← Chapters

ကောင်းကင်အောင်ပွဲကြယ်

Vol. 97 Ch. 1015

ကောင်းကင်အောင်ပွဲကြယ်

Vol. 97 Ch. 1015

ဟန်လင်ဟာ တိတ်ဆိတ်သွားပြီး သူ့အဖေစကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပေမဲ့ ဟန်ယဲ့ကို မကြိုက်တာက မကြိုက်တာပါပဲ။

“သူ့အရည်အချင်းက သာမန်ပဲ၊ ဖေဖေ ဘာဖြစ်လို့ သူ့ကို ဒီလောက်ထိ ဂရုစိုက်နေရတာလဲ” ဟန်လင်က မေးလိုက်ပါတယ်။

ဟန်ယဲ့ဟာ အခုထိ ကျင့်ကြံတဲ့လမ်းပေါ် မရောက်သေးပါဘူး။ ဟန်ကျွယ် ဟန်ယဲ့ကို သင်ပေးတာက ခန္ဓာဆေးကြောတဲ့ ပညာရပ်ပါ။ အန္တိမသတ်ဖြတ်ကြယ်က လောကဦး ဧကရာဇ်ကြယ်လောက် မတောက်ပပါဘူး။ လောကဦး ဧကရာဇ်ကြယ်ဟာ အစကတည်းက ထူးချွန်ထက်မြက်ပါတယ်။ ဒါပေမဲ့ အန္တိမသတ်ဖြတ်ကြယ်ကတော့ ဒီလိုမဟုတ်ဘဲ သတ်ဖြတ်ဖို့ လိုအပ်ပါတယ်။

သတ်လေလေ ဟန်ယဲ့က စွမ်းအားကြီးလာ လေလေပါပဲ။ သက်ရှိအကုန်လုံးကို သတ်ဖြတ်လိုက်ရင် ဟန်ယဲ့က အစွမ်းအထက်ဆုံး ဖြစ်သွားနိုင်လောက်ပါတယ်။ တကယ်တော့ ဒီလိုအရည်အချင်းမျိုးက ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မကြောက်ပါဘူး။

ခြိမ်းခြောက်တဲ့ အကြောင်းပြောရရင် ဘယ်သူမဆို ကြီးထွားလာနိုင်တာချည်းပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်နဲ့ သူ့ရဲ့ ကျင့်ကြံမှုစရိုက်ကြောင့် ဘယ်သူ့ကိုမှ မကြောက်ပါဘူး။

ဟန်ယဲ့က တခြားကလေးတွေနဲ့ မတူပါဘူး။ သူက မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုရဲ့ ရွေးချယ်ခြင်း ခံရသူပါ။ နှစ်ဆယ်သန်း စုဆောင်းပြီးမှ တစ်ယောက် ပေါ်လာနိုင်တာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီပါရမီရှင်တိုင်းနဲ့ ကြိုတင် တွေ့ဆုံပြီး ဆက်ဆံရေး တည်ဆောက်မှာပါ။ မဟုတ်လို့ သူတို့တွေ နောက်ကျ စွမ်းအားကြီးလာပြီး သူ့ကို ဘိုးဘေးအဖြစ် အသိအမှတ်ပြုရင် ကရိကထ များမှာပါ။

သူတို့ကို အလွယ်ကူဆုံး စည်းရုံးသိမ်းသွင်းတဲ့ နည်းလမ်းက သူတို့တွေ ဘာမှမဟုတ်သေးခင် တာအိုရအောင် ကူညီဖို့ပါ။ ဒီလိုဆို သူတို့တွေ အနာဂတ်မှာ စွမ်းအားကြီးလာနိုင်တာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကြောင့်လို့ ပြောလို့ရသွားပါပြီ။ သူတို့ကိုယ်သူတို ရွေးချယ်ခံရသူတွေလို့ ထင်တော့မှာ မဟုတ်ပါဘူး။

“သူ့အရည်အချင်းက သာမန်မဟုတ်ဘူး၊ သမီး နောက်ကျရင် နားလည်လာလိမ့်မယ်” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

ဟန်လင်ဟာ နှုတ်ခမ်းတွန့်သွားပါတယ် “သူ့ဝိညာဉ်က သာမန်မဟုတ်တာ အမှန်ပဲ၊ ဒါပေမဲ့ အားနည်းလွန်းတယ်၊ သေမျိုးကမ္ဘာမှာ ပါရမီရှင်လို့ ယူဆလို့ရပေမဲ့ မဟာတာအိုရဲ့ မျက်လုံးထဲမှာ သူက သေမျိုးနဲ့ ဘာမှ မခြားဘူး၊ သူက ဘယ်လိုလုပ်ပြီး သမီးကို ယှဉ်နိုင်မှာလဲ”

‘ငါ့သမီးက မနာလို ဖြစ်နေတာလား... အရင်တုန်းက ဒီလိုမဟုတ်ပါဘူး...’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။

ဟန်လင်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။ ဟန်လင်ဟာ ဟန်ယဲ့ရဲ့ အောင်မြင်မှုက ဘယ်လောက်ထိ မြင့်မလဲဆိုတာကို မြင်ချင်သွားပါတယ်။

သားအဖနှစ်ယောက်ဟာ ဆက်ပြီးတော့ ငါးမျှားကြပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ လတ်တလော ဝါသနာပါ။ ဟန်ကျွယ်ဟာ ဓမ္မစွမ်းအားရော ဆန်းကြယ်စွမ်းအားရော ဘာမှမသုံးဘဲ ငါးမျှားနေတာပါ။ ဟန်လင်ကလည်း ဒီလိုငါးမျှားရတာကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို အနိုင်ယူနိုင်လို့ပါ။

လေးငါးလအကြာမှာတော့...

ဟန်ယဲ့ ပြန်ရောက်လာပြီး စိတ်လှုပ်တရှား ပြောပါတယ် “အင်မော်တယ်ဆရာ... ကျွန်တော် တတ်သွားပြီ၊ ကျွန်တော် အင်မော်တယ်ဆရာကို ပြမယ်”

ဟန်ယဲ့ဟာ ဟန်ကျွယ်ရှေ့ လျှောက်သွားပြီး စပြီးတော့ လက်သီးကစားပါတယ်။ ဟန်ယဲ့ရဲ့ လက်သီးချက်တွေက ကြမ်းလွန်းပြီး သူ့ကြွက်သားတွေ အရိုးတွေက ကျားသစ်လို ဟိန်းဟောက်ပါတယ်။ ဟန်ယဲ့ဟာ လူသားသဏ္ဍာန်ရှိတဲ့ သားရဲကြမ်း တစ်ကောင်လိုပါပဲ။

ဟန်လင်ဟာ ဟန်ယဲ့ လက်သီးကစားတာကို ကြည့်မရပေမဲ့ ပေါ်တင်တော့ မလှောင်ပြောင်ပါဘူး။ ဟန်ယဲ့က ကလေးပဲ ရှိသေးတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “မဆိုးဘူး... မဆိုးဘူး... မင်းက နောက်ကျရင် သေချာပေါက် နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်၊ ယဲ့အာ... မင်းမှာ အနာဂတ်အတွက် ပန်းတိုင်ရှိလား၊ မင်း ဘယ်လိုလူမျိုး ဖြစ်လာချင်လဲ”

ယဲ့အာဆိုတဲ့ စကားလုံးက အလွန်တရာမှာ ညင်သာလှပါတယ်။ ဟန်ယဲ့ဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပြီး ပိုပြီးတော့လည်း ကျိုးနွံသွားပါတယ်။ ဟန်ယဲ့ဟာ ခေါင်းကုတ်ပြီး အဖြေပြန်ပေးပါတယ် “ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ ကျွန်တော် လူတိုင်းထက် စွမ်းအားကြီးချင်တယ်”

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ဒါဆို မင်းက ငါ့ထက် စွမ်းအားကြီးချင်တာလား”

ဟန်ယဲ့ဟာ တဟားဟား ရယ်လိုက်ပါတယ် “ကြီးချင်တာပေါ့... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ကျွန်တော် အင်မော်တယ်ဆရာကို ကောင်းကောင်း ဆက်ဆံမှာပါ၊ နောက်ကျလို့ ကျွန်တော် အင်မော်တယ်ဆရာထက် စွမ်းအားပိုကြီးသွားရင် ကျွန်တော် အင်မော်တယ်ဆရာကို ကာကွယ်ပေးမယ်”

ဟန်လင်ဟာ ဟန်ယဲ့ရဲ့စကားကို မရယ်ဘဲ မနေနိုင်ပါဘူး ‘ကောင်စုတ်လေး... ဖေဖေ့ အကြောင်းကိုလည်း မသိဘဲနဲ့..’

ဟန်ကျွယ်ဟာ အပြုံးမပျက်ပါဘူး “မင်း ကျင့်ကြံသူတွေအကြောင်းကို သိလား၊ မင်း အတွက်တချို့ တတ်ထားတယ်ဆိုပေမဲ့ အဲဒီကျင့်ကြံသူတွေကို မမီသေးဘူး၊ ငါက အင်မော်တယ်စစ် မဟုတ်တော့ မင်းကို အများကြီး မသင်ပေးနိုင်ဘူး”

ဟန်ယဲ့ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် သိပါတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော်တို့ရွာနားကို ဖြတ်သွားတဲ့ ကျင့်ကြံသူတစ်ယောက်က ကျောက်တုံးကို ရွှေဖြစ်အောင် ပြောင်းခဲ့တယ်၊ အဲဒီတုန်းက ရွာသားတွေ တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့ကြတယ်၊ ကျွန်တော် အဖေ့ကို ပြောပြပြီးတာ ကြာပြီ၊ ကျွန်တော် ကြီးလာရင် လက်ထပ်ပြီး ကလေးတွေ အများကြီးမွေးမယ်၊ ပြီးရင် သူတို့ကို အဖေတို့နဲ့ ထားခဲ့ပြီး ကျွန်တော်ကတော့ ကျင့်ကြံမှုလမ်းစဉ်ကို လိုက်စားမယ်၊ တကယ်လို့ ကျွန်တော် သူတို့မသေခင် တာအိုရယူနိုင်ခဲ့ရင် သူတို့ကို သက်တမ်းနဲ့ ကြွယ်ဝမှုတွေ ပေးလို့ရတာပေါ့”

ဟန်ယဲ့ရဲ့ မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်တွေ ယှက်သမ်းလာပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

ဟန်လင်ကတော့ နှာခေါင်းရှုံ့လိုက်ပါတယ် “နင်က တကယ် သိတတ်တာပဲ၊ ကိုယ့်မိဘတွေကိုတောင် ဂရုမစိုက်ဘဲ ကလေးတွေနဲ့ ပစ်ထားခဲ့မယ်ပေါ့”

ဟန်ယဲ့ဟာ ပင်ကိုစရိုက်ကိုက မောက်မာသူ့မလို့ ဟန်လင်ကို ရန်မစရဲပေမဲ့ သူ့ကို အခုလိုမျိုး ပြောလာတာကိုတော့ ဘယ်လိုမှ မခံနိုင်ပါဘူး။

“ဟမ်... ဒါဆို အင်မော်တယ်ဆရာကရော... ဘာတွေများ လုပ်ပြီးပြီလဲ”

“ငါက မွေးကတည်းက ငါ့ဖေဖေကို အဖော်ပြုနေတာ”

ဟန်လင်ဟာ ရုတ်တရက်ဆိုသလို ငယ်ငယ်လေးကတည်းက သူ့အဖေရဲ့ ကာကွယ်မှုအောက်မှာပဲ နေပြီး သူ့အဖေအတွက် ဘာမှမလုပ်ပေးရသေးတာကို သတိရသွားပါတယ်။

ဟန်ယဲ့က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ဒါဆို... အခု ဘာဖြစ်လို့ အင်မော်တယ်ဆရာရဲ့ ဖေဖေဆီကနေ ထွက်လာတာလဲ”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ ဖေဖေ့ဆီကနေ တစ်ခါမှ ထွက်မသွားရသေးဘူး”

“အင်မော်တယ်ဆရာက တကယ်ကို...”

ဟန်ယဲ့ဟာ ဆဲဆိုဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် ရပ်လိုက်ပါတယ် ‘ဒါဆို...’

ဟန်ယဲ့ဟာ ဟန်ကျွယ်နဲ့ ဟန်လင်ရဲ့ မျက်နှာကို တစ်လှည့်စီ စိုက်ကြည့်လိုက်ပါတယ်။ ဟန်ယဲ့ဟာ ဟန်ကျွယ်က အပြုံးနဲ့ ခေါင်းညိတ်လိုက်တာကို မြင်လိုက်ရတဲ့အတွက် ဆွံ့အသွားပါတယ်။ အတန်ကြာမှ “အင်မော်တယ်ဆရာ... အင်မော်တယ်ဆရာက အသက် ဘယ်လောက်ရှိပြီလဲ”

ဟန်ယဲ့ဟာ ဟန်ကျွယ်နဲ့ ဟန်လင်ကို လင်မယားလို့ ထင်နေတာပါ။ ရွယ်တူတန်းတူလို့ ထင်ရတယ် မဟုတ်ပါလား။

“မင်း ဒီကို ထပ်ရောက်လာတာ ငါ့ဆီက တစ်ခုခု တောင်းဆိုချင်လို့ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ငါ့မှာ မင်းကို ထပ်ပြီးတော့ သင်ပေးစရာ မရှိတော့ဘူး”

ဟန်ယဲ့ဟာ ထိတ်လန့်သွားပါတယ်။ ဟန်ယဲ့ဟာ ဟန်ကျွယ်ရဲ့ အသက်ကို စိတ်မဝင်စားတော့ဘဲ ဒူးထောက်ပြီး ဦးချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ယဲ့ကို မတားပါဘူး။ ဟန်ယဲ့အနေနဲ့ သူ့ကို ဦးချတာက ဖြစ်သင့်ပါတယ်။ ဟန်ယဲ့ရဲ့ နဖူး နီရဲလာတဲ့အခါ ဟန်ကျွယ်က လေးတစ်စင်းကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် အေးစက်တဲ့ အလင်းရောင် ပေါ်လာပြီး ကောင်းကင်ပြင်ကို လင်းထိန်သွားစေပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံကိုတောင် တုန်ခါသွားစေတဲ့အတွက် တာအိုပညာရှိတွေ ထိတ်လန့်သွားပြီး ကျင့်ကြံရာက ထွက်လာကြပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လောကခွင်း နတ်လေးကို ဖိနှိပ်ပြီး ကန့်သတ်စည်းတွေ အများကြီး ထားလိုက်ပါတယ်။

ဟန်လင်ဟာ လောကခွင်းနတ်လေးကို ပြင်းပြ တောက်လောင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ် ‘တော်တော်ကြမ်းတဲ့ ဓမ္မရတနာပါလား... လိုချင်လိုက်တာ...’

“ဖေဖေ...”

ဟန်ကျွယ်ဟာ ဟန်လင်ကို ဂရုမစိုက်ဘဲ ဟန်ယဲ့ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ယဲ့အာ... ဒီလေးကို လိုချင်လား”

ဟန်ယဲ့ဟာ ‌လောကခွင်းလေးကို ကြည့်ပြီး ရုတ်ခြည်း အံ့အားသင့်ကာ ခေါင်းကို အသည်းအသန် ညိတ်လိုက်ပါတယ်။

ဟန်လင်ဟာ ဒါကို မြင်ရတဲ့အခါ နှုတ်ခမ်း တစ်‌တောင်လောက် စူထွက်ပြီး တစ်ဖက်လှည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လောကခွင်းလေးကို မြေပြင်ပေါ် ပစ်ချလိုက်ပါတယ် “ဒီလေးက မင်းအပိုင် ဖြစ်သွားပြီ၊ ဒါပေမဲ့ မင်းဘာသာပဲ ယူရလိမ့်မယ်”

ဟန်ယဲ့ဟာ ချက်ချင်း ‌ရှေ့တိုးပြီး လေးကို ဆုပ်ကိုင်လိုက်တဲ့ တစ်ခဏမှာပဲ မျက်နှာပျက်သွားပါတယ်။ ဟန်ယဲ့ဟာ လေးကို မ,မနိုင်ပါဘူး။ ဟန်ယဲ့ဟာ အကောင်းဆုံး ကြိုးစားပါတယ်။ ဒါပေမဲ့ မျက်နှာတစ်ခုလုံး နီလာတာတောင် ဟန်ယဲ့ဟာ လေးကို မ,မနိုင်ပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “ယဲ့အာ ငါတို့တွေ သွားတော့မယ်၊ ငါတို့တွေ ထပ်တွေ့ရင် လောကကြီးက သေချာပေါက် ပြောင်းလဲသွားလိမ့်မယ်၊ မင်း ငါ့ကို မမှတ်မိတော့တာလည်း ဖြစ်နိုင်တယ်”

ဟန်ယဲ့ဟာ မော့ကြည့်ပြီး အလောတကြီး မေးလိုက်ပါတယ် “အင်မော်တယ်ဆရာ... အင်မော်တယ်ဆရာ ဘယ်သွားမလို့လဲ”

“ဘဝဆိုတာ တွေ့ကြုံဆုံခွဲပဲ၊ မင်းမှာလည်း မင်းလမ်းရှိသလို ငါ့မှာလည်း ငါ့လမ်းရှိတယ်၊ လအနည်းငယ် ရေစက်ဆိုပေမဲ့ ဒီလေးက မင်းကို တစ်ဘဝလုံး အဖော်ပြုပေးလိမ့်မယ်၊ ဒီလေးကို တခြားဘယ်သူကို့မှ မပေးမိစေနဲ့၊ အဲဒါကို စိတ်ထဲစွဲနေအောင် မှတ်ထား”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဟန်လင်နဲ့ အတူ ပျောက်ကွယ်သွားပါတယ်။

တောင်ကြားဟာ တိတ်ဆိတ်သွားပါတယ်။ ဒီအင်မော်တယ်နည်းလမ်းက ဟန်ယဲ့ကို အံ့ဩ မှင်တက်သွားစေပါတယ်။ ဟန်ယဲ့ဟာ သတိပြန်ဝင်လာတဲ့အခါ အော်မေးလိုက်ပါတယ် “အင်မော်တယ်ဆရာ... အင်မော်တယ်ဆရာရဲ့ နာမည်ကို ပြောခဲ့ပါဦး၊ ကျွန်တော် နောက်ကျရင် ကျေးဇူးဆပ်လို့ရအောင်”

ကံဆိုးစွာပဲ ဟန်ယဲ့ဟာ ဘာစကားပြန်မှ မကြားရတော့ပါဘူး။

ဟန်ကျွယ်နဲ့ ဟန်လင်ဟာ တိမ်စီးနေပါတယ်။ ဟန်လင်က မပျော်မရွှင် ပြောလိုက်ပါတယ် “ဖေဖေ ဘာဖြစ်လို့ အဲဒီကောင်စုတ်လေးကို အဲဒီလိုမျိုး ရတနာ ပေးရတာလဲ၊ နောက်ပြီး ဖေဖေ သူ့ကို အဲဒီလိုမျိုး ရတနာပေးမယ်ဆိုရင်လည်း ဘာဖြစ်လို့ သူ့ကို တာအိုစက်ကွင်းဆီ ခေါ်မသွားတာလဲ၊ တခြားလူတွေ လုသွားမှာကို ဖေဖေ မကြောက်ဘူးလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မကြောက်ပါဘူး”

ဟန်ကျွယ်ဟာ ဟန်လင်က မကျေမနပ် ဖြစ်နေတာကို သိပေမဲ့ မရှင်းပြပါဘူး။ ဒီကိစ္စလောက်နဲ့ ဟန်လင်က သူ့ကို မုန်းမှာ မဟုတ်ပါဘူး။ အချိန်က သူ့ရဲ့ ဆောင်ရွက်မှုတွေကို သက်သေပြသွားမှာ ဖြစ်ပြီး သေချာပေါက် ဟန်လင်ကို အံ့ဩမှင်တက်စေမှာပါ။

ဟန်ကျွယ်မှာ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ် ကျန်ပါသေးတယ်။ ဟန်ကျွယ်ဟာ တဒင်္ဂတွေးတောပြီးနောက် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မိုးကောင်းကင် ပါရမီရှင် နှစ်ယောက်ပေါ်လာတာက ကောင်းကင်တာအိုထဲမှာ အကြီးအကျယ် အုတ်အုတ်ကျက်ကျက် ဖြစ်စေမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို အခွင့်အရေးကို တိတ်တဆိတ် အသုံးပြုလိုက်ပါတယ်။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးအား အသုံးပြုလိုက်ပါသည်။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပမ်း ပေါ်ထွန်းလာလိမ့်မည်။]

[သင့်မျိုးဆက် ဟန်ယောင်သည် ရှန်တျန်မဟာဖန်တီးမှု ကောင်းကင်အောင်ပွဲကြယ် နိုးထသွားပါသည်။]

[ကောင်းကင်အောင်ပွဲကြယ်: အောင်ပွဲတာအိုဖြင့် မွေးဖွားလာပြီး ဘဝတစ်ခုလုံး တိုက်ခိုက်လိမ့်မည်။ ဘယ်သောအခါမှ အတိုက်အခိုက် ရပ်လိမ့်မည်မဟုတ်။ သူသည် နိယာမ၊ ကံ၊ ကံတရား အထောက်အပံ့ အစရှိသော အရာအားလုံးကို အောင်ပွဲချီ တိုးလာစေရန်အတွက် သိမ်းယူလိမ့်မည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters