← Chapters

အဆင့်အတန်း မတူညီခြင်း

Vol. 97 Ch. 1018

အဆင့်အတန်း မတူညီခြင်း

Vol. 97 Ch. 1018

“ကျွန်တော်မှာ သူတို့ကို ဂရုစိုက်ဖို့ အချိန်မရှိတာ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်တော် သူတို့ဆန္ဒကို မထိန်းချုပ်နိုင်ဘူး၊ အရှင်မင်းကြီး သူတို့ကို စည်းရုံးနိုင်ရင် ကျွန်တော်ဘက်က ဘာမှပြောစရာ မရှိပါဘူး” ဟန်ကျွယ်ဟာ အပြုံးနဲ့ ဖြေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တချို့ကိစ္စတွေကို ခွင့်ပြုပေးနိုင်ပေမဲ့ တိုက်ရိုက်စီစဉ်မှာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ သဘောထားက သူ့မျိုးဆက်တွေကို သက်ရောက်နိုင်ပါတယ်။ ဟန်ကျွယ်က မိစ္ဆာကောင်းကင်ဧကရာဇ်ကို အမြဲတမ်း တိုက်ရိုက် ကူညီထောက်ပံ့နေမယ်ဆိုရင် နောက်ကျ ဟန်မိသားစုကို မိစ္ဆာ ကောင်းကင်ဧကရာဇ်က ထိန်းချုပ်သွားနိုင်ခြေ ရှိပါတယ်။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ယုံကြည်ပေမဲ့ ဒီလိုမျိုး တိုက်ရိုက် မကူညီချင်ပါဘူး။ မိစ္ဆာကောင်းကင်ဧကရာဇ်က ဒီလိုမျိုး အကူအညီတောင်းတာကို ကျင့်သားရသွားပြီး ပုံမှန်ကိစ္စလို့ ထင်သွားရင် နောက်ကျ မောက်မာလာပြီး စိတ်သဘောထားက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။

ဒါ့အပြင် မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်မှာ ရပ်နေတာက သဏ္ဍာန်မဲ့နတ်မင်းပါ။ သဏ္ဍာန်မဲ့နတ်မင်းကို နဝမပဋိပက္ခက ဖိနှိပ်ထားတယ် ဆိုပေမဲ့ နှစ်သန်းတစ်ရာကြာရင် ပြန်ပေါ်လာမှာပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို အဆင်ပြေတယ်၊ ဒီကိစ္စကို မင်း မကန့်ကွက်ရင် ရပြီ၊ ဘာပဲဖြစ်ဖြစ် သူတို့က မင်းရဲ့ ဟန်မိသားစု တန်ဖိုးထားရတဲ့ ပါရမီရှင်တွေလေ၊ ငါ အကုန်လုံးကို လိုက်လုနေလို့ ဘယ်ဖြစ်မလဲ၊ အဲဒါကြောင့် ငါ မင်းဆီကနေ ခွင့်ပြုချက် လာတောင်းတာ၊ မစိုးရိမ်ပါနဲ့... ငါ သူတို့ကို အချိန်တစ်ခုအထိပဲ ပျိုးထောင်မှာပါ၊ သူတို့တွေ ကြီးပြင်းလာရင် ထော်အာ၊ ဟွမ်အာနဲ့ ကျန်းကျွယ်ရှီလိုမျိုး အချိန်မရွေး ထွက်သွားလို့ရတယ်”

ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီက ကောင်းကင်ရုံးတော်ကနေ ထွက်သွားတာကို အံ့အားသင့်ခြင်းမရှိပါဘူး။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဘာမှ မမေးတော့ပါဘူး။

ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတိတ်ကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မိတ်ဆွေဟောင်းတွေက ရှားပါးလာပါတယ်။ တရင်းတနှီးရှိတဲ့ မိတ်ဆွေဟောင်းတွေက ပိုလို့တောင် ရှားပါးပါသေးတယ်။

ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတန်ကြာတဲ့အထိ စကားပြောကြပါတယ်။

အဲဒီနောက် အိပ်မက် အဆုံးသတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို နှစ်ငါးသန်းအထိ တိုးထားပါတယ်။ နောက်တစ်ခါ ဟန်ကျွယ် မျက်လုံးဖွင့်ရင် ဟန်ယောင်နဲ့ ဟန်ယဲ့က နာမည်ကြီးနေလောက်ပါပြီ။

ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ ရှေးတာအိုပညာရှိ တစ်စုဟာ ဘေးချင်းယှဉ်ထိုင်နေကြပါတယ်။ ရုပ်သွင်နှစ်သွင်ကတော့ မတ်တတ်ရပ်နေကြပါတယ်။ ဒီရုပ်သွင်နှစ်သွင်ကတော့ ဟန်ယောင်နဲ့ ဟန်ယဲ့ပါ။

ဟန်ယောင်ဟာ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ပန်းချီကားထဲက ထွက်လာတဲ့ အင်မော်တယ်တစ်ပါးလို ချောမောပါတယ်။

ဟန်ယဲ့ကတော့ အနက်ရေင်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်တွေကို ခေါင်းနောက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားပါတယ်။ ဆံနွယ်ရှည်နှစ်စကတော့ နဖူးရှေ့မှာ ကျနေပါတယ်။ သူလည်းပဲ ချောမောပေမဲ့ မျက်လုံးတွေက သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပြီး မယဉ်မရိုင်း ပြုံးနေပါတယ်။

သူတို့နှစ်ယောက်က ကောင်းကင်တာအိုရဲ့ ပြီးခဲ့တဲ့နှစ်တစ်သန်းမှာ အစွမ်းအထက်ဆုံး ပါရမီရှင်တွေပါ။ နောက်ပြီး သူတို့နှစ်ယောက်စလုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျိုးဆက်တွေလည်း ဖြစ်ပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ယောင်နဲ့ ဟန်ယဲ့ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ကျေနပ်သွားကြပါတယ်။

လုံဟောင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “နှစ်ယောက်စလုံးက ဂိုဏ်းတူညီလေးထော်နဲ့ ဂိုဏ်းတူညီလေးဟွမ်လို သွင်ပြင်တွေ ရှိကြတယ်”

တခြားတာအိုပညာရှိတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဟန်ယောင်ဟာ ဟန်ယဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပါတယ်။

ဟန်ယဲ့ “တာအိုပညာရှိတို့... ကျွန်တော်ကို ဘာလို့ခေါ်လဲဆိုတာ သိလို့ရမလား၊ ကျွန်တော် ဒီကောင်နဲ့ တစ်ခန်းမတည်းမှာ အတူမနေချင်ဘူး၊ တာအိုပညာရှိတို့က ကျွန်တော့်ကို အညံ့ခံစေချင်တယ်ဆိုရင်တော့ မေ့လိုက်၊ ကျွန်တော် ဟန်ယဲ့က သေမျိုးအဖြစ် မွေးဖွားလာပေမဲ့ ကျွန်တော်ရဲ့ မာနက တာအိုပညာရှိကို အညံ့ခံရလောက်တဲ့အထိ မသေးသိမ်ဘူး”

လီထိုက်ကူဟာ ပြုံးပြီး စနောက်လိုက်ပါတယ် “ကောင်လေး... မင်းက တော်‌တော်လေးကို မောက်မာတာပဲ၊ မင်း တစ်ဂိုဏ်းလုံးကို သုတ်သင်လိုက်တာ အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ မင်း ဒီကိစ္စကြောင့် တာအိုပညာရှိ အများကြီးကိုလည်း အပြစ်ပြုမိလိုက်တယ်၊ ငါတို့တွေရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် မင်း ရှင်သန်နိုင်မယ်လို့ ထင်လား”

ဟန်ယဲ့ဟာ ပြုံးလိုက်ပါတယ် “အဲဒါကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့တွေ ပြေငြိမ်းဖြစ်မှာလား၊ ကောင်းကင်တာအိုမှာ ပါရမီရှင်တွေ အများကြီးရှိတယ်၊ အခု ကျွန်တော် ဘေးမှာတင် တစ်ယောက်ရှိနေတယ် မဟုတ်ဘူးလား၊ နောက်ဆုံးကျတော့ တာအိုပညာရှိတို့က ကျွန်တော် စွမ်းအားကို ကြောက်ကြသေးတယ်၊ ကျွန်တော် ကောင်းကင်တာအိုနဲ့အတူ ပျက်စီးမှာကို ကြောက်နေကြတယ်မလား”

“စကားအပိုတွေ မပြောချင်ဘူး၊ ကျွန်တော် ဟန်ယဲ့က ကောင်းကင်တာအိုကနေ ထွက်သွားဖို့ ပြင်ဆင်ထားတယ်၊ ကျွန်တော် ဒီနေ့ ဒီကို ရောက်လာတာက နှုတ်ဆက်စကား ပြောဖို့ပဲ၊ ကျွန်တော်က ကောင်းကင်တာအိုမှာ မွေးဖွားလာတော့ ဒါက ကျွန်တော်ရဲ့အိမ်ပဲ၊ နောက်ကျလို့ ကောင်းကင်တာအို ပြဿနာတက်ရင် ကျွန်တော် ပြန်လာမယ်”

စကားဆုံးတာနဲ့ ဟန်ယဲ့ဟာ တစ်ဖက်လှည့်ပြီး ထွက်ခွာသွားပါတယ်။

လီထိုက်ကူဟာ ဒေါသထွက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ ကောင်းကင်အရှင်ဝူဖာက ဝင်တားလိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို ရက်စက်လွန်းတယ်၊ ဒီကောင်လေး ထွက်သွားတာ ကောင်းတဲ့ကိစ္စပဲ၊ ဒီ‌ကောင်လေး ကောင်းကင်တာအိုထဲမှာ ဆက်နေရင် ပြဿနာပဲတက်မှာ၊ ဒီကောင်လေး ပဋိပက္ခမှာ လျှောက်သွားရင် ငါတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မယ်”

ကောင်းကင်အရှင်ရွှမ်တုကလည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒါကို မြင်တဲ့ တခြားတာအိုပညာရှိတွေလည်း ဘာမှမပြောတော့ပါဘူး။ အဲဒီနောက် သူတို့ရဲ့ အကြည့်တွေဟာ ဟန်ယောင်ဆီ ကျရောက်သွားပါတယ်။

ဟန်ယောင်ဟာ ဟန်ယဲ့ထွက်သွားတာကို လုံးလုံး ဂရုမစိုက်ပါဘူး။ ဟန်ယောင်ဟာ အစကတည်းက ဟန်ယဲ့ကို မကြိုက်တာပါ။

ဟန်ယောင်နဲ့ ဟန်ယဲ့ နှစ်ယောက်စလုံးက ဟန်မိသားစုရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေဆိုပေမဲ့ ဟန်ယောင်က ဟန်ယဲ့ကို အမြဲတမ်း အထင်သေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယဲ့က သတ်ဖြတ်လွန်းအားကြီးတာကြောင့်ပါ။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ယောင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဟန်ယောင်... ပဋိပက္ခ ကောင်းကင်ရုံးတော်ရဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က မင်းကို ကောင်းကင်ရုံးတော်မှာ ကျင့်ကြံအားထုတ်ဖို့ ဖိတ်ခေါ်ထားတယ်၊ မင်း သွားချင်လား”

ဟန်ယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ ဟန်မိသားစု ဘိုးဘေး အကုန်လုံးက ကောင်းကင်ရုံးတော်မှာ အမှုထမ်းခဲ့ကြတယ်၊ နောက်ပြီး မင်း အဲဒီမှာဆို တိုက်ခိုက်ဖို့ မပူရဘူး၊ ကောင်းကင်ရုံးတော်က မင်းအတွက် အတော်လေး သင့်တော်တယ်၊ ငါတို့အကုန်လုံး မင်း အဲဒီကို သွားသင့်တယ်လို့ ယူဆတယ်”

“ဒါတွေအပြင် လက်တလောမှာ အနှိုင်းမဲ့ပါရမီရှင် ဟန်ဟွမ်က ကောင်းကင်ရုံးတော်မှာ ရှိနေတယ်၊ မင်းလည်း အရင်က ပဋိပက္ခမှာ လျှောက်သွားဖူးတာပဲ၊ ဟန်ဟွမ်ရဲ့ ဂုဏ်သတင်းကို ကြားဖူးမှာပါ... ဟုတ်တယ်မလား”

ဟန်ယောင်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် “ဟန်ဟွမ်ရဲ့ ကျွန်တော်တို့ ဟန်မိသားရဲ့ ဘိုးဘေးပဲ၊ ကျွန်တော် သူ့နာမည်ကို ကြားဖူးပါတယ်၊ ကျွန်တော် ကောင်းကင်ရုံးတော်ကို သွားပါ့မယ်”

တာအိုပညာရှိတွေဟာ ရယ်မောလိုက်ကြပါတယ်။ သူတို့အကုန်လုံးဟာ ဟန်ယောင်က နောက်လာမဲ့ ပဋိပက္ခအစည်းအဝေးမှာ ဟန်ဟွမ်လိုမျိုး ဒဏ္ဍာရီ ဖန်တီးမှာကို မျှော်လင့်နေကြပါတယ်။ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို အရမယူနိုင်ဘူးဆိုရင်တောင် အကြွင်းမဲ့ဆယ်ပါးနေရာက ကောင်းကင်တာအိုကို စိတ်လှုပ်ရှားစေပြီး တခြားပဋိပက္ခနယ်မြေတွေ မနာလိုဝန်တို ဖြစ်စေဖို့ လုံလောက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ယွီကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဟန်ယွီ... မင်းရဲ့ ငယ်လူကို ကိုယ်တိုင်ခေါ်သွားပေးပါ၊ ဒီကိစ္စမှာ မင်းဦးဆောင်လမ်းပြဖို့ လိုတယ်”

ဟန်ယွီက သဘောတူလိုက်ပါတယ်။

ဟန်ယောင်ရဲ့ အတွေးတွေကတော့ ကောင်းကင်ရုံးတော်ဆီ စီးမျောသွားပါတယ်။ ဟန်ယောင်ဟာ ပဋိပက္ခရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ အနှိုင်းမဲ့ပါရမီရှင်၊ သူတို့ဟန်မိသားရဲ့ အမြင့်မားဆုံး ကျက်သရေဆောင် ဟန်ဟွမ်ကို တွေ့မြင်ချင်နေပါပြီ။

ဟန်ယွင်ကျင်းဟာ ဟန်မိသားစုကို တည်ထောင်တုန်းက ဘိုးဘေးခန်းမမှာ ဟန်ထော်နဲ့ ဟန်ဟွမ်ရဲ့ ကမ္ပည်းတိုင်တွေကို ထားခဲ့ပါတယ်။ ဟန်ယွင်ကျင်းဟာ သူ့အစ်ကိုနှစ်ယောက်ရဲ့ ဒဏ္ဍာရီတွေကို မှတ်တမ်းတင်ပြီး ပင်မမိသားစုက မျိုးဆက်တွေကို ငယ်ငယ်လေးကတည်းက ဖတ်မှတ်ခိုင်းပါတယ်။

ဟန်ယောင်ဟာ ဟန်ကျွယ်ကိုယ်တိုင် ပညာသင်ကြားပေးတာကို နှစ်တစ်သောင်းတောင် ခံခဲ့ရတာပါ။ တတိယ တာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်တွေကလည်း ဟန်ဟွမ်အကြောင်းကို မကြာခဏ ပြောကြပါတယ်။ ဒါကြောင့် ဟန်ယောင်ဟာ ဟန်ဟွမ်အကြောင်းကို သက်ရှိအားလုံးထက် ပိုသိပါတယ်။

လွတ်လပ်မှုအဖြစ် မွေးဖွားလာပြီး လောကမှာ ပြိုင်ဘက်ကင်းသူ။ ဒါကမှ သူလိုက်စားသင့်တဲ့ ပန်းတိုင်ပါ။ ဒီလိုနဲ့ ဟန်ယွီဟာ ဟန်ယောင်နဲ့အတူ ထွက်ခွာသွားပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်က ခပ်ယဲ့ယဲ့ပြောလိုက်ပါတယ် “အားလုံးပဲ... ဟန်ယောင်နဲ့ ဟန်ယဲ့ကြားမှာ ကံကြမ္မာမျဉ်းတစ်ကြောင်း ရှိနေပုံပဲ၊ မင်းတို့တွေ တွက်ချက်ကြည့်ပြီးပြီလား”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင် “အဲဒီဟန်ယဲ့ရဲ့ နတ်လေးက အရမ်းအထင်ကြီးဖို့ ကောင်းတယ်၊ ကောင်းကင်တာအိုကိုတောင် ထိုးဖောက်နိုင်တယ်၊ နောက်ကျလို့ သူတို့နှစ်ယောက်က တကယ်ကြီး ရန်သူတွေ ဖြစ်လာခဲ့ရင် ဟန်ယောင်က ဟန်ယဲ့ကို ယှဉ်နိုင်ပါ့မလား”

ကောင်းကင်အရှင်ဝူဖာ “အခုကြည့်ရသလောက်တော့ ဟန်ယဲ့က စွမ်းအားပိုကြီးပုံပဲ၊ ဒီကောင်လေးက ရန်သူကို သတ်တိုင်း စွမ်းအားကြီးလာတယ်၊ သူက လောကကြီးဆီ ဆင်းသက်လာတဲ့ သတ်ဖြတ်ကြယ်ပဲ၊ ဟန်ယောင်ကျတော့ စစ်သူကြီးကြယ်၊ သတ်ဖြတ်ကြယ်နဲ့ စစ်သူကြီးကြယ်၊ ဒီနှစ်ခုက တကယ်ကို မတည့်ဘူး၊ ဒါပေမဲ့ ဟန်ယောင်ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကိုယ်တိုင်ခေါ်သွားခဲ့တာ၊ သူ ငယ်ငယ်ရွယ်ရွယ်နဲ့ သေလို့ မဖြစ်ဘူး”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။

ဒီစကားတွေက သူတို့ရဲ့ သဘောထားကို ဖော်ပြနေပါတယ်။ တကယ်လို့ နောင်တစ်ချိန် ဟန်ယောင်နဲ့ ဟန်ယဲ့က ကမ္ဘာမကျေ ရန်သူတွေ ဖြစ်လာခဲ့ရင် သူတို့တွေဟာ ဟန်ယောင်ကို ကာကွယ်မှာပါ။ ဟန်ယဲ့ကလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျိုးဆက်ဆိုပေမဲ့ ဟန်မိသားစုမှာ ကလေးတွေ အများကြီးပါ။ မျိုးဆက်ဆိုတိုင်း သူတို့ရဲ့ အဆင့်အတန်းက တူတာ မဟုတ်ပါဘူး။

ပဋိပက္ခ ဟင်းလင်းပြင်မှာ ရှေးဟောင်း ရှေးမျှော်စင်တစ်ခုဟာ ဖြည်းဖြည်းချင်း ရွှေ့လျားနေပါတယ်။ မျှော်စင်ထိပ်မှာတော့ ရုပ်သွင်လေးသွင် ထိုင်နေကြပါတယ်။ ဒီရုပ်သွင်လေးသွင်က တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့ပါ။

ကျောက်ရွှမ်ယွမ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ငါတို့တွေ ဘယ်ကိုသွားကြမှာလဲ”

အခုက အရင်လို မဟုတ်တော့ပါဘူး။ တာအိုအရှင်သခင်က မဟာတာအိုပညာရှိချုပ် ဖြစ်နေပြီး ကျန်တဲ့သုံးယောက်ကလည်း မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ သိပ်အလှမ်းမဝေးတော့ပါဘူး။ အဲဒါကြောင့် သူတို့လေးယောက် ပူးပေါင်းပြီး ပဋိပက္ခမှာ လျှောက်သောင်းကျန်းရင် အန္တရာယ် သိပ်မတွေ့ရတော့ပါဘူး။

တာအိုအရှင်သခင်က မဖြေပါဘူး။ လောင်တန်က အပြုံးနဲ့ ဖြေလိုက်ပါတယ် “ဒါက ကံကြမ္မာပေါ် မူတည်တယ်၊ ပဋိပက္ခမှာ လျှောက်သွားတာကလည်း ကျင့်ကြံတဲ့ပုံစံတစ်မျိုးပဲ”

ဒီအချိန်မှာပဲ ကျန်းယီဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သတ်ဖြတ်ငွေ့လဲ၊ ရှေ့မှာရှိတဲ့ကမ္ဘာက သတ်ဖြတ်ခံထားရတယ်”

ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးကျဉ်းပြီး လှမ်းကြည့်လိုက်တဲ့အခါ သူ့အကြည့်ကာ ပဋိပက္ခဟင်းလင်းပြင်ကို ထိုးဖောက်ပြီး အလွန်တရာမှ ဝေးကွာလှတဲ့ မသဲမကွဲကမ္ဘာတစ်ခုဆီ ရောက်ရှိသွားပါတယ်။

အလောင်းတွေဟာ နေရာတိုင်းမှာ ပြန့်ကျဲနေပြီး ကြမ်းတမ်းတဲ့ရောင်ဝါက ထိုးထွက်နေပါတယ်။ ဒီမသဲမကွဲကမ္ဘာဟာ သွေးပင်လယ်ဖြစ်နေပြီး သွေးပင်လယ်ထက်မှာတော့ ရုပ်သွင်တစ်သွင် ရပ်နေပါတယ်။ ဒီရုပ်သွင်က ဟန်ယဲ့ပါ။

ဟန်ယဲ့ဟာ သွေးပင်လယ်ထက်မှာရပ်ပြီး သွေးရောင်ဝါကို စုပ်ယူနေပါတယ်။ သူ့ဆံရှည်တွေက လေထဲမှာ လူးလွန့်နေပြီး နတ်ဘုရားသားရဲတစ်ပါးလိုပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters