← Chapters

တစ်ယောက်ပဲ ဦးညွှတ်တယ်

Vol. 97 Ch. 1019

တစ်ယောက်ပဲ ဦးညွှတ်တယ်

Vol. 97 Ch. 1019

“ဒီကောင်လေးက နည်းနည်း မိစ္ဆာဆန်တယ်၊ သတ်ဖြတ်ငွေ့ကို တကယ်ကြီး စုပ်ယူနေတယ်” ကျောက်ရွှမ်ယွမ်ဟာ ဟန်ယဲ့ကို ကြည့်ပြီး တအံ့တဩ ပြောလိုက်ပါတယ်။

ကျန်းယီဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ် “ဒီကမ္ဘာက နတ်ဆိုးတွေ ကျူးကျော်တာကို ခံရပြီး သက်ရှိ ဘီလီယံချီက ခန္ဓာသိမ်းခံထားရတယ်၊ အကုသိုလ်ကံက အရမ်းများတယ်၊ ဒီကလေးသတ်ဖြတ်တာကို ခံရတာက ကောင်းကင်ကိုယ်စား တရားမျှတအောင် ဆောင်ရွက်ပေးတယ်လို့ ပြောလို့ရတယ်”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “သူက ကောင်းကင်တာအိုက လွတ်လပ်မှုအဆင့် ရှိတယ်၊ ဒါပေမဲ့ သူ့ရဲ့ သတ်ဖြတ်ငွေ့က မဟာတာအိုပညာရှိကို ယှဉ်နိုင်နေပြီ၊ အထင်ကြီးဖို့ကောင်းတယ်”

“သွားကြည့်ရအောင်”

“ကြည့်ကြတာပေါ့”

ရှေးဟောင်းမျှော်စင်ဟာ ဟန်ယဲ့ရှိရာအရပ်ကို တစ်ဟုန်ထိုး ရွှေ့လျားပါတယ်။ မကြာခင်မှာပဲ တာအိုအရှင်သခင်တို့တွေဟာ မသဲမကွဲကမ္ဘာဆီ ရောက်ရှိသွားပါတယ်။

သွေးပင်လယ်ထက်မှာ တရားထိုင်နေတဲ့ ဟန်ယဲ့ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်လုံးထဲမှာ သွေးရောင်တွေ ယှက်သမ်းသွားပြီး ပတ်ဝန်းကျင်က သွေးရောင်ဝါကို ရုတ်ခြည်း ရပ်တန့်သွားစေပါတယ်။

ဟန်ယဲ့ဟာ ရှေးဟောင်းမျှော်စင်ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

“ဟားဟား... ကောင်လေး... မင်းက ဘာဖြစ်လို့ သတ်ဖြတ်ငွေ့ကို စုပ်ယူနိုင်တာလဲ” ကျောက်ရွှမ်ယွမ်က မေးလိုက်ပါတယ်။

ကျန်းယီကလည်း ဟန်ယဲ့ရဲ့ နောက်ခံကို စပြီးတော့ တွက်ချက်ကြည့်တဲ့အခါ မျက်နှာအမူအရာ ပြောင်းသွားပါတယ်။ ကျန်းယီဟာ ချက်ချင်း အသံလွှင့်ပြီး ပြောလိုက်တဲ့အခါ ကျောက်ရွှမ်ယွမ်လည်း မှင်တက်သွားပါတယ်။

တာအိုအရှင်သခင်လည်း မျက်လုံးဖွင့်ပြီး ဟန်ယဲ့ကို ကြည့်လိုက်ပါတယ်။

ဟန်ယဲ့ဟာ ဘယ်ကမှန်းမသိတဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူလေးဦးကို ရင်ဆိုင်ရတာကြောင့် နှာခေါင်းရှုံ့လိုက်ပါတယ် “အဲဒါ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ၊ ကျုပ်ကို လာမနှောင့်ယှက်နဲ့”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးမိလိုက်ပါတယ် “တော်တော် မောက်မာတာပဲ”

ဟန်ယဲ့ဟာ လောကခွင်း နတ်လေးကို ထုတ်ယူပြီး ညာလက်မှာ ကိုင်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အလွန်ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ရောင်ဝါက လောကကို ဖုံးလွှမ်းသွားပါတယ်။

