← Chapters

မိစ္ဆာ ကောင်းကင်ဧကရာဇ် အိပ်မက်ပေးခြင်း

Vol. 97 Ch. 1017

မိစ္ဆာ ကောင်းကင်ဧကရာဇ် အိပ်မက်ပေးခြင်း

Vol. 97 Ch. 1017

စနစ်ရဲ့ မရေမတွက်နိုင်တဲ့ အမွေခံတွေဟာ ဟန်ကျွယ် မျက်လုံးထဲကို ဝင်လာပါတယ်။ ဟန်ကျွယ်ဟာ ဒါတွေကို ကြည့်ပြီး ရင်ထဲမှာ ဂယက်ထသွားပါတယ်။ ကြောက်လည်း ကြောက်သွားပါတယ်။ ဟန်ကျွယ်လည်း အဲဒီအမွေခံတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ သူ့စည်းသူ ထိန်းထားနိုင်ခဲ့ပါတယ်။

ပြန်တွေးကြည့်ရင် အဲဒီအမွေခံတွေက ပြင်ပ ဖြားယောင်းသွေးဆောင်မှုကိုပဲ ရင်ဆိုင်ရတာပါ။ ဟန်ကျွယ်ကတော့ ဒီလို မဟုတ်ပါဘူး။ စနစ်က သူ့ကို ရွေးချယ်မှုပေးတိုင်း ဖြားယောင်းဖို့ ကြိုးစားခဲ့တာချည်းပါပဲ။

‘ခွီးတဲ့မှပဲ’

ဖန်တီးမှုစိတ်ဆန္ဒ “မင်းက မသိမှုကို ကိုယ်စားပြုတယ်၊ မသိမှုက မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်၊ အောင်မြင်မဲ့ပုဂ္ဂိုလ်ကို စောင့််ဆိုင်းရင်း ငါ အဲဒီ မရှိတော့တဲ့ တည်ရှိမှုအကုန်လုံးရဲ့ တန်ပြန်ဒဏ်တွေကို ခံစားခဲ့ရတယ်၊ မင်းရင်ဆိုင်ရတာက ငါချန်ထားခဲ့တဲ့ လက်ကျန်စိတ်ဆန္ဒပဲ၊ ငါ မင်းကို မကန့်သတ်တော့ဘူး၊ နောက်ကျ မင်းဘာလုပ်လုပ် ငါ ဝင်မပါတော့ဘူး၊ မင်း ဘယ်လို တည်ရှိမှုမျိုး ဖြစ်လာမလဲဆိုတာကို ငါ စောင့်ကြည့်နေမယ်”

ဟန်ကျွယ်ဟာ ဒီစကားတွေ အကုန်လုံးကို မယုံပါဘူး။

“ငါ့ကို ဘာဖြစ်လို့ ရွေးချယ်တာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“ဒါက မင်းရဲ့ ကံကောင်းမှုပဲ၊ ဆက်ခံသူတိုင်းမှာ ဒီလိုမျိုး သံသယတွေရှိတယ်၊ ဒီမေးခွန်းကိုတော့ ငါ မဖြေနိုင်ဘူး၊ မင်းရဲ့ ကံတရား အထောက်အပံ့ကြောင့်လို့ ထင်တာပဲ”

ဟန်ကျွယ်ဟာ ဒီအဖြေကို သိပ်တော့ မကျေနပ်ပါဘူး။

“ငါ့ရဲ့ တာအိုစက်ကွင်းက ဘာဖြစ်လို့ ငါ့ရဲ့ ကျင့်ကြံမှုထက် စွမ်းအားပိုကြီးရတာလဲ၊ ပြီးခဲ့တဲ့ အမွေခံတွေမှာ ဘာဖြစ်လို့ အဲဒီလိုမျိုး မရှိရတာလဲ”

“ငါ အမွေခံတွေ ဆက်တိုက်လက်ခံရင်း စနစ်က ဆက်ပြီးတော့ စွမ်းအားကြီးလာတယ်၊ မင်း သေသွားရင် ဒီအခွင့်အရေးက နောက်ထပ် ဆက်ခံသူကို ရှာဖွေလိမ့်မယ်၊ သူ ရရှိမဲ့ အကူအညီက မင်းရရှိတဲ့ အကူအညီထက် ကြီးမားလိမ့်မယ်”

ဖန်တီးမှုစိတ်ဆန္ဒဟာ တစ်ခဏရပ်ပြီး ဆက်ပြောပါတယ် “ငါ မင်းကို စမ်းသပ်တာက မင်းက ကောင်းမွန်တဲ့ ကံတရား အထောက်အပံ့ရဖို့ သေမျိုးသက်တမ်းရဲ့ ငါးပုံတစ်ပုံကို အကုန်ခံခဲ့လို့ပဲ၊ ဒီလိုအခြေအနေမျိုးက တစ်ခါမှ မဖြစ်ဖူးဘူး”

“ချီးကျူးမှုအတွက် ကျေးဇူးပဲ”

“ဒါက ချီးကျူးတာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ဖန်တီးမှု စိတ်ဆန္ဒက ဘာကိုဆိုလိုလဲဆိုတာ နားမလည်နိုင်တာကြောင့် မှင်တက်သွားပါတယ်။

“ခင်ဗျား စနစ်ကို ထိန်းချုပ်နိုင်လား”

“မထိန်းချုပ်နိုင်ဘူး... ငါက လက်ကျန်စိတ်ဆန္ဒတစ်ခုပဲ၊ ငါက ဘယ်တည်ရှိမှုအပေါ်ကိုမှ တစ်ခုခု သက်ရောက်အောင် မလုပ်နိုင်ဘူး”

“ဒါဆို ခင်ဗျားမှာ ကျုပ်ကို ဘာပြောစရာရှိလဲ”

ဟန်ကျွယ်ဟာ စနစ်ရဲ့ အတိတ်ကို နားလည်လိုက်ပေမဲ့ သူ့တာအိုနှလုံးသားက ပြောင်းလဲမသွားပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကျင့်ကြံမှု သဘောထားကို ဆက်ထိန်းသိမ်းတာက မှန်ကန်တဲ့လုပ်ရပ်ပါ။

ဖန်တီးမှုစိတ်ဆန္ဒဟာ တိတ်ဆိတ်သွားပါတယ်။ နေမင်းကြီးရဲ့ အစွန်းဟာ ကောင်းကင်ကို အပူဟပ်သလိုမျိုး စပြီးတော့ လှုပ်ရှားလာပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

ဖန်တီးမှု စိတ်ဆန္ဒက တစ်လုံးချင်း ပြောလိုက်ပါတယ် “ကောင်းကင်တာအိုလိုပဲ... ကောင်းကင်တာအိုက စိတ်ဆန္ဒတစ်ခု မွေးဖွားခဲ့ပေမဲ့ ကောင်းကင်တာအိုက ဆက်ပြီးတော့ တည်ရှိနေတယ်၊ မသိမသာနဲ့ ဒါတွေအကုန်လုံးရဲ့ တိုးတက်မှုကို ကန့်သတ်ထားတဲ့ စွမ်းအားတစ်ခု ရှိတယ်၊ ဘာလဲဆိုတာတော့ ငါလည်း သေချာမသိဘူး၊ ဒါတွေ အကုန်လုံးရဲ့ အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာ ငါ စိတ်ကူးလို့တောင် မရဘူး၊ ငါ မွေးဖွားလာမှုရဲ့ အဓိပ္ပာယ်ကရော ဘာလဲ... မင်း ဖန်တီးရှင်သခင်အဆင့်ကို ရောက်ရင် တည်ရှိမှုတွေနဲ့ အဓိပ္ပာယ်ကို ထိုးဖောက်မြင်နိုင်လောက်တယ်”

အဲဒီနောက် ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

“မှတ်ထားပါ... အစွမ်းအထက်ဆုံးက အနှိုင်းမဲ့ မဟုတ်ဘူး၊ မင်းက အစွမ်းအထက်ဆုံး ဆိုရင်တောင် ကျင့်ကြံတာရပ်လိုက်တာနဲ့ မကြာခင်မှာ ဖိနှိပ်ခံရလိမ့်မယ်၊ ပြီးခဲ့တဲ့ အမွေခံတွေထဲမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်တွေ မရှားဘူး၊ ဒါပေမဲ့ အများစုက ပျင်းသွားလို့ နောက်လူတွေ ကျော်တက်တာကို ခံလိုက်ရတယ်”

“မင်း ဒီနေရာကို ဘယ်လို ရောက်လာလဲဆိုတာ အမြဲတမ်း မှတ်ထားပါ”

ဖန်တီးမှု စိတ်ဆန္ဒရဲ့ အသံဟာ ပိုပိုပြီးတော့ သိမ်မွေ့သွားပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ပုကျိုးနတ်တောင်ဟာ ဆူညံနေပြီး ကောင်းကင်ပျံဂိုဏ်းချုပ်နဲ့ ဟန်မိသားစုဦးစီးဟာ အခုထိ ရလဒ် ထွက်မလာသေးပါဘူး။

ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။

‘ငါက လောကဦး နတ်ဘီလူး ပြန်ဝင်စားတာ မဟုတ်ဘူးပဲ... မရေမတွက်နိုင်တဲ့ အမွေခံတွေထဲက တစ်ယောက်ပဲ... ငါ အတွေးလွန်နေခဲ့တာပဲ...’

ဒီမတိုင်ခင်မှာ ဟန်ကျွယ်ဟာ သူက လောကဦး နတ်ဘီလူး ပြန်ဝင်စားတာလားလို့ တွေးမိခဲ့ပါတယ်။ သူမသေခင် သူ့အတွက်သူ ရွှေဇွန်း ဖန်တီးခဲ့တာ ဒါမှမဟုတ် အနာဂတ်သူက စနစ်ကို ပေးခဲ့တာလို့ ထင်နေပါသေးတယ်။ ဟန်ကျွယ် ဖတ်ဖူးတဲ့ စိတ်ကူးယဉ် ဝတ္ထုတွေထဲမှာ ဒီလိုပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဖန်တီးမှုစိတ်ဆန္ဒကို သတိကြီးကြီးထားတုန်းပါ။ ဟန်ကျွယ်ဟာ ဖန်တီးမှု စိတ်ဆန္ဒရဲ့ မိတ်ဆက်စကားက နည်းနည်း အန္တရာယ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒမရှိရင် ဘာဖြစ်လို့ လက်ကျန်စိတ်ဆန္ဒ ချန်ထားခဲ့တာလဲဆိုတဲ့ မေးခွန်းကြောင့်ပါ။

ဟန်ကျွယ်ဟာ ဒီအကြောင်း စနစ်ကို မမေးပါဘူး။ ဟန်ကျွယ်ဟာ ဖန်တီးမှု စိတ်ဆန္ဒက စနစ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ စွမ်းအားပိုကြီးလာဖို့ ကြိုးစားရမှာပါ။ ဖန်တီးမှုသခင်အဆင့်က မလုံလောက်သေးပါဘူး။

တည်တည်ငြိမ်ငြိမ် နေနိုင်ဖို့အတွက် အနည်းဆုံး ဖန်တီးမှုသခင်အဆင့်ကို ကျော်တက်ရပါမယ်။ ဒါမှသာ ဖန်တီးမှုစိတ်ဆန္ဒပြောတဲ့ ပန်းတိုင်ကို စိန်ခေါ်နိုင်စွမ်း ရှိမှာပါ။

ဟန်ကျွယ်ဟာ တခြားလူရဲ့ အတွေးတိုင်း လျှောက်မလုပ်ချင်ပါဘူး။ ဟန်ကျွယ်ဟာ အမြဲတမ်း သူ့များရဲ့ ရှေ့မှာ သူများရဲ့ အထက်မှာ ရောက်နေချင်တာပါ။

ဟန်လင်ဟာ ပွဲကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်ပါဘူး “ဖေဖေ... အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်လို့ခေါ်တဲ့ အဲဒီလူတွေက သေမျိုးတွေလိုပဲ၊ ပျင်းစရာကြီး”

နောက်ဆုံးမှာ ဟန်မိသားစုဦးစီးနဲ့ ကောင်းကင်ပျံဂိုဏ်းချုပ် နှစ်ယောက်စလုံး ဒဏ်ရာအသီးသီး ရသွားကြပါတယ်။ သူတို့တွေဟာ ဒီကိစ္စမှာ ပါဝင်တဲ့ တပည့်တွေကို ရတနာတွေပေးပြီး နှစ်သိမ့်ကြပါတယ်။ ဒီကိစ္စက ဒီမှာတင် ပြီးသွားပြီလို့ ထင်ရပေမဲ့ နောက်ကျ ပြဿနာ ထပ်တက်ဦးမှာပါ။

ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ရဲ့ ကံရေစက်ကို တွက်ချက်ကြည့်တဲ့အခါ တော်တော်လေး နက်ရှိုင်းနေတာကို တွေ့လိုက်ရပါတယ်။ မကြာခင်မှာ အင်အားစုနှစ်စုကြား တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာမှာပါ။ ဒီတိုက်ပွဲမှာ ဟန်ယဲ့နဲ့ ဟန်ယောင်လည်း ပါဝင် တိုက်ခိုက်မှာပါ။

အထူးသဖြင့် ဟန်ယဲ့ပါ။ ကောင်းကင်ပျံဂိုဏ်းက ဟန်ယဲ့ တာအိုရရှိဖို့ ခြေနင်းကျောက်တုံး ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ အဲဒီနေ့ကို မျှော်ကြည့်မိလိုက်ပါတယ်။ ဒီရေစက်က ဟန်ကျွယ် နောက်တစ်ခါ ဂူအောင်းကျင့်ကြံရာကထွက်လာရင် ပြီးသွားလောက်ပါပြီ။

သားအဖနှစ်ယောက်ဟာ မတ်တတ်ရပ်ပြီး ပဋိပက္ခကို ထွက်ခွာပါတယ်။

နှစ်လေးငါးဆယ် အကြာမှာတော့ သူတို့နှစ်ယောက်ဟာ တာအိုစက်ကွင်းဆီ ပြန်ရောက်လာကြပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယောင်ကို တတိယ တာအိုစက်ကွင်းထဲ တန်းရွှေ့ပြီး ပညာသင်ပေးဖို့ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပါတယ်။ ပင်မခန္ဓာကိုယ်ကတော့ စပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။

ဟန်ယောင်ဟာ ချောမောပြီး အပြောညက်ပါတယ်။ ဒါ့အပြင် ဟန်ကျွယ်နဲ့လည်း တူတဲ့အတွက် ရှင်းဟုန်ရွှမ်နဲ့ တခြားမိန်းမတွေ အာရုံစိုက်တာကို ခံရပါတယ်။

ပထမတော့ ဟန်ယောင်ဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရှင်းပြစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ထိတ်လန့်မှုကနေ အံ့အားသင့်မှုကို ကူးပြောင်းသွားပြီး ချက်ချင်း ဒူးထောက်ကာ ဟန်ကျွယ်ကို ရှိခိုးပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝရဲ့ ပထမဆုံး အခွင့်အရေးကို ခံစားပါတယ်။

ဟန်လင်ဟာ ဟန်ယောင်ကို တော်တော်လေး စိတ်ဝင်စားပါတယ်။ သူ့အဖေက ဟန်ယောင်ကို ခြွင်းချက်ထားပြီး တတိယ တာအိုစက်ကွင်းထဲ ခေါ်လာတာကြောင့် ဒီမျိုးဆက်က ဘယ်လောက်ထိ စွမ်းအားကြီးလဲ ကြည့်ချင်တာလည်း ပါပါတယ်။

ကောင်းကင်အောင်ပွဲကြယ်က ကြီးထွားလာဖို့ တိုက်ပွဲလိုပါတယ်။ တိုက်ပွဲအလီလီ အောင်နိုင်မှ သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းအားကို အသွင်ပြောင်းလဲသွားမှာပါ။ လက်ရှိမှာ ဟန်ယောင်နဲ့ ဟန်ယဲ့ နှစ်ယောက်စလုံးက ဘာအရည်အချင်းမှ မပြနိုင်သေးပါဘူး။

တစ်ခဏကြည့်ပြီးလို့ ဘာမှ ထူးခြားမှုမရှိတာနဲ့ ဟန်လင်ဟာ ဟန်ယောင်ကို ဆက်ပြီးတော့ ဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်ပါတယ်။

ဟန်ယောင်ဟာ ပုံမှန် တရားထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ယောင် အဆင့်တက်တိုင်း ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ဆန်းကြယ်စွမ်းအား သင်ပေးပြီး တာအိုဟောကြားပါတယ်။

ရှင်းဟုန်ရွှမ်တောင် ဟန်ကျွယ်က ဟန်ယောင်ကို အမြင့်ကြီး တွေးထားတယ်ဆိုတာ ပြောနိုင်ပါတယ်။ သူ့သားဟန်ဟွမ်ကလွဲပြီး ဘယ်သူမှ ဒီလိုအခွင့်အရေးမျိုး မရပါဘူး။

မဟုတ်ပါဘူး။ သူ့သားတောင် ဒီလောက် အခွင့်အရေး မရပါဘူး။ ဟန်ကျွယ်က ဟန်ဟွမ်နဲ့ သူ့ကလေးတွေကို သင်ကြားဖို့ တစ်ခါမှ ကိုယ်ပွား မဖန်တီးခဲ့ပါဘူး။

နှစ်တစ်သောင်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ဟန်ယောင်ကို အင်မော်တယ်ကမ္ဘာဆီ ပြန်ပို့လိုက်ပါတယ်။

နှစ်သုံးသိန်းကျော် ကြာပြီးနောက်...

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ရောက်လာပါတယ်။

[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ် တာအိုဖန်တီးရှင် ဖြစ်လာပြီးနောက် သူ့အိပ်မက်ထဲ လာလည်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က သူဂရုစိုက်တဲ့လူတွေ တစ်ခုခုဖြစ်မှာစိုးတဲ့အတွက် အထူးအခွင့်အရေး ပေးထားပါတယ်။

ဟန်ကျွယ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပါတယ်။ အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက် တောအုပ်လေးထဲမှာပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ပြောလိုက်ပါတယ် “ငါ မင်းကို မေးစရာ ရှိတယ်”

ဟန်ကျွယ်ဟာ နတ်အလင်းရောင်တွေကို ရုပ်သိမ်းပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာမေးချင်တာလဲ အရှင်မင်းကြီး...”

ဟန်ကျွယ်ဟာ တွက်တောင် မတွက်ချက်တော့ပါဘူး။ နှစ်သန်းနှစ်ဆယ်ကျော် မတွေ့ရတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တကယ် သတိရနေတာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က တဟားဟား ရယ်မောလိုက်ပါတယ် “ငါ စကား အရှည်ကြီး မပြောတော့ဘူး၊ ငါ ဟန်ယောင်နဲ့ ဟန်ယဲ့ကို လိုချင်တယ်၊ မင်းရဲ့ ကလေးတွေကလွဲရင် ဟန်မိသားစုမှာ ဒီလိုမျိုး ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး”

“ဟန်ယောင်က လက်ရှိ ကောင်းကင်တာအိုရဲ့ နံပါတ်တစ်ပါရမီရှင်အဖြစ် ရွေးချယ်ခံထားရပြီးပြီ၊ အဲဒီဟန်ယဲ့က ပိုပြီးတော့တောင် အထင်ကြီးဖို့ကောင်းတယ်၊ သူက သေမျိုးကမ္ဘာကနေ အင်မော်တယ်ကမ္ဘာ အဲဒီကနေ ပဋိပက္ခဆီ သတ်ဖြတ်ပြီး တက်လာတာ၊ သူက သတ်ဖြတ်ခြင်း နတ်ဘုရားလိုပဲ၊ သူ့ကို ငါ့လက်ထဲအပ်ကွာ... သူ့ကို ငါ လမ်းမှန်ရောက်အောင် လမ်းညွှန်ပေးမယ်”

“မင်းက ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာဆိုတော့ သူတို့ကို ဂရုမစိုက်အားဘူး ဟုတ်တယ်မလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters