တာအိုဖန်တီးရှင်
Vol. 97 Ch. 1012
“အဲဒါဆို ငါ့ကို တာအိုဟောကြားပေး... လွန်ခဲ့တဲ့ နှစ်သန်းချီမှာ ငါ့ကျင့်ကြံမှုက တိုးမလာဘူး”
နတ်မိမယ်ရှီရွှမ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပေမဲ့ ရင်ထဲမှာတော့ စိတ်ပျက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တာအို စတင် ဟောကြားပါတယ်။ နတ်မိမယ်ရှီရွှမ်ကလည်း ဂရုတစိုက် နားထောင်ပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ထောင် ကြာပါတယ်။ နတ်မိမယ်ရှီရွှမ် အဆင့်လေးတစ်ဆင့် တက်သွားတဲ့အခါ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး ကျင့်ကြံမှုထဲ စိတ်နှစ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်အဆင့်နဲ့ နီးကပ်နေပြီလို့ ခံစားချက် ရနေပါတယ်။ ဟန်ကျွယ်ဟာ တကယ်ကို မပျက်စီးနိုင် မသေနိုင်တဲ့ ဒီအဆင့်ကို ရောက်ချင်လှပါပြီ။ ဒါပေမဲ့ တာအိုဖန်တီးရှင်အဆင့်က ဟန်ကျွယ်ရဲ့ အန္တိမပန်းတိုင်တော့ မဟုတ်ပါဘူး။
နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။ တတိယ တာအိုစက်ကွင်း တည်ရှိရာ ကြယ်စကြဝဠာဟာ သက်ရှိတွေနဲ့ ပြည့်လာပြီး ကျင့်ကြံမှု ထွန်းကားလာပါတယ်။ အရင်တုန်းက အင်မော်တယ်ကမ္ဘာလိုပါပဲ။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ်ငါးသန်း ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် သန်း ၃၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ပဋိပက္ခထဲတွင် လောကဦးကမ္ဘာကို တည်ထောင်ပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ မူလရည်ရွယ်ချက်အတိုင်း နေထိုင်ပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
ဒါက ဟန်ကျွယ် အသက် သန်း ၂၀ ပြည့်တုန်းကနဲ့ ဆင်တူပါတယ်။ မတူတာဆိုလို့ နံပါတ်နှစ် ရွေးချယ်မှုမှာ အကောင်းစား ရတနာ ပိုလာတာပါ။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]
[အန္တိမတာအိုရတနာ လောကခွင်းနတ်လေးကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[လောကခွင်း နတ်လေး: အန္တိမတာအိုရတနာ၊ အန္တိမမူလချီမှာ မွေးဖွားလာပြီး မဟတာအိုကမ္ဘာကို ကွဲကြေစေနိုင်သော စွမ်းအား ပါရှိသည်။ ဝိညာဉ်အား သခင်အဖြစ် အသိအမှတ်ပြုနိုင်ပြီး နောင်အခါ၌ ပိုင်ရှင်အား အခြား အန္တိမတာအိုရတနာများ အသုံးပြုခွင့် မပေးပါ။]
‘အန္တိမတာအိုရတနာ... မဆိုးဘူး... မဆိုးဘူး...’
မဟာတာအိုကမ္ဘာကို ကွဲကြေစေနိုင်တဲ့ စွမ်းအားက နည်းတဲ့ စွမ်းအားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးစာကြောင်းက ဟန်ကျွယ်ကို မကျေမနပ် ဖြစ်သွားစေပါတယ်။ ဒီနတ်လေးက ဟန်ကျွယ်နဲ့ မသင့်တော်ပါဘူး။
ဟန်ကျွယ်ဟာ လောလောဆည် သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လောကခွင်းနတ်လေးကို အသုံးပြုသည်ဖြစ်စေ အသုံးမပြုသည် ဖြစ်စေ ဟန်ကျွယ်ဟာ မဟာတာအိုကမ္ဘာကို အသာလေး ဖျက်ဆီးနိုင်ပါတယ်။ တာအိုဖန်တီးရှင်က မတားရင်ပေါ့။
ဟန်ကျွယ်ဟာ ဒီဓမ္မရတနာကို မထုတ်ယူဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ တာအိုဖန်တီးရှင်အဆင့်က သူ့ရှေ့မှာ မဟုတ်ပါလား။
ဒီအချိန်မှာ အန္တိမမူလချီ အကုန်လုံးက နီရဲနေပါတယ်။ မရေမတွက်နိုင်တဲ့ ဂလက်ဆီတွေဟာ အန္တိမမူလချီ ပင်လယ်ထဲမှာ အစက်သာသာရှိပြီး အလွန်တရာမှ ခိုင်ခံ့ပါတယ်။
အန္တိမမူလကမ္ဘာဟာ သက်ရှိတွေကို သူ့ဘာသာ မွေးထုတ်လာပါတယ်။ ဒါက သက်ရှိတွေ ဖန်တီးချင်ပေမဲ့ မအောင်မြင်သေးတဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို အံ့အားသင့်သွားစေပါတယ်။
ဟန်ကျွယ်ဟာ သူ့အဆင့်ထိုးဖောက်တော့မယ် ဆိုတာကို သိတဲ့အတွက် “လင်အာ... အပြင်ခဏ ထွက်ဦး”
ဟန်လင်ဟာ မှင်တက်သွားပါတယ်။ ဒီရှည်ကြာတဲ့နှစ်တွေမှာ သူ့အဖေက ပထမဆုံးအကြိမ် အပြင်ထွက်ခိုင်းတာ မဟုတ်ပါလား။
ဟန်လင်ဟာ ဘာမှ ထပ်မမေးတော့ဘဲ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
ဒါကြောင့် တာအိုဘုံကျောင်းထဲမှာ ဟန်ကျွယ် တစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။ အနီရောင် သင်္ကေတတစ်ခုဟာ ဟန်ကျွယ်ရဲ့ အသားကို ဆုတ်ဖြဲပြီး မျက်ခုံးကြားမှာ ပေါ်လာပါတယ်။ ပြီးတဲ့အခါမှာတော့ နက်မှောင်ပြီးနီရဲတဲ့ အလင်းရောင် အလုံးတစ်လုံး ပျံထွက်လာပါတယ်။
အန္တိမမူလကမ္ဘာ။
နက်မှောင်ပြီးနီရဲတဲ့ အလင်းရောင် အလုံးဟာ စခဲပြီး အစစ်အမှန် ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအလုံးကို လက်ဖဝါးပေါ်တင်ပြီး သုံးသပ်နားလည်ပါတယ်။ မဟာတာအိုကမ္ဘာက ပြီးခါနီးနေပါပြီ။ တာအိုဖန်တီးရှင်အဆင့်က ဟန်ကျွယ်ရှေ့ကို ရောက်လာပါပြီ။
ဒီနှစ်တွေမှာ တစ်ချိန်လုံး သုံးသပ်နားလည်နေခဲ့တာကြောင့် ဟန်ကျွယ်ဟာ သာလွန်နိယာမက ဘာဆိုတာကို သိသွားခဲ့ပါတယ်။ မဟာတာအိုကမ္ဘာတိုင်းမှာ သာလွန်နိယာမ ရှိပါတယ်။ ဒီနိယာမက မဟာတာအိုသုံးထောင် အမှန်တရားတွေနဲ့ မဟာတာအိုကမ္ဘာ ဖွဲ့စည်းမှုရဲ့ သိမ်မွေ့နက်နဲမှုတွေ ပါဝင်နေပါတယ်။ သာလွန်နိယာမက ဘယ်တည်ရှိမှုကိုမဆို မွေးဖွားခွင့်ပြုပြီး မဟာတာအိုကမ္ဘာရဲ့ မတည်ငြိမ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပါတယ်။ အကြွင်းမဲ့ အာဏာရှိတယ်လို့ ပြောလို့ရပါတယ်။
ဒါက ဖန်တီးမှု နတ်ဥပဒေသပါ။
အန္တိမမူလကမ္ဘာရဲ့ ဖန်တီးမှု နတ်ဥပဒေသ အပြည့်အစုံ ဖြစ်တည်လာပြီး ဟန်ကျွယ်နဲ့ ပေါင်းစပ်သွားရင် ဟန်ကျွယ် ရောက်ချင်နေတဲ့ တာအိုဖန်တီးရှင်အဆင့်ကို ရောက်ရှိသွားမှာပါ။ ဒီလိုဖြစ်ဖို့ အလွန်တရာ နီးကပ်နေပေမဲ့ အချိန်တချို့ ယူရဦးမှာပါ။
နှစ်တစ်သိန်းနီးပါး ကြာတဲ့အခါမှာတော့ ဖန်တီးမှု နတ်ဥပဒေသဟာ အောင်မြင်စွာ ဖြစ်တည်သွားပါတယ်။
နှစ်တစ်သန်း ကြာတဲ့အခါမှာတော့ ဖန်တီးမှု နတ်ဥပဒေသဟာ အန္တိမမူလကမ္ဘာကို ထိန်းချုပ်ပြီး မဟာတာအိုသုံးထောင်နဲ့ ဆက်သွယ်သွားပါတယ်။
နောက်ထပ် နှစ်ငါးသိန်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖန်တီးမှု နတ်ဥပဒေသနဲ့ ပေါင်းစပ်ပါတယ်။
ဟန်ကျွယ်ဟာ စပြီးတော့ အဆင့်ထိုးဖောက်ပါတယ်။
နှစ်တစ်သိန်းကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်အဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီး ဓမ္မစွမ်းအားက အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ဓမ္မစွမ်းအားတင် ပြောင်းလဲတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပါ အကြီးအကျယ် ပြောင်းလဲတာပါ။
ဒီပြောင်းလဲမှု ဖြစ်စဉ်က နှစ်တစ်သိန်းကြာပါတယ်။
ဟန်ကျွယ်ဟာ အလွန်တရာ သိမ်မွေ့နက်နဲတဲ့ အခြေအနေမှာပါ။ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အန္တိမမူလကမ္ဘာ တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။
အန္တိမမူလကမ္ဘာက ပဋိပက္ခလောက် မကျယ်သေးဘူးဆိုပေမဲ့ တော်တော်လေး ကျယ်ပြောနေပါပြီ။ အန္တိမမူလကမ္ဘာရဲ့ ချောင်ကြိုချောင်ကြားတိုင်း ဟန်ကျွယ်ရဲ့ မျက်စိထဲကို ဝင်လာပါတယ်။ ဟန်ကျွယ်ဟာ တစ်ချိန်တည်းမှာ အန္တိမမူလကမ္ဘာရဲ့ နေရာတိုင်းကို ရုတ်ခြည်း အာရုံစိုက်လို့ရပါတယ်။ ဒီအမြင်အာရုံက အလွန်တရာမှ မှော်ဆန်လှပါတယ်။ တစ်ချိန်တည်း အလုပ်လေးငါးဆယ်ခု လုပ်တာလောက် မရိုးရှင်းပါဘူး။ တစ်ချိန်တည်းမှာ အလုပ်ပေါင်း ထရီလီယံချီ လုပ်တာပါ။
ဟန်ကျွယ်ရဲ့ အန္တိမမူလကမ္ဘာအပေါ် ထိန်းချုပ်နိုင်စွမ်းဟာ ဖန်တီးမှု နတ်ဥပဒေသရဲ့ ကူညီမှုကြောင့် အရင်ကထက် အများကြီး အားကောင်းသွားပါတယ်။ အန္တိမမူလကမ္ဘာက ဟန်ကျွယ် ဓမ္မစွမ်းအားရဲ့ အစိတ်အပိုင်း ဖြစ်လာသလိုပါပဲ။ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာထဲက အရာတိုင်းကို အတွေးတစ်ချက်တည်းနဲ့ ပြောင်းလဲနိုင်ပါတယ်။
‘နဝမပဋိပက္ခက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို အလွယ်လေး အသက်ပြန်ရှင်အောင် လုပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး’
အချိန်တစ်ခု အရောက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ အန္တိမမူလချီအဖြစ် အသွင်ပြောင်းလဲပြီး နက်မှောင်ပြီးနီရဲတဲ့ အရိပ်တစ်ရိပ်လို ဖြစ်နေပါတယ်။
[သင်သည် တာအိုဖန်တီးရှင်အဆင့်သို့ ထိုးဖောက်လိုက်ပြီ ဖြစ်သဖြင့် အောက်ပါ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ အန္တိမမူလကမ္ဘာကို ဗလာနယ်မြေတွင် ထားပါ။ ဆုလာဘ်အဖြစ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး ငါးကြိမ် ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ အန္တိမမူလကမ္ဘာကို သင့်ဝိညာဉ်ထဲတွင် ဝှက်ထားပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
‘ဒါပဲလား..’
ဟန်ကျွယ်ဟာ အတော်လေး စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ ပထမရွေးချယ်မှုက အန္တရာယ်များလွန်းပါတယ်။ သူသာ အန္တိမမူလကမ္ဘာကို အပြင်ထုတ်လိုက်ရင် နဝမပဋိပက္ခ ဖိနှိပ်တာကို ခံရဖို့ များပါတယ်။
လက်ရှိမှာ ဟန်ကျွယ်အနေနဲ့ နဝမပဋိပက္ခကို ခုခံကောင်း ခုခံနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ခုခံနိုင်ခဲ့တယ်ဆိုရင်တောင် ပြဿနာတွေ တစ်သီတစ်တန်းကြီးကို ရင်ဆိုင်ရမှာပါ။ ဒီလိုဆို ဟန်ကျွယ် အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက အချိန်ကို မှီခိုပြီး စုဆောင်းထားလို့ရပါတယ်။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် အကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]
[အန္တိမ အကောင်းစားရတနာ ဖန်တီးမှုတာအိုချုပ် ကောင်းကင်ဘီးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဖန်တီးမှုတာအိုချုပ် ကောင်းကင်ဘီး: အန္တိမ အကောင်းစားရတနာ၊ တစ်ချိန်တည်း၌ တိုက်ခိုက်ပြီး ခုခံနိုင်သည်။ ရှိသမျှ တည်ရှိမှုများထဲတွင် အားအကောင်းဆုံး ခံစစ်ပါဝင်ပြီး ပျက်သုန်းမှုကင်းကာ ကံစွမ်းအားကို ဝါးမျိုနိုင်သည်။]
‘ကောင်းတယ်... နောက်ထပ် အန္တိမ အကောင်းစားရတနာပဲ’
ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ်။ အားအကောင်းဆုံး ခံစစ်ဆိုတဲ့ စကားက အထင်ကြီးဖို့ကောင်းတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဒီအကောင်းစား ရတနာကို ထုတ်မကြည့်ဘဲ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၃၁,၈၀၀,၁၂၈/ ၁၅, ၁၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]
[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)]
[ကျင့်ကြံမှု: တာအိုဖန်တီးရှင် ကနဦးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]
ဟန်ကျွယ်ဟာ သက်တမ်းအရှည်ကြီးကို ကြည့်ပြီး ဝမ်းသာပီတိ ဂွမ်းဆီထိသွားပါတယ်။
ဟန်ကျွယ်ဟာ နှစ်ဘယ်လောက် ရှိတယ်ဆိုတာတောင် မတွက်ချက်တော့ပါဘူး။ အချိန်အကြာကြီး အသက်ရှင်နိုင်တယ်ဆိုတာပဲ သိပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ မူလသက်တမ်းပါ။ ဟန်ကျွယ်မှာ မူလသက်တမ်းက တစ်နှစ်ပဲ ကျန်တော့တယ်ဆိုရင်တောင် အချိန်နိယာမကို ထိန်းချုပ်ပြီး ဒီတစ်နှစ်ကို အဆုံးမဲ့ ဆွဲဆန့်လို့ရပါတယ်။ ဟန်ကျွယ် အလိုရှိသမျှကာလပတ်လုံး ရှင်သန်နိုင်ပါတယ်။
မူလသက်တမ်းက ကံပါ။ နည်းလမ်းအများကြီးနဲ့ ဒါကို ထိခိုက်အောင် လုပ်လို့ရပါတယ်။
နောက်ထပ် နှစ်ငါးသောင်း ကျင့်ကြံပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်မြဲသွားပါတယ်။ ကျင့်ကြံမှု ခိုင်မြဲသွားတာနဲ့ ဟန်ကျွယ် ပထမဆုံးလုပ်တာက အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး သဏ္ဍာန်မဲ့နတ်မင်းကို စိန်ခေါ်တာာပါ။
ဓားတာအို ဆန်းကြယ်စွမ်းအားတွေကိုတော့ ဟန်ကျွယ်ဟာ အဆင့်မြှင်တင်ချင်စိတ် မရှိတော့ပါဘူး။ အရာအားလုံးကို တန်ခိုးကြီးမား မဟာလက်ဝါး၊ အန္တိမမူလ ကောင်းကင်တံဆိပ်တော်၊ အန္တိမမူလ ဝိညာဉ်ချွေဓားတို့နဲ့ အုပ်စိုးလို့ရတယ် မဟုတ်ပါလား။
ဟုတ်ပါတယ်။
ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို တစ်ချက်တည်း အသေသတ်လိုက်ပါတယ်။
အဆင့်တူရင် ဟန်ကျွယ်အနေနဲ့ သဏ္ဍာန်မဲ့နတ်မင်းကို ရှုံးစရာအကြောင်း တစ်စက်မှ မရှိပါဘူး။ ဒါက ယုံမှားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဒါက အသွင်တူ လက်ရည်စမ်းပွဲထဲမှာပါ။ လက်တွေ့မှာ တာအိုဖန်တီးရှင်တွေက သေခြင်းကင်းပါတယ်။
ဖန်တီးမှု နတ်ဥပဒေသ ဖျက်ဆီးမခံရရင် တာအိုဖန်တီးရှင်တွေက ထာဝရတည်ပါတယ်။ ဖန်တီးမှု နတ်ဥပဒေသရဲ့ တည်ရှိမှုကို မဟာတာအိုကမ္ဘာ ပိုင်ရှင်ပဲ အာရုံခံနိုင်ပြီး မဟာတာအိုကမ္ဘာနဲ့ ခွဲခြားလို့ရတဲ့အတွက် ပစ်မှတ်ထား တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။