တာအိုအရှင်သခင်တို့လေးယောက်ဟာ ဟန်ယဲ့ရဲ့ လက်ထဲက လေးကို မြင်တဲ့အခါ မျက်မှောင်ကြုတ်သွားကြပါတယ်။

‘ဘယ်လောင်တောင် ဗိုလ်ကျလိုက်တဲ့ လေးလဲ’

တာအိုအရှင်သခင်တို့ဟာ ကြောက်ရွံ့မှု တစ်စွန်းတစ်စကို ခံစားလိုက်ကြရပါတယ်။ သူတို့ကို တစ်ချက်ကြည့်ရုံနဲ့ စိတ်လေးစေတဲ့ ဓမ္မရတနာက လက်ချိုးရေလို့ရပါတယ်။

ကျန်းယီက ကျောက်ရွှမ်ယွမ်ကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “ဒီဓမ္မရတနာက ဂိုဏ်းချုပ်ပေးထားတဲ့ ဓမ္မရတနာလို့ မထင်ဘူးလား၊ ကောင်းကင်တာအိုမှာ ဒီလိုရတနာမျိုး မရှိနိုင်ဘူး၊ ဒီရတနာက သေချာပေါက် ပဋိပက္ခ အကောင်းစား ရတနာပဲ”

ကျောက်ရွှမ်ယွမ်ဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပြီး ဟန်ယဲ့ကို ကြည့်တဲ့ အကြည့်တွေက ပျော့ပျောင်းသွားပါတယ်။

ဟန်ကျွယ်မှာ မျိုးဆက်တွေက မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါကြောင့် သူတို့တွေက မျိုးဆက်တိုင်းကို မျက်နှာသာပေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဆီက အကောင်းစား ရတနာ ရထားတဲ့လူကတော့ မတူပါဘူး။

တာအိုအရှင်သခင် “ငါတို့နဲ့ ပူးပေါင်းချည်”

တာအိုအရှင်သခင်ရဲ့ အသံက အလွန်တရာ ကျယ်လောင်လှပြီး ဟန်ယဲ့ရဲ့ နားထဲမှာ ခေါင်းလောင်သံ မြည်ဟိန်းသွားသလိုပါပဲ။

ဟန်ယဲ့ဟာ ညာလက်ကိုမြှောက်ပြီး ဘယ်လက်နဲ့ လေးကြိုးကို ဆွဲလိုက်ပါတယ်။ မြားတစ်စင်းမှ မရှိပေမဲ့ ကြောက်မက်ဖွယ် ဖိအား ထွက်ပေါ်လာပြီး မသဲမကွဲကမ္ဘာကို သွက်သွက်ခါသွားစေပါတယ်။

တာအိုအရှင်သခင်တို့ သုံးယောက်ဟာ နှလုံးလှုပ်သွားကြပါတယ် ‘အတော်ကြောက်ဖို့ကောင်းတဲ့ လေးပဲ’

“ကျုပ် ခင်ဗျားတို့ကို နောက်ထပ် အခွင့်အရေးပေးမယ်၊ ထွက်သွားကြစမ်း” ဟန်ယဲ့က ခံစားချက်ကင်းမဲ့စွာ အော်ပြောလိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က နောက်လိုက်ပါတယ် “မင်းက ငါတို့လေးယောက်ကို လေးတစ်စင်းနဲ့ သတ်ချင်တာလား၊ ငါတို့တွေ ဘယ်သူလဲဆိုတာကို မင်းသိလား”

ဟန်ယဲ့ရဲ့ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ထိုးထွက်လာတဲ့အတွက် လောင်တန်ဟာ လန့်ဖျပ်သွားပြီး ချက်ချင်း အော်ပြောလိုက်ပါတယ် “ရပ်လိုက်... ငါတို့တွေက တစ်ဖက်တည်းကပဲ၊ စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့”

ဟန်ယဲ့ဟာ မှင်တက်သွားပါတယ် ‘တစ်ဖက်တည်း...’

လောင်တန်ဟာ ကျောက်ရွှမ်ယွမ်ကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ဟန်ယဲ့ဘက် ပြန်လှည့်ကာ ပြောလိုက်ပါတယ် “သူတို့သုံးယောက်က တိတ်ဆိတ်ဂိုဏ်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်ရင်းတွေ...”

ဟန်ယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ယဲ့ဟာ တိတ်ဆိတ်ဂိုဏ်းကို သိပေမဲ့ သူ့ကိုယ်သူ ဟန်မိသားစုဝင်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ ဟန်ယဲ့ဟာ ဒီအခြေအနေအထိ ရောက်လာအောင် ကိုယ့်အားကိုယ်ကိုးခဲ့တာပါ။ သူ့မိဘတွေက အသက်အရွယ်ကြီးလို့ သေသွားတာ ကြာခဲ့ပါပြီ။

ဟန်မိသားစုက သူစွမ်းအားကြီးလာမှ လာရှာခဲ့တာကြောင့် ဟန်ယဲ့ဟာ ဟန်မိသားစုကို အထင်သေးပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတော့ ဝေးကွာလွန်းတဲ့အတွက် ဟန်ယဲ့ဟာ တစ်ခါနှစ်ခါပဲ တွေးဖူးပါတယ်။

“ဟမ်... တိတ်ဆိတ်ဂိုဏ်းဆိုတော့ ဘာဖြစ်လဲ၊ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး ပေးပြီးပြီ၊ ခင်ဗျားတို့ဘာသာ ဆက်ပြီးတော့ နှောင့်ယှက်နေတာ”

ဟန်ယဲ့ဟာ ရုတ်တရက် ဘယ်လက်ကို လွှတ်လိုက်တဲ့အခါ အနီရောင်မြားတစ်စင်း ထွက်ပေါ်လာပြီး ပဋိပက္ခ အာကာသကို ခွင်းကာ တာအိုအရှင်သခင်တို့ လေးယောက်ဆီ သွေးမုန်တိုင်းလို ပျံသန်းလာပါတယ်။

မြားရဲ့ အလျင်က အလွန်တရာမှ မြန်ဆန်လှပါတယ်။

တာအိုအရှင်သခင်ဟာ ရှေးဟောင်းမျှော်စင်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ အဲဒီနောက် လက်တစ်ဖက်မြှောက်ပြီး လောကခွင်း နတ်လေးရဲ့ မြားရောင်ဝါကို ဖမ်းဆုပ်ကာ ခြေမွှပစ်လိုက်ပါတယ်။ ဒါပေမဲ့ မြားရောင်ဝါ လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ မရေမတွက်နိုင်တဲ့ သွေးကြောင်းတွေအဖြစ် ပြောင်းလဲပြီး တာအိုအရှင်သခင်ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်ကာ တာအိုအရှင်သခင်ရဲ့ ဓမ္မစွမ်းအားနဲ့ တာအိုအသီးကို အရူးအမူး ဖျက်ဆီးပါတယ်။

တာအိုအရှင်သခင်ဟ မျက်မှောင်ကြုတ်သွားပြီး အထွတ်အထိပ် စွမ်းအားနဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်က ကြိမ်းမောင်းလိုက်ပါတယ် “ကောင်စုတ်လေး... မင်းက ဒီလောက်တောင် မောက်မာမှတော့ ငါက မင်းကို သင်ခန်းစာပေးရသေးတာ‌ပေါ့”

စကားဆုံးတာနဲ့ ကျောက်ရွှမ်ယွမ်ဟာ ဟန်ယဲ့နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ကျင့်ကြံမှုချင်း ကွာခြားလွန်းတာကြောင့် ဟန်ယဲ့မှာ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။ ကျောက်ရွှမ်ယွမ်ဟာ ဟန်ယဲ့ပခုံးပေါ် လက်တင်ပြီး ဖိချလိုက်ပါတယ်။

ဟန်ယဲ့ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ဘေးလှည့်ဖို့ ကြိုးစားပေမဲ့ ဝိညာဉ် ဒဏ်ရာရသွားတာကြောင့် ငေးကြောင်ကြောင်ဖြစ်ပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ လက်မြှောက်ပြီး ဟန်ယဲ့ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကို ဆွဲထုတ်လိုက်ပါတယ်။ အဲဒီနောက် အစိမ်းရောင် ကျောက်စိမ်းကြေးမုံကို ထုတ်ယူပြီး ဟန်ယဲ့ရဲ့ ဝိညာဉ်ကို ချိပ်ပိတ်လိုက်ပါတယ်။

ဟန်ယဲ့ဟာ ထိတ်လန့်သွားပေမဲ့ ကြေးမုံအပြင်ဘက်က ကျောက်ရွှမ်ယွမ်ကို ဝါးစားမတတ် စိုက်ကြည့်ကာ ကျိန်ဆဲပါတော့တယ် “ခွေးကောင်... မင်း ဘာလုပ်တာလဲ”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “မင်းပါးစပ်က တော်‌တော်နံတာပဲ”

“ငါ့ကို သတ်ချင်ရင် သတ် နှိပ်စက်ချင်ရင် နှိပ်စက်၊ မင်း ဘယ်လိုပဲလုပ်လုပ် ငါ့မျက်စိထဲမှာ မင်းက ခွေးပဲ”

ကျောက်ရွှမ်ယွမ်ရဲ့ မျက်နှာဟာ အေးစက်သွားပြီး စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ တာအိုအရှင်သခင်က သူ့ဘေးမှာ ပေါ်လာပါတယ် “ငါတို့တွေက သူ့ကို နှောင့်ယှက်လိုက်တာ အမှန်ပဲ၊ မင်းဆိုရင်ရော မင်းကို နှောင့်ယှက်ပြီး သူတို့ဘယ်သူဆိုတာ ပြောရုံနဲ့ ယုံမှာလား”

ကျောက်ရွှမ်ယွမ်ရဲ့ မျက်နှာဟာ ပြေလျော့သွားပါတယ်။

ကျန်းယီနဲ့ လောင်တန်တို့လည်း အပြေးရောက်လာပြီး ဝိုင်းဖျောင်းဖျကြပါတယ်။

တာအိုအရှင်သခင်ဟ ကြေးမုံထဲက ဟန်ယဲ့ကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ကမ္ဘာတစ်ခုကို ထင်သလို သတ်ဖြတ်ခဲ့တယ်၊ ဒီကမ္ဘာက မကောင်းမှုနဲ့ ပြည့်နေတယ်ဆိုရင်တောင် မင်း ဒီလို လျှောက်သတ်နေရင် တစ်နေ့ကျ ဒုက္ခတွေ့လိမ့်မယ်၊ မင်းစွမ်းအားလောက်နဲ့ ပဋိပက္ခမှာ စိတ်ထင်တိုင်းကြဲလို့ မရသေးဘူး”

ဟန်ယဲ့ဟာ တိတ်ဆိတ်သွားပါတယ်။

လောင်တန်က အပြုံးနဲ့ ဝင်ပြောပါတယ် “ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးမယ်၊ ဒါက ပြီးခဲ့တဲ့ ပဋိက္ခ အစည်းအဝေးမှာ အကြွင်းမဲ့ဆယ်ပါးစာရင်းဝင်တဲ့ ပါရမီရှင်ပဲ၊ သူက အခု မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နေပြီ၊ ဒီလိုနောက်ခံမျိုးရှိထားရင် မင်းအတွက် အကူအညီ မဖြစ်စေနိုင်ဘူးလား”

ဟန်ယဲ့က ဒေါသတကြီး ပြောလိုက်ပါတယ် “ငါ ဟန်ယဲ့က ဒီဘဝက လူသုံးယောက်ကိုပဲ ဦးချတယ်၊ ငါ့မိဘတွေက သေသွားပြီ၊ ဒီတော့ ဒီဘဝမှာ ငါလေးစားတဲ့ တစ်ယောက်ပဲရှိတယ်၊ ငါ့မာနကို ချိုးဖျက်ဖို့ မကြိုးစားနဲ့”

တာအိုအရှင်သခင်ဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။

ကျောက်ရွှမ်ယွမ်နဲ့ ကျန်တဲ့လူနှစ်ယောက်လည်း ဟန်ယဲ့ပြောနေတဲ့လူက ဟန်ကျွယ်ဆိုတာကို ခန့်မှန်းမိကြပါတယ်။

‘ဒီလိုဆို ငါတို့တွေ ဒီကောင်လေးကို အနိုင့်ကျင်လို့ မဖြစ်ဘူး... မတော်လို့ ဂိုဏ်းချုပ်သိသွားရင်...’

တာအိုအရှင်သခင်တို့တွေဟာ ဟန်ကျွယ်က ဟန်ယဲ့ကို ဂရုစိုက်တယ်လို့ ယုံကြည်ထားကြပါတယ်။ လောကခွင်းနတ်လေးက အကောင်းဆုံ သက်သေပဲ မဟုတ်ပါလား။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တာကြောင့် နောက်ထပ် နှစ်ငါးသန်း ကုန်ဆုံးသွားပြီဆိုတာကို သိနိုင်ပါတယ်။

ဟန်ကျွယ် တာအိုဖန်တီးရှင် ဖြစ်လာပြီးနောက်ပိုင်း ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အန္တိမမူလကမ္ဘာရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ နီးကပ်စွာ ဆက်နွှယ်နေပါတယ်။ အန္တိမမူလကမ္ဘာ စွမ်းအားကြီးလေလေ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားက စွမ်းအားကြီးလာလေလေပါပဲ။

လွန်ခဲ့တဲ့ နှစ်ငါးသန်းအတွင်း အန္တိမမူလကမ္ဘာက အဆင်ပြေပြေ တိုးတက်လာခဲ့ပါတယ်။ ကြယ်တွေ ပိုပို မွေးဖွားလာပြီး ဂလက်ဆီအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီကနေမှ ဧရာမ ကမ္ဘာကြီးတစ်ခု ဖြစ်တည်လာပါတယ်။

ဟန်ကျွယ်ရဲ့ မူလသက်တမ်းက ဟန်ကျွယ် ပျိုးထောင်လို့ရတဲ့ ကမ္ဘာအရေအတွက်နဲ့ ညီမျှပါတယ်။ ဒီနေရာမှာပြောတဲ့ ကမ္ဘာတွေက ကောင်းကင်တာအိုနဲ့ နှိုင်းယှဉ်လို့ရတဲ့ တည်ရှိမှုတွေပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အန္တိမမူလကမ္ဘာက ဘယ်လောက်ထိ ကျယ်ပြောတယ်ဆိုတာ သိနိုင်ပါတယ်။

ဒီထဲမှာရှိတဲ့ ပဋိပက္ခ နတ်ဘီလူးတွေဟာ တစ်နေရာစီကို ‌စောင့်ကြပ်ကြပါတယ်။ ဟန်ကျွယ် စိတ်ဆန္ဒရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့တွေဟာ ဖန်တီးရှင် နတ်ဘုရားအဖြစ် အမှုထမ်းပြီး စည်းမျဉ်းဥပဒေတွေ တည်ဆောက်ကာ အံ့ဖွယ်မျိုးစုံကို ဖန်တီးကြပါတယ်။

အန္တိမမူလကမ္ဘာရဲ့ ရှန်တျန်သက်ရှိတွေကလည်း အဆင့်တစ်ကနေ နောက်တစ်ဆင့်ကို စပြီးတော့ တက်လာကြပါတယ်။ ရှန်တျန်သက်ရှိ အရေအတွက်က ရေတွက်လို့မရအောင် များပြားပေမဲ့ ကျယ်ပြောလှတဲ့ အန္တိမမူလကမ္ဘာနဲ့ယှဉ်ရင် ကျဲတောက်နေပါသေးတယ်။ ရှန်တျန်သက်ရှိတွေဟာ အချင်းချင်း ဆက်ဆံတာ ရှားပါတယ်။ အဓိက အကြောင်းရင်းကတော့ အချင်းချင်း မတွေ့မြင်နိုင်တာကြောင့်ပါ။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး သဏ္ဍာန်မဲ့နတ်မင်းကို စိန်ခေါ်ပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းဆယ်ပါးက ဟန်ကျွယ်သတ်ဖို့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ခါတည်း သဏ္ဍာန်မဲ့နတ်မင်း တစ်ရာကို စိန်ခေါ်လိုက်ပါတယ်။

ဟန်ကျွယ် အနိုင်ရပါတယ်။

ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ် ‘တော်သေးတယ်... ငါ အန္တိမမူလကမ္ဘာကို ဝှက်ထားလို့... ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းလိုမျိုးသာ မဟာတာအိုကမ္ဘာ ဖိနှိပ်ခံရရင် ငါ ဒီလို တိုးတက်လာနိုင်မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်ငါးသန်းမှာ ဘာတွေပြောင်းလဲသွားလဲ သိချင်တာကြောင့် စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ် မျက်မှောင်ကြုတ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters