဋိပက္ခက ဖိနှိပ်လိုက်တာကြောင့် ဟန်ကျွယ်ကို နောက်နှစ်သန်းတစ်ရာအတွင်း ဘယ်သူမှ ပြဿနာပေးနိုင်လောက်မှာ မဟုတ်ပါဘူး။ သူ့ကလေးတွေနဲ့ တပည့်ရင်းတွေကလည်း အန္တိမဒဏ်ခတ်နတ်မင်းနဲ့ မင်လင်းမယ်တော် ရှိနေတာကြောင့် စိုးရိမ်စရာ မရှိပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ စိတ်ချလက်ချ ကျင့်ကြံအားထုတ်လို့ ရသွားပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ဝိညာဉ်နက်ထဲက အန္တိမမူလကမ္ဘာဟာ ဆက်တိုက် ပြောင်းလဲလာပါတယ်။ အန္တိမမူလချီက ပိုပိုတိုးပွားလာပြီး ပဋိပက္ခ နတ်ဘီလူးတွေကလည်း အန္တိမမူလချီကို စုပ်ယူကာ ကျင့်ကြံအားထုတ်လာကြပါတယ်။

ဟန်ကျွယ်ဟာ ဒီပဋိပက္ခနတ်ဘီလူးတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ မြင်ချင်နေပါတယ်။ အန္တိမမူလနတ်ဘီလူးတွေ ဖြစ်လာမလား ဆိုတာလည်း သိချင်နေပါတယ်။

အန္တိမမူလကမ္ဘာက လောကဦးကမ္ဘာထက် အဆင့်ပိုမြင့်ပါတယ်။ လောကဦးကမ္ဘာက ပဋိပက္ခထက် အဆင့်ပိုမြင့်ပါတယ်။ ဒါကြောင့် အန္တိမမူလကမ္ဘာကို ပိုင်ဆိုင်တဲ့ ဟန်ကျွယ်က အစွမ်းအထက်ဆုံး ဖြစ်သင့်ပါတယ်။

မျက်တောင်တစ်ခတ်အတွင်း။

နှစ်ငါးသိန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်လင်က သူ့ဘေးမှာ ကျင့်ကြံအားထုတ်နေတုန်း ဆိုတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တဒင်္ဂ တွေးတောလိုက်ပြီးနောက် အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ကာ သဏ္ဍာန်မဲ့နတ်မင်းကို ဆင့်ခေါ်ပါတယ်။

ဟန်ကျွယ် တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။

‘သောက်ရမ်း အထင်ကြီးဖို့ ကောင်းလိုက်တာ’

ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျခြင်း မရှိဘဲ တာအိုဖန်တီးရှင်အဆင့် ရောက်ဖို့ ပိုမျှော်လင့်သွားပါတယ်။ တာအိုဖန်တီးရှင်နဲ့ မဟာတာအိုပညာရှိချုပ်က တစ်ကမ္ဘာခြားနေပါတယ်။ ကျင့်ကြံမှု၊ ဆန်းကြယ်စွမ်းအား ဒါမှမဟုတ် ပြင်ပအားနဲ့ ဒီခြားနားချက်ကို ဖြည့်လို့ မရပါဘူး။ မဟာတာအိုပညာရှိချုပ်က ဘယ်လောက်ပဲ ကြမ်းကြမ်း တာအိုဖန်တီးရှင်ကို လုံးဝ မယှဉ်နိုင်ပါဘူး။ တာအိုဖန်တီးရှင်ကို ယှဉ်နိုင်တာက တာအိုဖန်တီးရှင်နဲ့ သူ့ထက် မြင့်မားတဲ့ အဆင့်တွေပဲ ရှိပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ငါးသိန်းအတွင်း ဖြစ်ပျက်ခဲ့တာတွေက စိတ်ဝင်စားစရာ မကောင်းတာကို တွေ့လိုက်ရပါတယ်။

အဲဒါကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ အချိန်အကြာကြီး ဂူအောင်းကျင့်ကြံဖို့ စီစဉ်ထားပါတယ်။

နှစ်လေးသန်းကျော်ကြာသွားတဲ့အခါမှာတော့...

ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[သင်သည် အသက် သန်း ၂၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ပဋိပက္ခတွင် လောကဦး ပဋိပက္ခအား တည်ဆောက်ပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် နေထိုင်၍ မူလရည်ရွယ်ချက်အတိုင်း ဆက်လက် ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[သင်သည် ကောင်းကင်ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်အား ရရှိပါသည်။]

ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် အချိန်မဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဘာလိုလိုနဲ့ ပဋိပက္ခ အစည်းအဝေးပြီးတာ အတော်လေး ကြာသွားခဲ့ပါပြီ။ ဒါပေမဲ့ ဟန်ကျွယ် စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလိုပါပဲ။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံံကျောင်းထဲက ထွက်ကာ ရှင်းဟုန်ရွှမ်၊ ချင်းလွမ်အာနဲ့ ရွှမ်ချင်းကျွင်းဆီ သွားလည်ပါတယ်။ စကားနည်းနည်းပါးပါး ပြောဆိုပြီးတဲ့အခါမှာတော့ အချိန်တစ်ခုကြာတဲ့အထိ ပျော်ပါးကြပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီသွားပြီး ဝူတောက်ကျန်နဲ့ လီယောင်ကို သွားတွေ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ လီယောင်နဲ့ ကလေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်းကင်ပါရမီရှင် ဖန်တီးမှုအတွက် အုတ်မြစ်ချဲ့ချင်တာကြောင့်ပါ။

နှစ် ၂၀ ကြာတဲ့အခါမှာတော့...

ဟန်ကျွယ်နဲ့ လီယောင်ရဲ့သား ဟန်ယွင်ကျင်း ကြီးပြင်းလာပါတယ်။ ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသား အရွယ်ရောက်လာတဲ့အခါ ကို အင်မော်တယ်ကမ္ဘာဆီ ပို့ပြီး လျှောက်သွားစေပါတယ်။ ဒါက ဟန်ယွင်ကျင်းရဲ့ ဆန္ဒဆိုရင်လည်း မမှားပါဘူး။

ဟန်ယွင်ကျင်းဟာ ဉာဏ်ရည် ထက်မြက်ပြီး အရာရာကို အကောင်းမြင်တတ်ကာ စပ်စုလိုစိတ် ရှိပါတယ်။ လီယောင်ကလည်း ဟန်ယွင်ကျင်းရဲ့ ဆုံးဖြတ်ချက်ကို အားပေးပါတယ်။ လီယောင်ဟာ သူ့ကလေးတွေကို အရင်တုန်းက သူ့လိုမျိုး ကြီးပြင်းလာတဲ့အခါ အမှီအခိုကင်းစေချင်ပါတယ်။

ဟန်ကျွယ်ရဲ့ ငါးယောက်မြောက်သား မွေးဖွားလာတဲ့သတင်းက အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေပြီး သူ့တပည့်ရင်းတွေကြားထဲ ပျံ့နှံ့သွားပါတယ်။ တပည့်တွေဟာ ဟန်ယွင်ကျင်းကို တွေ့ချင် မြင်ချင်လာကြပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး ဆက်ကျင့်ကြံပါတယ်။

ဟန်လင်ဟာ ဒီအကြောင်းကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ သိပြီးပြီမလို့ ဟန်ကျွယ် ပြန်ရောက်လာတာနဲ့ ဆီးမေးပါတယ် “ဖေဖေ... သမီးတစ်ချက်လောက် ကြည့်လို့ရအောင် မောင်လေးငါးကို ဘာဖြစ်လို့ ခေါ်မလာတာလဲ”

“သူ ကြီးလာပြီ၊ အပြင်ထွက်ချင်တယ်ဆိုလို့ ငါ သူ့ကို အင်မော်တယ်ကမ္ဘာဆီ ပို့လိုက်တယ်၊ သမီး သူ့ကို တွေ့ချင်ရင် သွားတွေ့လို့ရတယ်”

ဟန်လင်ဟာ တစ်ခဏ တွေးတောလိုက်ပြီး “ထားလိုက်ပါတော့... သမီး ဆက်ပြီးတော့ပဲ ကျင့်ကြံအားထုတ်မယ်၊ သမီး မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ သိပ်မဝေးတော့ဘူး... ဟီးဟီး... ဖေဖေ အဲဒီအချိန်ကျရင် ထပ်ပြီးတော့ လက်ရည်စမ်းကြရအောင်”

ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှ မပြောပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်စစ်လိုက်ပါတယ်။

နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေက တောင်လို ပုံနေပါတယ်။ ဟန်ကျွယ်အတွက် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားတယ်ဆိုပေမဲ့ သက်ရှိအားလုံးရဲ့ မျက်လုံးထဲမှာတော့ လေးငါးဆယ်ခေတ် ကုန်ဆုံးသွားတာပါ။

ဟန်ကျွယ်ရဲ့ တပည့်ရင်း တော်တော်များများက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေကြပါပြီ။

ရှုံဟွာအင်အားစုဟာ ဟန်ဇွမ်တျန် မဟာတာအိုပညာရှိ ဖြစ်လာပြီးနောက် နယ်မြေတစ်ခုကို အုပ်စိုးပြီး ကောင်းကင်တာအိုလိုမျိုး ကမ္ဘာတစ်ခုကို တည်ဆောက်ကြပါတယ်။

ဟန်ဟွမ်ကတော့ ဒဏ်ခတ်သမား ဖြစ်လာပါတယ်။ သူ့အဆင့်အတန်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက် မြင့်မားပြီး ကျင့်ကြံမှုကလည်း မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်ကို ရောက်သွားပါပြီ။ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

လီတောက်ခုံးဟာ ဒီနှစ်တွေမှာ တော်တော်လေး လှုပ်ရှားနေတာကို ဟန်ကျွယ် သတိထားမိသွားပါတယ်။

[သင့်မိတ်ဆွေ လီတောက်ခုံးသည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၉၀၀၀၃၃၈၂

[သင့်မိတ်ဆွေ လီတောက်ခုံးသည် တာအိုမိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]x၁၉၈၀၂၄၇၃၉၃

[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သားဟန်ထော်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ ပုံရိပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ လီတောက်ခုံးဟာ မဟာတာအိုပညာရှိချုပ် ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။

‘အံ့ဩဖို့ကောင်းလိုက်တာ’

လီတောက်ခုံးက အချိန်အကြာကြီး ရှင်သန်ခဲ့တာမလို့ သက်တမ်းက သန်းတစ်ရာ ကျော်နေပါပြီ။ ဒါကြောင့် ပဋိပက္ခအစည်းအဝေးထဲ ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မှီပါဘူး။ လီတောက်ခုံးရဲ့ အရည်အချင်းက ပြီးခဲ့တဲ့ ကောင်းကင်တာအိုမှာ ထိပ်ဆုံးဆိုပေမဲ့ လက်ရှိ ပဋိပက္ခမှာ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက လွန်ခဲ့တဲ့ နှစ်ဆယ်သန်းမှာ ဒီရေအလား တိုးတက်လာခဲ့ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ လီတောက်ခုံး စိန်ခေါ်တာကို လေးငါးဆယ်ကြိမ် ခံရပြီး တစ်ကြိမ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ဟန်ကျွယ်ဟာ တစ်ဒင်္ဂ တွေးတောပြီးနောက် လီတောက်ခုံးကို အိပ်မက်ပေးလိုက်ပါတယ်။ လီတောက်ခုံးရဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားဘူးဆိုပေမဲ့ အချိန်အကြာကြီး မတွေ့တာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အိပ်မက်နယ်မြေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ပါ။

လီတောက်ခုံးဟာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ပြီး အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားပါတဘ်။ သူ့ဆံပင်တွေကလည်း ဖြူမည်းရောနေပါတယ်။ သူ့မျက်နှာက ရှေးကျပြီး အေးစက်ကာ မျက်ခုံးကြားထဲမှာတော့ သတ်ဖြတ်ငွေ့ လွှမ်းနေပါတယ်။

လီတောက်ခုံးဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ကို အမြဲတမ်း လေးစားခဲ့ပါတယ်။ အသက်ကယ်တဲ့ ကျေးဇူးအပြင် အကြွေးတစ်ခုလည်း တင်နေတယ် မဟုတ်ပါလား။

လီတောက်ခုံး ပဋိပက္ခထဲ လျှောက်သွားရာမှာ ဂရုစိုက်မှုတွေ အများကြီး ရခဲ့တာက တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမ အစောင့်အရှောက်ဆိုတဲ့ သရုပ်ကြောင့်ပါ။ လီတောက်ခုံး ရှုံဟွာအင်အားစုထဲ ဝင်သွားတာတောင် ဟန်ကျွယ်က ပထမ အစောင့်အရှောက်အသစ် မရှာတဲ့အပြင် လီတောက်ခုံး တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်သွားတယ်လို့ မကြော်ငြာခဲ့ပါဘူး။

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ထပါ... ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters