← Chapters

သာလွန်နိယာမ

Vol. 97 Ch. 1011

သာလွန်နိယာမ

Vol. 97 Ch. 1011

“ဂိုဏ်းချုပ်... မဆိုးပါဘူး...”

လီတောက်ခုံးဟာ သူ့အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။ သူ့မျက်နှာကလည်း အလိုလို ဂုဏ်ယူတဲ့ပုံ ဖြစ်သွားပါတယ်။

အတော်ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “မဆိုးဘူး... ငါ အကြိုက်ဆုံးလူလို့ မပြောရဘူး”

လီတောက်ခုံးဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာတစ်ခုလုံး နီရဲသွားပါတယ်။ လီတောက်ခုံးဟာ ဒူးထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ အမြင့်ကြီး တွေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း တာအိုနားထောင်ချင်လား”

လီတောက်ခုံးဟာ ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ တခြားစွမ်းအားကြီးပုဂ္ဂိုလ်ဆိုရင် လှည့်တောင် ကြည့်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ မတူပါဘူး။ ဟန်ကျွယ်က ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် မဟုတ်ပါလား။

တာအိုဖန်တီးရှင်ကို မသိတာကြောင့် လီတောက်ခုံးဟာ ဟန်ကျွယ်ကို ကျင့်ကြံမှုထိပ်ဆုံးလို့ ခံယူထားပါတယ်။ ဟန်ကျွယ်က တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး လီတောက်ခုံးကတော့ တရားထိုင်လိုက်ပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။

အိပ်မက် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ်။

ခေတ်သစ်က လာနေပါပြီ။ တစ်ချိန်က သူကာကွယ်ပေးခဲ့ရတဲ့ မျိုးဆက်ဟာ အခုတော့ ပဋိပက္ခကို ဂယက်ထအောင် လုပ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်လာကြပါပြီ။

ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ။

ဟန်ကျွယ်ဟာ ပြုံးပြီး ဆက်ကျင့်ကြံပါတယ်။

အန္တိမမူလချီက အန္တိမမူလကမ္ဘာရဲ့ ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းနီးပါးကို နေရာယူထားပြီးပါပြီ။ မကြာခင် အန္တိမမူလကမ္ဘာမှာ အန္တိမမူလချီပဲ ရှိတော့မှာ ဖြစ်ပြီး ဝိုးတိုးဝါးတား လောကဦးချီက လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

နတ်ဘီလူးချီကလည်း ပဋိပက္ခနတ်ဘီလူးတွေကို ပျိုး‌ထောင်ထားတာ အခုဆို နတ်ဘီလူး ၂,၉၄၇ ပါး ရှိသွားပါပြီ။ ကျန်တဲ့ ပဋိပက္ခ နတ်ဘီလူးတွေက ဒုတိယ တာအိုစက်ကွင်းထဲမှာပါ။

ဟန်ကျွယ်ဟာ နှစ်ငါးသန်း ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နှစ်တစ်သန်းကြာတဲ့အခါ အန္တိမမူလကမ္ဘာမှာ အန္တိမမူလချီပဲ ရှိတော့ပြီး ဝိုးတိုးဝါးတား လောကဦးချီ မရှိတော့ပါဘူး။ နှစ်တစ်သန်းတိုင်း အန္တိမမူလကမ္ဘာမှာ အခွင့်အရေးအသစ်တွေ ပေါ်လာတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ပုံမှန် တိုးတက်သွားစေပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ငါးသန်း ဂူအောင်းကျင့်ကြံမှုက ပြီးဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အနီရောင်မျက်လုံးထဲမှာ ဝင်းလက် တောက်ပမှုတစ်ခု ယှက်သမ်းသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်နက်ထဲက အန္တိမမူလကမ္ဘာရဲ့ လေးလံမှုကို ခံစားနိုင်ပါတယ်။

ဖွဲစည်းမှုဖြစ်နေတဲ့ မဟာတာအိုသုံးထောင်ကလွဲရင် အန္တိမမူလကမ္ဘာက သီးသန့်မူပိုင် သာလွန်နိယာမတစ်ခုကို ပျိုးထောင်နေတယ်ဆိုတာ ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒီနိယာမက အန္တိမမူလကမ္ဘာတစ်ခုလုံးနဲ့ ပတ်သက်နေပြီး ဟန်ကျွယ်တောင် အတင်း ထိန်းချုပ်လို့ မရပါဘူး။ ဟန်ကျွယ်သာ ဒီနိယာမကို အတင်း ထိန်းချုပ်မယ်ဆိုရင် အန္တိမမူလကမ္ဘာ ကွဲကြေသွားမှာပါ။ ဒါက ကမ္ဘာပိုင်ရှင်ပဲ သီးသန့်ခံစားရတာပါ။ ရန်သူတွေက ဒီသာလွန်နိယာမရဲ့ တည်ရှိမှုကို အာရုံခံနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ သာလွန်နိယာမကို တွေးမိလိုက်ပါတယ်။ ဒီနိယာမက အရည်အချင်းနဲ့ ဖန်တီးမှုကို ကန့်သတ်ထားတဲ့အတွက် ဟန်ကျွယ်ရဲ့ သွေးစည်းက ၁၀၀ ရာခိုင်နှုန်း မဆင်းသက်နိုင်တာပါ။

ဒီနှစ်ခုက နည်းနည်းဆင်တူပါတယ်။ ဟန်ကျွယ်ဟာ ဒီသာလွန်နိယာမက ဘာဖြစ်လို့ ဒီလောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို စဉ်းစားလို့မရပါဘူး။

“ဖေဖေ... နိုးပြီလား... သမီးတို့ လက်ရည်စမ်းကြရအောင်... သမီး မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီ၊ အခု သမီးက တကယ် စွမ်းအားကြီးနေပြီ”

ဟန်လင်ရဲ့ စိတ်လှုပ်တရှား စကားသံကို ကြားပြီး ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟန်လင် မဟာတာအိုပညာရှိ အဆင့်မှာတုန်းက ဧကရာဇ်စစ်သား တစ်သန်း ရှိပါတယ်။ အခု မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီဆိုတော့ ဧကရာဇ်စစ်သား အရေအတွက်က ဆယ်သန်းကို တိုးသွားမှာပါ။

ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ် “လာ... စမ်းကြည့်လေ..”

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေ ဂရုစိုက်နော်... သမီး ပဋိပက္ခအစည်းအဝေးတုန်းက အစ်ကိုနှစ်ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အသာလေး အနိုင်ယူထားတာ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

သားအဖနှစ်ယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ် ထင်ထားသလိုပဲ ဟန်လင်က ဧကရာဇ်စစ်သား ဆယ်သန်းကို ဆင့်ခေါ်လိုက်ပါတယ်။ ဧကရာဇ်စစ်သား အကုန်လုံးက ဟန်လင်ရဲ့ ဓမ္မစွမ်းအားတွေ ရှိတဲ့အတွက် မဟာတာအိုပညာရှိချုပ် ဆယ်သန်းလို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ အန္တိမဝိညာဉ်ချွေဓားကို သုံးပြီး ဟန်လင်ကို တစ်ချက်တည်း ဖိနှိပ်လိုက်ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူကြိမ် တစ်ကြိမ်တောင် မကြာပါဘူး။

ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး ဝမ်းပန်းတနည်း ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “သမီးက ကျင့်ကြံအားထုတ်ဦး”

“ဟမ်... ဖေဖေက တကယ်ကို ပြိုင်ဆိုင်လိုစိတ် ပြင်းတာပဲ၊ သမီးကို ဘယ်တော့မှ အလျှော့မပေးဘူး”

“ဒါက သမီးကျင့်ကြံမှုရဲ့ ပန်းတိုင်ပဲလေ... တစ်နေ့ကျလို့ ဖေဖေ သမီးကို မဖိနှိပ်နိုင်တော့ရင် သမီးက ဖေဖေနားမှာ ဆက်နေမှာ မဟုတ်တော့ဘူး” အဲဒီနောက် ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ် “လင်အာ... သမီး နှစ်ဆယ်သန်းတောင် ကျင့်ကြံအားထုတ်ပြီးပြီဆိုတော့ အပြင်ထွက်ပြီး လမ်းမလျှောက်ကြည့်ချင်ဘူးလား”

ဟန်လင်ဟာ ခေါင်းခါလိုက်ပါတယ် “သမီး လျှောက်ကြည့်ပြီးပြီ၊ သမီးက ပဋိပက္ခနဲ့ ရေစက်မဆုံဘူး”

ဟန်ကျွယ်ဟာ အတင်း မတိုက်တွန်းပါဘူး။

“ဒါနဲ့ သမီးရဲ့ မောင်လေးငါးက အင်မော်တယ်ကမ္ဘာမှာ မိသားစုတည်ထားတာ မျိုးဆက် ဆယ်ဆက်မြောက်ကို ရောက်သွားပြီ၊ သမီး တစ်ချက်လောက် ကြည့်ချင်လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်လင်ဟာ ဟန်ကျွယ်ကို ပြန်ကြည့်ပြီး မေးပါတယ် “ဖေဖေ သွားမှာလား...”

“ဖေဖေက ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရဦးမယ်၊ ဖေဖေ ဂူအောင်းကျင့်ကြံရာက ထလာဖို့ ဘယ်လောက်ကြာမလဲ မသိဘူး”

“အဲဒါဆို သမီး ဖေဖေကို အဖော်ပြုပေးမယ်”

“ကောင်းပြီလေ... ဖေဖေ အဆင့်ထိုးဖောက်ပြီးရင် သမီးနဲ့အတူတူ အနန္တကမ္ဘာမှာ လျှောက်သွားမယ်”

ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ ကျင့်ကြံမှု သဘောထားကို အတော်လေး အားရသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကလေးတွေထဲမှာ ဟန်လင်မှာ သူနဲ့တူပြီး အမြဲတမ်း ကြိုးစားကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး သူ့မိန်းမတွေဆီကို လျှောက်လည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက သူ့ရဲ့ တာအိုလက်တွဲဖော်တွေပါ။ ဟန်ကျွယ် အနေနဲ့ သူတို့ကို လျစ်လျူမရှုထားနိုင်ပါဘူး။

နှစ်လေးငါးခြောက်ဆယ် အကြာမှာတော့...

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းက ခွာပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ တာအိုဘုံကျောင်းထဲ ဝင်လိုက်ပါတယ်။

ဟန်ဇွေတျန်နဲ့ လီရွှမ်အောက်ရဲ့ စီမံမှုအောက်မှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေဟာ တစ်သုတ်ပြီးတစ်သုတ် ပြောင်းသွားပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှေးအလွန်ကျတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်နေပါပြီ။

ပုံမှန်ဆို ဘယ်တပည့်ကမှ သူတို့ကို မနှောင့်ယှက်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီရွှမ်အောက်နဲ့ ဟန်ဇွေတျန်က နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ ဟန်ကျွယ်နဲ့ ဆက်ဆံရေးရှိတယ်ထင်ပြီး တပည့်တွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ပါ။

“တာအိုရောင်းရင်း... စကားပြောလို့ရမလား”

တာအိုဘုံကျောင်းထဲက နတ်မိမယ်ရှီရွှမ်ဟာ ဒီအသံကြောင့် ကျင့်ကြံအားထုတ်ရာက နိုးသွားပါတယ်။ ပထမတော့ နတ်မိမယ်ရှီရွှမ်ဟာ ဒီအသံကို ဂရုမစိုက်ပါဘူး။ ပုံရိပ်ယောင်လို့ ထင်နေတာပါ။ ဒါပေမဲ့ ဟန်ကျွယ်က ထပ်ပြောတော့မှ နတ်မိမယ်ရှီရွှမ်ဟာ သူမရဲ့ လှပတဲ့ မျက်လုံးကို ဖွင့်ပြီး ချက်ချင်း ပြောလိုက်ပါတယ် “

“ဝင်လာခဲ့ပါ”

တံခါးပွင့်သွားပြီး ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် တံခါးလည်း ပြန်ပိတ်သွားပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ချောမောလှပတဲ့ ဟန်ကျွယ်ကို ကြည့်ပြီး အနည်းငယ် မှင်တက်သွားပါတယ်။

ဟန်ကျွယ်လည်း နတ်မိမယ်ရှီရွှမ်ကို မြင်လိုက်ရတဲ့အခါ သက်ပြင်းချလိုက်ပါတယ်။ တစ်ချိန်တုန်းက သူတို့နှစ်ယောက်ဟာ ဆရာတပည့် ဖြစ်ခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်မျိုးပြောင်းသွားခဲ့ပါပြီ။

နတ်မိမယ်ရှီရွှမ်ဟာ ပြန်တည်ငြိမ်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ် ပထမ စတွေ့တုန်းကလိုမျိုး ပြီးပြည့်စုံနေတုန်းပါ။

“ထိုင်ပါ”

နတ်မိမယ်ရှီရွှမ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ကော်ဇောပေါ်ထိုင်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မတွေ့ရတာကြာပြီ... အဆင်ပြေရဲ့လား”

နတ်မိမယ်ရှီရွှမ်က ပြန်ဖြေပါတယ် “တာအိုစက်ကွင်းထဲမှာ နေရတာ ပြေပါတယ်၊ ဘာမှစိုးရိမ်စရာ မရှိတော့ နည်းနည်းတောင် ပျင်းလာသလို ခံစားရတယ်”

“ဘာလဲ... တာအိုရောင်းရင်းရှီရွှမ်က သေမျိုးကမ္ဘာကို ဆင်းသက်ပြီး လောကကြီးရဲ့ ဒုက္ခကို ခံစားချင်လို့လား”

“နင် နောက်နေတာလား”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ဒီနှစ်ဆယ်သန်းမှာ ဘာလို့ ပြန်မလာတာလဲ၊ ငါက နင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မေ့သွားပြီ ထင်တာ”

“မင်းအတွက်တော့ နှစ်ဆယ်သန်းက အကြာကြီးပဲ၊ ဒါပေမဲ့ ငါ့အတွက် နှစ်ခါ ဂူအောင်းကျင့်ကြံစာပဲ ရှိတယ်၊ အိပ်မက်နှစ်ခုလိုပဲ”

နတ်မိမယ်ရှီရွှမ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ အချိန်အပေါ် ရှုမြင်မှုကို သက်ပြင်းချတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုသဘောထားက ဘယ်တုန်းကမှ ပြောင်းမသွားခဲ့လို့ပါ။ သူတို့နှစ်ယောက် စတွေ့တုန်းက အတိုင်းပါပဲ။

သူတို့နှစ်ယောက်ဟာ ဆက်ပြီးတော့ စကားပြောကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းက တည်ငြိမ်ပြီး အနေရမခက်ပါဘူး။ ဟန်ကျွယ်ဟာ တော်တော်လေး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

နတ်မိမယ်ရှီရွှမ်က ဟန်ကျွယ်အတွက်တော့ မိတ်ဆွေဟောင်းပါ။ သူ့ကျင့်ကြံမှု မြင့်မားသွားလို့ နတ်မိမယ်ရှီရွှမ်က သူ့ကို ပြောင်းပြီး မဆက်ဆံပါဘူး။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေထဲမှာ နတ်မိမယ်ရှီရွှမ်ပဲ ဘာဆန္ဒမှ မရှိတာပါ။

လေးငါးဆယ်နာရီ စကားပြောပြီးတဲ့နောက် ဟန်ကျွယ်ဟာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ လှပတဲ့မျက်နှာကို ကြည့်ရင်း နှလုံးခုန်မြန်သွားတာကြောင့် အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းမှာ ဆန္ဒတစ်ခုခု ဒါမှမဟုတ် လိုအပ်တာများရှိလား... ငါ အခု မင်းလိုချင်တာ မှန်သမျှကို ဖြည့်ဆည်းပေးမယ်၊ ဒီတစ်ခါ တွေ့ဆုံမှု ပြီးရင် နောက်တစ်ခါ တွေ့ဆုံနိုင်ဖို့က နှစ်ဆယ်သန်းလောက် ကြာလိမ့်မယ်”

နတ်မိမယ်ရှီရွှမ်ဟာ မှင်တက်သွားပါတယ်။

ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ နတ်မိမယ်ရှီရွှမ် တောင်းဆိုလာတာကို စောင့်ပါတယ်။ ဟန်ကျွယ်ဟာ အနားက တာဘုံကျောင်းထဲမှာ ချန်ယွီအာ မရှိတာကို ရှာတွေ့သွားပါတယ်။ လက်ကျန်ရောင်ဝါအရ ချန်ယွီအာ ထွက်သွားတာ နှစ်သောင်းချီသွားပါပြီ။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်တဲ့အခါ ချန်ယွီအာက ဟန်ယွင်ကျင်းရဲ့ ဆရာသခင်ဖြစ်လာပြီး ဟန်မိသားစုကို ကာကွယ်တာ တွေ့လိုက်ရပါတယ်။ ချန်ယွီအာဟာ အင်မော်တယ်ကမ္ဘာမှာ လွတ်လွတ်လပ်လပ် လျှောက်သွားတဲ့ ကျင့်ကြံသူတစ်ဦးအယောင် ဆောင်ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters