← Chapters

ခေတ်သစ်

Vol. 97 Ch. 1013

ခေတ်သစ်

Vol. 97 Ch. 1013

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်နေပြီး သဏ္ဍာန်မဲ့နတ်မင်းဆယ်ပါးကို စိန်ခေါ် တိုက်ခိုက်ပါတယ်။ ဒီအခါမှာတော့ ဟန်ကျွယ်ဟာ တိုက်နိုင်ရုံပဲ ရှိပါတော့တယ်။

သဏ္ဍာန်မဲ့နတ်မင်က တကယ်ကို စွမ်းအားကြီးတာပါ။ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ကန့်သတ်မှုက အလွန်တရာမှ အားကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ခံစစ်ကိုတော့ ချိုးဖျက်နိုင်စွမ်း မရှိပါဘူး။

ဟန်ကျွယ်ဟာ ဖန်တီးမှုတာအိုချုပ် ကောင်းကင်ဘီးကို ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ ဒီအန္တိမရတနာက ရွှေဘီးဖြစ်ပြီး အရွယ်အစားကို လိုသလို ကျုံ့ချဲ့လို့ ရပါတယ်။ အန္တိမ အကောင်းစား ရတနာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစ္စည်းပြုဖို့ နှစ်တစ်ထောင် အချိန်ယူလိုက်ရပါတယ်။ ဒါတောင် ဟန်ကျွယ်က တာအိုဖန်တီးရှင် ဖြစ်နေလို့ပါ။ မဟုတ်ရင် အနည်းဆုံး နှစ်တစ်သိန်း ကြာမှာပါ။

ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုပြီးနောက် ဖန်တီးမှုတာအိုချုပ် ကောင်းကင်ဘီးဟာ ရွှေအလင်းရောင် တလက်လက် တောက်ပလာပြီး ဟန်ကျွယ်နောက်မှာ သွားတည်ပါတယ်။ ဒါက တော်တော်လေး ဟိတ်ဟန်ရှိပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်ကြည့်ပြီး သူ့ရဲ့ လက်ရှိ အသွင်အပြင်ကို အတော်လေး ကျေနပ်အားရသွားပါတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို ဝိညာဉ်နက်ထဲ ပြန်ဝှက်ပြီးတဲ့အခါ ဟန်လင်ကို တာအိုဘုံကျောင်းထဲ ပြန်ခေါ်လိုက်ပါတယ်။

ဟန်လင်ဟာ တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ ခပ်သွက်သွက် မေးလိုက်ပါတယ် “ဖေဖေ... အဆင့်ထိုးဖောက်တာလား... ဖေဖေ အခု ဘယ်အဆင့်ကို ရောက်ပြီလဲ”

“အဆင့်လေးတစ်ဆင့် တက်တာပါ၊ မဟာတာအိုပညာရှိချုပ် အဆင့်မှာပဲ ရှိပါသေးတယ်”

ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ် တာအိုဖန်တီးရှင်အဆင့်ကို ထိုးဖောက်တာက ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်စေပါဘူး။ တာအိုစက်ကွင်းရဲ့ သီးခြားခွဲထုတ်မှုကြောင့် ပဋိပက္ခထဲက သက်ရှိတွေဟာ နည်းနည်းလေးတောင် မခံစားမိကြပါဘူး။ တာအိုစက်ကွင်းထဲမှာရှိတဲ့ သက်ရှိတွေကျတော့လည်း အဆင့်နိမ့်လွန်းတဲ့အတွက် တာအိုဖန်တီးရှင်ရောင်ဝါကို မခံစားနိုင်ကြပါဘူး။

အရင်တစ်ခေါက် နဝမပဋိပက္ခ ပေါ်လာတုန်းက ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မမြင်နိုင်ခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို မဖတ်တာ ကြာပြီ ဖြစ်တဲ့အတွက် သူ့မိတ်ဆွေတွေ ဘယ်လို ဖြစ်သွားပြီဆိုတာကို မသိပါဘူး။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် အကောင်းစား ဆန်းကြယ်စွမ်းအားကို သုံးသပ်နားလည်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သား ဟန်ဟွမ်သည် သိစိတ်မဲ့ မဟာတာအိုကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကမ္ဘာတစ်ခု တည်ထောင်လိုက်၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၃၉၉၈၂၂၂

[သင့်တပည့်...]

[သင့်မြေးတပည့် မုရုံချီသည် မဟာတာအိုကမ္ဘာနှင့် ပေါင်းစပ်ပြီး ထူးခြားအဆင့်သို့ တက်လှမ်းသွား၏။]

[သင့်မိတ်ဆွေ ပန်ကူး အသက်ပြန်ရှင်လာ၏။]

[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီသည် ပဋိပက္ခအက်ကြောင်းထဲသို့ ဝင်ရောက်သွား၏။]

အခွင့်အ‌ရေးတွေကလည်း အများကြီးရသလို တိုက်ခိုက်ခံရတာတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ ကျင်လည်ကျက်စားတဲ့ မြေပုံတွေကိုကြည့်ပြီး သူတို့အကုန်လုံး ကြီးပြင်းလာပြီဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူတစ်ယောက်တည်း သီးသန့်ကြီး ကြီးပြင်းလာတာ မဟုတ်တဲ့အတွက် အတော်လေး ဝမ်းသာသွားပါတယ်။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ အပြင်ထွက် လမ်းလျှောက်သင့်လားလို့ စဉ်းစားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ အဆင့်တက်ဖို့က သေချာပေါက် နှစ်ပေါင်း သန်း ၃၀ ဆယ်ကျော် အချိန်ယူရမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ နှစ်လေးငါးဆယ်ကို မျက်စိထဲ မထည့်ပါဘူး။

ဒါပေမဲ့ အဲဒီမတိုင်ခင် ဖန်တီးမှု နတ်ဥပဒေသကို သိမ်းဖို့ လိုပါတယ်။ ဟန်ကျွယ်ဟာ ဖန်တီးမှု နတ်ဥပဒေသကို အန္တိမမူလကမ္ဘာမှာ ထားတဲ့အပြင် လုံခြုံတဲ့နေရာမှာတွေလည်း ခွဲပြီးတော့ သိမ်းထားမှာပါ။ ဒါမှ သူမသေနိုင်မှာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တာအိုစက်ကွင်းသုံးခုစီမှာ ဖန်တီးမှု နတ်ဥပဒေသရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ ဗလာနယ်မြေမှာလည်း နေရာတစ်ခုရှာပြီး ဝှက်ထားဖို့ အစီအစဉ်ရှိပါတယ်။

ဖန်တီးမှု နတ်ဥပဒေသက အရမ်းစွမ်းအားကြီးပါတယ်။ အစပေါင်း သန်းတစ်ရာ ခွဲလိုက်ရင်တောင် အန္တိမမူလကမ္ဘာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို သက်ရောက်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ဖန်တီးမှု နတ်ဥပဒေသကို အစသုံးစ ခွဲထုတ်ကာ တာအိုစက်ကွင်းသုံးခုမှာ ထားလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ် “သမီး... ဖေဖေ အပြင်ထွက် လမ်းလျှောက်မလို့... သမီးလိုက်ချင်လား...”

ဟန်လင်ဟာ မှင်တက်သွားပြီး ချက်ချင်း မတ်တတ် ကောက်ရပ်လိုက်ပါတယ် “ဖေဖေ ဘယ်သွားသွား သမီးလိုက်မယ်”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “နှစ်လေးငါးဆယ်လောက် စောင့်ဦး... ဖေဖေ သမီးရဲ့ မေမေတွေကို အဖော်ပြုလိုက်ဦးမယ်”

ဟန်လင်လည်း ဘာမှ စောဒကမတက်ဘဲ ပြန်ထိုင်လိုက်ပါတယ်။

နှစ် ၈၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်လင်ကို ကောင်းကင်တာအိုဆီ ခေါ်သွားပါတယ်။ သားအဖနှစ်ယောက်ဟာ ကျင့်ကြံမှုကို ဖိနှိပ်ပြီး ကောင်းကင်တာအိုထဲ ဝင်လိုက်ပါတယ်။ ကောင်းကင်တာအိုရဲ့ ကျင့်ကြံမှုက သူတို့လောက် မမြင်တဲ့အတွက် ကောင်းကင်တာအိုထဲ ဝင်ဖို့က လွယ်ကူလွန်းလှပါတယ်။

ကောင်းကင်တာအိုဟာ ပဋိပက္ခ တည်ရှိမှုတွေကိုပဲ ခုခံနိုင်တာပါ။ အရင်တုန်းကထက် အများကြီး စွမ်းအားကြီးလာတာ မဟုတ်ပါဘူး။ အတိတ်မှာတုန်းက မင်လင်းမယ်တော်ဟာ လက်တစ်ချက် ဝှေ့ယမ်းပြီး ကောင်းကင်တာအိုကို ဖျက်ဆီးခဲ့ပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက အခုလို ဆက်တည်ရှိနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို ပညာရှိတွေကို မလန့်စေဘဲ ဟန်လင်ကို အင်မော်တယ်ကမ္ဘာဆီ ခေါ်သွားပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ ကောင်းကင်တာအိုပညာရှိ တစ်ထောင်ကျော် ရှိနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိ အကုန်လုံးကို မျက်နှာချင်းဆိုင်ပြီး ခေါင်းဆောင်နေရာမှာ ထိုင်နေပါတယ်။ ဒီမြင်ကွင်းက အတော်လေး ခမ်းနားလှပါတယ်။

နှစ်သန်း ၂၀ ကျော် ကြာပြီးနောက် ကောင်းကင်တာအိုဟာ အကြီးအကျယ် ပြောင်းလဲသွားပါပြီ။ မဟာတာအိုပညာရှိတင် အပါးနှစ်ဆယ်ကျော်ပြီး လွတ်လပ် တာအိုပညာရှိက ကောင်းကင်တာအိုပညာရှိတွေရဲ့ ငါးပုံတစ်ပုံ ရှိပါတယ်။

ကောင်းကင်တာအိုရဲ့ အရွယ်အစားကလည်း နှစ်ဆကျယ်သွားတဲ့အတွက် ကောင်းကင်တာအို ပညာရှိတိုင်းကို စီမံအုပ်ချုပ်ဖို့ နေရာတစ်နေရာ ရသွားစေပါတယ်။

ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်မလာတာက အတော်ကြာသွားပြီ ဖြစ်တဲ့အတွက် တာအိုပညာရှိအသစ်တွေဟာ ဟန်ကျွယ်ကို တစ်ခါမှ မမြင်ဖူးကြပါဘူး။ ဒါကြောင့် သူတို့တွေဟာ ဟန်ကျွယ်ကို ဒဏ္ဍာရီတစ်ခုလို့ပဲ သဘောထားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုကတော့ ဘယ်လိုနေရမလဲဆိုတာ သိပါတယ်။ တာအိုပညာရှိတွေ အစည်းအဝေးခေါ်တိုင်း သူ့ဘေးမှာ အမြဲတမ်း ကော်ဇောတစ်ချပ် ချန်ထားပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ နေရာပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိသေးကြောင့် တာအိုပညာရှိအသစ်တွေကို အမြဲလိုလို ပြောပြပါတယ်။

ချုံရှီလိုင်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “ပန်ကူးမျိုးနွယ်စု ပြန်စုစည်းတဲ့ သတင်းက ကောင်းကင်တာအိုကိုတောင် ပြန့်လာတယ်၊ နတ်ဘုရားက တခြားအကြံအစည် ရှိပုံပဲ”

ပန်ရှင်းဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်... ကောင်းကင်တာအိုက စွမ်းအားကြီးလာပြီလေ၊ ဒါပေမဲ့ လက်ရှိ ကောင်းကင်တာအိုကို သူ့လက်ထဲ ပြန်ထည့်ပေးလို့မရဘူး၊ တာအိုဘိုးဘေး အသက်ပြန်ရှင်လာရင်တောင် ပြန်မပေးနိုင်ဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ငါတို့ဘိုးဘေးဆိုတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာပဲ”

လွန်ခဲ့တဲ့နှစ်သန်းချီမှာ ပန်ကူးက ကမ္ဘာတွေ သက်ရှိတွေကို အလိုရှိသလို ဖန်တီးခဲ့ပါတယ်။ ဒီသက်ရှိတွေ ကံပဲကောင်းတာလား ရည်ရွယ်ချက်ရှိတာလား မသိပါဘူး၊ သူတို့တွေ ကောင်းကင်တာအိုကို စပြီးတော့ လည်ပတ်လာကြပါတယ်။ ကောင်းကင်တာအိုက ပဋိပက္ခသက်ရှိတွေကို အမြဲတမ်း တံခါးဖွင့်ပြီး ကြိုဆိုတာဆိုတော့ ဒီလူတွေကို ငြင်းလွှတ်လို့မရပါဘူး။

တခြားတာအိုပညာရှိတွေကလည်း သူတို့အမြင်ကို ထုတ်ပြောကြပါတယ်။ တာအိုပညာရှိ အကုန်လုံး နီးပါးက ပန်ကူးကို သတိကြီးကြီးထားကြပါတယ်။

ကောင်းကင်တာအိုပညာရှိ အများစုက ကောင်းကင်တာအို ပြန်စပြီးမှ မွေးဖွားလာတာကြောင့် ပန်ကူးအကြောင်းကို သိပ်မသိကြပါဘူး။ သူတို့စိတ်ထဲမှာ ဖန်တီးရှင်နတ်ဘုရားက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက လေးငါးဆယ်ကြိမ်ကျော် ပျက်စီးသွားပါပြီ။

ပန်ကူးအကြောင်း ပြောပြီးတဲ့အခါမှာတော့ ဖန်းလျန်က “အခုတစ်လော ဟန်မိသားစုနဲ့ ကောင်းကင်ပျံဂိုဏ်းရဲ့ ရှုပ်ထွေးမှုက ပိုပိုပြင်းထန်လာတယ်၊ နောက်ကျ ပြဿနာအကြီးကြီး ဖြစ်မလာအောင် ဒီကိစ္စကို ဖြေရှင်းဖို့လိုတယ်”

ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “ဟန်ယွင်ကျင်းဘက်ကရော ဒီကိစ္စကို ဘယ်လိုသဘောထားလဲ...”

ဖန်းလျန် “သူက ဂူအောင်းကျင့်ကြံနေတယ်၊ လက်ရှိ မိသားစုဦးစီးက ဒီကိစ္စကို ဒီအတိုင်း မပြေငြိမ်းချင်ဘူး၊ ဒီကိစ္စက မျိုးဆက်သစ်တွေကြောင့် ဖြစ်တဲ့ကိစ္စ ဆိုပေမဲ့ ဟန်မိသားစု ပေးလိုက်ရတဲ့ တန်ကြေးက ကြီးလွန်းတယ်၊ ဒီကိစ္စကို ဒီအတိုင်း ပြေငြိမ်းလိုက်ရင် မိသားစုဝင်တွေကို သူ မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်ဘူး”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ကောင်းကင်ပျံဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးပဲ၊ တာအိုပညာရှိတွေလည်း ပါတယ်၊ ငါတို့တွေ သူတို့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး” ကျန်းကူရှင်းက ပြောလိုက်ပါတယ်။ ကျန်းကူရှင်းရဲ့ စကားကြောင့် တာအိုပညာရှိ ဆယ်ပါးကျော်ဟာ ခေါင်းညိတ်လိုက်ကြပြီး ကျန်းကူရှင်းကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က ထူးဆန်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဟန်မိသားစုမှာကရော ပါရမီရှင် နည်းလို့လား... သူတို့မှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ရာချီရှိတယ်၊ နောက်ပြီး ဟန်မိသားစုမှာ မိသားစုခွဲတွေ အများကြီး၊ သူတို့တွေ ပူးပေါင်းလိုက်ရင် နည်းတဲ့အင်အား မဟုတ်ဘူး”

တာအိုပညာရှိအသစ်တွေဟာ တိတ်ဆိတ်သွားပါတယ်။ ဒီကိစ္စမှာ ပါဝင်တဲ့ အင်အားစုတွေက အင်အားကြီးလွန်းတဲ့အတွက် သူတို့တွေဟာ အလျင်စလို ဝင်မပါရဲကြပါဘူး။

ကောင်းကင်အရှင်ဝူဖာက “ဘာပဲဖြစ်ဖြစ် အင်မော်တယ်ကမ္ဘာကို မသက်ရောက်ခင် ငါတို့တွေ ဒီကိစ္စကို ဖြေရှင်းဖို့လိုတယ်၊ ငါတို့ တာအိုပညာရှိတွေ ရတနာတချို့ ထုတ်ယူပြီး သူတို့ရဲ့ ကံရေစက်ကို ပြေငြိမ်းခိုင်းကြရအောင်”

လုံဟောင် “ငါ့ရဲ့ ငယ်လူဟန်က စိတ်ထက်တယ်၊ သူက ကောင်းကင်ပျံဂိုဏ်းချုပ်နဲ့ ကိုယ်တိုင်တွေ့ပြီး ဒီကိစ္စကို ဖြေရှင်းချင်တယ်လို့ ပြောတယ်၊ ငါတို့တွေဝင်ပါရင် ပိုဆိုးကုန်မှာ စိုးရတယ်”

ဂျိရှင်းရှန် “အဲဒါဆိုလည်း သူတို့ကို တွေ့ခိုင်းလိုက်... ကောင်းကင်ပျံဂိုဏ်းချုပ်က သူ့ကိုယ်သူ ကောင်းကင်တာအိုရဲ့ သူရဲကောင်းလို့ ခေါ်တာမလား၊ တစ်ဖက်လူကို တွေ့ရဲတဲ့ သတ္တိတောင် မရှိဘူးလား”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ဟန်မိသားစုနဲ့ ကောင်းကင်ပျံဂိုဏ်းရဲ့ တိုက်ပွဲတင် မဟုတ်ဘဲ အင်အားစုနှစ်စုရဲ့ တိုက်ပွဲ ဖြစ်နေတာကြောင့်ပါ။

ကောင်းကင်ပျံဂိုဏ်းက ဒုတိယမျိုးဆက် တာအိုပညာရှိတွေ ပူးပေါင်းပြီး တည်ထောင်ထားတာမလို့ နှစ်သန်း ၂၀ သမိုင်းရှိပြီး အုတ်မြစ်နက်ပါတယ်။ ကောင်းကင်ပျံဂိုဏ်းက သေမျိုးကမ္ဘာကို တစ်‌ထောင်ကျော်ကို ထိန်းချုပ်ထားတာမလို့ မောက်မာလာတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါ့အပြင် ဟန်မိသားစုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပတ်သက်တယ်ဆိုပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျိုးဆက်တွေက ဟန်မိသားစု တစ်စုတည်း ရှိတာ မဟုတ်ပါဘူး။

ကောင်းကင်ပျံဂိုဏ်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည် ကြားတိုင်း ခေါင်းငုံ့မယ်ဆိုရင် သူတို့ရဲ့ ဂုဏ်သတင်းက အကြီးကြီး ထိခိုက်သွားမှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters